14th MAR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူလူထုက ထောက်ခံယုံကြည်မှု ရတဲ့ တပ်မတော် တခုဖြစ်အောင်တည်ဆောက်ဖို့ ကာကွယ်ရေးဝန်ကြီးပြောကြား

📌 ၂။ သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက်မြင်သေဆုံးကာ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော် ဦးကျဆုံး

📌 ၃။ ဟိုပုံးမြို့နယ် နမ့်ဟူးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသဖြင် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

📌 ၄။ အမှတ်()စစ်ဒေသ၊ မကွေးခရိုင်ကွပ်ကဲရေးမှ ဦးစီးကျင်းပသော အခြေခံစစ်ပညာသင်တန်း အပတ်စဉ်() သင်တန်းဆင်း အခမ်းအနား ကျင်းပ

📌 ၅။ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ဒုတိယအကြိမ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို 

📌 ၆။ ဖေဖော်ဝါရီလအတွင်းPRFထောက်ပို့ တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် (၂၂) ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမည်

📌 ၇။ ဘီလူးနင်းမဲ့လမ်းစစ်ဆင်ရေးအဖြစ် ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ကတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးမှုရှိ


၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တော်လှန်ရေးအောင်မြင် နီးကပ်လာပြီဖြစ်၍ ဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံး ဇွဲလုံ့လဝီရိယအပြည့်ဖြင့် ကြိုးစားအားထုတ်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း 

🚩 ၂။ အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု အဖြစ်  စုပေါင်းလက်မှတ် ရေးထိုးမှုမှ ရရှိလာသောလက်မှတ်များကို နိုင်ငံတကာ အစိုးရများနှင့် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိပေးပို့မည်

🚩 ၃။ အကြမ်းဖက်စကစတပ်များအမြန်ဆုံးလက်နက်ချဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူလူထုက ထောက်ခံယုံကြည်မှု ရတဲ့ တပ်မတော် တခုဖြစ်အောင်တည်ဆောက်ဖို့ ကာကွယ်ရေးဝန်ကြီးပြောကြား


မတ်လ၁၄ရက်


ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူလူထုက ထောက်ခံယုံကြည်မှု ရတဲ့ တပ်မတော် တခုဖြစ်အောင်တည်ဆောက်ဖို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောကြားလိုက်ပါတယ်။


မတ်လအတွင်း မကွေးတိုင်းကွပ်ကဲရေးရုံးစုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲသို့ ပေးပို့သော သဝဏ်လွှာမှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုထားပါတယ်။


"ရန်သူအကြမ်းဖက် စစ်ကောင်စီတပ်ဟာတဖြည်းဖြည်း ပြိုလဲတော့မှာ ဖြစ်တယ်။ အင်မတန်တောင့်တင်းခိုင်မာပါတယ်လို့သတ်မှတ်တဲ့ စစ်တပ်တခုဟာ ဘာကြောင့်ပြိုလဲခဲ့သလဲ။ အရေးကြီးဆုံး အချက်က ပြည်သူလူထု ထောက်ခံယုံကြည်မှု မရတာကြောင့် ဖြစ်တယ်။ ရန်သူ့အကြောင်းကို လေ့လာရာမှာ သူတို့ ရှုံးနိမ့်ရတဲ့ အချက်တွေကိုလည်း အာရုံစိုက်လေ့လာရမှာဖြစ်တယ်။ ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူလူထုက ထောက်ခံယုံကြည်မှု ရတဲ့ တပ်မတော် တခုဖြစ်အောင်ငါတို့တည်ဆောက်ရမှာဖြစ်တယ်။ 

စွမ်းဆောင်ကြရမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊မြို့နယ်ပကဖအဖွဲ့ပေါင်း၂၅၀ ခန့်ဖွဲ့စည်းပြီးဖြစ်ပါတယ်။


========================


📌📌 ၂။ သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက်မြင်သေဆုံးကာ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော် ဦးကျဆုံး


ကရင်ပြည်နယ်ထဲက မြ၀တီနဲ့ကော့ကရိတ်မြို့နယ်အစပ်မှာရှိတဲ့ သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ် ဘက်က ၁၉ ဦး မျက်မြင်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ထဲက သင်္ကန်းညီနောင်မှာ အခြေစိုက်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၃၅၅ တပ်ရင်းကို KNU - တပ်မဟာ ၆လက်အောက်မှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ရက် မနက် ၁ဝ နာရီ ကျော်အချိန်က စတင်တိုက်ခိုက်ချေမှုန်းခဲ့ရာ ညနေ နာရီ ၄၅ မိနစ်မှာ စခန်းတခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၁၉ ဦး သေဆုံးခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ပြီး သေဆုံး သူအရေအတွက် တိုးလာနိုင်တဲ့အတွက် ဆက်လက်စိစစ်နေဆဲဖြစ်သလို ဒဏ်ရာရသူအရေအတွက်ကိုလည်း ပြန်လည်စိစစ် နေတယ်လို့ အသိပေးထားပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများသလို ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ရဲဘော် ဦး လည်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။  

တိုက်ပွဲပြီးချိန်မှာ စခန်းအတွင်းကနေ လက်နက်ကြီး လက်နယ်ငယ်မျိုးစုံနဲ့ စနိုက်ဘာသေနတ်တွေ၊ ငါကြင်းမြီး စက်လက်နဲ့ တင့်ဖျက်မိုင်း၊နင်းမိုင်း၊တိုက်မိုင်းတွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်ကျည်အမြောက်အများနဲ့ စစ်သုံး ဘီးကား စီး၊ စစ်သုံး တံခါး ပေါက်ပါ ကား၂ စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

တိုက်ပွဲဖြစ်ချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်ပစ်ကူနဲ့ လက်နက်ကြီးပစ်ကူအသုံးပြု တိုက်ခိုက်ခဲ့ အတွက် အပြစ်မဲ့ပြည်သူ ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိခဲ့တဲ့အပြင် အိမ်အလုံး ၂ဝ ဝန်းကျင် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 


========================


📌📌 ၃။ ဟိုပုံးမြို့နယ် နမ့်ဟူးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသဖြင် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး


ပအိုဝ်းဒေသဖြစ်တဲ့ ဟိုပုံးမြို့နယ်ထဲက နမ့်ဟူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နေ့မှာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိတဲ့ နမ့်ဟူးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွား ခဲ့ရတယ်လို့ သိရပါတယ်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက တောင်ခြေမှာရှိတဲ့ နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီနဲ့၎င်းတို့လက်ပါးစေတွေက တော်လှန်ရေးတပ်ဖွဲ့များက ရွာကိုမီးရှို့တယ်ဆိုပြီး သတင်းအမှားတွေထုတ်လွင့်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူများအကြား သွေးခွဲနေတာကိုလည်းတွေ့နေရတယ်လို့ အသိပေးထားပါတယ်။ 

နမ့်ဟူးကျေးရွာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမဟုတ်သလို ပအိုဝ်း ဒေသလုံခြုံရေးလှုပ်ရှားမှုစစ်ကြောင်းတွေလည်း နမ့်ဟူးကျေးရွာဘက်ကို မရောက်သေးဘူးလို့လည်း သိရပါတယ်။

ထို့အပြင် မတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီဟာ ဆိုက်ခေါင်စံပြကျေးရွာကနေပြီး ဆီဆိုင်မြို့ထဲကို လက်နက်ကြီး တွေနဲ့ အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PNLA ဘက်က ထုတ်ပြန်ထားပါတယ်။    

စစ်ရေးအခြေအနေ ရှုပ်ထွေးနေတဲ့လက်ရှိအခြေအနေကို မသမာသူတွေက အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်စေဖို့ သတင်းအတုတွေ လုပ်ကြံဖန်တီးနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ သတင်းတု သတင်းမှားတွေကို သတိပြုကြဖို့လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - PNLA က တိုက်တွန်း ထားပါတယ်။


========================


📌📌 ၄။ အမှတ်()စစ်ဒေသ၊ မကွေးခရိုင်ကွပ်ကဲရေးမှ ဦးစီးကျင်းပသော အခြေခံစစ်ပညာသင်တန်း အပတ်စဉ်() သင်တန်းဆင်း အခမ်းအနား ကျင်းပ


မတ်လ ၁၄ ရက် 


အမှတ်()စစ်ဒေသ မကွေးခရိုင်ကွပ်ကဲရေးရုံး သင်တန်းရေးရာဌာနမှ ၂၀၂၄ခု နှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ စတင်ဖွင့်လှစ်သော  အပတ်စဥ် ()အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခန်းအနားကို ၂၀၂၄ခု နှစ် မတ်လ ၁၀ရက် နံနက်၉နာရီ အချိန်တွင် ကျင်းပခဲ့ပါတယ်လို့သတင်းရရှိပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားကိုမကွေးတိုင်း ပကဖတာဝန်ခံ အမှတ်()စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံး ရေးတာဝန်ခံ တို့ တက်ရောက်ခဲ့ကြပြီး အလေးပြုခြင်း၊ သစ္စာတော်ခံယူခြင်း သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း ဆုပေးခြင်း အစီစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


အမှတ်()စစ်ဒေသ၊ မကွေးတိုင်း အတွင်း ခရိုင်ကွပ်ကဲရေးရုံးများအလိုက် သင်တန်းများ ဖွင့်လှစ်လျှက်ရှိပြီး မကွေးခရိုင်ကွပ်ကဲရေးရုံးအနေနှင့် ပထမဆုံး အပတ်စဉ်ကို အောင်မြင်စွာ ဖွင့်လှစ် ပြီးစီးနိူင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ သင်တန်းများ ထပ်မံဖော်ဆောင်သွားရန်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။


========================


📌📌 ၅။ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ဒုတိယအကြိမ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို 


မတ် ၁၃။


တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၁ ရက်နေ့မှာ သွားရောက်တိုက်ခိုက် ခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန် ထားပါတယ်။


စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် တပ်စွဲထားတဲ့ ဂျိုးတောင်ရွာရှိ တပ်စခန်းကို ပြောက်ကျားနည်းဖြင့် ဒရုန်း၊ ၄၀ မမလက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များလည်း ရှိတယ်လို့ သိရကြောင်း ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () (တနင်္သာရီ မြို့နယ် ပကဖ အဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း () တပ်ခွဲ () ကျွန်းစု မြို့နယ် ပကဖ အဖွဲ့၊ ပုလော မြို့နယ် ပကဖ အဖွဲ့၊ တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမ အဖွဲ့၊ တောပုံးကြီး အဖွဲ့၊ တောင်ပံနီ အဖွဲ့၊ တိုင်း ပကဖ လုံခြုံရေး အဖွဲ့နဲ့ Dragon squad ဒရုန်း အဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲဖြစ်ပွားအပြီးမှာ ဂျိုးတောင်ရွာ အခြေစိုက် ပျူစောထီး တပ်ဖွဲ့ဝင်များကို ဂျိုးတောင်ရွာ ဘုရားရှိခိုး ကျောင်းမှာ အင်အားဖြည့် ကင်းစောင့်ခိုင်းထားပြီး နာရီလောက်မှာ လူနာတင်ကား သုံးစီးဖြင့် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို လာယူသွားတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။


လက်ရှိ တနင်္သာရီတိုင်း အတွင်းမှာ စစ်ကောင်စီဘက်မှ လုံခြုံရေး တင်းကျပ်ထားပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေကာ လေကြောင်းအန္တရာယ် စိုးရိမ်ရသဖြင့် ဗုံးခိုကျင်းများ တူးထားကြဖို့ ပြည်သူများကို တော်လှန်ရေး တပ်များက အသိပေး နှိုးဆော်ထားကြပါတယ်။


========================


📌📌 ၆။ ဖေဖော်ဝါရီလအတွင်းPRFထောက်ပို့ တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် (၂၂) ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမည်


မတ်လ၁၄ရက်


မတ်လအတွင်းမှာ PRFထောက်ပို့မိသားစုမှ ဖေဖော်ဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် ကိုထုတ်ပြန်ခဲ့ပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဖေဖော်ဝါရီလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ၁၄၁၀၆ဦး တနိူင်ငံလုံးအတိုင်းတာရှိခဲ့ပြီး ထောက်ပို့ငွေပမာဏ ခန့်မှန်းအမေရိကန်ဒေါ်လာ ၄၆၇၇၅၂.၅၂ခန့်ရရှိခဲ့ပါတယ်။


၄င်းဖေဖော်ဝါရီလအတွင်း တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် (၂၂) ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဘီလူးနင်းမဲ့လမ်းစစ်ဆင်ရေးအဖြစ် ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ကတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးမှုရှိ


မတ်လ၁၄ရက်


ဘီလူးနင်းမဲ့လမ်းစစ်ဆင်ရေးအဖြစ် ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ကတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မတ်လ၁၄ရက်မနက်ပိုင်းမှာ ရေးဘီလူးအဖွဲ့က အတည်ပြုဆိုထားပါတယ်။


"ဘီလူးနင်းမဲ့လမ်းစစ်ဆင်ရေးယနေ့နံနက်၈နာရီ၄၀အချိန် ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်နဲ့အဖွင့်လှ။ လမ်းပေါ်မှာတော့လဲနေကုန်ပြီ။ခေါင်းစိမ်းတသိုက်ကိုဝင်ကင်လိုက်တဲ့  ရေးဘီလူးအဖွဲ့သားများ"လို့ဆိုထားပါတယ်။


မွန်ပြည်နယ်အတွင်း ဘီလူးနင်းမဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း မတ်လ၁၀ရက်နေ့တွင်ရေးဘီလူးအဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တော်လှန်ရေးအောင်မြင် နီးကပ်လာပြီဖြစ်၍ ဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံး ဇွဲလုံ့လဝီရိယအပြည့်ဖြင့် ကြိုးစားအားထုတ်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း 


တော်လှန်ရေးအောင်မြင်ဖို့ မဝေးတော့ပြီမို့ သက်ဆိုင်ရာဌာနအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေသူတွေအားလုံး ဇွဲလုံ့လ ဝီရိယအပြည့်နဲ့ ကြိုးစားအားထုတ် ရှေ့ဆက်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 


ပြည်ထောင်စုဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။  


အဆိုပါအစည်းအဝေးကို အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး အရှိန်အဟုန်နဲ့ သွားနေတဲ့ကာလမှာ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေဟာလည်း ကျယ်ပြန့်တွင်ကျယ်လာတာ တွေ့ရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 


အရေးကြီးဆုံးအချက်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက သယံဇာတတွေကို စီမံခန့်ခွဲတဲ့နေရာမှာ တော်လှန်ရေးကာလနဲ့ လျော်ညီမယ့် ကျစ်လစ်စနစ်ကျတဲ့ ညွှန်ကြားမှုတွေနဲ့ဆောင်ရွက်ဖို့၊ သယံဇာတကဏ္ဍ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များနဲ့အတူ စာရင်းဇယား မှန်ကန်တိကျဖို့၊ ပွင့်လင်းမြင်သာရှိဖို့လိုတယ်လို့လည်း အသိပေးပြောဆိုခဲ့ပါတယ်။


သယံဇာတနဲ့ဆိုင်တဲ့ကိစ္စရပ်များအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကဏ္ဍအလိုက် တာဝန်ယူဖြေရှင်းကြရမှာ ဖြစ်တာကြောင့် ယခုဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အချက်အလက် စာရင်းဇယားများနှင့်အတူ စနစ်တကျပြုစု ထိန်းသိမ်းထားရှိကြဖို့လည်း သတိပေးထားပါတယ်။


မြို့နယ်တခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာမြို့နယ်များအလိုက် စာရင်းပြုစုထားရှိရန်လိုအပ်ပြီး မြို့နယ်သယံဇာတနှင့်ဆိုင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ချမှတ်ပေးထားတဲ့ မူဝါဒနဲ့အညီ အကောင်အထည်ဖော် တိုက်တွန်းလမ်းပြပေးရမှာဖြစ်ကြောင်းနဲ့ တော်လှန်ရေးကာလအလွန်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ ဖြေရှင်းရန်ရှိတာ တွေကို မြို့နယ်အဆင့်တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ထားဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားပြောဆိုခဲ့ပါတယ်။ 

လက်ရှိမှာ ပြည်သူတွေဟာ သယံဇာတအပေါ် မှီခိုအားထားရမှုများလာတဲ့အတွက် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဖြစ်ပေါ်ကြုံတွေ့လာရတဲ့ အခြားအငြင်းပွားမှုတွေ၊ ပြဿနာရပ်တွေကို တာဝန်ရှိသူများအနေနဲ့ အတတ်နိုင်ဆုံး ညင်သာစွာ ကိုင်တွယ်ဖြေရှင်းကြဖို့ကိုလည်း မှာကြားခဲ့ပါတယ်။ 


ဆက်လက်ပြီး /၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်တွေထဲက ဆောင်ရွက်ပြီးစီးမှုများနဲ့ ရှေ့ လုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့ပြီး သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူတွေက တင်ပြခဲ့ကြပါတယ်။


တင်ပြချက်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၂။ အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု အဖြစ်  စုပေါင်းလက်မှတ် ရေးထိုးမှုမှ ရရှိလာသောလက်မှတ်များကို နိုင်ငံတကာ အစိုးရများနှင့် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိပေးပို့မည်


မတ်လ၁၄ရက်


မတ်လ (၁၄)မှာ ရက်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်တစောင်ကိုထုတ်ပြန်ခဲ့ရာတွင် အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု အဖြစ်  စုပေါင်းလက်မှတ် ရေးထိုးမှုမှ ရရှိလာသောလက်မှတ်များကို နိုင်ငံတကာ အစိုးရများနှင့် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိပေးပို့မယ်လို့ပါရှိပါတယ်။


ထုတ်ပြန်ချက်အရ လူငယ် မျိုးဆက်အား အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွင်းသို့ အဓမ္မ သွတ် သွင်းသည့်လုပ်ရပ် ဖြစ်သည့်အတွက်  အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း နှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်မည့် အစီအမံမှန်သမျှကို ကမ္ဘာတဝှမ်းနှင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထုတရပ်လုံးက ဆန့်ကျင့်ကန့်ကွက် ကြရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


ထို့ကြောင့်ပြည်တွင်းပြည်ပရှိ လူငယ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက် ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲများ၊ တောင်းဆိုလှုပ်ရှားမှုကိုထောက်ခံကြိုဆို၍ အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု အဖြစ်  စုပေါင်းလက်မှတ် ရေးထိုးမှုကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင်စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။


မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးထံသို့ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်အုပ်စု ကျဆုံး သည် အထိ ဖိအားပေး အရေးယူနိုင်ရေး ကိုစဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


ထို့ကြောင့် https://www.change.org/antiforcedconscription တွင် ပါဝင်စုပေါင်းလက်မှတ် ရေးထိုးပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စကစတပ်များအမြန်ဆုံးလက်နက်ချဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


မတ်လ၁၄ရက်


အကြမ်းဖက်စကစတပ်များအမြန်ဆုံးလက်နက်ချဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မတ်လအတွင်းဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုပါတယ်။


"မင်းတို့ လက်နက်ချပါ။မင်းတို့ရှုံးနေပါပြီ။ကြာလေမင်းတို့အတွက်ပိုဆိုးလေ။မင်းတို့နဲ့မင်းတို့ရဲ့မိသားစု အနာဂတ်မကောင်းလေဖြစ်တော့မယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ ကရင်ပြည်နယ်၊ကရင်နီဒေသ၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် အထိအခိုက်အကျအဆုံးများပြားလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment