11th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ရိုဟင်ဂျာ အားလုံးလည်း တက်ညီလက်ညီနဲ့တော်လှန်ရေးထဲပါဝင်ကာ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ လုပ်ရမယ်လို့ပြောကြား

📌 ၂။ မြန်မာအနုပညာရှင်များအနေဖြင့် စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရစေကာမူ ၎င်းတို့ တတ်မြောက်ကျွမ်းကျင်သည့် အနုပညာများကို အသုံးချ၍ စစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ဆို

📌 ၃။ စစ်ကိုင်းတိုင်း၊ကန့်ဘလူ၊ပဇီကြီးကျေးရွာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၁နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း  နိုင်ငံတကာသည် အရေးယူရန် ပျက်ကွက်နေဆဲဖြစ်


၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ KNU အတည်ပြု

🚩 ၂။ ခလရ၂၇၅ တပ်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် () တွင် ပုန်းရှောင်လျှက်ရှိတယ်လို့ KNUဗဟိုအသိပေး

🚩 ၃။ နေပြည်တော် အေလာလေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက် လေတပ်အရာရှိအပါအဝင် စစ်သားအချို့သေဆုံး

🚩 ၄။ ဖားကန့်မြို့နယ် နန့်ယား စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်ရှင်းလင်း

🚩 ၅။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဌာနချုပ်တပ်ရင်းရှိ အဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား၍ကာလတန်ဖိုး ကျပ်သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့

🚩 ၆။ စစ်ကိုင်း တပ်မ ၃၃ ကနေ မြင်းမူကိုလာတဲ့ စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက် ဦးသေဆုံး

🚩 ၇။ ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်ရဲမေတဦး ပြည်သူ့ရင်ခွင်ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ရိုဟင်ဂျာ အားလုံးလည်း တက်ညီလက်ညီနဲ့တော်လှန်ရေးထဲပါဝင်ကာ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ လုပ်ရမယ်လို့ပြောကြား


ဧပြီ၁၁ရက်


တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ရိုဟင်ဂျာ အားလုံးလည်း တက်ညီလက်ညီနဲ့တော်လှန်ရေးထဲပါဝင်ကာ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ လုပ်ရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဧပြီ၁၀ရက်မှာ ရိုဟင်ဂျာများကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


"ကျွန်တော်တို့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာမွတ်စလင်တွေ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေကို တဆင့်နိမ့် နိုင်ငံသားအဖြစ် အဆင့်နိမ့်ချခဲ့ကြတယ်။ နိုင်ငံသားအဖြစ်တောင် အသိအမှတ်မပြုတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍတွေမှာ ပါဝင်ခဲ့မှုတွေ ကျွန်တော်တို့ရဲ့ အတိတ်က သမိုင်းတွေ အကုန်လုံးကို ပယ်ဖျက်ပြီး မသိချင်ယောင် ဆောင်ကာ စစ်အာဏာရှင်တွေက သူတို့ စိတ်ကြိုက် ပုံဖော်ကစား အသုံးချခဲ့တယ်။ ၂၀၁၆ / ၂၀၁၇ မှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်။ လူပေါင်းသိန်းချီ ထွက်ပြေးခဲ့ရမှုရဲ့ လက်သည်တရားခံက ဒီ စစ်တပ်ပဲ ဖြစ်ပါတယ်။ အခုလည်း အာရကန်ရဲ့ မြို့နယ်အတော်များများမှာ ရိုဟင်ဂျာတွေအနေနဲ့ စစ်တပ်ရဲ့ အဓမ္မ စစ်သားအဖြစ် စုဆောင်းခံနေရတယ်။ လူမျိုးစုတွေအချင်းချင်းကြား ပဋိပက္ခဖြစ်အောင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်။ ကျွန်တော်တို့ သတိဝီရိယနဲ့ ဒီကာလတွေကို ကျော်ဖြတ်ဖို့လိုတယ်။ ကျွန်တော်တို့ အားလုံးရဲ့ စည်းကမ်းရှိမှု၊ စည်းလုံးမှု၊ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာ ဒါတွေကို ပြသဖို့ ဒီအချိန်အခါက အခွင့်ကောင်းဖြစ်တယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ အားလုံးလည်း တက်ညီလက်ညီ ဒီတော်လှန်ရေးထဲပါဝင်ပြီး ဒီ စစ်အာဏာရှင်စနစ်ကြီး အဆုံးသတ်ဖို့ လုပ်ရမယ်"လို့ဆိုပါတယ်။


ဒါ့အပြင် စစ်အုပ်စုရဲ့ မတရားအနိုင်ကျင့်မှုတွေဟာ စစ်တပ်ရဲ့ နေ့စဉ် ကျဆုံးမှုတွေနဲ့ အတူ အဆုံးသတ်သွားမှာဖြစ်တယ်လို့လည်း ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ မြန်မာအနုပညာရှင်များအနေဖြင့် စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရစေကာမူ ၎င်းတို့ တတ်မြောက်ကျွမ်းကျင်သည့် အနုပညာများကို အသုံးချ၍ စစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ဆို


ဧပြီ၁၁ရက်


မြန်မာအနုပညာရှင်များအနေဖြင့်စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရစေကာမူ ၎င်းတို့ တတ်မြောက်ကျွမ်းကျင်သည့် အနုပညာများကို အသုံးချ၍ စစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


ယူနက်စကိုနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ နော်ဝေနှင့် အီတလီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ ပူးတွဲစီစဉ်ကြီးမှူးသည့် Defending Creative Voices Side-event အားကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတက်ရောက်ဆွေးနွေးပြောကြားခဲ့ပါတယ်။


"စစ်တပ်၏ လူမဆန်ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာအနုပညာရှင်များအနေဖြင့် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြသည့်သူများတွင် ပါဝင်ခဲ့ကြကြောင်း၊ အချို့မှာ ရှောင်တိမ်းပုန်းရှောင်ခဲ့ရကြောင်း၊  မြန်မာအနုပညာရှင်များအနေဖြင့်လည်း စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရစေကာမူ ၎င်းတို့ တတ်မြောက်ကျွမ်းကျင်သည့် အနုပညာများကို အသုံးချ၍ စစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထား ကြောင်း၊ အချို့မှာ တော်လှန်ရေးရုပ်ရှင်များ ရိုက်ကူးခြင်း၊ ဖျော်ဖြေတင်ဆက်မှုများ စီစဉ်ခြင်း၊ ပြပွဲများ၊ ဟာသရှိုးများ၊ သီချင်းဆိုပွဲများ စသည်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အနုပညာရှင်များ ၎င်းတို့ ကျွမ်းကျင် တတ်မြောက်သည့် အနုပညာ ပညာရပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ အပြည့်အဝပေးအပ်နိုင်ရန် တိုက်တွန်းအပ်တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်း၊ကန့်ဘလူ၊ပဇီကြီးကျေးရွာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၁နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း  နိုင်ငံတကာသည် အရေးယူရန် ပျက်ကွက်နေဆဲဖြစ်


ဧပြီလ ၁၁ ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူ၊ပဇီကြီးကျေးရွာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၁နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း  နိုင်ငံတကာသည် အရေးယူရန် ပျက်ကွက်နေဆဲဖြစ်တယ်လို့ ဧပြီ၁၁ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းက အသိပေးကြေညာပါတယ်။


"ယနေ့ ဧပြီလ (၁၁)ရက်နေ့သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော ပဇီကြီးကျေးရွာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၁နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ မနက် နာရီခွဲ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်၊ ပဇီးကြီး ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ရုံးဖွင့်ပွဲ အလှူ ပြုလုပ်ရာနေရာသို့ စစ်အုပ်စုမှ ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အသက်ရှင်ကျန်ခဲ့သူများကိုလည်း စစ်သုံးရဟက်ယာဉ်များဖြင့် လိုက်လံ ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ကလေးငယ် ၄၀ နီးပါး နှင့် အရပ်သား ပြည်သူ စုစုပေါင်း ၁၇၀ ကျော်  သေဆုံးခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။

 

အကြမ်းဖက် စစ်အုပ်စု၏ ထိုလုပ်ရပ်အပေါ် နိုင်ငံတကာ အနေဖြင့် ကန့်ကွက် ရှုတ်ချခဲ့ခြင်းမှ လွဲပြီး  ယခုအချိန်ထိ အရေးယူမှုများ မပြုလုပ်သေးဘဲ တာဝန်မဲ့စွာ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ဖော်ပြပါတယ်။

 

စစ်အုပ်စုသည် ပဇီးကြီး ကျေးရွာကဲ့သို့ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ်နှင့် အမျှ စိတ်တိုင်းကျ ပြုလုပ်နေနိုင်သည့် အဓိက အကြောင်းအရင်းမှာ နိုင်ငံတကာမှ လေယာဉ်ဆီများ အတားအဆီးမဲ့စွာ ဝယ်ယူရရှိနေခြင်းကြောင့်ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ မှ ၂၀၂၃ ဒီဇင်ဘာ အတွင်း  လေကြောင်း ဗုံးကြဲမှုအကြိမ်ရေ  ၁၆၅၀ ကျော်၊ ကလေးငယ်များနဲ့ ပြည်သူ ၉၅၀ နီးပါးအသက်သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။

 

၂၀၂၄ခုနှစ်၊ ဧပြီလ () ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက် အဖြစ် ဂျက်လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းခြင်းများကို ရပ်တန့်ရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများကို ပထမဆုံးအကြိမ် တောင်းဆိုထားပြီးယခုကဲ့သို့ တောင်းဆိုမှုမျိုးကို  ဆုံးဖြတ်ချက်ချရန်ကုလသမဂ္ဂမှ ၃နှစ်ကျော်ကြာ ကြန့်ကြာခဲ့ပြီး သေဆုံးမှုများ ပိုမိုများပြားလာအောင် အချိန်ဆွဲလွန်းခဲ့သည့်အပြင် အမှန်တကယ် ထိရောက်သော အရေးယူမှုများ လိုအပ်နေဆဲ ဖြစ်တယ်လို့ဖော်ပြပါတယ်။ 

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ထိုနိုင်ငံများ၏ ကုမ္ပဏီများသည် စစ်အုပ်စုထံ လေကြောင်း လောင်စာဆီများ တင်ပို့ရောင်းချနေမှု အားလုံးကို အမြန်ဆုံး မဖြစ်မနေ ရပ်တန့်ရမှာဖြစ်တယ်လို့ Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု)ကမ်ပိန်းကအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ KNU အတည်ပြု 


ကရင်ပြည်နယ်ထဲက မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တယ်လို့ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ KNU က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့မနေဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြဝတီမြို့မှာကျန်နေတဲ့ ခလရ၂၇၅ တပ်စခန်းကို ဧပြီလ ရက်နေ့မှာ  စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့ မနက် ၄နာရီ မိနစ်၂၀မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ KNU က ဆိုပါတယ်။ 

ခလရ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာမှာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ တာကိုလည်း ဓတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။


ခလရ၂၇၅ တပ်စခန်းကို မတိုက်ခိုက်မီ လက်နက်ချအညံ့ခံဖို့ အခွင့်အရေးပေးခဲ့ပေမယ့် ဒီတပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ လက်နက်ချအညံ့ခံခြင်းမရှိခဲ့တာကြောင့် တိုက်ခိုက်ခဲ့ရတာလို့လည်း အသိပေးထားပါတယ်။

တိုက်ပွဲကြောင့် ဒေသခံအများအပြား ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေသူတွေရှိသလို မြို့ထဲမှာလည်း ကျန်‌နေရစ် သူတွေရှိတယ်လို့ မဲဆောက်ဘက်ကို စစ်ဘေးရှောင်လာသူတွေက ဆိုပါတယ်။ 


စခန်းကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေနိုင်တဲ့အတွက် မြို့မှာကျန်နေတဲ့သူတွေ အပြင်မထွက်ရဲ ဘူးဖြစ်နေတယ်လို့ အမှတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတ့တားအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ မြဝတီမြို့က အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေ တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကျွင်းအကျန်တွေကို ရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပေမယ့် ပြည်သူလူထု အနေနဲ့ ထိတ်လန့်ကြောက်ရွံ့မနေဘဲ ပူးပေါင်းလုပ်ဆောင်ပေးဖို့ KNU ကတိုက်တွန်းထားပါတယ်။


စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၅ တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲဝင်တွေဟာ အမှတ် ချစ်ကြည်ရေးတံတား အနီးမှာ လက်နက်တွေနဲ့အတူ ထိုင်းနိုင်ငံဘက် ခိုလှုံခွင့်ရရှိရေးစောင့်ဆိုင်းနေပေမယ့် ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ခိုလှုံခွင့်မရသေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၂။ ခလရ၂၇၅ တပ်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် () တွင် ပုန်းရှောင်လျှက်ရှိတယ်လို့ KNUဗဟိုအသိပေး


ဧပြီလ (၁၁) ရက်


ခလရ၂၇၅ တပ်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် () တွင် ပုန်းရှောင်လျှက်ရှိတယ်လို့ KNUဗဟိုအသိပေးထုတ်ပြန်ပါတယ်။


ဧပြီ၁၁ရက်မှာ KNUဗဟိုက ဓာတ်ပုံမှတ်တမ်းများနှင့်တကွထုတ်ပြန်ပါတယ်။


"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)  နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြဝတီတံတားအမှတ် () တွင် သွားရောက် ပုန်းရှောင်လျှက်ရှိတယ်"လို့ဖော်ပြပါတယ်။


မြဝတီတံတားအမှတ် () တွင် သွားရောက်ပုန်းရှောင်သော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျှက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျှက်ရှိပြီး စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတစ်ဝှိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် အသိပေးကြေညာထားပါတယ်။


မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၃။ နေပြည်တော် အေလာလေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက် လေတပ်အရာရှိအပါအဝင် စစ်သားအချို့သေဆုံး


နေပြည်တော် အေလာလေတပ်စခန်းကို ယနေ့မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံး ၇လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေတပ် အရာရှိအပါအဝင် စစ်သားအချို့သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧပြီလ ၁၁ ရက် မနက် နာရီ ၅၀ မိနစ်ခန့်အချိန်မှာ နေပြည်တော် အေလာလေတပ်အတွင်း ရှော့တိုက်ဒုံး လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လေယာဉ်များထားရှိရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို သင်္ကြန်ကာလမှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအတွက် ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်အနီး ရှော့တိုက်ဒုံးတလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မဏ္ဍပ်လည်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ 


အခုလို တိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ ရှော့တိုက်ဒုံးပစ်ခတ်ရာနေရာတွေကို ရှာဖွေ နေတယ်လို့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force -MKCDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော်အေလာလေဆိပ်ဟာ နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ဗဟိုအချက်အချာနေရာမှာရှိနေကာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အနယ်နယ်အရပ်ရပ်သို့ စစ်လေယာဥ်များစေလွှတ်ရာ အဓိကကျတဲ့ အဆင့်မြင့်လေတပ်စခန်းတခုဖြစ်တဲ့အပြင် စစ်ကောင်စီအကြီးအကဲတို့ အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့် အဓိက ပြေးပေါက်လည်းဖြစ်တယ်လို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ BWM က အသိပေးပါတယ်။ 


ယခုတိုက်ခိုက်မှုဟာ နေပြည်တော် အေလာလေဆိပ်ကို ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အလုံခြုံဆုံးနဲ့အဆင့်အမြင့်ဆုံးဆိုတဲ့ လေတပ်စခန်းသည်ပင် တော်လှန်ရေးအင်အားစုများ၏ လက်တကမ်း ပစ်မှတ်အဆင့် ကို ရောက်ရှိနေပြီဆိုတာ သက်သေပြရင်း နိုင်ငံတဝန်း တော်လှန်ရေးအရွေ့ဖြစ်စေမယ့် နောက်ထပ်စစ်ရေးပစ်မှတ်တွေကို လည်း တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်သွားမယ်လို့ Brave Warriors for Myanmar -BWM က ထုတ်ပြန်ထားပါ တယ်။ 


========================


🚩🚩 ၄။ ဖားကန့်မြို့နယ် နန့်ယား စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်ရှင်းလင်း


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက နန့်ယားစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIAက ယနေ့ ဧပြီလ ၁၁ ရက် မနက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲက နန့်ယားတပ်စခန်းနဲ့ ဆယ်ဇင်းတပ်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဧပြီ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆယ်ဇင်းစခန်းကို အဲဒီနေ့မှာပဲ သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးက သေနက် ၂၂ လက်နဲ့အတူ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။


နန့်ယားတပ်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့တယ်လို့လည်း သိရပါတယ်။  

ယခု သိမ်းပိုက်လိုက်တဲ့ နန့်ယားစခန်းဟာ မြစ်ကြီးနား - ဖားကန့်လမ်းမှာရှိပြီး ဖားကန့်ကိုလာတဲ့ ခရီးသွားတွေနဲ့ ကားသမား တွေကို ဒုက္ခပေးနေတဲ့ တပ်စခန်းဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 


လက်ရှိအချိန်မှာ အဆိုပါတပ်စခန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ လည်း ဆိုပါတယ်။

KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ နန့်ယားစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဟာ မဟာဗျူဟာအရ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး ဆက်လက်ထိန်းထားနိုင်ဖို့လိုတယ်လို့ စစ်ရေးလေ့လာသူတွေကဆိုပါတယ်။ 


KIAPDFဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ရက်ကစပြီး ကချင်ဒေသအတွင်း ထိုးစစ်အရှိန်မြှင့်ခဲ့ရာ တလကျော် အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေအပါအဝင် ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်း၊ မံစီ၊ လွယ်ဂျယ်၊ လိုင်ဇာ စတဲ့ ဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၇၀ ခန့် သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဌာနချုပ်တပ်ရင်းရှိ အဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား၍ကာလတန်ဖိုး ကျပ်သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့


ဧပြီ၁၁ရက်


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဌာနချုပ်တပ်ရင်းရှိ အဆောင်တစ်ဆောင် မီးလောင်မှု ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွါးခဲ့တယ်လို့အတည်ပြုပါတယ်။


အဆောင်ပတ်လည် မီးတားရာမှတဆင့် အဆောင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆောင်ရှိ စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ အသုံးအဆောင်အပါအဝင်မီးစက်၊ ဒိုင်နမိုတို့ပါ မီးလောင်ဆုံးရှုံးခဲ့ပြီး ရဲဘော်များ ထိခိုက်ခြင်း မရှိဘူးလို့သိရပါတယ်။


မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့ပြီး ယခုမီးလောင်မှုသည် တပ်ဖွဲ့တွင်း  သုံးနှစ်တာကာလအတွင်း ကြိမ်မြောက် မီးလောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်း တပ်မ ၃၃ ကနေ မြင်းမူကိုလာတဲ့ စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက် ဦးသေဆုံး


စစ်ကိုင်းမြို့မှာရှိတဲ့ တပ်မ ၃၃ ကနေ မြင်းမူဘက်ထွက်လာတဲ့ စစ်ကား စီးကို မြင်းမူမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ Moe Nyo Revolution Force MNRF က ပြောပါတယ်။

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ စစ်ကောင်စီတပ်သား အပြည့်ပါတဲ့ တွဲကားခေါင်းပြာတစီးနဲ့ခေါင်းဖြူတစီးကို ဧပြီလ ၁ဝ ရက်နေ့ မွန်းလွဲ၂နာရီခွဲခန့်အချိန်က မြင်းမူမြို့အဝင်မှာ ပေါက်ကွဲအားပြင်း မိုင်းအကြီးနဲ့ ကြိုဆိုခဲ့တာလို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စက်သေနတ်ကိုင်စစ်သားအပါဝင် ကားခေါင်းခန်းထဲကစစ်သား၂ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ Moe Nyo Revolution Force-MNRF အဖွဲ့က အသိပေးပါတယ်။

မိုင်းထိသွားတာကြောင့် ကားထိုးရပ်သွားပြီးတဲ့နောက် ကားပေါ်ပါတဲ့ စစ်သားတွေက ပတ်ဝန်းကျင်းကို ရမ်းသန်းပစ်ခတ်မှု တွေလုပ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF PENTAGRAM ငါးထောင့်ကြယ်၊ ကျောက်ဆည်ခရိုင် တပ်ရင်း- စတဲ့ ညီနောင်၃ဖွဲ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးမှာနေပေးကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေရှိရာနေရာ တွေမှာ မနေကြဖို့ Moe Nyo Revolution Force MNRF က အသိပေးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်ရဲမေတဦး ပြည်သူ့ရင်ခွင်ခိုလှုံ


ဧပြီ၁၁ရက်


ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်ရဲမေတဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပါတယ်။


ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲမေ မသည် ယောဒေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့အလင်းဝင်ကာ ပြည်သူ့ရင်ခွင့်သို့ ခိုလှုံလိုကြောင်း ဆက်သွယ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါရဲမေအား ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) ချင်းအမျိုးသားတပ်မတော် (CNA) တို့၏ အကူအညီဖြင့် ခေါ်ဆောင်ကယ်ထုတ်ခဲ့ပြီး မိမိတို့တပ်ဖွဲ့မှ သွားရောက် ခေါ်ဆောင်ပေးခဲ့တယ်လို့ဧပြီ၁၁ရက်သတင်းထုတ်ပြန်ပါတယ်။


လက်ရှိတွင် ၎င်း၏ဆန္ဒအရ ဆက်လက်၍ လက်နက်ကိုင်လိုခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ ရပ်ကျေး/မြို့နယ် ပအဖများသို့ ထပ်မံဆက်သွယ်ကာ စနစ်တကျ လွှဲပြောင်း အပ်နှံပေးခဲ့ပြီး ဖြစ်တယ်လို့အတည်ပြုပါတယ်။


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့ဆက်သွယ်ကာ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ဦး၊ လက်နက်ကိုင်မဟုတ်သော အခြားဝန်ထမ်း ဦး၊ ပျူစောထီးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့် ရှိပြီ ဖြစ်ပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment