11th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက"အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့သို့သဝဏ်လွှာ"ပေးပို့

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၂၄နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကျင်းပ

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့

📌 ၅။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား လူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်ခဲ့သည့်အစီရင်ခံစာအတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအသိပေး

📌 ၆။ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တွေ့ဆုံဆွေးနွေး

📌 ၇။ စစ်ရှောင်များအရေး ကူညီပေးနေတဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဟောင်း) ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး


၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုသဝဏ်လွှာပေးပို့

🚩 ၂။ "ဖက်ဆစ် စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို လူမကျန်ရင်နေ မြေကျန်ပြီးရော အလုံးစုံပျက်သုဥ်းရေးမူဝါဒကို လုပ်ဆောင်နေတယ်"လို့ဆို

🚩 ၃။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသူများ လွတ်မြောက်နယ်မြေတွင် နေထိုင်ရန် AA စစ်ဦးစီးချုပ် အကြံပြု

🚩 ၄။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပတ်စဥ်()သင်တန်းဆင်းပွဲကျင်းပ

🚩 ၅။ ရန်ကုန်နဲ့မန္တလေးက စစ်တိုင်းမှူးတွေ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းဖို့ UG ၂ဖွဲ့ သတိပေး

🚩 ၆။ စစ်တပ်ထောက်ပို့ ယာဉ်နှစ်စီးကို PDF မှ တားစီးစစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဦးသေဆုံး

🚩 ၇။ မတ္တရာမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး ဦး အပါအဝင် အရပ်သား ဦး သေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက"အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့သို့သဝဏ်လွှာ"ပေးပို့


ဧပြီလ ၁၀ ရက်


အမျိုးသားညီညွတ်ရေးအစိုးရက"အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့သို့သဝဏ်လွှာ"ပေးပို့ခဲ့ပါတယ်။


ဧပြီလ ၁၀ရက် အစ္စလာမ်ဘာသာဝင်တို့၏ အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်လို့ဖော်ပြပါတယ်။


 အစ္စလာမ်ဘာသာဝင်တို့သည် နှစ်စဉ် ရမဒွါန်လရောက်တိုင်း ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ နွမ်းပါးသူများအား လှူဒါန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ် အပေါင်းကို ပြုလုပ်ပြီးသကာလ ဝါကျွတ်အိဒ်နေ့ဖြစ်သည့် အီဒုလ်ဖိသိရ်နေ့ကြီးတွင် မိသားစု၊ ဆွေမျိုး မိတ်သင်္ဂဟအပေါင်းနှင့် ရွှင်လန်းချမ်းမြေ့စွာ ကျင်းပကြသည်ဖြစ်သော်ငြား ယနေ့ကာလ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာ လုပ်ဆောင်လျက်ရှိနေရာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း မိမိတို့၏ ဘာသာတရားအား လွတ်လပ်၊ ပျော်ရွှင်၊ ကောင်းမွန်စွာ ကျင့်ကြံအားထုတ်မှု မပြုနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ စိတ်မသက်မသာ ဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့နှင့်အတူ ထပ်တူ ခံစားရပါ ကြောင်း ပြောကြား လိုတယ်လို့ဆိုပါတယ်။


 ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် နိုင်ငံတကာရာဇာဝတ်မှုများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာနိုင်ငံကြီးအများစုက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး သိန်းချီသော ရိုဟင်ဂျာများက မိမိတို့၏ မူလဌာနေကို စွန့်ခွာ၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆင်းရဲကျပ်တည်းစွာ ခိုလှုံနေရသော မြန်မာပြည်သူပြည်သား ရိုဟင်ဂျာများ၏ ရမဒွါန်လအတွင်းနှင့် အီဒုလ်ဖိသိရ်ဝါကျွတ်အိဒ်ပွဲတော်တို့တွင် လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲခြင်း မပြုနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်ချင်းစာမိပါကြောင်း၊ ပြည်တွင်းမှ လက်ကျန် ရိုဟင်ဂျာများအပေါ်လည်း အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံသုံး ညှဉ်းပန်း အကျပ်ကိုင်မှုများကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာ ရမဒွါန်လအတွင်းနှင့် အီဒုလ်ဖိသိရ်ဝါကျွတ် အိဒ်ပွဲတော် တို့တွင် လွတ်လပ်ပျော်ရွှင်စွာဆင်နွှဲခြင်း မပြုနိုင်သည့်အပေါ်ကိုလည်း များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း ပြောကြားလိုတယ်လို့ဖော်ပြပါတယ်။


 ယနေ့ကာလသည် မိမိတို့နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လှုပ်ရှား ရုန်းကန်နေရသည့် တော်လှန်ရေးကာလဖြစ်ပြီး မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြတ်ပြတ်သည်အထိ သက်ဆိုင်ရာ အင်အားစုအသီးသီးနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကြိုးပမ်းရာတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှု ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာရေးအတွက် လက်တွဲညီညီဖြင့် တူညီသော ပန်းတိုင်ဆီသို့ ချီတက်ရုန်းကန်သွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။


သို့ပါ၍ ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်နေ့ အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာလျက် စိတ်ချမ်းသာကြပါစေကြောင်း ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ဤသဝဏ်လွှာကို ပေးပို့အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၂၄နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့


ဧပြီလ ၁၀ရက်။

ဧပြီလ ၁၀ရက်နေ့တွင် ကျရောက်သည့် ကယန်းတိုင်းရင်းသားတို့၏ (၂၄)နှစ်မြောက် ကယန်းအမျိုးသားနေ့ အခါသမယတွင် ပြည်တွင်း၊ ပြည်ပရှိ ကယန်းတိုင်းရင်းသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းမှ ကင်းစင်ကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာတွင်ဆုမွန်ကောင်းတောင်း ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် မအောင်မြင်သည့် စစ်အာဏာသိမ်းမှုတစ်ရပ်ကို အကြမ်းဖက် စစ်အုပ်စုက ဆင်နွှဲပြီးသည့်နောက် အခြားတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများနှင့် တန်းတူ ရင် ဘောင်တန်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ် ချုပ်ခွင့်ကို အပြည့်အဝ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး ဘုံရည်မှန်းချက် ()ရပ်ကို ခိုင်ခိုင်မာမာ စွဲကိုင်ကာ ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ မြင်ရပါတယ်။တစ်စု၊ တစ်ဖွဲ့၊ တစ်ပြည်နယ် လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး ပြိုင် တူလွတ်မြောက်ရေးအတွက် အခြားတိုင်းရင်းသားများ အားလုံးနှင့် လက်တွဲညီညီ ဆောင်ရွက်နေမှု အတွက်လည်း ပြည်ထောင်စုသား တိုင်းရင်းသားများနှင့် ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ ဖော်ပြထားပါတယ်။


ကယန်းတိုင်းရင်းသားတို့သည် အတိတ်သမိုင်းတွင် ရှိခဲ့သည့် ညီညွတ်ရေးကို ယနေ့အချိန် အထိ မြဲမြံအောင် ဆက်လက်ထိန်းသိမ်းထားနိုင်မှုကို လေးစားအတုယူဖွယ်အဖြစ် အသိအမှတ်ပြုပြီး ကရင်နီပြည်နယ်မှ အစပြုကာ တစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း  ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကျင်းပ


ဧပြီလ ၁၀ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၅/၂၀၂၄)ကို ဧပြီလ ၁၀ရက်နေ့မှာကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့


ဧပြီလ ၁၀ရက်။

အမျိုးသားညီညွတ်ရေးအစိုးရက မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဧပြီလ ၁၀ရက်နေ့မှာ  လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"ယခုရက်ပိုင်းအတွင်း တော်လှန်ပြည်သူများအတွက် မင်္ဂလာရှိသော အားတက်ဖွယ်ကောင်းသော သတင်းများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် တင်ပြလိုပါတယ်"လို့ဖော်ပြပါတယ်။

အဆိုပါ တော်လှန်ရေးပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၄၀၆.)သန်းကို   နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၅၄,၂၀၀) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၂၉၀.) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၅၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၈၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆.) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၌ ငွေကျပ် (.) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၃.) သန်း၊

 မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် (၄၆) လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်း စသည်တို့ကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား လူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်ခဲ့သည့်အစီရင်ခံစာအတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအသိပေး


ဧပြီလ ၁၀ရက်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား လူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်ခဲ့သည့်အစီရင်ခံစာအတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီလို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။


"လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအားမြန်မာနိုင်ငံရှိ ပြည်သူများ၏ ရည်မှန်းချက်များ ဖြစ်သည့် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ တာဝန်ခံမှု ဖော်ဆောင်ခြင်း၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးအတွက် လုပ်ဆောင်ခြင်း စသည့်နည်းလမ်းများကို ပြည့်ပြည့်စုံစုံ အစီရင်ခံစာရေးဆွဲ တင်သွင်းရန်တာဝန်အပ်နှင်းခဲ့တယ်"လို့ဖော်ပြပါတယ်။


မြန်မာနိုင်ငံအနေဖြင့်  လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား ကောင်စီက တာဝန်ပေးအပ်ခဲ့သည့် ထိုအစီရင်ခံစာအတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီလို့အသိပေးဖော်ပြပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ တရားရုံးများနှင့် နိုင်ငံတော်အဆင့်  တရားစီရင်ပိုင်ခွင့်များ မှတစ်ဆင့် တာဝန်ခံမှု ဖော်ဆောင်နိုင်ရေးနှင့် အထူးခုံရုံးများ ဖွဲ့စည်းခြင်းအပါအဝင် တရားမျှတမှုနှင့် နစ်နာမှုများအားကုစားပေးခြင်းဆိုင်ရာ နည်းလမ်းသစ်များကို ရှာဖွေ ဖော်ထုတ်လုပ်ဆောင်သွားရန် ခိုင်မာစွာ ကတိပြုအပ်တယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၆။ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တွေ့ဆုံဆွေးနွေး


ဧပြီလ ၁၀ရက်။

တအာင်းပြည်နယ် တပ်မဟာ-၁စစ်ဒေသ နမ့်ခမ်းမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနတို့ ဧပြီလ ၁ဝ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့ခန်းမမှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာ မြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဌာနက ဗိုလ်စကိုင်းနဲ့ စည်ပင်သာယာရေးဌာနက တားလိုမ်ဆန်းသစ်တို့က နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုပါတယ်။

တအာင်းပြည်နယ်အတွင်း ပြည်သူတွေ ဘဝလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပြီး အများကြည်ညိုလေးစားတဲ့ သြဇာတိက္ကမရှိသူတွေ ရွေးချယ်ခန့်အပ်ဖို့ တာဝန်ပေးအပ်ရမယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းက နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများ၊ မြို့ပြန်လည်ထူထောင်ရေးကိစ္စများနဲ့ မြို့သာယာရေးစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး လုပ်ရမယ့်တာဝန်ရှိကြောင်းနဲ့ ရပ်ကွက်အလိုက် ရေးမြောင်းရှင်းလင်းခြင်း၊ ခြုံပင်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ပျက်စီနေတဲ့လမ်းတွေ ပြန်ပြုပြင်ပေးတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားပါတယ်။

အဆိုပါအခမ်းအနားသို့ နမ့်ခမ်းမြို့နယ်ထဲက မြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ PSLF/TNLA ဘက်က တာဝန်ရှိသူတွေ အပါအဝင် စုစုပေါင်း လူဦးရေ ၃၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ စစ်ရှောင်များအရေး ကူညီပေးနေတဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဟောင်း) ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး


ဧပြီလ ၁၀ ရက်။

Radio NUG

ကျိုက်မရောမြို့နယ်က စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခု ဖြစ်တဲ့ သံလွင်တိုင်းက ဖော်ပြပါတယ်။


ဧပြီလ ၁၀ ရက်နေ့ မနက် နာရီခန့်မှာ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသထဲရှိ ကော့သပ်၊ ကော့စွယ် ကျေးရွာဘက်က စစ်ရှောင်တွေကို လူသားချင်းစာနာမှု အကူအညီတွေ သွားရောက် ပို့ဆောင်နေစဉ် မော်လမြိုင် စက်မှုဇုန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။


 ကော့ဘိန်းရဲစခန်း အသိမ်းခံရပြီး‌နောက် မတ်၂၇ ရက်နေ့မှာ စစ်ကောင်စီက ဓမ္မသရွာကို ကြည်း ရေ လေ အမြောက်တွေနဲ့ တိုက်ခိုက်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြီး အနီးအနားက ရွာတွေပါ ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးသင့်ခဲ့ရပါတယ်။


 အဆိုပါ မီဘေးသင့် ပြည်သူတွေ၊ စစ်ရှောင် ပြည်သူတွေကို လူသားစာနာမှု အကူအညီများ ပေးအပ်နိုင်ဖို့ မွန်ဆရာတော်များ ဦးဆောင်တဲ့ ရာမညနိကာယ ပရဟိတအဖွဲ့ပိုင် ကားဖြင့် ထောက်ပံ့ပစ္စည်းများ တင်ဆောင်ပြီး ကျိုက်မရော စစ်ရှောင်ပြည်သူများထံ သွားရောက်စဉ်မှာ ဖမ်းဆီးခဲ့တာပါ။


 ဒေါက်တာ အောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၀, ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ သုံးကြိမ်လုံးတွင် ချောင်းဆုံ မဲဆန္ဒနယ်ကနေ သုံးကြိမ်ဆက် အနိုင်ရထားတဲ့ လွတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး NLD အစိုးရလက်ထက် မွန်ပြည်နယ် လွတ်တော်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။


 စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ပြီး ရာမညနိကာယ ပရဟိတအဖွဲ့တွင် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသူ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုသဝဏ်လွှာပေးပို့


ဧပြီလ ၁၀ရက်။

(၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ NUGကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက် ကျရောက်သည့် (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ NUGကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း အာရက္ခတပ်တော်ကအသိပေးဖော်ပြပါတယ်။


သဝဏ်လွှာအရ ၁၅နှစ်တာ တော်လှန်ရေးခရီးကြမ်းအတွင်း အသက်အိုးအိမ် စည်းစိမ်၊ ခန္ဓာနှင့်ဘဝတို့ကို ရင်းနှီးပေးဆပ်ခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင့်ပြည်သူလူထုတို့ကို ဦးညွတ်ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်အခါသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ သွားရန်အကောင်းဆုံးအချိန်အခါဖြစ်သည်ဟု မှတ်ယူကြောင်းလည်းဖော်ပြပါရှိပါတယ်။


========================


🚩🚩 ၂။ "ဖက်ဆစ် စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို လူမကျန်ရင်နေ မြေကျန်ပြီးရော အလုံးစုံပျက်သုဥ်းရေးမူဝါဒကို လုပ်ဆောင်နေတယ်"လို့ဆို


ဧပြီလ ၁၀ရက်။


"ဖက်ဆစ် စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို လူမကျန်ရင်နေ မြေကျန်ပြီးရော အလုံးစုံပျက်သုဥ်းရေးမူဝါဒကို လုပ်ဆောင်နေတယ်"လို့အာရက္ခတပ်တော် တပ်မှူးချုပ်မှဆိုပါတယ်။


ဧပြီလ ၁၀ရက်နေ့(၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပို့အပ်သော သဝဏ်လွှာမှာဆိုထားပါတယ်။


"ဖက်ဆစ် စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို လူမကျန်ရင်နေ မြေကျန်ပြီးရော အလုံးစုံပျက်သုဥ်းရေးမူဝါဒကို လုပ်ဆောင်နေပါတယ်။ ရက္ခိုင်ပြည်တွင်းသာမက ရက္ခိုင်ပြည်ပြင်ပ ရန်ကုန်၊ မန္တလေး တခြားဒေသတွေမှာပါ ၁၁/မှတ်ပုံတင် ကိုင်ထားသော ရခိုင်လူမျိုးတွေကို လူမျိုးရေးခွဲခြားကာ ကန့်သတ်ချုပ်ခြယ်ခြင်း၊ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ အာဏာပြငွေညှစ်ခြင်းနှင့် သတ်ဖြတ်ဖျောက်ဖျက်ခြင်းတို့ကိုပါ လုပ်ဆောင်လာတယ်"လို့ဆိုပါတယ်။


အာရက္ခတပ်တော်အနေနဲ့ မဖွယ်မရာ မတရားမှုတို့ကို လုံးဝသည်းခံမည်မဟုတ်ဘဲ လက်တုံ့ပြန်ဆောင်ရွက်သွားရန်နှင့်ပြင်းထန်စွာထိုးစစ်ဆင်နွှဲမယ်လို့အသိပေးဆိုပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသူများ လွတ်မြောက်နယ်မြေတွင် နေထိုင်ရန် AA စစ်ဦးစီးချုပ် အကြံပြု


ဧပြီလ ၁၀ ရက်။

Radio NUG


စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေတဲ့ ပြည်သူများ အနေဖြင့် လွတ်မြောက်နယ်မြေများမှာ လာရောက်နေထိုင်ကြဖို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အကြံပြု ပြောကြားလိုက်ပါတယ်။

 

 ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှ တဆင့်  စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အခုလို ပြောကြားခဲ့တာပါ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "စစ်တွေ၊ ကျောက်ဖြူတို့လို ရန်သူထိန်းချုပ်နယ်မြေမှာ ပိတ်မိနေတဲ့ ပြည်သူတွေ အနေနဲ့ အဆင်ပြေသလို ပြေတဲ့နည်းလမ်း အမျိုးမျိုးနဲ့ မကြာခင် အချိန်တခု အတွင်းမှာ လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရပါမယ်"ဟု ပြောကြားခဲ့ပါတယ်။


လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ  AA က ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြို စတဲ့ မြို့များကို သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ မြို့များကို တစိတ်ဒေသ ထိမ်းချုပ်ထားပြီး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။


တခြားတဖက်မှာ စစ်ကောင်စီက AA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့များကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သားပြည်သူများ နေ့စဉ်ရက်ဆက် သေဆုံးနေမှုများ ရှိနေပါတယ်။


========================


🚩🚩 ၄။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပတ်စဥ်()သင်တန်းဆင်းပွဲကျင်းပ


ဧပြီလ ၁၀ရက်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပတ်စဥ်()သင်တန်းဆင်းပွဲကို ဧပြီလ ၁၀ရက်မှာ ကျင်းပခဲ့တယ်လို့ BPLAက အသိပေးဖော်ပြပါတယ်။


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပတ်စဥ်()သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် အမှတ်(၁၀၇)စစ်ဒေသ၌ ကျင်းပခဲ့တယ်လို့ဆိုပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)စစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းလည်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရန်ကုန်နဲ့မန္တလေးက စစ်တိုင်းမှူးတွေ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းဖို့ UG ၂ဖွဲ့ သတိပေး


ဧပြီလ ၁၀ရက်။

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးက စစ်တိုင်းမှူးတွေ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းဖို့ UG ၂ဖွဲ့ က ဧပြီလ ၁ဝ ရက်နေ့မှာ သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ရှုးကောင်စီလက်ပါးစေတွေအနေနဲ့ ပြည်သူ့ဘက်ကို အမြန်ပူးပေါင်းကြဖို မြို့ပြပြောက်ကျား တပ်ဖွဲ့၂ခုဖြစ်တဲ့ Urban Special Force (USF) နဲ့ Shadow (SAF) အဖွဲ့က ဧပြီလ ၁၀ ရက်နေ့ရက်စွဲနဲ့ သတိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံနေရာအနှံ့ စိုးမိုးထားနိုင်ပြီဖြစ်တာကို နိုင်ငံအရပ်ရပ်က မြန်မာ့အရေးလေ့လာသူတွေ သိရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးကမြို့တွေမှာ အမိန့်ပေးကွပ်ကဲနေတဲ့ စစ်တိုင်းမှူးတွေနဲ့ နောက်လိုက်တွေ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ ခုက သတိပေးထားပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်တာ၊ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းဆည်းပြီး ပြန်လည် ရောင်းချတာ၊ လိုင်စင်မဲ့ကားနဲ့ မူးယစ်ဆေးဝါးတွေ တရားမဝင်တင်သွင်းပြီး ငွေရှာတာ စတဲ့ အကျင့်ပျက်ခြစားမှုတွေ လုပ်နေတဲ့ အင်းစိန် CID ရုံးနဲ့ အခြားသောဌာနတွေ အနေနဲ့ မိမိတို့လုပ်ရပ်ကို ရပ်တန့်ကြဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့သူတွေကို ၁ဝ ရက်အတွင်း နောက်ဆုံးထားပြီး အမြန်ဆုံးလွှတ်ပေးဖို့လည်း သတိပေးတိုက်တွန်းထာပါတယ်။ 

အဆိုပါအချက် ချက်ကို သတ်မှတ်ရက်အတွင်း မလုပ်ဆောင်ရင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့ ပတ်သက်မှုတွေကို ပြင်းထန်စွာတိုက်ခိုက်သွားမယ်လို့ Urban Special Force (USF) နဲ့ Shadow (SAF) အဖွဲ့တို့က ထုတ်ပြန်ကြေညာ ထားပါတယ်။ 

ဒါဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုင်းမှူးအဆင့်ကနေစပြီး စစ်ကောင်စီလက်အောက်ခံတွေအားလုံးကို အချိန် ၁ဝ ရက်ပေးထားတဲ့သဘောလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၆။ စစ်တပ်ထောက်ပို့ ယာဉ်နှစ်စီးကို PDF မှ တားစီးစစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဦးသေဆုံး


ဧပြီလ ၁၀ရက်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ ယာဉ်နှစ်စီးကို PDF က တားဆီး စစ်ဆေးချိန်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ဦး သေဆုံးခဲ့တယ်လို့ Southern YSO PDF က ဧပြီလ ၁၀ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။


 ဧပြီလ ရက်၊ နေ့လယ် ၁၂ နာရီခွဲမှာ ဆင်ချောင်း ပျူရွာမှ ထွက်လာတဲ့ ဦးပိုင် ကုမ္ပဏီပိုင် ကန်တာကား တစ်စီးနဲ့ ကုန်ကားတစ်စီးကို ပခုက္ကူ - ရေစကြို လမ်းပိုင်းပေါ်က ပခုက္ကူ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီ ဂိတ်နဲ့ ပန်းတိုင်းခြုံ စစ်ကောင်စီဂိတ်ကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့များက တားဆီးစစ်ဆေးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


 သတင်းရထားလို့ ကုမ္ပဏီကားကို တားစစ်ရာမှာ မရပ်ပေးလို့ ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး အနောက်က ကုန်ကားမှာ ပါလာတဲ့ စစ်ကောင်စီ တပ်သားများကလည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် လက်နက်၊ လူ အသာစီး၊ ပစ်ကွင်း အသာစီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Southern YSO PDF တာဝန်ရှိသူက ဆိုပါတယ်။


 ထိုသို့ ပစ်ခတ်မှုကြောင့် ကုမ္ပဏီကားပေါ် လိုက်ပါလာတဲ့ ဦးမှ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ ကုန်ကားပေါ်က ဦးအနက် ဦးသေဆုံးကာ ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့တယ်လို့ အဆိုပါ PDF တာဝန်ရှိသူက ဆက်ရှင်းပြပါတယ်။


အဆိုပါ ဦးပိုင် ကုမ္ပဏီ ကားပေါ်က ကပစ (ကာကွယ်ရေးပစ္စည်း စက်ရုံ) ထုတ် .၅၆ ကျည် အတောင့် ၃၁၀ နှင့် လက်ပစ်ဗုံး ၃လုံး သိမ်းဆည်းရရှိခဲ့ပြီး လက်နက်များ တင်ဆောင်လာတဲ့ ကုန်ကားကို စစ်ဆေးဖို့ချိန်မှာ ပခုက္ကူ နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး ပန်းတိုင်းခြုံ စစ်တပ်ဂိတ်မှလည်း စစ်ကူ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ရက်ကလည်း Southern YSO PDF က ပခုက္ကူ - ရေစကြို ကားလမ်းပိုင်းမှာ  ကင်းလှည့်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး G3 သေနတ်တစ်လက်၊ ကာဘိုင်တစ်လက်နဲ့ ကျည်ဘောက် ခု၊ ကျည် ၁၂ တောင့်တို့ကို သိမ်းဆည်းရရှိ ခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ မတ္တရာမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး ဦး အပါအဝင် အရပ်သား ဦး သေဆုံး 


ဧပြီလ ၁၀ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကလေး ဦး အပါအဝင် အရပ်သား ဦးသေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မတ္တရာထံကနေ သိရပါတယ်။ 

မတ္တရာမြို့နယ် ရွှေကျောင်းကျေးရွာမှာ အခြေချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၀ ရက်နေ့ မနက် နာရီခန့် အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ချက် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တွေ အောက်တောင်ကိုင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၉ နှစ်အရွယ် ဒေါ်ဝင်းစန်း၊ အသက် ၁၃ နှစ်အရွယ် ဖိုးသင်္ကြန်၊ အသက် ၁၄ နှစ် အရွယ် ရဲမင်းခန့်နဲ့ မတ္တရာမြို့ အမှတ် မှာနေတဲ့ နွားနို့ညှစ်သမားအသက် ၆၆ နှစ်အရွယ် ဦးညွန့်ခင်တို့ သေဆုံးခဲ့ကာ တဦး ဒဏ်ရာရတယ်လို့ တော်လှန်ရေး အင်အားစု တခုဖြစ်တဲ့ ရောင်နီနွေဦးအဖွဲ့ကလည်း အသိပေးထားပါတယ်။   

အကြမ်းဖက်စစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်းက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ရက်ခန့်ရှိပြီဖြစ်တာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း သိရပါတယ်။ 

ထို့အပြင် ဧပြီလ ရက်နေ့ညကလည်း မတ္တရာမြို့နယ် ရွှေဘောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မရိုးကုန်းရွာက အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့ကြောင့် ကျေးရွာဒေသခံတွေနဲ့ အရပ်သားပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးရာနေရာတွေမှာ နေထိုင်ကြဖို့နဲ့ ပုန်းခိုနိုင်မယ့် ပုန်းခိုကျင်းတွေ တူးထားကြဖို့ ဒေသတော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment