29th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေ အားလျော့သွားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

📌 ၃။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့နေရာတွေမှာ  သတင်းအချက်အလက် မပြတ်လပ်စေဖို့ ဖက်ဒရယ်နက်က ဆောင်ရွက်ပေးမယ်

📌 ၄။ IDP အမျိုးသမီးများအတွက်အခြေခံစက်ချုပ်သင်တန်းဒုတိယအကြိမ်မြောက်ဖွင့်လှစ်

📌 ၅။ နမ္မတူမြို့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ ထုတ်ဖော်ပြသ

📌 ၆။ စစ်ကောင်စီတပ် (ခမရ-)မှ သထုံမြို့နယ်၊ ဝီယော်ကျေးနယ် လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲသို့ ဝင်၍ သာသနာပိုင် ငွေကြေးများကို အတင်းအဓမ္မ ရယူသွားခဲ့

📌 ၇။ ဝန်းသိုစစ်တပ်မှ ကောလင်းမြို့တွင်းသို့ ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်တိုက်ခိုက်၍ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင်သေဆုံးထိခိုက်သူတချို့ရှိ

📌 ၈။ ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ခန့်ကို သဲကောကျေးရွာ အနီးတွင်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့

📌 ၉။ ပုလဲမြို့နယ်အင်မထီးပျူစောထီးကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ()ဦး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံ

၁၀။ တနင်္သာရီမြို့နယ်မှာနှစ်ရက်တာတိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေ အားလျော့သွားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း


ဒီဇင်ဘာလ၂၈ရက်။

လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေ အားလျော့သွားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ ၂၈ရက်မှာ ပြုလုပ်တဲ့ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။


"စစ်ရေးအရ ဖိအားပေးမှုတွေ ဆထက်တိုးပြီး ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်နေကြရမယ့်အချိန်မှာ နောက်ပြန်ဆွဲပြီး တော်လှန်ရေးကို နှောင့်နှေးစေနိုင်မယ့် ကိစ္စရပ်တွေကို ထိထိရောက်ရောက် တားဆီးနိုင်ကြဖို့လိုမှာ ဖြစ်ပါကြောင်း။ စစ်ရေးမျက်နှာစာအားကောင်းအောင် တဘက်က ဖိဖိစီးစီး ဆောင်ရွက်နေကြရသလို တဘက်ကလည်း စစ်ကောင်စီအတွက် ဝင်ငွေရလမ်းတွေ ဖြတ်တောက်တဲ့ လုပ်ငန်းစဥ်တွေနဲ့၊ ပြည်သူတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ အားလျော့သွားအောင်လည်း နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း "ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်


ဒီဇင်ဘာလ  ၂၈ ရက်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး(၁၂/၂၀၂၃)ကို ဒီဇင်ဘာ၂၈ရက်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့နေရာတွေမှာ  သတင်းအချက်အလက် မပြတ်လပ်စေဖို့ ဖက်ဒရယ်နက်က ဆောင်ရွက်ပေးမယ်


ဒီဇင်ဘာလ၂၈ရက်။

ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့နေရာတွေမှာ  သတင်းအချက်အလက် မပြတ်လပ်စေဖို့ ဖက်ဒရယ်နက်က ဆောင်ရွက်ပေးမယ်လို့ ဒီဇင်ဘာ၂၈ရက်ညပိုင်းမှာ FederalNet ကမ်ပိန်းက အသိပေးဆိုပါတယ်။


"ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့နေရာတွေမှာ စစ်ယုတ်မာတွေ ရောက်ရှိလာမှုသတင်းကို သတင်းအချက်အလက် မပြတ်လပ်စေဖို့ ဖက်ဒရယ်နက်က ဆောင်ရွက်ပေးမှာမို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ်။ တော်လှန်ရေး ရဲဘော်တွေအကြား သတင်းအချက်အလက် ဆက်သွယ်ပေးပို့ရာမှာဖြစ်စေ၊ အဆင့်မြင့် နည်းပညာများ ဖလှယ်သင်ယူရာမှာဖြစ်စေ မရှိမဖြစ်လိုအပ်နေတာ အင်တာနက်ပါ။ ဒါကြောင့်ဖက်ဒရယ်နက်ကမ်ပိန်းကို တို့ပြည်သူတွေ ဝိုင်းဝန်းကူညီကြပါစို့"လို့ဆိုထားပါတယ်။


ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီး ကမ်ပိန်းသတ်မှတ်ချက်၃၂.၇ရာခိုင်နှုန်းလိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


========================


📌📌 ၄။ IDP အမျိုးသမီးများအတွက်အခြေခံစက်ချုပ်သင်တန်းဒုတိယအကြိမ်မြောက်ဖွင့်လှစ်


ဒီဇင်ဘာ၂၈ရက်

IDP အမျိုးသမီးများအတွက်အခြေခံစက်ချုပ်သင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


"ရိုးရာအဆင်ဒီဇိုင်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ခေတ်မီဆန်းသစ်အဆင်ဒီဇိုင်းများ ဖန်တီးချုပ်လုပ်နိုင်ရေးရည်ရွယ်ချက်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် Lincoln Foundation တို့ ပူးတွဲဖွင့်လှစ်သော IDP စစ်ဘေးရှောင်အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တခုဖြစ်သည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် /၂၀၂၃ ကို ဒီဇင်ဘာ၂၃ ရက်တွင် ဖွင့်လှစ်ပေးခဲ့တယ်"လို့ဆိုပါတယ်။


ယခုဖွင့်လှစ်သောသင်တန်းသည် ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ၃လဖြစ်ပါတယ်။


အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အလားတူအခြေခံစက်ချုပ်သင်တန်းများကိုထပ်မံဖွင့်လှစ်သွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ နမ္မတူမြို့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ ထုတ်ဖော်ပြသ


ဒီဇင်ဘာလ ၂၈ ရက်။

နမ္မတူမြို့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများကို ဒီဇင်ဘာ၂၈ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။


နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ()ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။


နမ္မတူမြို့ စခန်းသိမ်းတိုက်ပွဲ ()ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၆၁)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။


စစ်ကောင်စီ နမ္မတူတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ် ဒေသခံ ()ဦးသေဆုံးခဲ့ပြီး၊ ()ဦး ဒဏ်ရာရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် ()လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် () လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။


တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့အတည်ပြုပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီတပ် (ခမရ-)မှ သထုံမြို့နယ်၊ ဝီယော်ကျေးနယ် လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲသို့ ဝင်၍ သာသနာပိုင် ငွေကြေးများကို အတင်းအဓမ္မ ရယူသွားခဲ့


ဒီဇင်ဘာလ (၂၈)ရက်။

စစ်ကောင်စီတပ် (ခမရ-)မှသထုံမြို့နယ်၊ ဝီယော်ကျေးနယ် လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲသို့ဝင်၍ သာသနာပိုင် ငွေကြေးများကို အတင်းအဓမ္မ ရယူသွားခဲ့တယ်လို့ ဒီဇင်ဘာ၂၈ရက်မှာ KNU ဗဟိုကအတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာလ (၂၆)ရက်နေ့ မနက် (၁၁)နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ် တပ်မ-(၄၄)လက်အောက်ခံ (ခမရ-)တပ်ရင်း လေ့ကျင့်ရေး ()တပ်ဖွဲ့ဝင်များမှ ကေအဲန်ယူ-သထုံမြို့နယ်၊ ဝီယော်ကျေးနယ်၊ ဝီယော်ရွာနှင့် သုံးအိမ်စုရွာ အကြားရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက်ကာ သာသနာပိုင်ငွေသား (၁၇၀၀၀၀၀)ကျပ်၊  အစားအသောက်တစ်ချို့နှင့် သီတင်းသုံးနေထိုင်သော ဦးဇင်း ဦးကောဓည၏ ဖုန်း ()လုံးအား  အဓမ္မ ခြိမ်းခြောက်ရယူသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုနေ့ မနက် ()နာရီတွင် တိုင်တရာ (အမတ-၂၀၂)တပ်ရင်းမှ လက်နက်ကြီး ()လုံး၊ ညနေ ()နာရီ (၁၈)မိနစ်တွင် (အမတ-၃၁၄)တပ်ရင်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ပါတယ်။


စစ်ကောင်စီတပ်များသည် ဒေသခံအရပ်သားများနေထိုင်ရာထဲသို့ လက်နက်ကြီး ပစ်ခတ်ရုံသာမက ၎င်းတို့ စစ်ကြောင်းတက်လျှင်သော်လည်းကောင်း၊ တပ်စွဲထားသော နေရာဒေသရှိ ပြည်သူလူထု၊ သာသနာပိုင် ပစ္စည်းဥစ္စာများ အဓမ္မ ရယူမှု၊ ခိုးယူမှုနှင့် ဖျက်ဆီးမှုများ ရှိနေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဝန်းသိုစစ်တပ်မှ ကောလင်းမြို့တွင်းသို့ ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်တိုက်ခိုက်၍ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင်သေဆုံးထိခိုက်သူတချို့ရှိ


ဒီဇင်ဘာလ၂၈ရက်။

ဝန်းသိုစစ်တပ်မှ ကောလင်းမြို့တွင်းသို့ ဟောင်ဝှစ်ဇာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ၂၈ရက်မှာ ကောလင်းKLPDFက အတည်ပြုဖော်ပြပါတယ်။


" ဝန်းသိုစစ်တပ်မှ ကောလင်းမြို့တွင်းသို့ ဟောင်ဝှစ်ဇာ လုံးပစ်ခတ်ခဲ့ပါတယ်။ နှစ်လုံးမအောင်ခဲ့ပါ။ တစ်လုံးမှာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါးနှင့် ကပ်ပိယ တစ်ဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ကျန်တစ်လုံးမှာ မြို့တွင်းတစ်နေရာ ကျရောက်ပေါက်ကွဲကာ နှစ်အရွယ် ကလေးတစ်ဦး(ယောက်ျားလေး)သေဆုံးပြီး နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။


ဝန်းသိုမြို့ ခမရ ၁၁၁ နှင့် ၁၂၀ တပ်တို့မှ လက်နက်ကြီးများဖြင့် နေ့ည မပြတ်ပစ်ခတ်နေသောကြောင့် အဆောက်အဦများ ပျက်စီးလျက်ရှိပြီး ပြည်သူများထိခိုက်ဒဏ်ရာရမှုကြောင့် မြို့နေပြည်သူများ စိုရိမ်မှုများရှိနေတယ်လို့ဆိုပါတယ်။


ဝန်းသိုမှထွက်လာသော စစ်ကြောင်းနှင့် PDFတို့ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေပြီး ယခုအချိန်ထိ မြို့ကို ပြန်မပေးရရေး ပိတ်ဆို့ကာကွယ်ထားလျက်ရှိပါတယ်။


========================


📌📌 ၈။ ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ခန့်ကို သဲကောကျေးရွာ အနီးတွင်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့


ဒီဇင်ဘာလ၂၈ရက်။

ဒီဇင်ဘာ(၂၇)ရက် နံနက်(၀၆:၀၀)အချိန်တွင် ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ခန့်ကို သဲကောကျေးရွာ အနီးတွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ အမှတ်() စစ်ဒေသခွဲကွပ်ကဲရေးရုံးတောင်ပိုင်းစစ်ဒေသက ဒီဇင်ဘာ၂၈ရက်မှာ အသိပေးဖော်ပြပါတယ်။


ထိတွေ့မူ အတွင်း ရန်သူဘက်မှ တပ်ဖွဲ့ဝင် (၂၀) ခန့် ထပ်မံသေဆုံးခဲ့ပါတယ်။


စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် သဲကောကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အရပ်သားပြည်သူ ()ဦးသေဆုံးခဲ့ရပါတယ်။


ထို့အပြင် နတ်သံကွင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


တောင်ပိုင်းစစ်ဒေသ၊ အမှတ်()စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၉။ ပုလဲမြို့နယ်အင်မထီးပျူစောထီးကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ()ဦး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံ


ဒီဇင်ဘာ၂၈ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အင်မထီးပျူစောထီးကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ()ဦးပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အင်မထီးပျူစောထီးကျေးရွာ မိသားစု()စုမှ အသက်(၈၁)နှစ်အရွယ်အဖိုးအိုတစ်ဦးနှင့်အတူ အသက်(၈၀)နှစ်အရွယ်အဖွားအိုတစ်ဦး၊ အသက်(၄၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အတူ သက်(၁၆)နှစ်အရွယ် သားတစ်ယောက်၊ အသက်(၁၄)နှစ်အရွယ် သမီးတစ်ယောက်၊ အသက်(၅၈)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အတူ အသက်()နှစ်အရွယ်"မြေးမလေး" တစ်ယောက် စုစုပေါင်း()ဦး ထွက်ပြေးလွတ်မြောက်လာကာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခွင့် တောင်းခံလာခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ထွက်ပြေးလွတ်မြောက်လာသူ မိသားစု()စုမှ ()ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆို၍ လိုအပ်သည့်အချက်အလက်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


၎င်း()ဦးအား စစ်ဆေးမေးမြန်းပြီးနောက် အေးချမ်းစွာနေထိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးများနှင့်(လုံးဝ) ပတ်သက်ဆက်သွယ်ခြင်းမပြုရန်၊ နွေဦးတော်လှန်ရေးနှင့်ပြည်သူလူထုကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများလုပ်ရပ်များ မပြုလုပ်ရန်နှင့် ပြုလုပ်မိပါက ပြင်းထန်သောအပြစ်ပေးအရေးယူခြင်းကိုခံရမည်ဖြစ်ကြောင်း  ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပါတယ်။


ခံဝန်ကတိရေးထိုးပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူ မိသားစု()စုမှ ()ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်‌ချုပ်ရေး အဖွဲ့မှ စောင်၊ မိုးကာ၊ အမျိုးသမီးဝတ် အဝတ်အထည်များနှင့် ငွေ(၁၅၀၀၀၀)ကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ တနင်္သာရီမြို့နယ်မှာနှစ်ရက်တာတိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးခဲ့


ဒီဇင်ဘာလ၂၈ရက်။

တနင်္သာရီမြို့နယ်မှာနှစ်ရက်တာတိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးခဲ့တယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)-ပြန်ကြားရေးက ဒီဇင်ဘာ၂၈ရက်မှာ အသိပေးဖော်ပြပါတယ်။


"ဒီဇင်ဘာလ ၂၅ ရက်နေ့၊ မနက် နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း နှင့် တို့က သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၃၀ မိနစ်ကြာမြင့်ခဲ့သည့် ၎င်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ   ၁၂ဦးသေဆုံးပြီး ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၃နာရီ ၁၅မီနစ်အချိန်တွင်လည်း တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာအနီးတွင် လက်နက်ခဲယမ်းတင်လာသော အကြမ်းဖက်စစ်ကြောင်စီယာဥ်အား တိုက်ခိုက်ခဲ့ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၇ဦးထက်မနည်းသေဆုံး၍ မိမိတို့ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


စစ်ဆင်ရေးတွင် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၊၂ တွင် မြိတ်ခရိုင်တပ်ရင်း၂၊တပ်ခွဲ ၁၊၂ တနင်္သာရီမြို့နယ်ပကဖ၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖနှင့် Dragon Squad (ဒရုန်းအဖွဲ့)တို့ပါဝင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment