10th APR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ရေးအခြေအနေမျက်ခြေမပျက်ဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့်  ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ဆုံးဖြတ်

📌 ၄။ လာမယ့်လတွေမှာ အိုင်စီဂျေ၊ အိုင်စီစီနဲ့ အာဂျင်တီးနားမှာရှိတဲ့ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနဲ့ အမှုစစ်လုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့နဲ့ စိစစ်သုံးသပ်ချက်တွေကို မျှဝေသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMကအသိပေး

📌 ၅။ နယူးဇီလန်နိုင်ငံ မြို့တော် ၀ယ်လင်တန်ရှိ လွှတ်တော်ရှေ့တွင် - စစ်ကောင်စီကို အစည်းအဝေးဖိတ်ကြားမှုရုပ်သိမ်းဖို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဗိဇာ ပိတ်ပင်ဖို့ စုဝေးဆန္ဒပြ

📌 ၆။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်

📌 ၇။အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ"ဘန်နာကိုင်ဆွဲ ချီတက်ကာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာလူထုသပိတ်လှုပ်ရှား


၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရတခ တိုင်းရုံးထဲက ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ အစည်းအဝေး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရ

🚩 ၂။ လက်နက်ချဖို့ ညှိနှိုင်းမရတာကြောင့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA နှင့် ပူးပေါင်းတပ်များ စတင် တိုက်ခိုက်

🚩 ၃။ ရေး-ထားဝယ် အမှတ် - ပြည်ထောင်စုလမ်းမကို ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်စိုးမိုးထား

🚩 ၄။ မင်္ဂလာဒုံမြို့နယ် အမှတ်(၃၂၃)ထောက်ပို့တပ်စခန်းအား  မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် NOKA UG တို့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့

🚩 ၅။ နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး 

🚩 ၆။ လောင်းလုံ လဝရရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေဆုံး၊ ဦး ဒဏ်ရာရ

🚩 ၇။ ရေဦးရဲစခန်းနဲ့ စစ်ကောင်စီနှင့် ပျူစောထီးများ သောက်စားမူးယစ်နေတဲ့ နေရာများကို Fixed Wing Drone များ ဖြင့် တိုက်ခိုက်ခဲ့ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေးအခြေအနေမျက်ခြေမပျက်ဖို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း


ဧပြီလ ၉ရက်။

စစ်ရေးအခြေအနေမျက်ခြေမပျက်ဖို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးက တိုက်တွန်းဆိုလိုက်ပါတယ်။


ဧပြီလ ၉ရက် ဆိုရှယ်မီဒီယာမှာလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"ဗန်းမော် လွယ်ဂျယ်၊ ညီနောင်၊ မြဝတီ၊ မျက်ချေမပြတ်ဘဲ ညီကြဖို့။ နေပြည်တော်နဲ့ အရှေ့တောင်တိုင်း အရှိန်မြှင့်ကြဖို့"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစရဲ့ရှေ့တန်းတပ်စခန်းများကိုသာမက မြို့သိမ်းတိုက်ပွဲများကိုပါ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ပူးပေါင်းဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဧပြီလ ၉ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၃/၂၀၂၄)ကို ဧပြီလ ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့်  ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ဆုံးဖြတ်


ဧပြီလ ၉ရက်။

(ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့်  ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ဆုံးဖြတ်ခဲ့ပါတယ်။


ဧပြီ၉ရက်ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ပြည်သူလူထုသို့ အစီရင်ခံစာကို NUCCကထုတ်ပြန်ဖော်ပြပါတယ်။


နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်း ချက်များနှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ () ရက် မှ () ရက်အတွင်း () ရက်  ကျင်းပနိုင်ခဲ့ပါတယ်။


ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် ပူးတွဲ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီများမှ အစီရင်ခံစာများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ၏ အစီရင်ခံစာများကို ညီလာခံသို့တင်သွင်းခဲ့ပြီး ညီလာခံ တက်ရောက်သူ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများက ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များ တင်ပြခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များထဲမှ() ချက်အား ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံမှ ဆုံးဖြတ် အတည်ပြုခဲ့ပြီး မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်တို့ပါဝင်ပါတယ်။

ဒါ့အပြင်အကြမ်းဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့် ယင်းဥပဒေကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူထုနှင့် တော်လှန်ရေးအင်အားစု အသီးသီး ပူးပေါင်း၍ မဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) သည် ဖျက်သိမ်းရမည့် ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကြီးမှ ဆုံးဖြတ်ပြီး အထက်ပါကိစ္စနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) အား ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြုရေး အခန်း ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်တို့ကို ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။


========================


📌📌 ၄။ လာမယ့်လတွေမှာ အိုင်စီဂျေ၊ အိုင်စီစီနဲ့ အာဂျင်တီးနားမှာရှိတဲ့ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနဲ့ အမှုစစ်လုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့နဲ့ စိစစ်သုံးသပ်ချက်တွေကို မျှဝေသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMကအသိပေး


ဧပြီလ ၉ရက်။


လာမယ့်လတွေမှာ အိုင်စီဂျေ၊ အိုင်စီစီနဲ့ အာဂျင်တီးနားမှာရှိတဲ့ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနဲ့ အမှုစစ်လုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့နဲ့ စိစစ်သုံးသပ်ချက်တွေကို မျှဝေသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMကအသိပေးဖော်ပြပါတယ်။


မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMM ဧပြီလ ၉ရက် နောက်ဆုံးထုတ်သတင်းလွှာမှာ အသိပေးဖော်ပြပါတယ်။


"လာမယ့်လတွေမှာ ယန္တရားက အိုင်စီဂျေ၊ အိုင်စီစီနဲ့ အာဂျင်တီးနားမှာရှိတဲ့ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနဲ့ အမှုစစ်လုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက်တွေကို မျှဝေသွားဖို့ ရှိပါတယ်"လို့ဆိုပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMက လူတစ်ဦးချင်း၊ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အခြားမိတ်ဖက် ၈၀၀ ကျော်ထံမှ အချက်အလက်များစွာ စုဆောင်းရရှိထားပါတယ်။


ရှင်သန်ကျန်ရစ်သူတွေ၊ မျက်မြင်သက်သေတွေနဲ့ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်တွေကို ပိုမိုစုဆောင်းနိုင်ခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းအထိ သက်သေထွက်ဆိုချက်နဲ့ စိစစ်ချက်ပေါင်း ၃၂၇ ခု ဆောင်ရွက်ပြီးစီးခဲ့တယ်လို့အသိပေးဖော်ပြပါတယ်။


အချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေတွင်းမှာရှိနေတဲ့ သက်သေတွေကို ဝင်ရောက်အင်တာဗျူးခွင့်၊ အချို့အဖွဲ့အစည်းတွေဆီက သတင်းအချက်အလက်တွေ လက်ခံရရှိဖို့အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်  ၃၅ ခုကို ညှိနှိုင်းပြီး ဖြစ်တယ်လို့အသိပေးဖော်ပြပါတယ်။


========================


📌📌 ၅။ နယူးဇီလန်နိုင်ငံ မြို့တော် ၀ယ်လင်တန်ရှိ လွှတ်တော်ရှေ့တွင် - စစ်ကောင်စီကို အစည်းအဝေးဖိတ်ကြားမှုရုပ်သိမ်းဖို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဗိဇာ ပိတ်ပင်ဖို့ စုဝေးဆန္ဒပြ


ဧပြီလ ၉ရက်။


နယူးဇီလန်နိူင်ငံ မြို့တော် ၀ယ်လင်တန်ရှိ လွှတ်တော်ရှေ့တွင် - စစ်ကောင်စီကို အစည်းအဝေးဖိတ်ကြားမှုရုပ်သိမ်းဖို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဗိဇာ ပိတ်ပင်ဖို့ စုဝေးဆန္ဒပြခဲ့ပါတယ်။


ဧပြီလ ၉ရက်မနက်ပိုင်းမှာ မြန်မာအင်အားစုတွေစုဝေးခဲ့ကြတာလို့သတင်းရရှိပါတယ်။


"ဝယ်လင်တန် လွှတ်တော်ရှေ့တွင် - စစ်ကောင်စီကို အစည်းအဝေးဖိတ်ကြားမှုရုပ်သိမ်းဖို့၊ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဗိဇာ ပိတ်ပင်ဖို့ စုဝေးဆန္ဒပြခဲ့ကြတယ်"လို့သိရပါတယ်။


ဧပြီ ၁၈ ရက်မှာ နယူးဇီလန်အစိုးရက  အာဆီယံ-နယူးဇီလန် အဆင့်မြင့်အရာရှိအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိပြီး၊ ထိုအစည်းအဝေးကိုတက်ရောက်ဖို့ မြန်မာစစ်ကောင်စီကို နယူးဇီလန် အစိုးရက ဖိတ်ကြားထားတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်


ဧပြီလ ၉ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


 အဆိုပါ () ဦးအနက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ () ဦးဖြင့် အများဆုံး ဖြစ်ပြီး ကျန်နှစ်ဦးမှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ () ဦးနှင့် လက်နက်ကြီးကြောင့် သေဆုံးသူ () ဦးတို့ ဖြစ်ကြပါတယ်။

ဧပြီလ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာနှင့် လွယ်ပွတ်ကျေးရွာအတွင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တွေပူးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၅ နှစ်အရွယ် နန်းစိန်မြမှာ လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ"ဘန်နာကိုင်ဆွဲ ချီတက်ကာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာလူထုသပိတ်လှုပ်ရှား


ဧပြီလ ၉ရက်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ရဲ့ အင်အားစုတစ်ခုဖြစ်တဲ့ LGBT Community မှ ဦးဆောင်ပြီး ဧပြီလ ရက်နေ့က  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး "အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ" ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပါတယ်။


" မြန်မာပြည်ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ကတည်းက အမှောင်ထုအောက်ကို လုံးလုံးကျရောက်ခဲ့ရပါတယ်။ တိုင်းပြည်မှောင်ကျခဲ့သလို ကျနော်တို့ ပြည်သူတွေ အထွတ်အမြတ် တန်ဖိုးထားရတဲ့ သင်္ကြန်ကာလဟာလည်း အမှောင်လွှမ်းခဲ့ရတာ အခုလာမယ့်တကြိမ်နဲ့ဆိုရင် လေးကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ စစ်အာဏာမသိမ်းခင် သင်္ကြန်ကာလတွေကို ကျနော်တို့ ပြည်သူတွေအနေနဲ့ လွတ်လပ်စွာအပန်းဖြေရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပေမယ့် အခုလို အမှောင်သင်္ကြန်ကာလတွေမှာတော့ ပျော်ရွှင်မြူတူးဖို့နေနေသာသာ အသက်ရှင်သန်ရေးအတွက်ကိုပဲ  ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ မျိုးဆက်သစ်တွေ နောက်ထပ် အမှောင်သင်္ကြန်ကာလတွေကို မဖြတ်သန်းကြရအောင် ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တော်လှန်သွားကြရမှာ ဖြစ်ပါတယ်"လို့ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရတခ တိုင်းရုံးထဲက ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ အစည်းအဝေး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရ


ဧပြီလ ရက်။

Radio NUG


မွန်ပြည်နယ်၊ မော်လမြိုင်မြို အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း ဒုစစ်ခေါင်းဆောင်၊   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ အစည်းအဝေး ပြုလုပ်နေချိန် ကာမိကာဇဲ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။


ဧပြီလ ရက်၊ နေ့လယ် နာရီခွဲခန့်မှာ ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့ Alpha Bats Drone Force တပ်ခွဲ က ကာမီကာဇေ Fixed Wing Drone စီးဖြင့် အစည်းအဝေးပြုလုပ်ရာ နေရာနဲ့ ရဟတ်ယာဉ် နှစ်စင်း ရပ်ထားတဲ့ ကွင်းနေရာတို့ကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။


တောင်ပိုင်းစစ်မျက်နှာမှာ အထိနာနေတာကြောင့် ဖိအားပေးနိုင်ရန် ဒုချုပ် စိုးဝင်း ကိုယ်တိုင်ဦးဆောင်ပြီး ရတခ တိုင်းရုံးမှာ အထူးအစည်းအဝေး ပြုလုပ်နေတာဖြစ်ပြီး အရှေ့တရက် ဧပြီလ ရက်ကလည်း ဒရုန်း စီး ဖြင့် တိုက်ခိုက်ခံခဲ့ရတာကြောင့် အဆိုပါ အစည်းအဝေး ပျက်ခဲ့ရပါတယ်။


 အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို အသေးစိတ် မသိရသေးပေမယ့် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ရှေ့လမ်းကို ပိတ်ထားပြီး စစ်ကားများ မော်လမြိုင် လေယာဉ်ကွင်းဘက်ကို ထွက်သွားကြောင်း ဒေသခံများက ပြောပြပါတယ်။


 ထို့အပြင် တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေပြီး ကင်းထောက် လေယာဉ် များလဲ မနေ့ညက ပျံသန်းခဲ့ကာ လုံခြုံရေးများလည်း တင်းကျပ်ထားတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ ကလည်း စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရတခ တိုင်းမှူးတို့ အဖွဲ့ မုဒုံမြို့ရှိ လေဆိပ် စီမံကိန်းရှိရာကို လာရောက်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ လက်နက်ချဖို့ ညှိနှိုင်းမရတာကြောင့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA နှင့် ပူးပေါင်းတပ်များ စတင် တိုက်ခိုက်


ဧပြီလ ရက်။

Radio NUG

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခလရ (၂၇၅) ကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ရက် နေ့လည်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီလို့ သိရပါတယ်။


ဧပြီ ရက်နေ့ထိ လက်နက်ချဖို့ ညှိနိုင်းနေတဲ့ အဆိုပါ တပ်ရင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ပြန်ခေါ် ပေးမယ် ဆိုတာကြောင့် လက်နက်မချဘဲ စောင့်နေတာ ဖြစ်နိုင်ပြီး ဒီနေ့ (ဧပြီ ရက်) နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှာ KNLA ပူးပေါင်းတပ်များနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။


အဆိုပါ ခလရ (၂၇၅) တပ်ရင်းဟာ KNLA ပူးပေါင်းတပ်များက စစ်ကောင်စီရဲ့  ခမရ ၃၅၅၊ ခမရ ၃၅၆ နဲ့ ခမရ ၃၅၇ တပ်ရင်းများနှင့် သင်္ကန်းညီနောင် ဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ကူး ပေးခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။


လက်ရှိ တိုက်ပွဲအတွင်း စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲကာ ခုခံတိုက်ခိုက်နေပြီး ခမရ ၂၇၅ တပ်ရင်း အနီးက စိမ်းလဲ့မြိုင် ကား၀င်းနားမှာ ဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။


KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့ ဧပြီ ရက်နေ့က မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင် ဗျူဟာစခန်းနဲ့ ခမရ ၃၅၇ တို့ကို သိမ်းယူနိုင်ခဲ့ပြီး ခမရ ၃၅၇ တပ်ရင်းမှ အရာရှိ ၆၇ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၆၁၇ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


 ဧပြီ ရက်နေ့ကလည်း မြဝတီမြို့အတွင်း ပိတ်မိနေတဲ့ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိများနဲ့ ဝန်ထမ်း များကို ပြန်လည်ခေါ်ယူဖို့ဟုဆိုက မြဝတီမြို့ တပ်ဖက်ကမ်းက ထိုင်း နယ်စပ်မြို့ မဲဆောက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီရဲ့ MNA လေယာဉ်ဟာ ဘဏ်အတွင်းမှာ ငွေကြေးများနဲ့ အရာရှိ တချို့ကိုသာ ခေါ်ဆောင်သွားခဲ့ပြီး ထပ်မံလာရောက်ဖို့ ညှိနှိုင်းမှု ပျက်ပြားသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရေး-ထားဝယ် အမှတ် - ပြည်ထောင်စုလမ်းမကို ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်စိုးမိုးထား


ဧပြီလ ၉ရက်။


ရေး-ထားဝယ် အမှတ် - ပြည်ထောင်စုလမ်းမကို ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်စိုးမိုးထားတယ်လို့သတင်းရရှိပါတယ်။

မွန်ပြည်နယ် ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် - ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ရင်း - () ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ() ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ() ဝေဟင်ဒေါနတပ်ခွဲ() ထားဝယ်ခရိုင် တပ်ရင်း - (T1) ရေးသိမ်းငှက်၊ Ye Defense Force(YDF) ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ - () Ye Air Force(YAF) Saw Dragon Drone Force (အထူးဒရုန်းတပ်ဖွဲ့) စသည့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားတယ်လို့ဖော်ပြပါတယ်။


အမှတ် - ပြည်ထောင်စုလမ်းပိုင်းအား ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံစစ်ဆေးလျက်ရှိပြီး အမှတ် - ပြည်ထောင်စုလမ်းပိုင်းကို မတ်လ ၁၉ ရက်နေ့မှစ၍ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်ပါတယ်။ 


မတ်လ ၂၉ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များမှ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂လုံးကျဲကာ တိုက်ခိုက်ခဲ့ပြီး  ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ရန်သူစစ်ကောင်စီမှ K-8W Jet Fighter ၂စီးနှင့် ဟယ်လီကော်ပတာတစ်စီး (စုစုပေါင်း ၃စီး) အသုံးပြု၍ ဗုံးသီး ၄၀ ခန့် ကြဲကာတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၄။ မင်္ဂလာဒုံမြို့နယ် အမှတ်(၃၂၃)ထောက်ပို့တပ်စခန်းအား  မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် NOKA UG တို့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့


ဧပြီလ ၉ရက်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃၂၃)ထောက်ပို့တပ်စခန်းအား  မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် NOKA UG တို့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။


ဧပြီ၉ရက်ညပိုင်းမှာ မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)ကအတည်ပြုထုတ်ပြန်ပါတယ်။


"မင်္ဂလာဒုံမြို့နယ် အမှတ်(၃၂၃)ထောက်ပို့တပ်စခန်းအား ဧပြီ၉ရက်ညအချိန် :၅၅တွင် မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် NOKA UG တို့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


 စကစအထိအခိုက်ရှိနိုင်ပြီး တော်လှန်ရေး ရဲဘော်များဘေးကင်းစွာပြန်လည်ရောက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး 


ဧပြီ ရက်။


တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ၊ သံလွင်ခရိုင်၊ မုံးစီးမြို့နယ်၊ နမ့်နင်ချောင်းအတွင်း ဧပြီလ ရက်နေ့တွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


သေဆုံးသူမှာ ဦးအိုက်မင် အသက် ၃၂ နှစ် ကောင်းနိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပါသည်။ 


ဦးအိုက်မင်နှင့် ငါးမိုင်းခွဲရန်လိုက်သွားခဲ့သူတစ်ဦးက " ကျွန်တော်တို့ ယောက်သွားတာ အိုက်မင်က စကစ သုံးတဲ့လက်ပစ်ဗုံးကို  စနက်တံဖြုတ်တဲ့အချိန်မှာပဲ ပေါက်သွားတာ"ဟု ပြောသည်။


မိုင်းကြောင့် ၎င်း၏ လက်တစ်ဖက်ပြတ်ပြီး ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ၎င်းသူငယ်ချင်းတစ်ယောက်လည်း ဗုံးစ အနည်းငယ်ထိမှန်ခဲ့ပြီး တာမိုးညဲ ဆေးရုံတွင် ဆေးကုသခံယူနေသည်။


၎င်းရုပ်အလောင်းကို PSLF/TNLA မုံးစီးမြို့နယ်တာဝန်ရှိသူများနှင့် ရွာသူ/သားများက နမ့်နင်ချောင်းအနီးတွင် မီးသင်ဂြိုလ်ပေးခဲ့သည်။


========================


🚩🚩 ၆။ လောင်းလုံ လဝရရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေဆုံး၊ ဦး ဒဏ်ရာရ


ဧပြီလ ရက်။

Radio NUG


တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က လ၀ကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး ပူးပေါင်း တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ လောင်းလုံ ပကဖ က ဧပြီလ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


 ဧပြီလ ရက် နေ့လယ် ၁၂ နာရီခန့်က လောင်းလုံမြို့ပေါ်ရှိ လဝက ရုံးမှာ ဘန်ကာများဖြင့် အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဘန်ကာထဲမှာ ရှိတဲ့ စစ်သား ၁၀ ယောက်မှ ယောက်သေဆုံး သွားခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူရောက်လာတာမျိုး မရှိဘူးလို့ လောင်းလုံ ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်၊ ပြန်လည်ပစ်ခတ်ခဲ့တာတွေ ရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံ-ပကဖ ရဲ့ (လိပ်ပြာတပ်စု) (ကင်းမြီးကောက် ပြောက်ကျားတပ်စု) နဲ့ ဓူဝံကြယ်တပ်ဖွဲ့၊ Modern Punk Student Revolutionary Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ရေဦးရဲစခန်းနဲ့ စစ်ကောင်စီနှင့် ပျူစောထီးများ သောက်စားမူးယစ်နေတဲ့ နေရာများကို Fixed Wing Drone များ ဖြင့် တိုက်ခိုက်ခဲ့ 


ဧပြီလ ရက်။

Radio NUG


စစ်ကိုင်းတိုင်း၊ ရွေဘိုခရိုင်၊ ရေဦးမြို့နယ်က ရေဦးမြို့မရဲခန်းနဲ့ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ သောက်စားမူးယစ်နေတဲ့ နေရာများကို  Fixed Wing Drone များ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်း အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDF က သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ မနက် နာရီ ၅၅ မိနစ်က ရေဦးမြို့မ ရဲစခန်းအတွင်းမှာ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM တစ်ဦးဖြစ်သူ မစပယ်ဦးတို့ရဲ့ မင်္ဂလာဆောင်ကျင်းပနေချိန်မှာ Fixed Wing Drone  စီးဖြင့် ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှုများနဲ့ သေဆုံးဒဏ်ရာရမှုများကို စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် မနက် နာရီ ၄၅ မိနစ်ခန့်မှာလည်း ရေဦးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ မူကျင်းအဆင်းမှာ မူးယစ်သောက်စားပြီး ကြက်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများကို Fixed Wing Drone စီးဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦး PDF က ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ကြက်ဝိုင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီ တပ်သား ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment