24th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တရားမဝင် စစ်တပ်အာဏာသိမ်းယူပြီးနောက်  အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ ပိုမိုပြန့်ပွားကာဆိုးရွားလာခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၂။ IPU148 အတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့၌ ရောက်ရှိနေ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းဆင်းပွဲ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့

📌 ၄။ ယာယီသမ္မတလက်မှတ်ထိုးထုတ်ပြန်သော စစ်သည်တော်ကျင့်ဝတ်များကို ၂၄နာရီအတွင်း တပ်ရင်းရဲဘော် ရဲမေများကို ရှင်းလင်းပြောကြားခဲ့

📌 ၅။ လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက် ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့မှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် PDF က သတိပေးစာများ ဖြန့်ဝေ

🚩 ၂။ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ တာဝါတိုင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြေမှုန်း

🚩 ၄။ မောရဝတီရေတပ်စခန်း ဌာနချုပ်ကို လုံခြုံရေးပေးနေတဲ့ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

🚩 ၅။ အရာတော် မြို့နယ်က စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

🚩 ၆။ စကစတပ်များ ကောလင်းအနောက်ဖက်ခြမ်းသို့ Drone ဖြင့် ရမ်းသမ်းဗုံးသီးများချ တိုက်ခိုက်ရာတွင် အရပ်သား စစ်ရှောင်တဦး ရင်ဘတ် ဗုံးစမှန်၍ သေဆုံးခဲ့

🚩 ၇။ ရွာငံမြို့နယ်တွင် စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားမဝင် စစ်တပ်အာဏာသိမ်းယူပြီးနောက်  အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ ပိုမိုပြန့်ပွားကာဆိုးရွားလာခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


မတ်လ၂၃ရက်။

တရားမဝင် စစ်တပ်အာဏာသိမ်းယူပြီးနောက်  အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ ပိုမိုပြန့်ပွားကာဆိုးရွားလာခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


မတ်လ၁၉ရက်၂၈ ကြိမ်မြောက် နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပမှုနှင့် ပတ်သက်၍ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်၌ စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးမှူး၍ နိုင်ငံတကာအခွန်ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေး အထူး အစည်းအဝေးကို ကျင်းပရာမှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


"၂၀၁၆ ခုနှစ် ရွေးကောက်ခံအရပ်သားအစိုးရတက်လာသည့် လက်ထက်တွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစည်းမျဉ်းများနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ကြောင်း၊ သို့ရာတွင် တရားမဝင် စစ်တပ် အာဏာသိမ်းယူပြီးနောက် တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်း၊ ကာစီနိုလုပ်ငန်းများ ပိုမိုများပြားလာပြီး၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် မူးယစ်ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ် လုပ်ငန်းများ ပိုမိုပြန့်ပွား၊ ပိုမိုဆိုးရွားလာခဲ့ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


တစ်ချိန်တည်းမှာပင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၊ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော လက်အောက်ခံအဖွဲ့များက အဓိက လုပ်ဆောင်နေသော နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေကြေး စီးဆင်းမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တားဆီးပေးရန် အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ IPU148 အတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့၌ ရောက်ရှိနေ


မတ်လ၂၃ရက်။

IPU148 အတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့၌ ရောက်ရှိနေတယ်လို့ မတ်လ၂၃ရက် CRPH Twitterစာမျက်နှာမှာ အသိပေးဖော်ပြထားပါတယ်။


ကမ္ဘာတဝှမ်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံကာ နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံကို ပြန်လည်ဖော်ဆောင်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများအပေါ် အမြင်ချင်းဖလှယ်ရန်လုပ်ဆောင်နေတယ်လို့ဖော်ပြပါတယ်။


148 ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ စည်းဝေးပွဲ (IPU) ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် စတင်ကျင်းပနေပြီဖြစ်ပါတယ်။


အသစ်ရွေးချယ်ခံရသော IPU ဥက္ကဋ္ဌ ဒေါက်တာ Tulia Ackson မှ တစ်ပတ်ကြာ IPU ညီလာခံကို တရားဝင်ဖွင့်လှစ်မည်ဖြစ်ကာ စည်းဝေးပွဲသည် ၎င်း၏တရားဝင်အဖွဲ့များမှတစ်ဆင့် ကမ္ဘာ့စိန်ခေါ်မှုအမျိုးမျိုးကို ကြည့်ရှုပြီး လုပ်ဆောင်ချက်ကို အကြံပြုမှာဖြစ်ပါတယ်။


လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကော်မတီနှင့် အရှေ့အလယ်ပိုင်း မေးခွန်းများဆိုင်ရာ ကော်မတီများ၊ အမျိုးသမီးများ လွှတ်တော်ကိုယ်စားလှယ်များ ဖိုရမ်နှင့် လူငယ်အမတ်များ ဖိုရမ်တို့ ပါဝင်ပါတယ်။


IPU ညီလာခံသည် နိုင်ငံတကာ စိန်ခေါ်မှုများကို ဖော်ထုတ်ရန်နှင့် လုပ်ဆောင်ချက်အတွက် အကြံပြုချက်များ ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို စုစည်းထားသည့် ကမ္ဘာ့ပါလီမန်အဖွဲ့တစ်ခုပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းဆင်းပွဲ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့


မတ်လ ၂၃ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းဆင်းပွဲ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့ပြီး မတ်လ၁၈ ရက်နေ့တွင် သင်တန်းဆင်းပွဲအား  လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့ကြပါတယ်။


အဆိုပါသင်တန်းအား NUG MOHAI ကွပ်ကဲမှုအောက်ရှိ  SSTF(ပြည်သူ့ရဲတပ်ဖွဲ့မှရဲဘော်များ) မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး...မရိမ်းမှ နည်းပြများ၊  တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF တပ်ဖွဲ့) မှ နည်းပြများနှင့် SSTF တပ်ဖွဲ့မှ နည်းပြအကူများက ()လကြာ စနစ်တကျ သင်ကြားပို့ချပေးခဲ့တယ်လို့သတင်းရရှိပါတယ်။

SSTF(အကြမ်းဖက်မှုတိုက်ဖျက်ရေးပြည်သူ့ရဲတပ်ဖွဲ့)သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်များနှင့် စီးပွားရေးထောက်တိုင်များကို အဓိကထားတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပြည်သူများကို ဥပဒေနှင့်အကာအကွယ်ပေးနိုင်ရန်  တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၄။ ယာယီသမ္မတလက်မှတ်ထိုးထုတ်ပြန်သော စစ်သည်တော်ကျင့်ဝတ်များကို ၂၄နာရီအတွင်း တပ်ရင်းရဲဘော် ရဲမေများကို ရှင်းလင်းပြောကြားခဲ့


မတ်လ၂၃ရက်။

ယာယီသမ္မတလက်မှတ်ထိုးထုတ်ပြန်သော စစ်သည်တော်ကျင့်ဝတ်များကို ၂၄နာရီအတွင်း တပ်ရင်းရဲဘော် ရဲမေ များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ မကွေးခရိုင် အမှတ်()တပ်ရင်းကအတည်ပြုထုတ်ပြန်ပါတယ်။


မတ်လ၂၃ရက်မှာ ရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်များ ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ်။


ကိုသော်က (မကွေး အမှတ်၁ စစ်ဒေသ)

သမ္မတကြီးအမိန့်နဲ့ လမ်းညွှန်အမိန့်ထုတ်ပြန်လိုက်တယ်ပေါ့နော် ကျွန်တော်တို့က ချက်ချင်းပဲ မြေပြင်မှာရှိတဲ့ ရဲဘော်တွေကို အကုန်လုံးခေါ်ပြီးတော့ ကွပ်ကဲရေးအမိန့် လမ်းညွှန်အမိန့်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်တယ်။ ရဲဘော်တွေထိ သမ္မတကြီးရဲ့လမ်းညွှန်ချက်ကို ရဲဘော်တွေထိ သိရှိနားလည်ပြီး လိုက်နာကျင့်ကြံနိုင်အောင် လုပ်ဆောင်နေတယ်ဆိုတာကို hightlight လုပ်ပြီးတော့ public ကိုချပြလို့ရပါတယ်။ အဲ့လိုဆိုရင် ပြည်သူလူထုကလည်း MOD ရဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဒီလိုမျိုးကွပ်ကဲမှုနဲ့ စနစ်တကျနဲ့လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိ တယ်ဆိုတာကို သိရှိပြီးတော့ တော်လှန်ရေးအတွက် ကျွန်တော်တို့အားတစ်စုံတစ်ရာ ဖြစ်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေလည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်ဗျ။   


ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ အမိန့်ဖြင့်မတ်လ၂၂ရက်ကထုတ်ပြန်ပါတယ်။


စစ်သည်ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် စစ်သည်ကျင့်ဝတ်အသစ်တရပ်လည်းဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို ၂၀၂၁ ခုနှစ်၊မေလ (၂၆) ရက်နေ့က ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပါတယ်။


========================


📌📌 ၅။ လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက် ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့မှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


မတ်လ ၂၃ ရက်။

ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ပြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ မတ်လ ၂၃ ရက်နေ့  က လူထုသပိတ်လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။


အဲဒီလှုပ်ရှားမှုကို လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ 'လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်'ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။


သပိတ်မှာ လူငယ်နှင့်အမျိုးသမီးများ ဒေသခံလူငယ်များပူးပေါင်းပါဝင်ခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ဟာ နေ့စဥ်မပျက်လူထုသပိတ်များဆင်နွှဲလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် PDF က သတိပေးစာများ ဖြန့်ဝေ


မတ်လ ၂၃ရက်။

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက သတိပေးစာများ ဖြန့်ဝေခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါ သတိပေးစာတွင် ပြည်သူများ စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေပါ၊ ပြည်သူသည်သာအဓိက ပြည်သူများ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲကြ ပါဝင်ကြ၊ မင်းတို့အဘတွေပြေးနေကြပြီ မင်းတို့အသက်နှင့် မင်းတို့လွတ်မြောက်ရာ မင်းတို့ကိုယ်တိုင်ရွေး၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံပါ၊ မင်းတို့အဘတွေက သူတို့မိသားစုတွေကို နိုင်ငံခြားမှာပို့ထားပြီးပြီ မင်းတို့ကအသေခံနေတုန်း၊ မင်းတို့အဘတွေပဲ အသက်နဲ့မဟုတ်ဘူး မင်းတို့မှာလည်း အသက်နဲ့ပဲ မသေချင်ရင်ပြေးတော့၊ စစ်ကောင်စီတပ်သားများ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးစွန့်ခွာပါ၊ မင်းတို့အသက်ပေး တိုက်ခိုက်နေလည်း အဓိပ္ပါယ်မရှိဘူး မင်းတို့မနိုင်တော့ဘူး စတဲ့ စာသားများပါဝင်တဲ့ စာရွက်တွေ ဖြန့်ဝေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါဟာ လောင်းလုံးမြို့နယ်အတွင်း အလိုလျှောက်ပျံ့နှံ့စေတဲ့ သတိပေးစာစောင်လှုပ်ရှားမှုတခုလို့ လောင်းလုံးမြို့ နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ပြည်သူလူထုအနေနဲ့ အချိန်တိုင်း စစ်ရေးသတိရှိကြဖို့၊ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့  စစ်ကောင်စီအန္တရာယ်ကနေ လွတ်မြောက်ရေး သတိဝီရိယရှိရှိ နေထိုင်သွားလာကြဖို့လည်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ တာဝါတိုင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်


မတ်လ ၂၃ရက်။

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ထဲက ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့  မိုက်ကရိုဝေ့ဖ် တာဝါတိုင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Flying Star Force တပ်ဖွဲ့က အသိပေးပြောဆိုလိုက်ပါတယ်။ 

ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ ဘန်ဂလောကျေးရွာအနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မိုက်ကရိုဝေ့ဖ် တာဝါတိုင်တောင်ကုန်း စခန်းကို မတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

KTLA နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Flying Starr Force တို့ ပူးပေါင်းပြီး KTLA က ဒုတပ်ရင်းမှူး ဗိုလ်ကီးဒို ဦးဆောင်မှုနဲ့ တက်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ နာရီကျော်ကြာ အပြန်လှန်ရင်ဆိုင်ပစ်ခတ်ခဲ့ရပြီး ည‌နေ နာရီခွဲမှ တာဝါတိုင်တောင်ကုန်းစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်ကြီးမဏ္ဍိုင်မြို့ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လေညှာ - မဏ္ဍိုင် တံတားကြီးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူပေးနေတဲ့ကြားက အဆိုပါ စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့လည်း သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရသွားတဲ့အပြင် စခန်းအတွင်းမှ  စိန်ပြောင်းတလက်၊ သေနတ် လက်၊ ကျည် ,၀၀၀ ကျော် အပါအဝင် ခဲယမ်းပစ္စည်းပေါင်း ၁၇ မျိုး သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်မှ အထိခိုက်မရှိခဲ့ဘူးလို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြေမှုန်း


မတ်လ ၂၃ ရက်။

Radio NUG

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ထူးချောင်းတပ်စခန်းကနေ ဖားဆောင်းမြို့ကို စစ်ကူပေးရန် လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဖားဆောင်းမြိုနယ်၊ ပါပုရွာအဝင်၊ ပါပုသစ်ဆိပ် အနီးမှာ မတ်လ ၂၀ ရက်က KA KNDF ကလလတ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယား(ကရင်နီ)တိုင်း စစ်ဌာန PDF တပ်ရင်း အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ပွဲကြာချိန် () နာရီနီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနဲ့ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ ဗျူဟာမှူးအပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၁၆ ဦး သေဆုံးခဲ့ပြီး ဦး အရှင်ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။


 ထိုအပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ လက်နဲ့ ခဲယမ်းမီးကျောက်များ ကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မောရဝတီရေတပ်စခန်း ဌာနချုပ်ကို လုံခြုံရေးပေးနေတဲ့ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


မတ်လ ၂၃ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ The Tanintharyi Times သတင်းဌာနက ဖော်ပြထားပါတယ်။


မတ်လ ၂၃ ရက်နေ့ နာရီခွဲ အချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်းအား ၇၀ ခန့် တပ်စွဲထားပြီး မောရဝတီရေတပ်စခန်း ဌာနချုပ်ကို လုံခြုံရေးပေးထားတဲ့ အဆိုပါ မင်းသားရွာ ပျူတပ်စခန်းကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


နှစ်နာရီခန့် ကြာမြင့်ခဲ့တဲ့ ၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦး ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကာ စခန်းကို အပြီးတိုင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှ MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။


ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီးများမှာ မောရဝတီ ရေတပ်ဘက်ကို ထွက်ပြေးသွားခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး (မစိုးရိမ်ရ) ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ပျူတပ်စခန်းသိမ်းချိန်နှင့် တပြိုင်နက်ထဲ မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ် () ပြည်ထောင်စု လမ်းမကြီးပေါ်က မလွှဲတောင် စစ်ဆေးရေး ဂိတ်စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး စစ်ဆေးရေး ဂိတ်ကို ညနေ နာရီအထိ ပိတ်ထားခဲ့တာကြောင့် ရန်ကုန်-ထားဝယ် အတက်အဆင်း ခရီးသည်ယာဉ်တွေ တနေ့လုံး ပိတ်မိနေခဲ့ကြပါတယ်။


အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF ဒေါနတပ်ခွဲ () ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ဒေါနတပ်ခွဲ () ဝေဟင် ဒေါနတပ်ခွဲ () DDTတပ်ခွဲ ဒေါနတပ်ခွဲ() ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း) YDF (ဒေါနစစ်ကြောင်း) နှင့် မဟာမိတ်တပ်များ ဖြစ်ကြတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ABSDF ကျောင်းသားတပ်မတော် တပ်ရင်း () YAF ထားဝယ် ခရိုင် တပ်ရင်း ()တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ အရာတော် မြို့နယ်က စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်


မတ်လ ၂၃ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲနေတဲ့ နေရာ ခုကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်အသံ သတင်းဌာနက ဖော်ပြထားပါတယ်။


မတ်လ ၂၂ ရက် နေ့လယ် နာရီခန့်မှာ အရာတော်အခြေစိုက် အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ ၁၀) ကို Fixed Wings ဒရုန်း စီး သုံးပြီး ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ဒေါင်းမျိုးဆက် (ဝက်လက်) တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။


ထို့အပြင် မတ်လ ၂၂ ရက်နေ့ တနေ့ထဲမှာပဲ ညနေ နာရီလောက်မှာ ပျူနဲ့ စစ်သားတွေ အထိုင်ချထားတဲ့ ငွေတွင်းရွာ တပ်စခန်းကို ဗုံးသီး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။


တိုက်ခိုက်မှုတွေကို ဒေါင်းမျိုးဆက် (ဝက်လက်) တပ်ဖွဲ့၊ တန်ခိုးရှင် (ဝက်လက်) Phoenix (ဝက်လက်) ဗိုလ်တာနော (အရာတော်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ဒေါင်းတို့မျိုးဆက်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလတုန်းကလည်း အရာတော်မြို့နယ်၊ သခဲဘာရွာ ပျူစောထီး စခန်းကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စကစတပ်များ ကောလင်းအနောက်ဖက်ခြမ်းသို့ Drone ဖြင့် ရမ်းသမ်းဗုံးသီးများချ တိုက်ခိုက်ရာတွင် အရပ်သား စစ်ရှောင်တဦး ရင်ဘတ် ဗုံးစမှန်၍ သေဆုံးခဲ့


မတ်လ၂၃ရက်။

စကစတပ်များ ကောလင်းအနောက်ဖက်ခြမ်းသို့ Drone ဖြင့် ရမ်းသမ်းဗုံးသီးများချ တိုက်ခိုက် ရာတွင် အရပ်သား စစ်ရှောင်တဦး ရင်ဘတ် ဗုံးစမှန်၍ သေဆုံးခဲ့ပါတယ်။


မတ်လ၂၃ရက် စကစတပ်များကျူးလွန်မှုကို ကောလင်းခရိုင်တပ်ရင်း၂ကအတည်ပြုပါတယ်။

"မတ်လ၂၃ရက် မနက်၉နာရီ၄၀အချိန် ကောလင်းမြို့ထဲမှ စကစတပ်များက ကောလင်းအနောက်ဖက်ခြမ်းသို့ Drone ဖြင့် ရမ်းသမ်းပြီးဗုံးသီးများ ချတိုက်ခိုက်ရာတွင် အရပ်သား စစ်

ရှောင်တဦး ရင်ဘတ် ဗုံးအစမှန် သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


စစ်ရှောင် ပြည်သူများအနေဖြင့် ဘေးလွတ်ရာ အထိရှောင်ရှားပေးကြရန်ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးမေတ္တာရပ်ခံထားပါတယ်။ 


========================


🚩🚩 ၇။ ရွာငံမြို့နယ်တွင် စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး


မတ်လ ၂၃ ရက်။

Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ် စစ်စီးကုန်းကျေးရွာ တောင်ဘက် ခြမ်းတွင် စစ်ကောင်စီ တပ်သား တစ်ဦးနဲ့ ပျူစောထီးတစ်ဦးကို ဂျိုးဖြူ တော်လှန်ရေးတပ်ဖွဲ့ - Ywangan PDF (JPRF) က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Tachileik News Agency က ဖော်ပြထားပါတယ်။


မတ်လ ၂၂ ရက်နေ့ မနက် နာရီခွဲ ဝန်းကျင်မှာ စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းကို ၎င်းပျူစောထီး နှင့် စစ်သား တစ်ဦးတို့ ကားနဲ့ရောက်ရှိလာမယ့် သတင်းရရှိခဲ့တာကြောင့် အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကားပေါ်မှာ ပါလာတဲ့ ပျူစောထီး တစ်ဦးနဲ့ စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ် တစ်ဦး စုစုပေါင်း ဦးတို့မှာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


 ထိုအပြင် ၎င်းတို့နဲ့အတူ ပါလာတဲ့ AK 47 သေနတ် () လက်၊ ကာဗိုင် သေနတ် () လက်၊ လက်ပစ်ဗုံး () လုံး နဲ့ ကျည်ဆံများ အပါအဝင် အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment