29th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီပြုတ်ကျရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအာမခံချက်ရတဲ့အထိ လှိုင်းတွေကပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ သွားနေမှာဖြစ်တယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများသိမ်းပိုက်

📌 ၃။ လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် လက်နှင့်အတူ TNLA ထံ  ဆက်သွယ်ကာခိုလှုံလာ

📌 ၄။ အင်းတော်မြို့နယ် နဘားလမ်းဆုံ၊နဘားရွာနှင့် နဘား‌ဘုန်းကြီးကျောင်းထဲတွင်လည်း အင်အား၁၀၀ကျော်ခန့်ရှိ တပ်မ၇၇စစ်ကြောင်း ဆက်လက်ရှိနေပြီး အရပ်သားများကို ရိုက်နှက်စစ်ဆေးနေ

📌 ၅။ သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအားစစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှလာရောက်ပြီး မိုင်းခွဲဖျက်ဆီး

📌 ၆။ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်စကစတပ်က လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီပြုတ်ကျရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအာမခံချက်ရတဲ့အထိ လှိုင်းတွေကပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ သွားနေမှာဖြစ်တယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


ဒီဇင်ဘာ၂၉ရက်


စစ်ကောင်စီပြုတ်ကျရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအာမခံချက်ရတဲ့အထိ လှိုင်းတွေကပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ သွားနေမှာဖြစ်တယ်လို့NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။


"၂၀၂၃ အစကရေးဆွဲခဲ့တဲ့ တစ်နှစ်စီမံကိန်းပေါ့။တစ်နှစ်စီမံကိန်းမှာဆိုရင် ပထမသုံးပတ်၊ဒုတိယသုံးလပတ် ဘယ်လိုလှုပ်ရှားကြမလဲ။ဘယ်လိုဖိအားပေးကြမလဲ။လုပ်ဆောင်ခဲ့တယ်။ဒီနှစ်ဆိုနောက်ဆုံး အပိုင်းထဲရောက်လာတယ်။ဘယ်လောက်အထိမှန်းထားသလဲဆိုလို့ရှိရင် စစ်ကောင်စီပြုတ်ကျရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအာမခံချက် ရတဲ့အထိ လှိုင်းတွေကပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ ဒီတော်လှန်ရေးကသွားရဦးမှာပဲလို့ပြောလို့ရပါတယ်။ ဘယ်လောက်အထိမှန်းထားလဲဆိုရင် ကျမတို့နိူင်ငံရေးရည်မှန်းချက်ရတဲ့အထိသွားရမှာဖြစ်ပါတယ်" လို့ ဒီဇင်ဘာလအတွင်းNUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောကြားခဲ့ပါတယ်။ 


လက်ရှိမှာ စကစဟာ စစ်ရေး၊နိူင်ငံရေး၊ သံတမာန်ရေးနှင့်စီးပွားရေးပါမကျန်အထိနာကျရှုံးနေပြီး ရှမ်းမြောက်ပိုင်းမှာ မြို့များတစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရပါတယ်။


========================


📌📌 ၂။ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများသိမ်းပိုက်


ဒီဇင်ဘာ၂၉ရက်


"ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက် အသီးသီးတွင် သိမ်းပိုက်ရရှိခဲ့ပါတယ်။ပူးပေါင်းမဟာမိတ်အင်အားစုများသည် ဖယ်ခုံမြို့ အဝင်နှင့်အထွက် အသီးသီးကို ထိန်းချုပ်ထားပြီဖြစ်ပါတယ်"လို့ဒီဇင်ဘာ၂၉ရက်မှာ မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

 သို့ဖြစ်၍ ယခုကာလများအတွင်း ပြည်သူလူထုများအနေနှင့် ဖယ်ခုံမြို့အတွင်း ဝင်ထွက်သွားလာခြင်းမပြုကြသေးရန်လည်း 

တော်လှန်ရေးတပ်ဖွဲ့များကမေတ္တာရပ်ခံထားပါတယ်။


 မိုးဗြဲ-ဖယ်ခုံဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူလူထုများအနေနှင့် မိမိတို့၏ အိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန်လည်း တောင်းဆိုထားပါတယ်။


========================


📌📌 ၃။ လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် လက်နှင့်အတူ TNLA ထံ  ဆက်သွယ်ကာခိုလှုံလာ


ဒီဇင်ဘာလ ၂၉ ရက် 


တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ၊ လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို မကြိုက်တာကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ သေနတ် လက်၊ ကျည် (၂၀၀)ကျော်နှင့်အတူ အလင်းဝင်ခဲ့တယ်လို့TNLAကအတည်ပြုဆိုပါတယ်။


 ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လားရှိုးမြို့တွင်းလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်ရင်း - ၅၁၂ က တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက်ကရပ်တည်လိုတာကြောင့် PSLF/TNLA ထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်စုံရွာက စစ်ကောင်စီ၏ ခမရ - ၃၆၂ က တပ်သားတစ်ဦးသည် စစ်မတိုက်လိုတော့တာကြောင့် လက်နက်ခံယမ်းနှင့်အတူ PSLF/TNLA ထံအလင်းဝင်ခဲ့ပါတယ်။


အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန် ဖိတ်ခေါ်အပ်တယ်လို့PSLF/TNLA ကဆိုထားပါတယ်။


========================


📌📌 ၄။ အင်းတော်မြို့နယ် နဘားလမ်းဆုံ၊နဘားရွာနှင့် နဘား‌ဘုန်းကြီးကျောင်းထဲတွင်လည်း အင်အား၁၀၀ကျော်ခန့်ရှိ တပ်မ၇၇စစ်ကြောင်း ဆက်လက်ရှိနေပြီး အရပ်သားများကို ရိုက်နှက်စစ်ဆေးနေ


ဒီဇင်ဘာ၂၉ရက်


"အင်းတော်မြို့ပေါ်မှ စစ်ကောင်စီနှင့် SNAအင်အား၇၀ခန့်မှာ မနက်၅နာရီအချိန်ခန့်က ထွက်ခွာသွားပြီး ယခုတွင် မြို့၏ အရှေ့တောင်ဘက် မိုးယူရွာသို့ ရောက်ရှိနေပါတယ်။နဘားလမ်းဆုံ၊နဘားရွာနှင့် နဘား‌ဘုန်းကြီးကျောင်းထဲတွင်လည်း အင်အား၁၀၀ကျော်ခန့်ရှိ တပ်မ၇၇စစ်ကြောင်း ဆက်လက်ရှိနေပြီး မသင်္ကာသည့် ပြည်သူများအား ရိုက်နှက်စစ်ဆေးလျှက်ရှိပါတယ်"လို့ ဒီဇင်ဘာ၂၉ရက် အင်းတော် IR Teamကအတည်ပြုဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ စစ်ကြောင်းထိုးရာမှာ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများရှိနေပြီး ဖမ်းဆီး နှိပ်စက်၍ ညှင်းပန်းမှုများလည်းရှိနေပါတယ်။


========================


📌📌 ၅။ သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအားစစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှလာရောက်ပြီး မိုင်းခွဲဖျက်ဆီး


ဒီဇင်ဘာ၂၉ရက်


"သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ(၆း၀၀) စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှလာရောက်ပြီး မိုင်းခွဲဖျက်ဆီးပစ်ခဲ့ပါတယ်"လို့ ဒီဇင်ဘာ၂၈ရက် စကစတပ်ရဲ့လုပ်ရပ်ကို TNLAကအတည်ပြုဆိုထားပါတယ်။


မိုးတေချောင်းတံတားသည် သီပေါ - နမ္မတူ - မန်တုံ - နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်စကစတပ်က လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေ


ဒီဇင်ဘာ၂၉ရက်


ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီကျော်အချိန် ရက္ခိုင်ပြည်၊ မြောက်ဦး အခြေစိုက် စစ်ကောင်စီလက်အောက်ခံခမရ (၅၄၀)” နှင့်ခမရ (၃၇၇)” တပ်ရင်းများမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် () လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 


ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါင်းတုတ်ကျေးရွာရှိ အသက် (၁၂) နှစ်အရွယ် မွတ်ဆလင်မိန်းကလေးငယ် () ဦးနှင့် အမျိုးသား () ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 


အလားတူ မြောက်ဦးအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာမှ ကလေးငယ် () ဦးအပါအဝင် () ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


မွန်းလွဲ () နာရီအချိန်ခန့်၌လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ () စီးသည် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်နှင့် အနီးအနား‌ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ တမင် လာရောက်၍ ဗုံးကြဲ တိုက်ခိုက်မှု () ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ ထိုသို့ရှောင်တခင်တိုက်ခိုက်ခံရမှုကြောင့် ကိုင်းတောကျေးရွာရှိ မွတ်ဆလင်အမျိုးသားငယ် () ဦး သေဆုံးခဲ့ရကာ မိန်းကလေးငယ် () ဦး နှင့် အမျိုးသား () ဦးတို့မှာလည်း ဒဏ်ရာရရှိခဲ့ရပြီး ကိုင်းတောကျေးရွာလည်း မီးလောင်ခဲ့ ရပါတယ်။


ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောင်းဘွေ တံတားအနီး၌ရှိသည့် ဘူးတစ်လုံးကျေးရွာမှ မွတ်ဆလင် အမျိုးသမီး () ဦး သေဆုံးခဲ့ရကာ အမျိုးသား () ဦးမှာ လည်း ဗုံးစထိမှန်သဖြင့် ခြေထောက်ပြတ်ထွက်သွားသည် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment