11th MAR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၅) နှစ်မြောက်နေ့သို့  ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့

📌 ၂။ ၃၅ နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့အခမ်းအနားသို့ TNLA နှင့် AA ဂုဏ်ပြု သဝဏ်လွှာပို့

📌 ၃။ ရွှေဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ဦး အောက်ပိုင်းချိ ဝေဒနာခံစားနေရ  

📌 ၄။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာမှာလုပ်ဆောင်တဲ့ နွေဦးလက်ဖက်ရည်ဝိုင်းစျေးရောင်းပွဲကနေ မတ်လအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁၅,၀၀၀)ကျော်ရရှိ


၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖားဆောင်း တံတားလမ်းခွနှင့် စေတီတပ်စွဲထားသော စစ်ကောင်စီတပ်ကိုတိုက်ခိုက် သေနတ် ၁၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၂။ ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၆ဝ ကျော် ခြေမှုန်းနိုင်ခဲ့ဟု KNDF ထုတ်ပြန် 

🚩 ၃။ မိုးဗြဲမြို့အထိ တောမီးကူးစက်ခဲ့မှုကြောင့် ဘုရားကျောင်းအပါအဝင် အိမ်ခြေ ၁ဝဝ ခန့် မီးလောင်ပြာကျ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၅) နှစ်မြောက်နေ့သို့  ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့


၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်


၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်မှာကျ‌ရောက်သောမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၅) နှစ်မြောက်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာ ပေးပို့ခဲ့‌ကြောင်းကို နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်ထားပါတယ်။နိုင်ငံတော် ယာယီသမ္မတ‌ ပေးပို့သော သဝဏ်လွှာ၌ ၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့၌ စတင် တည်ထောင်ခဲ့သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။


ဖြတ်သန်းလာသော တော်လှန်ရေးသမိုင်းတလျှောက် အခက်အခဲ၊ အနိမ့်အမြင့် အတက်အကျများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး ကိုးကန့်ဒေသနှင့် ကိုးကန့်လူထု လွတ်မြောက်ရေးအတွက် တော်လှန်ရေး ယုံကြည်ချက်ကို (၃၅) နှစ်တိုင်သည်အထိ မဆုတ်မနစ် ကိုင်စွဲလျှောက်လှမ်းမှုအပေါ် လေးစား ဂုဏ်ယူ ပါသည်။ 


၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ () ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မ လုယူရန် ကြိုးစားခဲ့သည့်ဖြစ်စဉ် နောက်ပိုင်းတွင်လည်း ဖက်ဆစ် စစ်အုပ်စု ပြုတ်ကျရေး၊ နိုင်ငံတဝန်း ပြည်သူအားလုံး လွတ်မြောက်ရေးတို့အတွက် ပြတ်သားစွာ ရပ်တည် တိုက်ပွဲဝင်မှုအပေါ် အသိအမှတ် ပြု ဂုဏ်ယူပါသည်။ 


မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင်၊ မြောက်ပိုင်း မဟာမိတ် () ဖွဲ့ ဦးဆောင်ပြီး စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြီးသည် အကြမ်းဖက် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုတဝန်းလုံး မျှော်ရည်ချက်ဖြစ်သည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် သမိုင်းဝင် စစ်ဆင်ရေးကြီးဖြစ်ပြီး သမိုင်းတွင်မည့် အောင်ပွဲများကို ရရှိခဲ့သည့်အပေါ် လေးစားဂုဏ်ယူပါသည်။


စတင် တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့ (၃၅) နှစ် ပြည့်မြောက်သည့်အချိန်အထိ ကိုးကန့်ဒေသ နှင့် ကိုးကန့်လူထု လွတ်မြောက်ရေး၊ မြန်မာပြည်သူအားလုံး လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲ ဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားကြသည့် ကိုးကန့် ရဲဘော်ရဲဘက် တဦးချင်းစီကို လေးနက်စွာ ဂုဏ်ပြုပါသည်။


စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ရေး အတူတကွ လက်တွဲ၍ တိုက်ပွဲဝင်သွားမည့် အကြောင်း ကတိပြုရင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (၃၅) နှစ်ပြည့် အထိမ်းအမှတ်နေ့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်ဟု ပါရှိပါတယ်။


========================


📌📌 ၂။ ၃၅ နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့အခမ်းအနားသို့ TNLA နှင့် AA ဂုဏ်ပြု သဝဏ်လွှာပို့


ယနေ့ မတ်လ ၁၁ မှာ ကျရောက်တဲ့ ၃၅ နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ အခမ်းအနား သို့ ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

မတ်လ ၁၁ ဟာ ကိုးကန့်အဖွဲ့အစည်းဖြစ်တဲ့ MNDAA MNDJP အတွက် ထူးခြားလေးနက်တဲ့ နေ့တနေ့ဖြစ်တာ ကြောင့် ကိုးကန့်တမျိုးသားလုံးအနေနဲ့ ကောင်းမွန်စွာကျင်းပနိုင်တဲ့အခွင့်အရေးရမယ်ဆိုရင် ကြီးကျယ်ခမ်းနားစွာ ကျင်းပကြမှာ အမှန်ပင်ဖြစ်တယ်လို့ဆိုပါတယ်။

ကိုးကန့်တပ်မတော်လို့ခေါ်တဲ့ ကိုးကန့်အဖွဲ့အစည်း စတင်ထူထောင်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၂ဝဝ၉ ခုနှစ် ဩဂုတ်လ ရက်နေ့မတိုင်ခင်နေ့အထိဟာ ကိုးကန့်တိုင်းရင်းသားတွေရဲ့ ရွှေရောင်ကာလဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်အထိကို ကိုးကန့်အိမ်ပြန်ခရီး ကြိုးပမ်းမှုကာလ၊ တော်လှန်ရေးကာလလို့ သတ်မှတ်နိုင်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကိုးကန့်တပ်မတော်တည်ထောင်ခဲ့တဲ့ ၃၅ နှစ်ပြည့် ကျောက်စိမ်းရတုကပြီး လာမယ့်ကာလတွေဟာ ကိုးကန့်ပြန်လည် တည်ဆောက်ရေးနဲ့ ကိုးကန့်ဒေသ ပြန်လည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ရဦးမယ်လို့လည်း အသိပေးထားပါတယ်။

ကိုးကန့်အဖွဲ့အစည်းရဲ့ ဖြတ်သန်းမှုသမိုင်းကိုအခြေခံပြီး စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး တခေတ်တခါကရှိခဲ့တဲ့ အခြေအနေတွေကို ပြန်လည်ရောက်ရှိမယ်လို့ ယုံကြည်တယ်လို့လည်း ညီနောင်မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က ပြောပါတယ်။

ညီနောင်မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့အနေနဲ့လည်း စစ်ရေးနဲ့နိုင်ငံရေးမှာ မဟာမိတ်ပီသစွာနဲ့ ယခင်ထားရှိခဲ့တဲ့ ရပ်တည်ချက် ယုံကြည်ချက်တွေအတိုင်း ချစ်ခင်ရင်းနှီးစွာနဲ့ ဆက်ရှိနေဦးမယ်လို့ အသိပေးထားပါတယ်။ 

ကိုးကန့်အဖွဲ့အစည်းရင်ဆိုင်ခဲ့ရတဲ့ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့လောကဓံ အနိမ့်အမြင့် အတက်အကျတွေဟာ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် အတုယူစရာ နမူနာကောင်းတွေဖြစ်တယ်လို့လည်း TNLA နဲ့ AA က ပြောပါတယ်။ 

လက်ရှိမှာ ကိုးကန့်အဖွဲ့အစည်းကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်မှုအောက်မှာ ကိုးကန့်အဖွဲ့အစည်းက လိုလားနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်းနဲ့ ကိုးကန့်ရွှေရောင်နေ့ရက်တွေကို အချိန်တိုတိုအတွင်း ပြန်လည်ရောက်ရှိပါစေကြောင်းလည်း TNLA နဲ့ AA တို့က ဆုမွန်ကောင်းတွေး တောင်းပေးထားပါတယ်။

ထို့အပြင် ကိုးကန့်အိမ်ပြန်ခရီးကာလဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလနဲ့ ကိုးကန့်တော်လှန်ရေးကာလတလျောက် အသက်၊ ဘဝ၊ ခန္ဓာတွေ ပေးဆပ်စွန်လွှတ်ပြီး အနစ်နာခံခဲ့ကြတဲ့သူတွေကိုလည်း လေးနက်စွာ ဂုဏ်ပြုတဲ့အကြောင်းလည်း TNLA နဲ့ AA တို့ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ရွှေဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ဦး အောက်ပိုင်းချိ ဝေဒနာခံစားနေရ  


စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာရှိတဲ့ ရွှေဘိုအကျဥ်းထောင်မှာ အကျသ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဟာ ဗီတာမင်ဓာတ်ချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့နေတဲ့ ဝေဒနာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်က အသိပေးပြောဆိုလိုက်ပါတယ်။ 

အခုလိုဖြစ်ရတာဟာ ထောင်တွင်းအိပ်ဆောင်တွေ ကျန်းမာရေး ညီညွတ်မှုမရှိခြင်း၊ ထောင်ကကျွေးတဲ့ ထမင်းနဲ့ ဟင်းတွေမှာ ဗီတာမင်ဓာတ်ပါဝင်မှုနည်းခြင်းတို့အပါအဝင် ထောင်တွင်းအကျဉ်းသားများ လှုပ်ရှားသွားလာနိုင်တဲ့ဧရိယာ နည်းပါးခြင်း အခန်းတွင်းပိတ်လောင်မူ (တန်းပိတ်ချိန်) များလွန်းခြင်း စတဲ့ အချက်တွေကြောင့် အကျဉ်းသားတွေ အောက်ပိုင်းချိတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရတာလိုဆိုပါတယ်။

အဆိုပါ အောက်ပိုင်းချိဝေဒနာကို ထောင်အခေါ်အဝေါ်အရ တုတ်ဆွဲသည် ဟု ခေါ်ဝေါပြီး ဒီရောဂါလက္ခဏာဟာ ခန္ဓာကိုယ်‌ အောက်ပိုင်း ရုတ်တရက် သေသွားသလိုဖြစ်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းပျော့လာခြင်း၊ လမ်းလျှောက်၍မရတော့ခြင်း၊ လမ်းပြန်လျှောက်လို့ ရလာလျှင်လည်း ထော့နင်းထော့နင်းဖြင့် လျှောက်ရခြင်း စတဲ့ လေဖြတ်ရောဂါလက္ခဏာ ပုံစံမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။ 

အခုလိုခံစားနေရချိန်မှာ ဆေးကုသမှုမပေးတာ၊ ဗီတာမင်အားဆေးနဲ့ လိုအပ်တဲ့ဆေးဝါးတွေ မရပါက အောက်ပိုင်းသေသွား နိုင်တဲ့အတွက် ဆေးဝါးကုသမှုတွေခံယူဖို့ လိုအပ်တယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။  

ရွှေဘိုအကျဉ်းထောင်က အကျဉ်းသားတွေကိုကျွေးတဲ့ဆန်ဟာ ဒေသထွက်ဆန်တွေမဟုတ်ဘဲ အလွန်ဆိုးရွားသည့် ဆန်ကြမ်းများကိုသာ ကျွေးမွေးပြီး အသားဟင်းငါးဟင်းကျွေးရာမှာလည်း အရိုးများတဲ့ အစိတ်အပိုင်းတွေကိုသာကျွေးနေ တယ်လို့လည်းသိရပါတယ်။  

အဆိုပါ တုတ်ဆွဲရောဂါလို့ခေါ်တဲ့ အောက်ပိုင်းချိနဲ့ဝေဒနာခံစားနေရတဲ့ အကျဉ်းသားတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုအလွန်နောက်ပိုင်း ပိုမိုအဖြစ်များလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် ထံကနေ သိရပါတယ်။


========================


📌📌 ၄။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာမှာလုပ်ဆောင်တဲ့ နွေဦးလက်ဖက်ရည်ဝိုင်းစျေးရောင်းပွဲကနေ မတ်လအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁၅,၀၀၀)ကျော်ရရှိ


မတ်လ ၁၀၊  (Radio NUG)


အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာက ၂၇ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်းစျေးရောင်းပွဲကနေ မတ်လအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅,၄၆၅ ဒေါ်လာ ရရှိခဲ့ပါတယ်။ ချက်ပြုတ်လှုဒါန်းပေးသော အလှူရှင်များ၊ ငွေသားအလှုရှင်များ၊ ဝယ်သူအားပေးသော မိတ်ဆွေများ ဝိုင်းဝန်းကူညီသော မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ် လို့အသိပေး ထုတ်ပြန်ထား ပါတယ်။

နွေဦးလက်ဖက်ရည်ဝိုင်းဟာ  မြန်မာပြည်၏နွေဦးတော်လှန်ရေးမှာ ပြည်သူများဘက်က ခုခံကာကွယ်တိုက်ခိုက်ပေးနေတဲ့ မြေပြင်က ဒေသခံအဖွဲ့များထံ အရောက် ထောက်ပို့ နိုင်ဖို့ လစဉ် ဟင်းချက်စျေးရောင်း ရန်ပုံငွေ ရှာတဲ့ မြန်မာမိသားစုများ၏ ကိုယ်ထူကိုယ်ထ အဖွဲ့တခု ဖြစ်ပါတယ်။ လက်ရှိမှာ အညာဒေသက မြန်မာစစ်ကောင်စီ စစ်ကြောင်းများ၏ တိုက်ခိုက် သတ်ဖြတ်မှုများကို ခါးစီးခံပြီး ခုခံတိုက်ခိုက် ကာကွယ်ရေးလုပ်ဆောင်နေကြတဲ့ ဒေသခံတော်လှန်ရေးအဖွဲ့များကို အရေးပေါ် အကူအညီများ ပို့ဆောင်ပေးနေတယ်လို့ အသိပေးပြောကြားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဖားဆောင်း တံတားလမ်းခွနှင့် စေတီတပ်စွဲထားသော စစ်ကောင်စီတပ်ကိုတိုက်ခိုက် သေနတ် ၁၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ကရင်နီပြည် ဖားဆောင်းမြို့ တံတားလမ်းခွနှင့် စေတီတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး တပ် တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သေနတ် ၁၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA -ကလလတ က ထုတ်ပြန်ပါတယ်။

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA - ၉၄၂၀ တပ်ရင်း နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မတ်လ ရက် နေ့မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါတိုက်ပွဲမှာ သေနတ် ၁၇ လက်နဲ့ ခဲယမ်းတွေအပါအဝင် ဒရုန်းဖြတ်စက်နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိ ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ခဲ့တဲ့ ဖားဆောင်းမြို့တဝိုက်နဲ့ မြို့တွင်းတိုက်ပွဲတွေမှာ ကရင်နီတပ်ပေါင်းစုရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ခုခံနေရတယ်လို့လည်း အသိပေး ထားပါတယ်။

အခုလို့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မတ်လ ရက်နေ့မှာ ဖားဆောင်းမြို့မရဲစခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းအချို့ ရရှိခဲ့ပါတယ်။ 

မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူတွေ အဆမတန်အသုံးပြုခုခံနေရာ မတ်လ ရက် က ဖားဆောင်းမြို့ ကွက်သစ်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦးသေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားဆောင်းမြို့ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် ၊ဈေးဆိုင်၊ အဆောက်အအုံတွေ အပါအဝင် ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၂။ ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၆ဝ ကျော် ခြေမှုန်းနိုင်ခဲ့ဟု KNDF ထုတ်ပြန် 


ကရင်နီပြည်ထဲက ရှားတောမြို့သိမ်းတိုက်ပွဲမှာ ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၆ဝ ကျော်ကို ခြေမှုန်းနိုင် ခဲ့တယ်လို့ ကရင်နီတော် လှန်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။  


ဖေဖော်ဝါရီလအတွင်း စစ်ရေးသတင်း အခြေနေများကို မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်ရာမှာ KNDF က အခုလို အသိပေး လိုက်တာဖြစ်ပါတယ်။ 

  

ကရင်နီပြည်မှာ ဖေဖော်ဝါရီလအတွင်း လွိုင်ကော်၊ ရှားတော ဘောလခဲနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


လွိုင်ကော်မြို့မှာဆိုရင် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဥ်နီးပါး ထိတွေ့မှုတွေရှိခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာဆိုရင် တိုက် လုံး ဝန်ထမ်းအိမ်ယာတလျှောက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ အသိပေး ထားပါတယ်။


လွိုင်ကော်မြို့ပေါ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကိုဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွဲနေတာ ကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့ပေါ်အခြေစိုက်တပ်တွေထဲမှာပဲ တပ်စွဲထားနိုင်ပြီး မြေပြင်ထောက်ပို့လမ်းကြောင်း တွေ ပြတ်တောက်သွားတာကြောင့် လေကြောင်းကိုသာ အားထားနေရတဲ့အခြေအနေပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ 


စစ်ကောင်စီဟာ လွိုင်ကော်မြို့ကို နေ့စဥ် လက်နက်ကြီးတွေနဲ့ပစ်ခက်ခဲ့တဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတာ ကင်းထောက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ရပ်ကွက်တွေထဲကို မီးလောင်ဗုံးတွေကြဲချတာတွေ နေ့စဥ်နီးပါး ပြုလုပ်ခဲ့တာ ကြောင့် လူနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ရှားတောမြို့တွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းတွေအပါအဝင် ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး ဒု-ဗိုလ်မှူးကြီး ဗိုလ်မှူး ဒုရဲမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်အချို့ကို စစ်သုံ့ပန်း ဥပဒေ နိုင်ငံတကာစည်းမျဥ်း စည်းကမ်းဥပဒေတွေနဲ့အညီ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


ဒါအပြင် ဘောလခဲမြို့နဲ့ ရွာသစ်မြို့ကြား ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်က စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်း စခန်းအနီး ထိတွေ့မှုတွေဆက်တိုက်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ရက်နေ့မှာ အဆိုပါစခန်းကုန်းကို ကရင်နီ တော်လှန်ရေးတပ်တွေက အပြီးသတ်ချေမှုန်းသိမ်းယူနိုင်ခဲ့ရာမှာ လက်နက်ငယ် ၁၂ လက် လက်နက်ကြီး လက်နဲ့ ခဲယမ်းကျည်တွေ သိမ်းဆည်းရရှိ ခဲ့တယ်လို့ အသိပေးထားပါတယ်။


ဖယ်ခုံမြို့နယ်မှာတော့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ကြိမ်ခန့်သာ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေသာ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


သံလွင်မြစ်ဘေးနဲ့ အရှေ့ဖက်ခြမ်းက ကရင်နီ- ထိုင်းနယ်စပ်တလျှောက်က စစ်တပ်အထိုင်တပ် စခန်း ခုဟာ ဖေဖော်ဝါရီလ ထဲမှာပဲ စခန်းစွန့်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

 

စစ်ကောင်စီအတွက်အရေးပါတဲ့ ဟွေပုန်းလောင်းဒေသက စိုးမိုးကုန်းတခုဖြစ်တဲ့ ကျားပါစပ်ကြီးစခန်း၊နမ့်ပန် ချောင်းဘေးမှာ အခြေပြုထားတဲ့ ဟွေအွန်တပ်စခန်းနဲ့ သံလွင်မြစ်ဘေးမှာ အခြေပြုထားတဲ့ တာတမော့ တပ်စခန်းတို့ကို စစ်တပ်က စွန့်ခွာသွားခဲ့တာလို့ သိရပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ တာဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးကာ ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့တာကြောင့် စစ်ကောင်စီဟာ လူ့အခွင့်ရေးချိုးဖောက်တာနဲ့ စစ်ရာဇဝတ်မှုတွေကို လူမိုက်ဆန်ဆန် ပြောင်ပြောင် တင်းတင်း လုပ်ဆောင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မိုးဗြဲမြို့အထိ တောမီးကူးစက်ခဲ့မှုကြောင့် ဘုရားကျောင်းအပါအဝင် အိမ်ခြေ ၁ဝဝ ခန့် မီးလောင်ပြာကျ


ကရင်နီပြည် ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲမြို့အထိ တောမီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် ဘုရားကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၁ဝဝ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

မိုးဗြဲမြို့ အနောက်မြောက်ဘက်ကစတဲ့တောမီးဟာ မိုးဗြဲမြို့တွင်းထိ လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

အခုလို တောမီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၁ တပ်ရင်းက ရဲဘော် တွေ မီးတားလမ်းတွေဖောက်တာ၊ မီးငြှိမ်းသတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် လေပြင်းတိုက်ခတ်မှုကြောင့် မိုးဗြဲမြို့တွင်း အထိ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် မိုးဗြဲမြို့က ဘုးရားကျောင်းတကျောင်းအပါအဝင် လူနေအိမ် အလုံး ၁ဝဝ ခန့် မီးလောင်ပြာကျခဲ့ရတယ်လို့ အမှတ်-၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment