8th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်အဆုံးသတ်ပြီး တော်လှန်ရေးအောင်နိုင်ဖို့က ပထမဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

📌 ၂။ စကစ၏ ကရင်စာပေသင် LT/TA မွမ်းမံသင်တန်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်"လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဆို

📌 ၃။ တော်လှန်ရေးကို ကိုယ့်နိုင်တဲ့ဘက်က ဆင်နွှဲနေတာ အင်မတန်မှ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိတယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

📌 ၄။ ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် အင်တိုက်အားတိုက် ပါဝင်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးဒုဝန်ကြီး ဆို

📌 ၅။ Federal Wingsရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ စစ်ဆင်ရေးမှာအသုံးပြုနေပြီလို့အသိပေး

📌 ၆။ PTTEP အနေဖြင့်  စစ်အုပ်စုအား ငွေပင်ငွေရင်းထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမယ်လို့ Justice For Myanmar က အသိပေးကြေညာ


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 အကြမ်းဖက် စစ်တပ်ရဲ့ ဘူးသီးတောင် ခမရ(၅၆၅)ဒုတပ်ရင်းမှူးကို ရက္ခိုင့်တပ်တော်က အရှင်ဖမ်းမိ

🚩 ၂။ ဟုမ္မလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီး ပူးပေါင်း စခန်း ခုကို PDF တွေ သိမ်းပိုက်

🚩 ၃။ လက်နက်ချအညံ့ခံခဲ့တဲ့ သင်္ဃန်းညီနောင် ဗျူဟာမှူးက ရာပေါင်းများစွာသော အသက်တွေကို ကယ်တင်ခဲ့တာလို့ ထွက်ဆို

🚩 ၄။ ရန်သူလက်အောက်ခံ ရဲတပ်သား ဦး မြိုင်ပကဖထံ သေနတ် () လက်နဲ့ အလင်းဝင်ကာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်အဆုံးသတ်ပြီး တော်လှန်ရေးအောင်နိုင်ဖို့က ပထမဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


ဧပြီလ () ရက်က ဆိုရှယ်မီဒီယာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုဆိုထားပါတယ်။

"အိမ်နဲ့တူတဲ့ တိုင်းပြည်၊ တိုင်းပြည်နဲ့ တူတဲ့ အိမ် - 

တော်လှန်ရေး နိုင်မှ ပြန်ရမှာမို့ တော်လှန်ရေး အနိုင်ရဖို့ အကြမ်းဖက်စစ်တပ် အဆုံးသတ်နိုင်ဖို့ကလွဲရင် ကျန်တာတွေ ခဏ မေ့ထားတယ်။တော်လှန်ရေး နိုင်ဖို့သာ ပထမ ဆိုတဲ့ စိတ်နဲ့။

အဲ့လို မေ့ထားကြရတဲ့ မိသားစုတွေ၊ လူငယ်တွေ၊ ဘဝတွေ ပြန်စရာအိမ်မရှိတော့တဲ့ ပြည်သူတွေ ရဲဘော်တွေ fighting" လို့ ဝန်ကြီးက ဆိုထားပါတယ်။

လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ နိူင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ စကစ၏ ကရင်စာပေသင် LT/TA မွမ်းမံသင်တန်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်"လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဆို


ဧပြီလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက ဆိုရှယ်မီဒီယာမှာ အခုလို အသိပေးဆိုထားပါတယ်။

"ကရင်စာပေသင် LT/TA မွမ်းမံသင်တန်းကို သာကေတ တိုင်းရင်းသားကျေးရွာတွင် ..၂၄ မှ ၁၀..၂၄ အထိ သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။ ဒီအစီအစဉ်ကို ဦးဆောင်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကရင်လူမျိုးတွေရဲ့ ထောက်ခံမဲ ၁၀၆,၁၄၄ (၇၂%) ရွေးကောက်ခံ ကရင်ရေးရာဝန်ကြီး တယောက်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ခုချိန်မှာ စကစက ကျမတို့ လူငယ်တွေကို စစ်သားစုဆောင်းရေး အစီအစဉ်နဲ့စစ်ထဲအတင်းဆွဲသွင်းလို့ ကလေးတွေကော မိဘတွေကော ရင်အပူလှိုင်းထနေတဲ့အချိန် ....

စကစက ကျမတို့ကလေးတွေစာသင်နေတဲ့ ကျောင်းတွေကို ဗုံးတွေကြဲချနေတဲ့အချိန်...

တကမ္ဘာလုံးကုလသမဂ္ဂ စင်မြင့်မှာ စကစကို ရှုံ့ချနေတဲ့အချိန် ဘယ်လိုနှလုံးသား ဘယ်လိုဦးနှောက်နဲ့ သွေးစွန်းလက်တွေနဲ့ လက်တွဲဖို့ သတ္တိရှိကြတာပါလဲ" လို့ ဆိုပါတယ်။

ဒါ့အပြင် အသိ/သတိလေးတွေကပ်ပြီး အနာဂါတ်အမွေကောင်းတွေ ချန်ခဲ့စေလိုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးကို ကိုယ့်နိုင်တဲ့ဘက်က ဆင်နွှဲနေတာ အင်မတန်မှ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိတယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား


တော်လှန်ရေးကို ကိုယ့်နိုင်တဲ့ဘက်ကဆင်နွှဲနေတာ အင်မတန်မှ အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၌ကျင်းပသော (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

"ကယန်းပဲဖြစ်ဖြစ်၊ ကရင်နီပဲ ဖြစ်ဖြစ် စသဖြင့် အမျိုးမျိုးရှိကြမှာပေါ့။ မျိုးနွယ်စုအားလုံးဟာ ခေါ်ဝေါ်တဲ့ဒေသမှာ နေထိုင်ပြီးတော့ ကျနော်တို့ ဒီတော်လှန်ရေးကို ကိုယ့်နိုင်တဲ့ဘက်က ဆင်နွှဲနေတာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့လည်း ကျနော်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကရင်နီအမျိုးသားတွေရဲ့ဒီတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်မှုဟာ တခြားအမျိုးသားတွေ၊ တခြားလူမျိုးတွေထက် ရှေ့ကို စနစ်တကျရောက်နေတယ်" လို့ ဆိုပါတယ်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးနဲ့အတူ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ကရင်နီ အတိုင်ပင်ခံကောင်စီ ဒုဥက္ကဌ ဒေါ် အဲဗီလင်း နှင့် အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြပါတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် အင်တိုက်အားတိုက် ပါဝင်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးဒုဝန်ကြီး ဆို


ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် အင်တိုက်အားတိုက်ပါဝင်နေတာဖြစ်တယ်လို့ ဧပြီလ () ရက် နေ့ သြစတေးလျနိုင်ငံတွင် ကယန်းအမျိုးသားနေ့နှင့် စစ်ဘေးရှောင်များအတွက် ရံပုံငွေရှာပွဲကို ကျင်းပရာမှာ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ပြောကြားခဲ့ပါတယ်။

"ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ အင်တိုက်အားတိုက်ပါဝင်နေတာ ဖြစ်ပါကြောင်း၊ ကယန်းလူမျိုးများအနေဖြင့် ရှေးအဆက်ဆက် ပဒေသရာဇ်ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ကာ ယခုလက်ရှိနွေဦးတော်လှန်ရေးအထိ အင်တိုက်အားတိုက် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ပါဝင်နေပါကြောင်း၊ တော်လှန်ရေး သုံးနှစ်ကျော်ကြာလာတာနဲ့အမျှ စိတ်ဓါတ်ကျခြင်းမရှိပဲ၊ မြေပြင်တွင် တိုက်ပွဲဝင်အသက်ပေးခဲ့ကြသည့်ရဲဘော်များ၊ အသက်ရှင်လျက် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၊ ဒုက္ခအတိရောက်ရှိနေကြသည့် မိဘပြည်သူများအား ပြန်လည်အောက်မေ့သတိရပြီး စိတ်ဓါတ်ကို အမြင့်ဆုံးထားရှိကာ တော်လှန်ရေးကို ဆက်လက်ပါဝင်အားပေးကြဖို့ တိုက်တွန်းလိုကြောင်း" ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ကယန်းအမျိုးသားနေ့နှင့် ယဉ်ကျေးမှုကို ဆက်လက်ထိမ်းသိမ်းနိုင်ရန်နှင့် ကယန်းဒေသတွင်ရှိသော စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၅။ Federal Wingsရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ စစ်ဆင်ရေးမှာအသုံးပြုနေပြီလို့အသိပေး


Federal Wingsရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ စစ်ဆင်ရေးမှာအသုံးပြုနေပြီလို့ Federal Wingsဒရုန်းတပ်ဖွဲ့က ဧပြီလ () ရက်မှာ တရားဝင်ဖော်ပြလိုက်ပါတယ်။

"FW ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ ပွဲကနေကြပါပြီ။ တိုက်ပွဲအတွေ့အကြုံတွေ မြေပြင်လိုအပ်ချက်တွေနဲ့ ပြုလွယ်/ပြင်လွယ်မှုတွေကို ပေါင်းစပ်ပြီး လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မဲ့အနေအထားကို  FW R&D အဖွဲ့တွေက ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ယခုကိုယ်ပိုင်ဒီဇိုင်းသစ်ဟာ တည်ဆောက်မှုပုံစံ ရိုးရှင်းပြီး တပ်ဆင်ရ မြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့ အစိတ်အပိုင်းတွေ နည်းပါးသွားတာကြောင့် ယခင်ကိုယ်ထည်များထက် ၂၅% ခန့် ပိုမိုပေါ့ပါးပါတယ်" လို့ ဆိုပါတယ်။

လမ်းပန်းခက်ခဲတဲ့ ဒေသတွေမှာ ကျောပိုးပြီး သယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခင်ကတော့ စိုက်ပျိုးရေးသုံး ဒရုန်းကိုယ်ထည်တွေကို မှာယူပြီး တိုက်ပွဲမှာအသုံးပြုဖို့ ထပ်ပိုးပြင်ဆင်ခဲ့ကြပြီး မလိုအပ်တဲ့ ထပ်တိုးအလေးချိန်တွေ များပြားခဲ့ရကာ ဒရုန်းတစ်စင်းဆီကရသင့်တဲ့ စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခု ကိုယ်ပိုင်ဒီဇိုင်းအသစ်မှာ အားနည်းချက်တွေ အကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ PTTEP အနေဖြင့်  စစ်အုပ်စုအား ငွေပင်ငွေရင်းထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမယ်လို့ Justice For Myanmar က အသိပေးကြေညာ


ထိုင်းနိုင်ငံ၏ PTTEP အနေဖြင့်  စစ်အုပ်စုအား ငွေပင်ငွေရင်းထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမယ်လို့ Justice For Myanmar က အသိပေးကြေညာပါတယ်။

ဧပြီလအတွင်းမှာ Justice For Myanmar က စကစ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့ရန် ဖော်ပြတာခဲ့ပါတယ်။

PTTEP အနေဖြင့် လုံခြုံစွာ ထိန်းသိမ်းပေးထားမည့် အကောင့်တစ်ခုတွင် ရန်ပုံငွေအားလုံးကို သိမ်းဆည်းထားခြင်း သို့မဟုတ် တာဝန်သိစွာထွက်ခွာခြင်းအားဖြင့် စစ်အုပ်စုအား ငွေပင်ငွေရင်းထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

PTTEP အစုရှယ်ယာရှင်များသည်လည်း ကုမ္ပဏီနှင့် ထိတွေ့ဆက်ဆံရန် တာဝန်ရှိနေပြီး၊ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကျူးလွန်သော ရက်စက်ယုတ်မာမှုများအား ထောက်ပံ့နေမှုများ ရပ်တန့်စေရန် သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းခြင်းမျိုး ဆောင်ရွက်ရန် တာဝန်ရှိတယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စု၏ လူမဆန်သော သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အရပ်သားပြည်သူများကို အဓမ္မ ရွှေ့ပြောင်းစေမှုများအား ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေများက ထောက်ပံ့ပေးထားပြီး ယင်းအချက်ကို ယခုချက်ချင်းပင် ရပ်တန့်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံတို့အနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူရန်နှင့် အမေရိကန်အနေဖြင့် MOGE ကို အပြည့်အ၀ပိတ်ဆို့အရေးယူရန်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် လက်ရှိချမှတ် ထားသော ပိတ်ပင်တားမြစ်ချက်အား ဆက်လက်သက်တမ်းတိုးရန်တို့ လုပ်ဆောင်ရန် Justice For Myanmar က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 အကြမ်းဖက် စစ်တပ်ရဲ့ ဘူးသီးတောင် ခမရ(၅၆၅)ဒုတပ်ရင်းမှူးကို ရက္ခိုင့်တပ်တော်က အရှင်ဖမ်းမိ


အကြမ်းဖက် စစ်တပ်ရဲ့ ဘူးသီးတောင် ခမရ (၅၆၅) တပ်ရင်းက ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော်( AA)က အရှင်ဖမ်းမိခဲ့တယ်လို့ မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဧပြီ () ရက် ညနေ () နာရီခန့်က ဘူးသီးတောင်မြိုနယ်၊ ဘဒနာကျေးရွာ အနီးမှာ ရက္ခိုင့်တပ်တော်က လက်ရဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ အသက် (၄၀) အရွယ် အကြမ်းဖက် ဒုတပ်ရင်းမှူးဟာ DSA အပတ်စဉ် (၄၇) ဆင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော်က ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က လူသားချင်းစာနာစွာနဲ့ ဆေးကုသပေးနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင်  ခမရ (၅၆၄) စခန်းက လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော်က လိုက်လံ တိုက်ခိုက် ချေမှုန်းနေပြီး ဧပြီ () ရက်နေ့အထိ  အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့သည့်အပြင် အခြားလွတ်မြောက်နေသေးတဲ့ သူတွေကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းတိုက်ခိုက်နေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ဟုမ္မလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီး ပူးပေါင်း စခန်း ခုကို PDF တွေ သိမ်းပိုက်


စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၃၆၉/၃၇၀) နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ကျော်ရှိတဲ့ ရန်သူတပ်စခန်း () ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် () စစ်ဒေသ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့  ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

အင်းကြင်းမှော်ရွာ၊ မနော်သာရွာ၊ ကျွန်းကုန်းရွာတို့မှာ တပ်စွဲနေတဲ့ အကြမ်းဖက်တပ်စခန်းတွေကို မတ် (၃၀) ရက်နေ့မှ ဧပြီ () ရက်အထိ () ရက်ကြာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တာပါ။

ရန်သူစခန်းထံမှ လက်လုပ် သေနတ် အလက် ၂၀၊ လက်နက်ငယ် မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း လုံး၊ ဗုံးသီးမျိုးစုံ လုံး၊ ဒရုန်း Gun လက်၊ Station Jammer ခု၊ ဓားမျိုးစုံ အချောင်း ၃၀၊ စကားပြောစက် TSSD ၁၆ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် () စစ်ဒေသ အထူးလှုပ်ရှားတပ်ရင်း အမှတ် (/) ၊မော်လိုက်ခရိုင် တပ်ရင်း () ခန္တီးခရိုင် တပ်ရင်း ()  ဖောင်းပြင်မြို့နယ် ပကဖ၊ ဟုမ္မလင်း ပကဖ တို့မှ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ လက်နက်ချအညံ့ခံခဲ့တဲ့ သင်္ဃန်းညီနောင် ဗျူဟာမှူးက ရာပေါင်းများစွာသော အသက်တွေကို ကယ်တင်ခဲ့တာလို့ ထွက်ဆို


ကရင်ပြည်နယ်မှာ လက်နက်ချ အညံခံခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သင်္ဃန်းညီနောင်ဗျူဟာမှူးက ရာပေါင်းများစွာသော အသက်တွေကို ကယ်တင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အကြောင်း ကေအိုင်စီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

"ရာပေါင်းများစွာသော လူတွေကို ကျွန်တော့်ဘဝနဲ့ ရင်းပြီးတော့ ကယ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်မှာ ဘက်ပေါင်းစုံကနေ လက်အောက်ငယ်သားကို ပြောပြရသလို အထက်လူကြီးကို တင်ပြလို့မရပါဘူး။ ကျွန်တော်အနေနဲ့ ဘဝနဲ့ရင်းပြီး ဒီဆုံးဖြတ်ချက်ကိုချခဲ့တာ" လို့ အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်က ပြောပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဧပြီ () ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာ အခြေချ (သင်္ဃန်းညီနောင်) စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ 

အဲဒီလို စခန်းသိမ်းတိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်တဲ့ အရာရှိအဆင့် (၆၇) ဦး၊ အခြားနဲ့တပ်သားအဆင့် (၄၁၀) ဦး၊ ရဲမေ (၅၉) ဦးနဲ့ တပ်မိသားစုဝင် (၈၁) ဦးတို့အပါအဝင် စုစုပေါင်း (၆၁၇) ဦးလက်နက်ချခဲ့ကြပါတယ်။


========================


🚩🚩 ၄။ ရန်သူလက်အောက်ခံ ရဲတပ်သား ဦး မြိုင်ပကဖထံ သေနတ် () လက်နဲ့ အလင်းဝင်ကာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မယ်လို့ဆို


ရန်သူစစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား တဦး မြိုင်ပကဖထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ကာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမယ်လို့  မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုန်မှ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သူ့လူ ကိုယ်ဘက်သားအဖြစ် ချိတ်ဆက်ခဲ့တဲ့ ရန်သူတပ်ဖွဲ့မှ ရဲတပ်သားဟာ ဧပြီ () ရက်၊ နေ့လည် () နာရီ အချိန်မှာ G-3 () လက်၊ ကျည်အိမ် () ခု၊ ကျည်ဆံ (၁၀၅) တောင့် စက်လက် () လက်၊ ကျည်ဘောက်ဝိုင်း () ခု၊ ကျည်ဆံ (၅၀၃) တောင့်တို့ ယူလာကာ အလင်းဝင်လာခဲ့တာပါ။

မြိုင်ပကဖမှ ငွေ သိန်း (၁၅၀) ကျပ်ပေးအပ်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုပေမယ့် အဆိုပါ အလင်းဝင်တပ်သားဟာ မြိုင်ပကဖ နဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ဆိုတဲ့အတွက် ထုတ်လုပ်‌ရေးစခန်းမှာ ဖောက်ခွဲ‌ရေး သင်တန်းပေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် (၁၃) ရက်နေ့မှာ ကမ္မအောက်ဆီဂျင်အဖွဲ့ နဲ့ မြိုင်ပကဖအဖွဲ့မှ ရဲဘော် ဦးတို့မှာလည်း အကြမ်းဖက်စစ်သား အသွင်ယူ ဟန်ဆောင်ကာ၊ ရန်သူ့စခန်းအတွင်းသို့ ဝင်ရောက်ပြီး၊ လက်နက်များ ခိုးယူထွက်ပြေးခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို PVTV မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment