21st DEC 2023 - Evening Daily News by Radio NUG

 


၂၀၂၃ ဒီဇင်င်ဘာလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "လွိုင်ကော်မြို့ထဲ ပစ္စည်းပြန်လာသယ်ပါက တော်လှန်ရေးတပ်ဖွဲ့များ အတည်ပြုပေးတဲ့နေရာပဲ သွားလာလို့ရမယ်လို့ KNDFမှ ဒုစစ်ဦးစီးချုပ်အသိပေး

📌 ၂။ အကြမ်းဖက်စစ်တပ်ယန္တရားတစ်ခုလုံးနဲ့ စစ်ဗိုလ်ချုပ်တွေဟာ အကျင့်ပျက်ခြစားနေတယ်လို့ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား

📌 ၃။ ဝက်လက်မြို့ပေါ်‌တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ   ဒုရဲအုပ်တစ်ဦးသေဆုံး

📌 ၄။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် တစ်ဦးအား  ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်

📌 ၅။ မန္တလေးနန်းတွင်းရှိစစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်

📌 ၆။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ထိုင်းနိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြ

📌 ၇။ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများ၏ မြန်မာ့အရေးရန်ပုံငွေစျေးပွဲတော်မှ မြန်မာပြည်သူများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ၃၀၄၃၅ ဒေါ်လာ ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "လွိုင်ကော်မြို့ထဲ ပစ္စည်းပြန်လာသယ်ပါက တော်လှန်ရေးတပ်ဖွဲ့များ အတည်ပြုပေးတဲ့နေရာပဲ သွားလာလို့ရမယ်လို့ KNDFမှ ဒုစစ်ဦးစီးချုပ်အသိပေး


ဒီဇင်ဘာ၂၁ရက်


"လွိုင်ကော်မြို့ထဲ ပစ္စည်းပြန်လာသယ်ပါက တော်လှန်ရေးတပ်ဖွဲ့များ အတည်ပြုပေးတဲ့နေရာပဲ သွားလာလို့ရမယ်လို့ KNDFမှ ဒုစစ်ဦးစီးချုပ်မာဝီကဒီဇင်ဘာ၂၁ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်  အသိပေးဆိုထားပါတယ်။


"လွိုင်ကော်မြို့ထဲ ပစ္စည်းပြန်လာသယ်လို့ရတယ်ဆိုတာ ဘယ်သူကစပြောလိုက်လဲတော့ မသိပေမဲ့ စပြောတဲ့သူကတော့ ဘာအချက်အလက်နဲ့ပြောလဲမသိပါဘူး။စကစတွေက မဲမဲမြင်အကုန်လိုက်ပစ်နေတာဖြစ်ပါတယ်။သေချာမေးပါမြန်းပါနော်။ ကျနော်တို့ အတည်ပြုပေးတဲ့နေရာပဲ သွားလာလို့ရမှာပါ"လို့ဆိုပါတယ်။


ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ .. (၄၂၅) နှင့် .. () တပ်ရင်းတို့ကို KNDF က နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးပြီး တပ်ဖွဲ့ဝင် ၃၂ ဦးလက်နက်ချခဲ့ပါတယ်။


အလားတူဒီဇင်ဘာ၁၀ရက်နံ နက်ပိုင်းမှာ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ယန္တရားတစ်ခုလုံးနဲ့ စစ်ဗိုလ်ချုပ်တွေဟာ အကျင့်ပျက်ခြစားနေတယ်လို့ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား


ဒီဇင်ဘာ၂၁ရက်


ဒီဇင်ဘာလအတွင်း NSTကထုတ်လွှင့်တဲ့ စကစတပ်ဖွဲ့ဝင်များအလင်းဝင်ရန် နဲ့ပတ်သက်လို့အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က အခုလိုပြောကြားလိုက်ပါတယ်။


"လက်ရှိစစ်တပ်ဟာ စစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားအတွက် သူတို့ ကိုယ်ပိုင်ရပိုင်ခွင့်၊စီးပွားရေးအတွက် သက်သက်တည်ဆောက်ထားတဲ့ ယန္တရားတစ်ခုပဲ ဖြစ်တယ်။ဒီယန္တရားကိုအကာအကွယ်ပေးဖို့အတွက် အောက်ခြေ စစ်သားတွေဟာ စစ်တိုက်နေကြရတာ။ ဒီယန္တရားတစ်ခုလုံးနဲ့ စစ်ဗိုလ်ချုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်း အကျင့်ပျက်ခြစားနေတဲ့လူတွေကြီးပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ဘက်သို့ကူးပြောင်းလာတဲ့စကစတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ရှိပြီး လက်နက်နဲ့အတူအလင်းဝင်လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆုကြေးများချီးမြှင့်ပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ ဝက်လက်မြို့ပေါ်‌တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ   ဒုရဲအုပ်တစ်ဦးသေဆုံး


ဒီဇင်ဘာ၂၁ရက်


ဝက်လက်မြို့ ပေါ်‌တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ  စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးအဖွဲ့ပစ်ခတ်တိုက်ခိုက်၍ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ၂၁ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ ဝက်လက်ကအတည်ပြုဆိုပါတယ်။


" ဒီဇင်ဘာလ ၂၀ ရက်နေ့ 

မြန်မာစံတော်ချိန် မွန်းလွဲ နာရီတွင် ဝက်လက်မြို့ ပေါ်‌တွင် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဝက်လက်မြို့မြောက်ဘက် သခ္ခေတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဒေသခံ ပကဖ အဖွဲ့များ နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းထိတွေ့မှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုရဲအုပ် ရဲ လွင်မိုးအောင်သေဆုံးကာ ဦး ဒဏ်ရာ ဒဏ်ရာရရှိသွားခဲ့ပြီး ညနေ နာရီ ၅၀ မိနစ်တွင် ဝက်လက်မြို့ပေါ်သို့ ဆုတ်ခွာသွားခဲ့ပါတယ်။


========================


📌📌 ၄။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် တစ်ဦးအား  ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်


ဒီဇင်ဘာလ (၂၁) ရက်


"ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို (၂၃) နှစ်သည် လက်နက်ခဲယမ်းများနှင့်အတူ KNU - တပ်မဟာ () ကွန်မန်ဒို တပ်ဖွဲ့ထံသို့ လာရောက် ပူးပေါင်းခဲ့ပါတယ်"လို့ ဒီဇင်ဘာ၂၁ရက်မှာ ကေအဲန်ယူဒူးပလာယာခရိုင်ကအသိပေးဆိုပါတယ်။


ဒုတပ်ကြပ်ရဲကိုကိုသည် တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် ၎င်း၏ တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးသော ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း သိရပါတယ်။


 ၎င်းနှင့်အတူ ပါလာသော လက်နက်ခဲယမ်းများမှာ MA-4 ပူးတွဲ() လက်၊ ၄၀ မမဗုံးသီး လုံး၊ ကျည်ဘောက် () ဘောက်နှင့် .၅၆ ကျည်တောင့် (၇၅) တောင့်တို့ ဖြစ်ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို ၂၃ နှစ်ကိုလည်း ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေအနေဖြင့် မြန်မာငွေ (၁၀,၀၀၀,၀၀၀) သိန်းတစ်ရာကျပ် တိတိ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။


========================


📌📌 ၅။ မန္တလေးနန်းတွင်းရှိစစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်


ဒီဇင်ဘာ ၂၁


ဒီဇင်ဘာလ ၂၁ရက်၊ နံနက်၂း၃၀ အချိန်တွင် မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာအဆောင်၊ လပခ တိုင်းမှူးနှင့် ဒု-တိုင်းမှူးအဆောင်တို့အား ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကိုBrave Warriors for Myanmar (BWM) အဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့များဖြစ်ကြသော Mandalay Security and Special Task Force (MDY-SSTF) ပြင်ဦးလွင်ခရိုင်ပကဖ နှင့် No More Dictatorship NMD-PDF အဖွဲ့တို့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။


ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး လုံးထဲမှ ပစ္စည်းချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုမဖြစ်ခဲ့သော လုံးမှလွဲ၍ ကျန် လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ BraveWarriorsForMyanmarကအတည်ပြုပါတယ်။


တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ထိုင်းနိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြ


ဒီဇင်ဘာ၂၁ရက်


𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ထိုင်းနိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြလိုက်ပြီး "စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် နည်းပညာနဲ့ ဆက်သွယ်ရေးကဏ္ဍကို ပိုမိုအားဖြည့်ပြီး တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်နိုင်ဖို့အတွက်𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ မိမိပါဝင်ထောက်ပံ့လိုတဲ့ သက်ဆိုင်ရာ Fundraiser များရဲ့ Page Messenger မှ bank account တောင်းယူပြီး ပါဝင်ထောက်ပို့နိုင်ပါတယ်"လို့ ဒီဇင်ဘာ၂၁ရက်မှာ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းက တရားဝင်အသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


အဆိုပါကမ်းပိန်းကိုနိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၇။ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများ၏ မြန်မာ့အရေးရန်ပုံငွေစျေးပွဲတော်မှ မြန်မာပြည်သူများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ၃၀၄၃၅ ဒေါ်လာ ရရှိခဲ့


ဒီဇင်ဘာ၂၁ရက်


အမေရိကန်နိူင်ငံ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများ၏ မြန်မာ့အရေးရန်ပုံငွေစျေးပွဲတော်မှ မြန်မာပြည်သူများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၃၀,၄၃၅ )ဒေါ်လာ ရရှိခဲ့တယ်လို့ ဒီဇင်ဘာ၂၁ရက်မှာ LA NUG Supportersကအသိပေးဆိုပါတယ်။


"တနင်္ဂနွေနေ့က ကျင်းပခဲ့သောဈေးပွဲမှ ကုန်ကျစားရိတ်များနှုတ်ပြီး မြန်မာပြည်သူများအတွက် ရန်ပုံငွေ $ 30435 ရရှိခဲ့ပါတယ်

တော်လှန်ရေး ()နှစ်ကျော်ကာလအတွင်း ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲပေါင်း (၁၅) ကျော်မှာ ပွဲတိုင်းနီးပါး မိမိတို့အချိန်၊ လုပ်အား၊ ငွေကြေးတွေနဲ့ ပါဝင်ပြီး မြန်မာပြည်သူတွေအတွက် ရန်ပုံငွေကူညီရှာဖွေပေးခဲ့ကြတဲ့ ထောက်ပို့မောင်နှများကို ကျေးဇူးတင် လေးစား ဦးညွှတ်ပါကြောင်း ပထမဆုံးပြောပါရစေ"လို့ဆိုပါတယ်။


 Preorder Link တင်ပြီး ၂၄ နာရီအတွင်း ဝယ်ယူခဲ့ကြတဲ့ $ 11000 ကျော်ခဲ့ကာ ပရီအော်ဒါပိတ်ချိန်မှာ အော်ဒါပေါင်း ၁၈ဝ ကျော်နဲ့ စံချိန်တင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment