10th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့

📌 ၂။ "အရေးကြီးတဲ့တော်လှန်ရေးအချိုးအကွေ့မှာ ညီညွတ်ခြင်းနဲ့အတူ အောင်ပွဲကိုဆင်နွဲကြရအောင်"လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး တိုက်တွန်း

📌 ၃။ လွယ်ဂျယ် ခလရ-၁၄၂ တပ်ထဲကနေ ကျပ်သိန်းပေါင်းများစွာနဲ့ ရွှေချောင်းအချို့ KIA သိမ်းပိုက်တွေ့ရှိ 

📌 ၄။ နွေဦးတော်လှန်ရေးတစုံလုံးမှာ စုစည်းမှုနဲ့သွေးစည်းမှုကိုပြနိူင်တဲ့အခြေအနေရောက်နေပြီလို့ ဦးမင်းကိုနိူင်ဆို

📌 ၅။ စစ်ရှောင်လာလျှင် မြန်မာဒုက္ခသည်တစ်သိန်းကိုထိုင်းလက်ခံမည်


၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက သံချပ်ကာကားများအပါအဝင် စစ်ကားများဖြင့် စစ်ကူပို့  

🚩 ၂။ စစ်တက္ကသိုလ် နယ်မြေကိုပင် လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိသည့်အထိ အကြမ်းဖက်စစ်တပ်ရဲ့ စွမ်းရည် နိမ့်ကျသွားပြီ ဖြစ်တယ်လို့ဆို

🚩 ၃။ လက်ပုကန်ကနေ ပခုက္ကူပြန်လာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှု ဦး ဒဏ်ရာရ

🚩 ၄။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသရွာကိုစကစတပ်များစစ်ကြောင်း ထိုးလာခဲ့ ပြီး ထိတွေ့ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ Mi 35 ဖြင့် ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့

🚩 ၅။ စစ်တပ်နဲ့ နှစ်ပေါင်း ၂၀ ကျော် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီ KNSO က စစ်ကောင်စီကိုပြန်တိုက်မယ်လို့ ကြေညာ

🚩 ၆။ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ ပခုက္ကူ ခလရ ၂၅၂ တပ်က တပ်သား ဦးကို ကျပ်သိန်း ၆၀ ချီးမြှင့် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့


ဧပြီလ ၁၀ ရက်


ဧပြီ၁၀ရက် ယနေ့ကျရောက်သည့် (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


 (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သောသဝ‌ဏ်လွှာတွင် ယနေ့အချိန်အခါသမယတွင် ကယန်းလူမျိုးများ၊ ကယန်းခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များအားလုံးနှင့်တကွ နွေဦး တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲလျက်ရှိသည့် တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ် အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ ဖော်ပြပါတယ်။


ကယန်းလူမျိုးများ၏ သမိုင်းမှတ်တမ်းများမှာ အင်မတန်ကြီးမားလှကာ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်တော်လှန်ရေး အစပြုရာဒေသဖြစ်သကဲ့သို့ ယနေ့နွေဦး တော်လှန် ရေးတွင်လည်း ရွပ်ရွပ်ချွံချွံဖြင့် စစ်အာဏာရှင်များကို တော်လှန်တိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


ယနေ့ ကဲ့သို့ နေ့ထူးနေ့မြတ်အချိန်အခါသမယတွင် မိမိနိုင်ငံနှင့် လူမျိုးအတွက် ခေတ်အဆက်ဆက်က အကြမ်းဖက် စစ်အာဏာရှင်များကို တွန်းလှန်ရင်း အသက်ပေးဆပ်ခဲ့ကြရသော ကယန်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော ကယန်းအမျိုးသားရဲဘော်များ အားလုံးအား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါတယ်လို့ဆိုပါတယ်။


ယနေ့နွေဦးတော်လှန်ရေးသည် အောင်ပွဲများစွာဖြင့် အောင်လံကိုလွှင့်ထူနိုင်သကဲ့သို့  အောင်ပွဲ၏နောက်ကွယ်မှ ပေးဆပ်ရမှုများသည်လည်း လွန်စွာ များပြားလှပြီး ရှေ့မျိုးဆက် များဖောက်ခဲ့ကြသည့် ဒီမိုကရေစီခရီးလမ်းကို မိမိတို့မျိုးဆက်များက ဆက်လက်လျှောက်လှမ်း နေသကဲ့သို့ နောင်အနာဂတ်တွင်လည်း မိမိတို့ဖောက်ခဲ့သည့်လမ်းကို နောက်မျိုးဆက်သစ်များက ဆက်လက်လျှောက်လှမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်။


  ထို့ကြောင့် အနာဂတ်မျိုးဆက်များ အေးချမ်းသာယာ ဘေးကင်းလုံခြုံသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး မိမိတို့အားလုံး တွဲလက်ညီညီဖြင့် ဆက်လက်ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းလျက် ဤသဝဏ်လွှာအားထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ "အရေးကြီးတဲ့တော်လှန်ရေးအချိုးအကွေ့မှာ ညီညွတ်ခြင်းနဲ့အတူ အောင်ပွဲကိုဆင်နွဲကြရအောင်"လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး တိုက်တွန်း


ဧပြီ၁၀ရက်


"အရေးကြီးတဲ့တော်လှန်ရေးအချိုးအကွေ့မှာ ညီညွတ်ခြင်းနဲ့အတူ အောင်ပွဲကိုဆင်နွဲကြရအောင်"လို့လူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်က ဧပြီ၁၀ရက်မှာ ၎င်း၏ ဆိုရှယ်မီဒီယာမှတစ်ဆင့်တိုက်တွန်းပြောကြားလိုက်ပါတယ်။


"ဒီနေ့ ဧပြီ၁၀ရက် မှာကျရောက်တဲ့ ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဂုဏ်ပြုရင်း ခုလက်ရှိမြေပြင်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ ပြည်သူ့တော်လှန်ရေး ရဲဘော်တွေအတွက်လည်း မမေ့မလျော့ပဲ ဆုတောင်းပေးကြရအောင်၊အရေးကြီးတဲ့တော်လှန်ရေးအချိုးအကွေ့မှာ ညီညွတ်ခြင်းနဲ့အတူ အောင်ပွဲကိုဆင်နွဲကြရအောင်"လို့ဆိုပါတယ်။


လက်ရှိမှာစကစဟာ နယ်မြို့များကိုထိန်းချုပ်စိုးမိုးနိူင်ခြင်းမရှိတော့ဘဲ ကရင်နီဒေသ၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်လည်းမြို့များကိုစွန့်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ လွယ်ဂျယ် ခလရ-၁၄၂ တပ်ထဲကနေ ကျပ်သိန်းပေါင်းများစွာနဲ့ ရွှေချောင်းအချို့ KIA သိမ်းပိုက်တွေ့ရှိ 


ကချင်ပြည် မိုးမောက်မြိုနယ် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က မြိုစောင့်တပ်လို့ခေါ်တဲ့ ခလရ ၁၄၂ တပ်အတွင်းကနေ ငွေကျပ်သိန်းပေါင်းများစွာနဲ့ ရွှေချောင်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

ခလရ-၁၄၂ တပ်အတွင်းမှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းတွေ ဧပြီ ရက်နေ့ညမှာ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ဧပြီ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ရာကနေ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အဆိုပါတပ်ရင်းကို သေနတ်ကျည်တချက်မှ မဖောက်ရဘဲ သိမ်းယူလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

တပ်ရင်းအတွင်းက လက်နက်ခဲယမ်းတွေနဲ့ လွ‌ယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ စစ်ကောင်စီက သိမ်းယူ ထားတဲ့ အခွန်ငွေတွေကို ရရှိလိုက်တာလို့လည်း သိရပါတယ်။ 


လက်ရှိမှာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ လွယ်ဂျယ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တပ်ကင်းစင် နယ်မြေဖြစ်လာတဲ့အတွက် KIA ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း စတင်လည်ပတ်နေပြီဖြစ်ပါတယ်။  


========================


📌📌 ၄။ နွေဦးတော်လှန်ရေးတစုံလုံးမှာ စုစည်းမှုနဲ့သွေးစည်းမှုကိုပြနိူင်တဲ့အခြေအနေရောက်နေပြီလို့ ဦးမင်းကိုနိူင်ဆို


ဧပြီ၁၀ရက်


နွေဦးတော်လှန်ရေးတစုံလုံးမှာ စုစည်းမှုနဲ့သွေးစည်းမှုကိုပြနိူင်တဲ့အခြေအနေရောက်နေပြီလို့ ဧပြီ၉ရက်မှာလှော်တက်ကိုယ်စီ၊ အားလုံးညီကမ်ပိန်းစကားဝိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိူင်က ပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးတစုံလုံးမှာ ကျနော်တို့ဘာတွေပြနိူင်လဲ။ကျနော်တို့ရဲ့စုစည်းမှု၊ကျနော်တို့ရဲ့သွေးစည်းမှုကိုပြနိူင်တယ်။အားလုံးသောမျိုးဆက်တွေပေါင်းတိုက်ရင်ဘာမဆိုရနိူင်တယ်။မျိုးဆက်ဟောင်းတွေမှာ စဥ်းစားတွေးခေါ်မှုတွေရင့်ကျက်မှုတွေရှိမယ်။မျိုးဆက်သစ်တွေမှာနည်းပညာအားသာချက်ရှိမယ်။နိူင်ငံတကာနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာအားသာချက်တွေရှိမယ်။တော်လှန်ရေးဟာစနစ်တကျပေါင်းစပ်ထားတာဖြစ်တယ်။အားလုံးဟာအလွှာစုံပါနေကြတာဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တော်လှန်ရေးအစုအဖွဲ့များနဲ့လည်းထိတွေ့ဆက်ဆံလျက်ရှိပါတယ်။


========================


📌📌 ၅။ စစ်ရှောင်လာလျှင် မြန်မာဒုက္ခသည်တစ်သိန်းကိုထိုင်းလက်ခံမည်


ဧပြီ၁၀ရက်


စစ်ရှောင်လာလျှင် မြန်မာဒုက္ခသည်တစ်သိန်းကို ထိုင်းလက်ခံမယ်လို့ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ၏ပြောကြားချက်ကို ဘန်ကောက်ပို့စ်က ဧပြီ၁၀ရက်နေ့မှာကိုးကားဖော်ပြပါတယ်။


မြန်မာဘက်ကနေ ထိုင်းနိူင်ငံဘက်ကို စစ်ရှောင်လာလျှင် မြန်မာဒုက္ခသည် တစ်သိန်းအတွက် စစ်ရှောင်စခန်းတွေကို ထိုင်းအစိုးရကပြင်ဆင်ထားတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာနိူင်ငံပဋိပက္ခမှာ ထိုင်းနိုင်ငံအနေနဲ့ ဘက်မလိုက်ဘဲ ကြားနေရပ်တည်မှုကို ဆက်လက်ကျင့်သုံးသွားမယ်လို့လည်းဆိုပါတယ်။


လက်ရှိမှာ မြဝတီအမှတ်တစ်တံတားမှ နေ့စဥ်ထိုင်းဘက်ခြမ်းသို့ဝင်ရောက်မှုများပြားနေလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက သံချပ်ကာကားများအပါအဝင် စစ်ကားများဖြင့် စစ်ကူပို့  


 ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာ နေတာကြောင့် စစ်ကောင်စီက သံချပ်ကာ ကားတွေအပါအဝင် စစ်ကားတွေနဲ့ စစ်ကူပို့နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မွန်ပြည်နယ် မော်လမြိုင်မြို့မှာရှိတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သံချပ်ကာကားတွေပါတဲ့ စစ်ယာဉ်တန်း ကရင်ပြည်နယ် ဘားအံဘက်ကို ဦးတည်လာနေတာတွေကြောင့် စစ်ရေးသတင်းရင်းမြစ်တွေက အခုလိုပြောတာ ဖြစ်ပါတယ်။  

ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် နာရီဝန်းကျင်အချိန်က သံလွင်တံတား ဘားအံပေါ်မှာ စစ်ကား အစီး၂၀ နဲ့ သံချပ်ကာကား ၁၀ စီး စုစုပေါင်း စစ်ကား ၃၀ စီးပါ ယာဉ်တန်းဖြတ်သန်းသွားတဲ့ ရုပ်သံဖိုင်တခုလည်း လူမှုကွန်ယက်မှာ ပျံ့နေတာရှိပါတယ်။  

အဆိုပါယာဉ်တန်းက စစ်ကားတွေပေါ်မှာပါတဲ့ စစ်သားအင်အားဟာ အနည်းဆုံး အင်အား ၂၅ဝ ခန့်ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေကလည်း ဆိုပါတယ်။  


မြဝတီမြို့မှာ ယနေ့ ဧပြီလ ၁ဝ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်မှာလည်း လုံခြုံရေး တင်းကျပ်ထားပြီး ဘားအံအဝင်အထွက်မှာ စစ်ကားတွေနဲ့ ကင်းလှည့်နေတာတွေ တွေ့နေရတယ်လို့ ဒေသနေ ပြည်သူတွေက ပြောပါတယ်။ 

မနေ့ ဧ‌ပြီလ ရက်နေ့က တညလုံးနီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး ပေါက်ကွဲသံတွေကို မြ၀တီမြို့နယ်သာမက သောင်ရင်းမြစ် တဖက်ကမ်းမှာရှိတဲ့ မဲဆောက်မြို့ကပင် ကြားနေရပါတယ်။ 

မြ၀တီမြို့မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတာကြောင့် ထိုင်းစစ်တပ်ကလည်း ထိုင်း-မြန်မာနယ်စပ်တလျောက်မှာ ညလုံးပေါက် ကင်းလှည့်ခဲ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေကလည်း ဖော်ပြနေတာရှိပါတယ်။ 


ယနေ့ ဧပြီလ ၁ဝ ရက်နေ့ မနက်အစောပိုင်းကနေ မွန်းတည့် ၁၂ နာရီ ဝန်းကျင်အထိလည်း လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေကြားနေရပြီး မြ၀တီမြို့နယ်ထဲက နေရာအချို့မှာ မီးလောင်ကျွမ်းမှုတွေရှိနေတယ်လို့ မဲဆောက်ဘက် စစ်ဘေးရှောင်လာကြတဲ့ မြဝတီမြို့ခံအချို့က ပြောပါတယ်။ 

မြဝတီမြို့စောင့်တပ်လို့ခေါ်တဲ့ ခလရ ၂၇၅ တပ်ဟာ အစောပိုင်းမှာ အလံဖြူထောင်ပြီးလက်နက်ချအညံ့ခံမယ်လို့ ပြောဆို ညှိနှိုင်းခဲ့တာတွေရှိပေမယ့် ဧပြီလ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တာကြောင့် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။  


========================


🚩🚩 ၂။ စစ်တက္ကသိုလ် နယ်မြေကိုပင် လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိသည့်အထိ အကြမ်းဖက်စစ်တပ်ရဲ့ စွမ်းရည် နိမ့်ကျသွားပြီ ဖြစ်တယ်လို့ဆို


ဧပြီ၁၀ရက်


စစ်တက္ကသိုလ် နယ်မြေကိုပင် လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိသည့်အထိ အကြမ်းဖက်စစ်တပ်ရဲ့ စွမ်းရည် နိမ့်ကျသွားပြီ ဖြစ်တယ်လို့ ဧပြီ၁၀ရက် မှာ စစ်ရေးသုံးသပ်ချက်များကိုဖော်ပြတဲ့ PDFInsightမှ အသိပေးဖော်ပြပါတယ်။


"မေမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်တက္ကသိုလ်မျိုးစုံဟာ မကြာခဏ တိုက်ခိုက်ခံနေရပါတယ်။ နောက်ဆုံး ပေါ်လာတာကတော့ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း ပကဖ အဖွဲ့က ဧပြီလ () ရက်နေ့မှာ (၁၀၇) မမ ဒုံးကျည် () လုံး နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် စစ်တက္ကသိုလ် ဝင်ပေါက် (ဗိုလ်လောင်း ရုပ်တုဂိတ်) အနီးမှာ ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ စစ်ခေါင်းဆောင်တွေကို DSA ကနေ မွေးထုတ်ပေးနေတာ ဖြစ်ပြီး စစ်တက္ကသိုလ် နယ်မြေကိုပင် လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိသည်အထိ စစ်တပ်ရဲ့ စွမ်းရည် နိမ့်ကျသွားပြီ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ပြီးခဲ့သည့်နှစ်သြဂုတ်လ (၁၅) ရက်နေ့တုန်းကလည်း မေမြို့ စစ်နည်းပညာတက္ကသိုလ် ကို ညီနောင် မဟာမိတ်အဖွဲ့က (၁၀၇) မမ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 


========================


🚩🚩 ၃။ လက်ပုကန်ကနေ ပခုက္ကူပြန်လာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှု ဦး ဒဏ်ရာရ


မကွေးတိုင်း လက်ပုကန်ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပခုက္ကူဘက်ပြန်လာတဲ့ စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ဒဏ်ရာရသွားတယ်လို့ Young Force UG ဆီကနေ သိရပါတယ်။

မတ်လ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်မှာ လက်ပုကန်ဘုန်းကြီးကျောင်းကနေထွက်လာတဲ့ စစ်ကားကို လက်ပုကန်နဲ့ ချောက်ကန်ကြားမှာ မာဟာမိတ်တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

အဆိုပါတိုက်ခိုက်မှုမှာ စစ်သား ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးမှာ နားစည်ကွဲတဲ့ဒဏ်ရာရသွားတယ်လို့ အသိပေးထား ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Pakokku People's Defence Force Earthquake People's Defence Force Burma Revolution Rangers နဲ့ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- (Young Force UG) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- (Young Force UG) ဟာ မဟာမိတ်တပ်တွေနဲ့အတူ ရေလာလေး ပျူစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ တွင်းမ ပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၁၂ လုံး တိုက်ခိုက်ခဲ့ပါသေးတယ်။ 


========================


🚩🚩 ၄။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသရွာကိုစကစတပ်များစစ်ကြောင်း ထိုးလာခဲ့ ပြီး ထိတွေ့ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ Mi 35 ဖြင့် ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့


ဧပြီ၁၀ရက်


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသရွာကိုစကစတပ်များစစ်ကြောင်း ထိုးလာခဲ့ ပြီး ထိတွေ့ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ Mi 35 ဖြင့် ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ဧပြီ ရက် မနက် ၁၀:၁၁ မိနစ်တွင်  ရန်သူဘက်မှ အင်အား (၃၀) ဝန်းကျင် ဓမ္မသ ရွာ ကို စစ်ကြောင်း ထိုးလာခဲ့ ပြီး ထိတွေမူဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး Mi 35 ဖြင့် ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစဘက်မှ ညနေ နာရီ ဝန်းကျင်ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားပြီ ထိခိုက်သေဆုံးမူတွေရှိကြောင်း ကနဦး မြေပြင်မှ ပေးပို့ ခဲ့တယ်လို့ဂဠုန်စစ်ကြောင်းကဖော်ပြပါတယ်။


စကစ ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိ သူနှင့် သေဆုံးမူ အရေအတွက် ကို လက်ရှိတွင် စုံစမ်း နေဆဲဖြစ်ကာအဆိုပါ တိုက်ပွဲတွင် ဂဠုန်စစ်ကြောင်းမှ ရဲဘော် () ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။


ဧပြီ၈ ရက်နေ့ကလည်း :၂၈ မိနစ်ခန့်တွင် Y12 လေယာဉ် နာရီဝန်းကျင် ပျံသန်းခဲ့ပြီး  :၄၅ မိနစ် အချိန်တွင် Fighter ပျံသန်းလာကာဓမ္မသ ကျေးရွာ ဘုန်းကြီး ကျောင်းအား ပေါင် (၅၀၀) () လုံးပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။  


ဖြစ်စဉ်တွင် မွန်ပြည်သစ်  (AD) မှ ရဲဘော် ဦး ကျဆုံးခဲ့ပြီး ဦး ဒဏ်ရာ ရရှိ ခဲ့ကာဗုံးကြဲ တိုက်ခိုက်မူကြောင့် ဘုန်းကြီး ကျောင်း ဆောင် များ၊ ဘုရားစေတီ များ ထိခိုက် မီးလောင် ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၅။ စစ်တပ်နဲ့ နှစ်ပေါင်း ၂၀ ကျော် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီ KNSO က စစ်ကောင်စီကိုပြန်တိုက်မယ်လို့ ကြေညာ


ယခင်စစ်အစိုးရလက်ထက်ကစပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ-KNSO ခေါ် ကြယ်ဖြူ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်တော့မယ်လို့ ယနေ့ ဧ‌ပြီလ ၁ဝ ရက်မှာ ကြေညာလိုက်ပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းယူမှု နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေအပေါ်မှာ စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနဲ့ လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်လာမှုတွေကြောင့် ကရင်နီပြည်တွင်းက ပြည်သူလူထုသာ မက မြန်မာတနိုင်ငံလုံးက ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လူငယ်လူရွယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာ ဖမ်းဆီးခံရခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။  


စစ်ကောင်စီရဲ့ အဆိုပါလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း KNSO က ပြောပါတယ်။

KNSO ဌာနချုပ်ရုံးအခြေပြုရာ ခဲမဖြူကျေးရွာအတွင်းကို လေယာဉ်နဲ့ဗုံးကြဲတာ၊ မော်ချီးက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် KNSO အနေနဲ့ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ကရင်နီပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့အတူ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက် သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


ကြယ်ဖြူပြည်သူ့စစ်အဖွဲ့လို့ခေါ်တဲ့ KNSO ဟာ မော်ချီးဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၀၂ နိုဝင်ဘာ ရက်နေ့မှာ ယခင်စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

၂၀၂၃ ဇွန်လအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်-BGF အဖြစ် ဖွဲ့စည်းထားတဲ့ ကရင်နီ လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)ကလည်း ကရင်နီ(ကယား)ပြည်နယ် မဲစဲ့ဒေသတိုက်ပွဲမှာပါဝင်ပြီး ကရင်နီတပ်မတော်-KAနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိပါတယ်။ 


========================


🚩🚩 ၆။ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ ပခုက္ကူ ခလရ ၂၅၂ တပ်က တပ်သား ဦးကို ကျပ်သိန်း ၆၀ ချီးမြှင့် 


မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ခလရ ၂၅၂ တပ်က တပ်သား ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ အတွက် ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့တယ်လို့ ရေစကြိုမြို့နယ် Southern YSO PDF အဖွဲ့က ဧ‌ပြီ ၁ဝ ရက်မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ ဦးဟာ အသက် ၂၀အရွယ် တပ်သား အောင်ဆန်းလင်းနဲ့ အသက် ၁၈ နှစ်အရွယ် အောင်သက်ပိုင်ဖြစ်ပြီး ဧပြီ ရက်နေ့မှာ MA 1 တလက်၊ ကျည်ဘောက်တခု၊ 5 ပွိုင့် 56 ကျည် ၂၅ တောင့်နဲ့အတူ အလင်းဝင်လာခဲ့တဲ့အတွက် လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 


လက်ရှိမှာ ရေစကြို Southern YSO PDF အဖွဲ့ကို အလင်းလာသူ စစ်သား ဦး၊ ရဲ ဦး စုစုပေါင်း ဦးအထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ 

ဒါ့အပြင် Southern YSO PDF အဖွဲ့နဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ CDM ရဲဘော်တွေလဲရှိတယ် လို့ သိရပါတယ်။ 

ဒါ့ကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်လိုသူတွေအနေနဲ့ တယ်လီဂရမ် https://t.me/Southernyso1122/23 ကို ဆက်သွယ်နိုင်ပြီး နွေးထွေးစွာကြိုဆိုသွားမယ်လို့ Southern YSO PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment