12th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နိုင်ငံလုံး အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး လက်တွဲကြိုးပမ်းနေတဲ့ ကရင်အမျိုးသားများအား လေးစားဂုဏ်ယူကြောင်း NUG သဝဏ်လွှာပို့

📌 ၂။ ၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တွင် တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်

📌 ၃။ (၆၃)နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ သြစတေးလျနိုင်ငံမှာကျင်းပရာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်

📌 ၄။ စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်လျင် လွတ်မြောက်နယ်မြေထွက်လာခြင်းအပြင် အခြားနည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

📌 ၅။ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူအနှစ်ချုပ် PRFထုတ်ပြန်

📌 ၆။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများရှိနေ

📌 ၇။ အမေရိကန်ရောက် မြန်မာများ (၁၂၄) ကြိမ်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ပြုလုပ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့  TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်

🚩 ၂။ ကျားဖြူစစ်ကြောင်း Justice Soldier PDFအဖွဲ့ မှ သင်တန်းသားများအား စိစစ်ခေါ်ယူလျက်ရှိ

🚩 ၃။ စစ်တောင်းတံတားသစ် ဂိတ်နှင့် မုပ္ပလင် လမ်းစုံ ရဲဂိတ်တို့ကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်

🚩 ၄။ တမူးခရိုင်၊ အောင်ဇေယျ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်မှ ထပ်မံသိမ်းပိုက်

🚩 ၅။ ဇရပ်ကြီးမြို့ တိုက်ပွဲ စစ်ကောင်စီတပ် ၇၀ ခန့်သေဆုံး

🚩 ၆။ AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နိုင်ငံလုံး အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး လက်တွဲကြိုးပမ်းနေတဲ့ ကရင်အမျိုးသားများအား လေးစားဂုဏ်ယူကြောင်း NUG သဝဏ်လွှာပို့


ဖေဖော်ဝါရီ ၁၁ရက်။

ပြည်ထောင်စုတစ်ဝှမ်းလုံး အတူဆင်နွှဲနေတဲ့ ပြည်သူ့နွေဦး တော်လှန်ရေးက ကရင်အမျိုးသားများအတွက်သာမက တစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အဆုံးသတ်ပန်းတိုင်း ဖြစ်တာကို ကောင်းစွာ နားလည် လက်ခံပြီး ဘုံသဘောတူညီချက်များ ချမှတ်လာနိုင်တဲ့အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကရင့်အမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် ကရင့်အမျိုးသားနေ့မှာ ကရင်တိုင်းရင်းသားအားလုံး လိုလားတောင့်တတဲ့ တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် အနှစ်သာရ ပြည့်ဝတဲ့ ကရင်ပြည်ကို စုစည်းညီညွတ်မှုဖြင့် ထူထောင်နိုင်ကြပါစေလို့ NUG က သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ကရင်အမျိုးသားများရဲ့ လုပ်ဆောင်ချက်များကို လေးစားဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။


တော်လှန်ရေး အဖွဲ့များအကြား ရရှိထားတဲ့ ဘုံသဘောတူညီချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကရင်မျိုးသား ခေါင်းဆောင်ကြီးများနဲ့ အပြည့်အဝ ပူးပေါင်းပြီး ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် ကဏ္ဍပေါင်းစုံမှ ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းသွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ထို့အတူ ကရင့်အမျိုးသားအစည်းအရုံး (KNU) ကလည်း ကရင့်အမျိုးသားနေ့ကို သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ နိုင်ငံရေးအချိုးအကွေ့ အပြောင်းအလဲများအရ ကရင့်အမျိုးသားရေး လိုလားချက်များ ရရှိအောင်မြင်ရေးအတွက် လမ်းကြောင်းမျိုးစုံမှ တစ်ခုတည်းသောပန်းတိုင်ကို လှမ်းချီရန် အခွင့်အရေး များ ရှိနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


 ကရင့်လက်နက်ကိုင် အဖွဲအစည်းများ၊ ကရင်နိုင်ငံရေး ပါတီများ၊ ကရင်လူမှု အဖွဲ့အစည်းများ အနေဖြင့် ပြန်လည်ပြီး ကရင့်အမျိုးသား အလံတော် တစ်ခုထဲအောက်မှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ သစ္စာရှိစွာ ပေးဆပ်လုပ်ဆောင်ရန် အချိန်သင့်ပြီဖြစ်ကြောင်းလည်း KNU က တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တွင် တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်


ဖေဖော်ဝါရီ၁၁ရက်။

၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တွင် တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၁ရက်မှာ UKနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးက အသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တွင် တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပရာ ယူကေရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံတို့ တက်ရောက်ပါဝင်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ ရိုးရာ အဝတ်အထည်များ ရောင်းချခဲ့ကြပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆိုအကများ အပြင် လက်ရှိဖြစ်ပေါ်နေသော စစ်ဘေးသင့်ပြည်သူတို့၏ အခြေအနေများကိုလည်း ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ရန် ရှင်းလင်းပြခဲ့ပါတယ်။ 


အခမ်းအနားသို့ NUG ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး၊ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ရရှိသောရန်ပုံငွေများကို မြန်မာပြည်တွင်း ရှိ လိုအပ်နေသော တိုင်းရင်းသား ဒေသများသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ (၆၃)နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ သြစတေးလျနိုင်ငံမှာကျင်းပရာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်


ဖေဖော်ဝါရီ၁၁ရက်။

(၆၃)နှစ်မြောက် ကချင့်တော်လှန်ရေးနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ သြစတေးလျနိုင်ငံမှာ ကျင်းပခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့်ဆင်နွှဲရသလဲဆိုတာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဒါတွေ ဆုံးရှုံးခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ အခြေအနေအရ မဖြစ်မနေ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့ရတာ ဖြစ်တယ် တော်လှန်ရေးရည်မှန်းချက်ကလည်း အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူမှုအသိုင်းအဝိုင်းကို ရရှိနိုင်ဖို့ တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိနွေဉီးတော်လှန်ရေးကာလမှာ အစတည်းက ကချင်အမျိုးသားတွေရဲ့ ပါဝင်မှု ဉီးဆောင်မှု ကဏ္ဍဟာ အင်မတန် ကြီးမားပါတယ်။ အခုလက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရကို ဉီးဆောင်နေတာဟာလည်း ကချင်အမျိုးသားတစ်ဉီးဖြစ်တဲ့ သမ္မတကြီးဒူဝါးလရှီးလ ဖြစ်တယ်။ KIO တည်ထောင်ပြီး ၁၉၆၁ ခုနှစ်ကစ အခုချိန်အထိ အသက်ပေးဆပ်သွားတဲ့ ကချင် အမျိုးသားသူရဲကောင်းအားလုံးကိုလည်း လေးစားဂုဏ်ပြုပါကြောင်း၊ ဗိုလ်ချုပ် အင်ပန်လှတို့ရဲ့ ပြတ်သားတဲ့ ဉီးဆောင်မှုဟာ တော်လှန်ရေးကို အများကြီးဉီးဆောင်ပေးနိုင်တာကြောင့် မိမိတို့ လေးစား အတုယူရမှာ ဖြစ်တယ်၊ ဗိုလ်ချုပ်ဂွမ်မော်ဆိုလဲ အားလုံးက လေးစားရတဲ့ ခေါင်းဆောင်တစ်ဉီး ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကချင်အမျိုးသားထုအတွက် အားလုံးကို လေးစားအတုယူရမှာ ဖြစ်တယ်၊ ဒါကြောင့် ဒီနေ့ တက်ရောက်လာကြတဲ့ ကချင်အမျိုးသား အပါအဝင် ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


အဆိုပါအခမ်းအနားသို့ သြစတေးလျနိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများမှ တိုင်းရင်းသားရိုးရာဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်လျင် လွတ်မြောက်နယ်မြေထွက်လာခြင်းအပြင် အခြားနည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း


ဖေဖော်ဝါရီလ ၁၁ရက်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဖို့ဆင့်ခေါ်လာမယ်ဆိုရင် လွတ်မြောက်နယ်မြေကိုလာတဲ့နည်းအပြင် အခြားနည်း လမ်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်ကြဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

လက်ပူတိုက်သင်တန်းပေးပြီး တကယ်ကျ တိုက်မရမှန်းလည်း သူတို့သိလျက် အကြမ်းကြုတ်ဆုံးနည်းကို အင်အားသုံး ဇွတ်ကြေညာတာ ဂရုပြုကြပါ။ စစ်ကျွန်ဇာတ်သွင်း အဓမ္မဆင့်ခေါ်မှုတွေကို လွတ်မြောက် နယ်မြေ ထွက်လာတဲ့နည်းအပြင် အခြားနည်းလမ်းများနဲ့ ဆန့်ကျင်တွန်းလှန်ကြပါလို့ သတိပေးထားပါတယ်။ 

လက်ရှိစစ်ကောင်စီဘက်မှာ လူမရှိတော့ကြောင်း ဝန်ခံနေရပြီး ရမ်းကားလာတာဖြစ်တဲ့အတွက် စနစ်တကျနဲ့ ပြည်သူတွေ ဘက်က တုံပြန်ရမယ်လို့ ဆိုပါတယ်။


ဖက်ဆစ်တပ်ရဲ့ ဆင့်ခေါ်ရေးနဲ့ ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ပြည်သူလူထုကို ငွေညှစ် စားခွက်လု ခွင်လုကွက်တွေနဲ့ ဖိနှိပ်မယ့်အရေးမှာ တိုက်ချင်းတိုက် ပြည်သူဘက်ကပဲ တိုက်မယ်လို့ အသိပေးလာသူတွေအနေနဲ့လည်း အစစအရာရာ ပြင်ဆင်ထားကြဖို့ ဦးမင်းကိုနိုင်က တိုက်တွန်းထားပါတယ်။


ထို့အပြင် ဖက်ဆစ်တပ်ထဲမဝင် အဖမ်းခံပြီး ထောင်ထဲဝင်လိုက်မယ်လို့ အလွယ်မတွေးစေချင်ဘူးလို့လည်း ၎င်းက အသိပေးထားပါတယ်။


၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ အတည်ပြုသတ်မှတ်လိုက်တာဖြစ်ပါတယ်။


အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က တာဝန်ရှိသူတွေကလည်း ၎င်းတို့နဲ့အတူ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၅။ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူအနှစ်ချုပ် PRFထုတ်ပြန်


ဖေဖော်ဝါရီလ ၁၁ရက်။

ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူအနှစ်ချုပ် PRFက ထုတ်ပြန်လိုက်ပါတယ်။

"ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူ ၁၉၀၀၀ ကျော်ထံမှ အမေရိကန်ဒေါ်လာခန့်မှန်း ၆၄၂၉၇၆.၅၇ ရရှိခဲ့တယ်"လို့ဆိုပါတယ်။

ဇန်နဝါရီလအတွင်း တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် (၂၁) ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နှာများမှတဆင့် ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများရှိနေ


ဖေဖော်ဝါရီလ ၁၁ရက်။

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကို ဖမ်းဆီးမှုများ ရှိလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ၂၄ နာရီအတွင်း စစ်ကိုင်းမြို့နယ်မှာ ခရီးသွားလူငယ် ၄၀ ကျော် ဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့နယ် နတ်ခရိုင်ကျေးရွာနဲ့ လယ်ကြီးရွာကြားမှာ အင်အား ၆ဝ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲက ခရီးသွားတွေကို စစ်ဆေးကာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး People’s Spring မှာ ဖော်ပြထားပါတယ်။  

ဒါကြောင့် မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်းလမ်းပိုင်းကို အသုံးပြုသွားလာနေကြတဲ့ ခရီးသွားမိဘ ပြည်သူများအနေနဲ့ ကြေညာချက်ထုတ်ပြန်တဲ့အချိန်ကစပြီး ဒီလမ်းပိုင်းကို အရေးပေါ်တားမြစ်ပိတ်ပင်လိုက်တယ်လို့ ကာကွယ်ရေးအဖွဲများ ကိုယ်စား မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ အသိပေး ထုတ်ပြန်လိုပါတယ်။ 

အရေးပေါ်ကျန်းမာရေးကိစ္စကလွဲပြီး လုံးဝ(လုံးဝ)သွားလာအသုံးပြုခြင်း မလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လမ်းပိုင်းတလျှောက် ခရီးသွားနေတဲ့ ပြည်သူလူထုကို ကျား/ မရွေး အတင်းအဓမ္မ ပေါ်တာဆွဲနေတာကြောင့် ကာကွယ်ရေးအဖွဲများကိုယ်စား မိဘပြည်သူတွေကို မေတ္တာရပ်ခံတောင်းဆိုရခြင်းဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် နာရီခွဲအချိန်ကစပြီး စစ်ကိုင်းမြိုနယ်ထဲက စစ်ကိုင်းမြိုနဲ့ ညောင်ပင်ဝန်းကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်က ခရီးသွား ကား၊ ဆိုင်ကယ်များကို တားဆီးပြီး အမျိုးသားများကို ဆွဲချခဲ့တာဟာ ပေါ်တာဆွဲနေတာလို့ ယူဆရတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိပြုရှောင်တိမ်းသွားလာကြဖို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ အမေရိကန်ရောက် မြန်မာများ (၁၂၄) ကြိမ်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ပြုလုပ်


ဖေဖော်ဝါရီလ ၁၁ရက်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆန်ဖရန်စစ္စကို မြိုတော်ခန်းမရှေ့မှာ "ဖက်ဒရယ်ပြည်ထောင်စု စုပေါင်းရှေ့ရှု အလေးဂရုပြု" ခေါင်းစဉ်ဖြင့် အဆိုပါ (၁၂၄) ကြိမ်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


ဆန္ဒပြ မြန်မာနိုင်ငံသားများက "တသံတည်းညီ တချီထဲရုန်း" "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" "Free Burma" "ICC / ICJ Arrest Min Aung Hlaing" "နွေဦးတော်လှန်ရေး ငါတိုနိုင်မှာ" စတဲ့ စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အဆိုပါ သပိတ်လှုပ်ရှားမှုကို Free Burma Action Committee-Northern California က ဦးဆောင်ခဲ့ပြီး ပြည်ပရောက် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ နှင့် ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့  TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်


ဖေဖော်ဝါရီလ ၁၁ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသတခုလုံး စစ်အာဏာရှင်စနစ်အောက်ကနေ အလုံးစုံလွတ်မြောက်တဲ့ အောင်ပွဲခံ အခမ်းအနားကို TNLA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNTJP/ MNDAA ရဲ့ ဦးဆောင်တိုက်ပွဲဝင်မှုနဲ့အတူ ကိုးကန့်ဒေသတခုလုံး စစ်အာဏာရှင်စနစ်အောက်က အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနဲ့ ဒုဥက္ကဋ္ဌ - ဗိုလ်မှူးချုပ် တားခူလာင်းအပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တက်ရောက်ခဲ့တာကို TNLA က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာဖြစ်ပါတယ်။  

အဆိုပါအခမ်းအနားကို ဖေဖော်ဝါရီလ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နဲ့အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

ထိုအခမ်းအနားမှာ PSLF/TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မိန့်ခွန့်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တိုရဲ့ အိမ်ပြန်ခရီးနဲ့အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများရဲ့ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်တဲ့တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့ အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီလို့ TNLA ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ထို့ပြင် ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလမှာ PSLF/TNLA တပ်ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့အတူ ဝန်းရံ တိုက်ပွဲဝင်နိုင်ခြင်းဟာ မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိတဲ့ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ မဟာမိတ်တွေကြား နားလည်မှုရှိရှိ ဆက်လက် တိုက်ပွဲ ဝင်သွားကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားသို့ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယဥက္ကဋ္ဌ- ဗိုလ်မှူးချုပ် တားခူလာင်း၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားမိုးဟိန်းနဲ့ အရာရှိအရာခံ ၃၀ ကျော် တက်ရောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကျားဖြူစစ်ကြောင်း Justice Soldier PDFအဖွဲ့ မှ သင်တန်းသားများအား စိစစ်ခေါ်ယူလျက်ရှိ


ဖေဖော်ဝါရီ၁၁ရက်

ကျားဖြူစစ်ကြောင်း Justice Soldier PDFအဖွဲ့ မှ သင်တန်းသားများအား စိစစ်ခေါ်ယူလျက်ရှိတယ်လို့ ဖေဖော်ဝါရီ၁၁ရက်မှာ Justice Soldier PDFအဖွဲ့က တရားဝင်အသိပေးဆိုပါတယ်။

သင်တန်းသားလျှောက်ထားလိုပါက အသက်18နှစ်မှ 35 အတွင်းရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ တော်လှန်ရေးကို စိတ်ပါဝင်စားသူ၊ တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်နိူင်သူ၊ အထက်က ပေးအပ်သော တာဝန်နှင့် အမိန့်ကို တိကျ သေချာစွာ လိုက်နာနိုင်သူ၊ အိမ်ထောင် မရှိသူ ဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။


စည်းကမ်းချက်များကို လိုက်နာနိုင်ပါကJustice Soldier PDFအဖွဲ့ Page Messengerတွင် လာရောက်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်တောင်းတံတားသစ် ဂိတ်နှင့် မုပ္ပလင် လမ်းစုံ ရဲဂိတ်တို့ကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်


ဖေဖော်ဝါရီ ၁၁ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်း တံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းစုံ ရဲဂိတ်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၄၀ နှင့် ၁၁ နာရီကြားမှာ စစ်တောင်းတံတားသစ် ဂိတ်ကို () ကြိမ်၊ မုပ္ပလင်လမ်းစုံ ရဲဂိတ်ကို () ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 


 ဒရုန်း () စီးနဲ့ စစ်တောင်း တံတားသစ်ဂိတ်ကို () စီး၊ မုပ္ပလင်လမ်းဆုံ ဂိတ်ကို () စီး ဗုံးသီး ကြဲချခဲ့ ပါတယ်။လို့ KRF ပြန်ကြားရေး တာဝန်ရှိသူက ပြောပြပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့  KRF က အသိပေး ထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကို KNU/KNLA, IAF (Iron Adventure Force) ကဝပကဖ Drone Team အင်းတကော် ပကဖ Drone Team ı ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ Drone Team ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နဲ့ ကျိုက်ထို ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ တမူးခရိုင်၊ အောင်ဇေယျ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်မှ ထပ်မံသိမ်းပိုက်


ဖေဖော်ဝါရီ ၁၁။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ အောင်ဇေယျကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုမှ ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNA - Burma တပ်ဖွဲ့ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ ညနေ နာရီမှာ ၎င်းအောင်ဇေယျ စစ်ကောင်စီစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ၁၀ ရက်နေ့ည နာရီမှာ စခန်းကို အပြီးသတ် ပြန်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူများနဲ့ မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်  ပြန်လည်ဆုတ်ခွာ ပေးခဲ့ရတာ ဖြစ်တယ်လို့ ပြောပြပါတယ်။


တိုက်ပွဲ ရက်တာအတွင်း စစ်ကောင်စီဘက်က ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဟတ်ယာဉ်နဲ့ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ကြိမ် လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်မှ ဦး (မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဇရပ်ကြီးမြို့ တိုက်ပွဲ စစ်ကောင်စီတပ် ၇၀ ခန့်သေဆုံး


ဖေဖော်ဝါရီလ ၁၁ရက်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်း၊ ဂိတ်စခန်းနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၇၀ဦးခန့် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်မှလည်း ကျဆုံးမှု ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)  တောင်ပိုင်းစစ်ဒေသ အမှတ်() စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

အမှတ် () စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော ဖားစည်ဟိန်းသံနှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေးကို ဖေဖော်ဝါရီလ ၇ရက်နေ့မှ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အင်အားချိနဲ့စေရန် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး မြို့စိုးတံတားရန်သူ့ဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်ချေမှုန်းကာ တံတားအား ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့သလို စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ နှစ်တန့်ကူးတံတားနှင့် ရေကြည်ချောင်းတံတားရှိ ရန်သူ့ ဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ပြီး နှစ်တန့်ကူးတံတားအား ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဇရပ်ကြီးမြို့အခြေစိုက် ခလရ (၇၃) တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်ပြီး တပ်ရင်းအတွင်းရှိ စစ်ရေးအခြေခံ အဆောက်အဦးများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ခဲယမ်းများကို သိမ်းဆည်း/ဖျက်ဆီးနိုင်ခဲ့ကြောင်း  တပ်ရင်းအတွင်း ဝင်ရောက်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများနဲ့တကွဖော်ပြထားပါတယ်။ 


စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ (၇၀)ခန့် သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်မှလည်း ကျဆုံးထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၆။ AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ


ဖေဖော်ဝါရီ ၁၁။

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ AA က အသိပေးထားပါတယ်။


ဖေဖော်ဝါရီလ ၁၁ ရက် (မနေ့က) ညနေပိုင်းမှာ ဂျက်ဖိုက်တာဖြင့်  နှစ်ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က AA သိမ်းပိုက်ထားတဲ့ မင်းပြားမြို့ကို လေကြောင်း၊ လက်နက်ကြီး၊ ရေကြောင်းတို့မှ တိုက်ခိုက်ခဲ့သေးတယ်လို့ ညီနောင်မဟာမိတ် () ဖွဲ့က အသိပေး ထားပါတယ်။

ရက္ခိုင်ဒေသ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ရာ နှစ်လအကြာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပလက်ဝမြို့နယ် တစ်ခုလုံးကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စတဲ့မြို့များနဲ့ တပ်ရင်းဌာနချုပ် အများအပြားကို AA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသ တိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment