14th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိနိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းနှိုးဆော်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.)သန်း ကိုNUGက ကူညီပံ့ပိုးပေးခဲ့

📌 ၄။ စလိုဗက်ကီးယားနိုင်ငံရဲ့  အစိုးရဌာန၊  လွှတ်တော်၊ ပညာရှင်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များနဲ့ တွေ့ဆုံ၍ မြန်မာအရေးကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြားခဲ့

📌 ၅။ မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာဆန္ဒအမှန်ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၆။ အဓမ္မစစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့ မဝေးတော့တဲ့ နိဂုံးဟာ လှမှာမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို

📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၄၃) ဦး သေဆုံးခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်

📌 ၈။ ၃၆ နှစ်မြောက် ကိုဖုန်းမော်နေ့အမှတ်တရ ဆုတောင်းပွဲထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာကျင်းပ


၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တာမခန်စစ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA လိုက်လံတိုက်ခိုက် ဗိုလ်မှူးအပါအဝင် ဦး သေဆုံးကာ ၁၄ ဦးအရှင်ဖမ်းမိ

🚩 ၂။ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်မျိုးစုံ ၁၄၀ နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

🚩 ၃။ မြိုင်မြို့နယ်ရှိ တွင်းမပျုရွာနှင့် သရက်ကန်ပျုရွာများမှ ထွက်ခွာလာသော အင်အား(၄၀၀)ခန့်ပါ စစ်ကြောင်းအား မိုင်းပွိုင့် ()ပွိုင့် အလုံးရေ (၂၁)လုံး ဖြင့် တိုက်ခိုက်ခဲ့

🚩 ၄။ ကွတ်ခိုင်တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရမိ

🚩 ၅။ ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာကို စကစ အထိုင်ချနေထိုင်သော ရွှေတောင်ဦးကုန်းပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်ရာ ပြည်သူ ဦး သေဆုံး

🚩 ၆။ သပိတ်ကျင်း မြိုနယ်တွင် ပြည်သူ သုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲများရှိနေ

🚩 ၇။ မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို မီးရှိ့ဖျက်ဆီး၊ ဒေသခံအချို့ကို သတ်ဖြတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိနိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းနှိုးဆော်


မတ်လ ၁၃ရက်။

တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိနိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက်ချီတက်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ကို ဝန်ကြီးချုပ် ဆိုရှယ်မီဒီယာမှာဖော်ပြပါတယ်။


ကျွန်တော်တို့ အားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ချေမှုန်းရင်း ရရှိလာတဲ့ အောင်မြင်မှုတွေကိုလည်း မျှဝေခံစားကြရမှာ ဖြစ်သလို ကြုံတွေ့ လာရတဲ့ ဘေးဒုက္ခတွေကိုလည်း မျှဝေခံစားကြပြီး တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိနိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမှာပဲဖြစ်ပါတယ်။လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီးတော့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးများကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


မတ်လ  ၁၃ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၄)ကို မတ်လ ၁၃ရက်က ကျင်းပပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက်

အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.)သန်း ကိုNUGက ကူညီပံ့ပိုးပေးခဲ့


မတ်လ ၁၃ရက်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.)သန်း ကို NUGက ကူညီပံ့ပိုးပေးခဲ့ပါတယ်။


မတ်လ၁၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၅၀.)သန်းကို တော်လှန်ရေးကာလအတွင်း အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ ငွေကျပ် (၃၅၀. )သန်းအား တစ်လတာကာလအတွင်း အရေးကြီးသည့် ဆောင်ရွက်ချက်များ အနေဖြင့် ဝန်ကြီးဌာနက ပြည်သူမှပြည်သူ အလှူငွေကို အသုံးပြု၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၀၉,၄၀၄) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၈၃) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၉၆) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၅၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၈) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၅.) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၁၁) သန်း တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးကာလ () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှု့ပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူမိကြောင်းလည်းဖော်ပြထားပါတယ်။


========================


📌📌 ၄။ စလိုဗက်ကီးယားနိုင်ငံရဲ့  အစိုးရဌာန၊  လွှတ်တော်၊ ပညာရှင်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များနဲ့ တွေ့ဆုံ၍ မြန်မာအရေးကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြားခဲ့


မတ်လ ၁၃ရက်။

စလိုဗက်ကီးယားနိုင်ငံရဲ့  အစိုးရဌာန၊  လွှတ်တော်၊ ပညာရှင်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များနဲ့ တွေ့ဆုံ၍ မြန်မာအရေးကို လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးမှုကြောင့် အရပ်ဖက်အဖွဲ့အစည်းနဲ့ လွှတ်တော်တွင်း လုပ်ဆောင်မှုတွေ ဆက်လက်ပေါ်ထွက်လာမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာဆန္ဒအမှန်ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


မတ်လ ၁၃ရက်။

မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာ ဆန္ဒအမှန်ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ၁၃ရက်နေ့မှာ ဆိုရှယ်မီဒီယာမှာအသိပေးပြောကြားထားပါတယ်။


"ကျောင်းခန်းထဲကနေ လမ်းမပေါ်ထွက် ...အဲ့ဒီကမှ  တောထဲရောက်ပြီး လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ်လုပ်ခဲ့တာ (၃၆)နှစ်ပြည့်ပြန်ပြီ...ရန်ကုန်တက္ကသိုလ် အီးမေဂျာကျောင်းသားတယောက် ကျောင်းထဲမှာ တရားတွေ စဟောရင်း မတရားမှုတွေကို စတင်တွန်းလှန်ခဲ့တဲ့နေ့၊ ကျောင်းပုရ၀ဏ်လှုပ်ရှားမှုကနေ ပြည်လုံးကျွတ်လှုပ်ရှားမှု.. အဲဒီကနေမှ လက်နက်ကိုင်တိုက်ပွဲ၊ အခုတခါ နွေဦးတော်လှန်ရေးတာဝန်အထိ ဘဝဖြတ်သန်းမှုလည်းစုံခဲ့ပါပြီ။ မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာက ဆန္ဒအမှန်ပါ"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်(၃၆) နှစ်ကာလအတွင်းမှာ  ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းတခုနဲ့ အားယူခဲ့တယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၆။ အဓမ္မစစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့ မဝေးတော့တဲ့ နိဂုံးဟာ လှမှာမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို


မတ်လ ၁၃ရက်။

အဓမ္မစစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့ မဝေးတော့တဲ့ နိဂုံးဟာ လှမှာမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးက မတ်လ ၁၃ရက်မှာ ဆိုပါတယ်။


"၂၀၁၂ - ၂၀၁၇ ခုနှစ်တွေတုန်းက မသေပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြေးပေါက် အကုန်ပိတ်ထားပြီး လူသားဒိုင်းလုပ်ဖို့ အဓမ္မစစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့ မဝေးတော့တဲ့ နိဂုံးလည်းလှမှာမဟုတ်ဘူး"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၄ ဖေဖော်ဝါရီ၁၀ရက်မှာ မထမ်းမနေရ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။


လက်ရှိမှာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးမှုများ၊ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၄၃) ဦး သေဆုံးခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်


မတ်လ ၁၃ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆) ဦးနှင့် အမျိုးသား (၂၇) ဦး စုစုပေါင်း (၄၃) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်ခဲ့ပါတယ်။


အဆိုပါ (၄၃) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၂၁) ဦးဖြင့် အများဆုံး ဖြစ်ပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၀) ဦး စုစုပေါင်း (၁၂) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


========================


📌📌 ၈။ ၃၆ နှစ်မြောက် ကိုဖုန်းမော်နေ့အမှတ်တရ ဆုတောင်းပွဲထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာကျင်းပ


မတ်လ ၁၃ ရက်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ၃၆ နှစ်မြောက် ကိုဖုန်းမော်နေ့အမှတ်တရ ဆုတောင်းပွဲ လုပ်ဆောင်ခဲ့ပါတယ်။


ဆုတောင်းပွဲကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးတဲ့ မတ်လ ၁၃ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မတ်လအရေးခင်းအတွင်း ကျဆုံးသွားခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်းတွေကို အလေးနီပြုတာ၊ ငြိမ်သက်ဆုတောင်းတာ စတဲ့အစီအစဥ်တွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဲဒီနောက် ဆုတောင်းပွဲသို့ တက်ရောက်လာကြတဲ့ ကျေးလက်နေပြည်သူတွေကို ဖုန်းမော်နေ့ သမိုင်းမှတ်တမ်းရုပ်သံအပါအဝင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်ကို အရေးပေါ်ကာကွယ်နိုင်မယ့် ပုံပြရုပ်သံတွေကို ပြသခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တာမခန်စစ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA လိုက်လံတိုက်ခိုက် ဗိုလ်မှူးအပါအဝင် ဦး သေဆုံးကာ ၁၄ ဦးအရှင်ဖမ်းမိ


မတ်လ ၁၃ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက တာမခန်တပ်စခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA က လိုက်လံတိုက်ခိုက်ရာ ဗိုလ်မှူးတဦး အပါအဝင် ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။ 

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ မတ်လ ၁၂ ရက်နေ့က ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ရာကနေ သေဆုံး၊ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

တာမခန်စခန်းကနေ စခန်းစွန့်ခွာထွက်ပြေးလာပြီး ဆိုင်းငိုင် (Seng Ngai) နှစ်ခြင်းဘုရားကျောင်း အနောက်က တောင်မှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဒေသတွင်းသတင်းတွေအရလည်း သိရပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ ယခုရက်ပိုင်းအတွင်း စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ဦး ဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေကြား ပစ်ခတ်မှုတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာရှိပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ တာမခန်စခန်းကို KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ တာမခန်စခန်းမှာရှိတဲ့ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနဲ့ အဖွဲ့ဟာ ကသိုင်းတောင်ဘက်ကို ဆုတ်ခွာသွားခဲ့ပေမယ့် KIA ရဲ့ တိုက်ခိုက်မှုကြောင့် မတ်လ ၁၀ ရက်နေ့က ကသိုင်းတောင် မှာ သေဆုံးခဲ့ပါတယ်။  

ထို့ပြင် ဖားကန့်မြို့နယ်ထဲက တာမခန်စခန်းနဲ့ ကသိုင်းတောင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ၁၁ ရက်နေ့ မနက် အစောပိုင်းမှာ ကား စီးနဲ့ ဆိုင်းတောင်ဘက်သို့ ထပ်မံဆုတ်ခွာခဲ့ရာမှာ KIA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကားတွေ ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်မျိုးစုံ ၁၄၀ နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


မတ်လ ၁၃ရက်။

ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာ အခြေစိုက်တဲ့ ခမရ ၃၅၅ တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများခဲ့ပြီး လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၁၄၀ နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ဗဟိုက မတ်လ ၁၃ ရက်မှာထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ စစ်ကြောင်း ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သင်္ဃန်းညီနောင်အခြေစိုက် စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၅ စခန်းကို မတ်လ ရက်နေ့ မနက်ပိုင်းကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ နာရီ ၄၅ မိနစ်မှာ စခန်းကို အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ စစ်မော်တော်ယာဥ် စီး၊ RPG နဲ့ NATO စက်သေနတ် အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၂၇ လက် 60 mm 81 mm လက်နက်ကြီးစိန်ပြောင်းမျိုးစုံ ၁၃ လက်၊ ခဲယမ်းများ ဆက်စပ်ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များစွာ သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဟာ မြ၀တီမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ မတ်လ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

လက်ရှိမှာ သင်္ဃန်းညီနောင်မှာရှိတဲ့ ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ထားနိုင်ပြီး ကျန်တပ်ရင်းတွေကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတခုနဲ့ မြ၀တီမြိုနယ်မှာရှိတဲ့ ဖလူး စစ်စခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မြိုင်မြို့နယ်ရှိ တွင်းမပျုရွာနှင့် သရက်ကန်ပျုရွာများမှ ထွက်ခွာလာသော အင်အား(၄၀၀)ခန့်ပါ စစ်ကြောင်းအား မိုင်းပွိုင့် ()ပွိုင့် အလုံးရေ (၂၁)လုံး ဖြင့် တိုက်ခိုက်ခဲ့


မတ်လ ၁၃ရက်။

မြိုင်မြို့နယ်ရှိ တွင်းမပျုရွာနှင့် သရက်ကန်ပျုရွာများမှ ထွက်ခွာလာသော အင်အား(၄၀၀)ခန့်ပါ စစ်ကြောင်းအား မိုင်းပွိုင့် ()ပွိုင့် အလုံးရေ (၂၁)လုံး ဖြင့် တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မတ်လ (၁၁) ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ တွင်းမပျုရွာနှင့် သရက်ကန်ပျုရွာများမှ ထွက်ခွာလာသော အင်အား(၄၀၀)ခန့်ပါ စစ်ကြောင်းအား မိုင်းပွိုင့် ()ပွိုင့် အလုံးရေ (၂၁)လုံး ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Young Force UG) ကအသိပေးပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကြောင်းတွင်ပါဝင်သော စစ်ကောင်စီတပ်သားများနှင့် ပျုအများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မိမိတို့မဟာမိတ်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း တပ်ခွဲ ဂဠုန်၊ တပ်ခွဲ စင်္ကြာ ဝင်္ပုလွေ ပျောက်ကြားတပ်ဖွဲ့၊ Myaing Worries MRTF Cobra Young Force ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() (Black Cheetah) Super Fighter MRDF ပေါက် ပကဖ၊ ဧရာအနောက် တပ်ဖွဲ့ ကင်တိုတပ်ဖွဲ့ PKU သူရိန် DMG တပ်ဖွဲ့ အလင်းတန်းပြောက်ကြားတပ်ဖွဲ့ Earthquake People's Defence Force ကမ္မတပ်ပေါင်းစုများ ဖြစ်သော KMDF PDF ကမ္မ ပခုက္ကူခရိုင် တပ်ရင်း ၁၀ နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Young Force UG) တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကွတ်ခိုင်တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရမိ


မတ်လ ၁၃ ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ ()စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် မတ်လ ၁၀ ရက်နေ့တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါးရောင်းချသူများကို  PSLF/TNLA အုပ်ချုပ်ရေးမှ ဖမ်းဆီးခဲ့သည်။


ကချင်လူမျိုးဖြစ်သူ မာနော် အသက်(၂၄) နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါး ရောင်းချနေခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ရောင်းဝယ်သူ () ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ကွတ်ခိုင်မြို့  ရပ်ကွက် ()တွင် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးအသုံးဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ()ဦးကို  PSLF/TNLA အုပ်ချုပ်ရေးဌာနမှ  ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


စစ်ကောင်စီလက်ထက်တွင် ကွတ်ခိုင်မြို့အတွင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းဝယ်မှုနှင့် လောင်းကစားရုံများ ပေါများလာမှုကြောင့် ခိုးဆိုးလုယက်မှုလည်း မကြာခဏဖြစ်ပွားခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများကို ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာကို စကစ အထိုင်ချနေထိုင်သော ရွှေတောင်ဦးကုန်းပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်ရာ ပြည်သူ ဦး သေဆုံး


မတ်လ ၁၃ရက်။

ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာကို စကစ အထိုင်ချနေထိုင်သော ရွှေတောင်ဦးကုန်းပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်ရာ ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ မတ်လ၁၃ရက်မှာ ယင်းမာပင်Local PDFကအတည်ပြုပါတယ်။


"တိုက်ပွဲဖြစ်ပွားခြင်မရှိပဲ မတ်လ၁၃ ရက်နေ့ ညနေ၄ နာရီခွဲခန့်တွင် စစ်ကိုင်တိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာကို စကစ အထိုင်ချနေထိုင်သော ရွှေတောင်ဦးကုန်းပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်ခဲ့တယ်"လို့ဖော်ပြပါတယ်။


လက်နက်ကြီးကျည် ကျေးရွာအတွင်း ကြိမ်ကျရောက်ပြီး ပြည်သူ ဦး သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရ၊ နွား ကောင် လက်နက်ကြီးထိမှန်ပြီး ကောင်သေ ကောင် ဒဏ်ရာရ ပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ သပိတ်ကျင်း မြိုနယ်တွင် ပြည်သူ သုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲများရှိနေ


မတ်လ ၁၃ရက်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူ သုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲများ ရှိနေတယ်လို့ သိရပါတယ်။


မတ်လ ရက်မှ ရက် အထိ သပိတ်ကျင်းမြို့နယ် မတောင်ရွာ၊ မန်ကျည်းကုန်းရွာနဲ့ ဆင်ညှပ်ကုန်းရွာများကို စစ်ကောင်စီတပ်က တကောင်းမြို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များနဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


အဆိုပါ တိုက်ပွဲများကြောင့် အနီးနားရှိ ကျေးရွာငါးရွာမှ ဒေသခံ ပြည်သူ သုံးထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သပိတ်ကျင်း .က. အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။


ထို့အပြင် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် စဥ့်ကူး - သပိတ်ကျင်း - တကောင်းလမ်းပိုင်းကို ပိတ်ထားခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်နေပြီး ပြည်သူလူထုတွေ အနေနဲ့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ ပေးကြဖို့ သပိတ်ကျင်း .က. တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

၎င်း တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ စက်သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး အမှတ် () စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို မီးရှိ့ဖျက်ဆီး၊ ဒေသခံအချို့ကို သတ်ဖြတ်ခဲ့


မတ်လ ၁၃ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံတချို့ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မြင်းခြံမြို့ အထွက်မှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကား တစ်စီး ပစ်ခတ်တိုက်ခိုက် ခံရပြီး စစ်သား ဦး သေဆုံးကာ လက်နက် လက် သိမ်းဆည်းခံခဲ့ရပါတယ်။


ထိုနောက် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းအထိ မန်ကျည်းစု၊ သင်ပြွန်း၊ ဆိတ်ကုန်း၊ ပျိုးကန်၊ ကန်စွယ် ကျေးရွာများကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီ တပ်ရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် သင်ပြွန်းနှင့် ပျိုးကန် ကျေးရွာမှာ အဘွားအို နှစ်ဦး မီးလောင် သေဆုံးခဲ့ပြီး သင်ပြွန်းရွာ အထွက်မှာ အသက် (၇၀) အရွယ်ရှိ ဦးစိုးတင့် ဆိုသူကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ပြောပြပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်က ၎င်းတို့ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီး မြင်းခြံမြို့ အထွက်ရှိ ဈေးဆိုင်ခန်းနဲ့ နေအိမ်များကိုလည်း မတ်လ ၁၁ ရက်နေ့ ညက ညတွင်းချင်း နေအိမ်မှ ထွက်ခွာခိုင်းခဲ့ပြီး အခင်းဖြစ်ပွားတဲ့ နေရာအနီးမှာ ရှိတဲ့ ကားသမား ဦးထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment