1st AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ ဘာသာရေးဆိုင်ရာကျောင်းတွေကိုတိုက်ခိုက်မှုရှိရုံမက ဘာသာကျောင်းများတွင် ခိုလှုံနေသည့် အရပ်သားပြည်သူများကိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ရှိနေတယ်လို့ဆို

📌 ၂။ ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ်သုံးမည်ရ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြောက်လသက်တမ်း တိုးမြှင့်ပေးရန် တင်ပြချက်ကို ယာယီသမ္မတ ဦးမင်းအောင်လှိုင်က လက်ခံပေး

📌 ၃။ ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများ လစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပေးပို့လွှဲပြောင်းသည့် အထောက်အထား ပြသနိုင်မှသာ စာရွက်စာတမ်း ဆောင်ရွက်ပေးရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်

📌 ၄။ ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်း

📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် စုစုပေါင်း (၈၄)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ()ဦးနှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ ()ဦး ပါဝင်


၂၀၂၄ ခုနှစ် သြဂုတ်လ  ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁ခလရ (၃၄၈)မိုးမိတ်ဗျူဟာကုန်းအား ရှင်းလင်းသိမ်းပိုက်ခဲ့

🚩 ၂။ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၃၅ ခုကို မန္တလေး PDF က သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ

🚩 ၃။ လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံး

🚩 ၄။ AA ရဲ့ ထိုးစစ်ကြောင့် မောင်တော နခခ (တပ်ရင်း အကျအဆုံးများစွာဖြင့် နောက်ဆုတ်ခဲ့ရပြီး လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ

🚩 ၅။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ်(သင်တန်းဆင်းခဲ့သူ တပ်စိတ်မှူးအပါ ရဲဘော် ၃ဦး ဖာပွန်စစ်ဆင်ရေးအတွင်း ကျဆုံး

🚩 ၆။ ကလေး  ဦး စစ်သုံးလက်ပစ်ဗုံးကို ဆော့ကစားရင်း ပေါက်ကွဲမှုကြောင့်  ဦး သေဆုံး၊  ဦး ဒဏ်ရာရ 

🚩 ၇။ လားရှိုးတွင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား  ဦး သေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး

🚩 ၈။ ကရင်နီပြည်ရဲ -KSP လွိုင်ကော်မြို့နယ်မူးရုံးအဖွဲ့နှင့် အမှတ် (၁၀)ရဲစခန်းရှိ အဖွဲ့ဝင်များပူးပေါင်း၍ လွိုင်ကော်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေး

🚩 ၉။ စစ်ကောင်စီတပ်မှ အရာရှိတဦး၊ ပျူ (ပြည်သူ့စစ်)တဦးနှင့် ရဲတပ်ဖွဲ့ဝင်  ဦး လက်နက်နှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ ဘာသာရေးဆိုင်ရာကျောင်းတွေကိုတိုက်ခိုက်မှုရှိရုံမက ဘာသာကျောင်းများတွင် ခိုလှုံနေသည့် အရပ်သားပြည်သူများကိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ရှိနေတယ်လို့ဆို


ဇူလိုင်လ ၃၁ရက်။

Radio NUG

အကြမ်းဖက်စစ်တပ်ဟာ ဘာသာရေးဆိုင်ရာကျောင်းတွေကိုတိုက်ခိုက်မှုရှိရုံမက ဘာသာကျောင်းများတွင် ခိုလှုံနေသည့်အရပ်သားပြည်သူများကိုပါအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ရှိနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ်ရဲ့ အပိုင်း()မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"အချက်အလက်ကိုကြည့်မယ်ဆိုရင် ဘာသာရေးဆိုင်ရာကျောင်းတွေကို တိုက်ခိုက်မှုရှိပါတယ်။ ဗုဒ္ဓဘာသာကျောင်းမှမဟုတ်ဘူး။ ခရစ်ယာန်ကျောင်းတွေကော၊ အစ္စလမ်တွေရဲ့ဗလီတွေရောဒါတွေကို သူတို့ရဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ခိုက်တာအဖြစ်အများဆုံးဖြစ်ပါတယ်။ နောက်ထပ်တခုအဖြစ်များတာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ အရပ်သားတွေနေတဲ့နေရာ၊ ဝတ်ပြုတဲ့နေရာ၊ တချို့နေရာမှာဆိုရင် ဒုက္ခရောက်တဲ့လူတွေ ဘာသာရေးကျောင်းမှာခိုအောင်းလေ့ရှိတယ်။ အဲဒီနေရာကိုသွားပြီး ခိုအောင်းတဲ့လူတွေကို ဆွဲထုတ်ပြီးပစ်သတ်ခဲ့တာ။ နမ်းနိန်းကျေးရွာမှာ ဖြစ်ပျက်တဲ့အမှုဆိုရင် အဲဒီဘုန်းကြီးကျောင်းမှာခိုအောင်းတဲ့ပြည်သူတွေကို တဦးချင်းဆွဲထုတ်ပြီး သတ်ပစ်ခဲ့တာအထိ ဆိုးဆိုးဝါးဝါးရှိခဲ့ပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေကြသော ရဟန်းရှင်လူ ပအိုဝ်းပြည်သူများအား စစ်ကောင်စီတပ်များက ရက်စက်စွာ အစုလိုက် အပြုံလိုက်တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။


နမ်းနိန်းကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဘုန်းတော်ကြီးကျောင်း မြေအောက်တိုက်ခန်းတွင် ပုန်းအောင်းခိုလှုံနေကြသော နမ်းနိန်းကျေးရွာ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော် သုံးပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ရွာသူရွာသား ၁၈ ဦး၊ စုစုပေါင်း(၂၁)ဦးတို့အား ဘုန်းကြီးကျောင်းမြေအောက် တိုက်ခန်းမှ ခေါ်ထုတ်ခဲ့ပြီး ဘုန်းကြီးကျောင်းနံရံအရှေ့တွင်ပင် ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ်သုံးမည်ရ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြောက်လသက်တမ်း တိုးမြှင့်ပေးရန် တင်ပြချက်ကို ယာယီသမ္မတ ဦးမင်းအောင်လှိုင်က လက်ခံပေး


ဇူလိုင်လ ၃၁ရက်။ 

RadioNUG

ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြောက်လသက်တမ်း တိုးမြှင့်ပေးရန် တင်ပြချက်ကို ယာယီသမ္မတ ဦးမင်းအောင်လှိုင်နှင့် ကာလုံအဖွဲ့ဝင်များ အားလုံးက တညီတညွတ်တည်း လက်ခံဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။


ဇူလိုင်လ(၃၁)ရက်နေ့တွင် ကာလုံအစည်းအဝေးကို ပြုလုပ်ရာ စစ်ခေါင်းဆောင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် သမ္မတတာဝန်တို့ကို တပြိုင်တည်းရယူပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြင့် ယခင်ကအတိုင်း အကြောင်းအရာများစွာကို တင်ပြပြီး တင်ပြချက်ကို ကာလုံအဖွဲ့ဝင်များက ဆွေးနွေးကြပြီးနောက် ယာယီသမ္မတ မင်းအောင်လှိုင်နှင့် ကာလုံအဖွဲ့ဝင်များက နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ်() တိုးမြှင့်သတ်မှတ်ကြောင်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။


အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အရေးပေါ် သက်တမ်းကာလသည်()နှစ်ထက် ပိုမကြာနိုင်ကြောင်း စစ်ကောင်စီက ပြောခဲ့သော်လည်း()လသက်တမ်းကို အကြိမ်ကြိမ်တိုးလာခဲ့ရာ ()ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများ လစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပေးပို့လွှဲပြောင်းသည့် အထောက်အထား ပြသနိုင်မှသာ စာရွက်စာတမ်း ဆောင်ရွက်ပေးရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်


ဇူလိုင်လ ၃၁ရက်။ 

Radio NUG

ထိုင်းနိုင်ငံတွင် G to G စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်များသို့ လွှဲပြောင်းထားသည့် အထောက်အထား ပြသနိုင်မှသာ စာရွက်စာတမ်း ဆက်လက်ဆောင်ရွက်ပေးရန် စစ်ကောင်စီက ညွှန်ကြားတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။


ဩဂုတ်လ ရက်နေ့မှစ၍ မြဝတီမြို့နှင့် ကော့သောင်းမြို့များရှိ MoU U-turn စခန်းများ၌ U-turn လုပ်ငန်းစဉ်ဖြင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်ရာတွင် အခြေခံလစာ လစာ (ခန့်မှန်းဘတ် ၂၄၀၀၀) ၂၅ ရာခိုင်နှုန်း (ဘတ် ၆၀၀၀)ကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့လည်းကောင်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ ဘဏ်စာရင်းသို့လည်းကောင်း တရားဝင် လွှဲပြောင်းပေးပို့သည့် အထောက်အထား ပြသနိုင်မှသာ ထိုင်းနိုင်ငံသို့ စေလွှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက စာထုတ်လိုက်တာပါ။


မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ ငွေလွှဲပေးပို့ရန် မရှိသည့် အလုပ်သမားများသည် အချိန်ကြန့်ကြာမှုများ ဖြစ်ပွားနိုင်သဖြင့် မိသားစုလွှဲပို့ငွေ တရားဝင်လွှဲပြောင်းပေးပို့ထားကြောင်း အထောက်အထားများကို U-turn စခန်းများသို့ လုပ်ငန်းစဉ် လာရောက်မဆောင်ရွက်မီ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း)လိုင်စင်ရအေဂျင်စီများအနေဖြင့်လည်း စစ်ကောင်စီ၏ ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကြီးကြပ်ဆောင်ရွက်သွားရန် အကြောင်းကြားပါကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက စာထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်း


ဇူလိုင်လ ၃၁ရက်။ 

Radio NUG

ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းရှိ နှစ်ရှည်စစ်ဘေးရှောင်စခန်းသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း We are people အဖွဲ့က သတင်းဖော်ပြထားပါတယ်။


အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၂၀၀ ကျော်ရှိပြီး ပြည်သူများသည် ဝယာ၊ ယာကြီးတော၊ ရွှေကျင်၊ ကံဇီးရွာ၊ ကံရွာသစ် (ကံကြီးကုန်း) ကင်မွန်းတော်၊ ကုလားကြီး ရွာများမှ ဖြစ်ကြောင်း၊ ကံကြီးကုန်း ကင်မွန်းတော် ကံဇီးသုံးရွာသည် ပျူစောထီးရွာများဖြစ်ကာ ပျူစောထီးထဲ မဝင်လိုသည့် ပြည်သူများလည်း စစ်ရှောင်စခန်းတွင် လာရောက်နေထိုင်ကြကြောင်း သိရပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ရဲဘော်တွေ ကုသပေးတဲ့ နယ်တစ်နယ်က ဆေးခန်းကနေ ပြည်သူတွေကို အကြီးစားခွဲစိပ်မှုတွေအထိ ကုသပေးနေပါတယ်လို့ သိရပါတယ်။


ချောင်းဦးမြို့နယ် တစ်ခုလုံးတွင် စစ်ဘေးရှောင် လူဦးရေ တစ်သောင်းခွဲအထက်ရှိပြီး နေအိမ်မီးရှို့ခံရသည့် ပြည်သူအိမ်ထောင်စု ၄၀၀၀ မှ ၅၀၀၀ ကြားရှိပြီး လက်ရှိအချိန်တွင် ချောင်းဦးမြို့နယ်အတွင်း ရေကြီးနေသဖြင့် အချို့စစ်ရှောင်စခန်းများရှိ ပြည်သူများမှာ ရေဘေးထပ်ရှောင်နေရပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် စုစုပေါင်း (၈၄)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ()ဦးနှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ ()ဦး ပါဝင်


ဇူလိုင်လ ၃၁ရက်။

Radio NUG

နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် စုစုပေါင်း (၈၄)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ()ဦးနှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ ()ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ဦးနှင့် အမျိုးသား (၆၀) ဦး စုစုပေါင်း (၈၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦးနှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၈၄)ဦးအနက် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှာ (၁၅) ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ မကွေးတိုင်းမှာ (၁၂)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့သိရပါတယ်။


၎င်း (၈၄) ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၄၀) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၆)ဦးမှာ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁ခလရ (၃၄၈)မိုးမိတ်ဗျူဟာကုန်းအား ရှင်းလင်းသိမ်းပိုက်ခဲ့


ဇူလိုင်လ ၃၁ရက်။ 

RadioNUG

ဇူလိုင်လ ၃၁ရက်နေ့ နံနက် ၁၁နာရီတွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁ခလရ (၃၄၈)မိုးမိတ်ဗျူဟာကုန်းအား ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားခဲ့သော ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး (၅၉)လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။


အလားတူ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ နေ့လယ် (၁၂:၀၅)နာရီအချိန်တွင် စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


========================


🚩🚩 ၂။ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၃၅ ခုကို မန္တလေး PDF က သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေ


ဇူလိုင် ၃၁ ရက်။

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း (၃၅)ခုကို သိမ်းပိုက် ရရှိထားပြီး ကျန်ရှိနေသေးတဲ့ စစ်ရေး ပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ တယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့မှာ အခုလို ထုတ်ပြန်ထားတာပါ။


မတ္တရာမြို့နယ် အတွင်းက ငါးလုံးပြွန် ကျေးရွာ တပ်စခန်း၊ တောင်ကန် ကျေးရွာ တပ်စခန်း၊ အောင်သပြေ ကျေးရွာ တပ်စခန်း၊ အောင်သပြေ ကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက် ရရှိထားတယ်လို့ MDY-PDF က ဆိုပါတယ်။


ထို့အပြင် မတ္တရာမြို့နယ်အတွင်းက ကျောက်တံတားကျေးရွာနဲ့ မြကန်သာကျေးရွာတို့မှာလည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံး


ဇူလိုင်လ ၃၁ရက်။

Radio NUG

ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီး လားရှိုးဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင် စစ်ကားကြီး ၁၅ စီးဖြင့် ထွက်သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဒေသစစ်ရေးသတင်းအရင်းအမြစ်များက သိရပါတယ်။


လတ်တလော စာရင်းများအရ စစ်ကားတွေ မီးလောင်ပြီး ၅၀ ကျော် သေဆုံးကာ ရာချီ ဒဏ်ရာရရှိ၍ စစ်ကူစစ်ကြောင်းတစ်ခုလုံး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်က လက်ရှိ လားရှိုးတွင် တိုက်ခိုက်ခံနေရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကူပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကူမသွားနိုင်တော့ဘဲ ဖြစ်နေရပါတယ်။


========================


🚩🚩 ၄။ AA ရဲ့ ထိုးစစ်ကြောင့် မောင်တော နခခ (တပ်ရင်း အကျအဆုံးများစွာဖြင့် နောက်ဆုတ်ခဲ့ရပြီး လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ


ဇူလိုင်လ ၃၁ ရက်။ 

Radio NUG

အာရက္ခတပ်တော် (AA)ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီး အခြေစိုက် နခခ ()တပ်ရင်း အကျအဆုံး များစွာဖြင့် နောက်ဆုတ်နေရပြီး ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် နေတယ်လို့ ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ဖော်ပြပါတယ်။


ဇူလိုင်လ ၃၁ ရက်နေ့ မနက်  နာရီကျော်မှ စတင်ကာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် အနည်းဆုံး  စီးဖြင့် အပြင်းအထန် ဗုံးကြဲခဲ့သလို နေဗီ စစ်သင်္ဘောများမှလည်း တညလုံး လက်နက်ကြီး များဖြင့် ပစ်ကူပေး နေတယ်လို့ ဆိုပါတယ်။


မောင်တောမြို့တွင် စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နခခ ()တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်များနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင် လက်နက်ကိုင်များ နေရာယူထားတဲ့ ရွှေဇား၊ မြို့မကညင်တန်း၊ မောင်နီ၊ လသာ၊ဇူလ၊ POE ဝင်/ထွက် စခန်းများ အားလုံးကို ဇူလိုင် ၃၀ ရက်နေ့ မနက်  နာရီမှ စတင်ပြီး AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။


မြေပြင် စစ်အင်အား မလိုက်နိုင်တော့တဲ့ စစ်ကောင်စီ တပ်က အာဆာရ်၊ အေအာရ်အေ၊ အာရ်အက်စ်အို စတဲ့ လက်နက်ကိုင် အဖွဲ့များအပြင် ၎င်းတို့ စစ်သင်တန်း ပေးထားတဲ့ မွတ်ဆလင် လူငယ်များကိုပါ ခေါ်ယူပြီး အင်အားဖြည့် ခုခံနေတာကြောင့် မောင်တောမြို့သိမ်း တိုက်ပွဲက ပြင်းထန်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။


မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး တစ်ခုတည်း ကျန်နေတဲ့ နယ်ခြားစောင့် တပ်ခွဲ နခခ (ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ တလကျော်အထိ ကြာမြင့်နေခဲ့ပြီး ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ်(သင်တန်းဆင်းခဲ့သူ တပ်စိတ်မှူးအပါ ရဲဘော် ၃ဦး ဖာပွန်စစ်ဆင်ရေးအတွင်း ကျဆုံး


ဇူလိုင်လ ၃၁ရက်။ 

RadioNUG

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ်(သင်တန်းဆင်းခဲ့သူ တပ်စိတ်မှူးအပါ ရဲဘော် ၃ဦး ဖာပွန်စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ကြောင်း BPLAက သတင်းထုတ်ပြန်ပါတယ်။


တပ်သား ခိုင်စိုးလင်း (တွတ်ပီ (ကပအမ - BA 00690) တပ်သား ကျော်ဆန်းလွင် () No Name Z (ကပအမ - BA 00720)နှင့် တပ်စိတ်မှူး မြင့်မြတ်သူရ (တာနော (ကပအမ - BA 00722)တို့သည် (BPLA) အပတ်စဉ်(သင်တန်း ပြီးမြောက်သည့်နောက်ပိုင်းတွင် ပေးအပ်သော တာဝန်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဇွဲလုံ့လစိုက်ထုတ်၍ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကာ ဖာပွန်စစ်ဆင်ရေးအတွင်း ရန်သူကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ဇူလိုင်လ (၂၄)ရက်၊ နေ့လယ်ပိုင်းအချိန်၌ မြင့်မြတ်စွာကျဆုံးသွားသည့်အတွက် တပ်တော်အနေဖြင့် များစွာဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ကလေး  ဦး စစ်သုံးလက်ပစ်ဗုံးကို ဆော့ကစားရင်း ပေါက်ကွဲမှုကြောင့်  ဦး သေဆုံး၊  ဦး ဒဏ်ရာရ 


ဇူလိုင်လ ၃၁ရက်။ 

RadioNUG

ဇူလိုင်လ (၃၀)ရက်နေ့ နေ့လယ်ခင်းတွင် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာမှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ကလေး()ဦးဟာ စစ်သုံးလက်ပစ်ဗုံးတစ်လုံးကို နေအိမ်အတွင်း ယူဆောင်လာကာ ဆော့ကစားရာမှ ပေါက်ကွဲခဲ့ပြီး (ဦးသေဆုံးကာ (ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးထံမှ သိရပါတယ်။


ဆယ်ကျော်သက်အရွယ် ကလေး ()ဦးဟာ ဘယ်က ရလာမှန်းမသိတဲ့ စစ်သုံးလက်ပစ်ဗုံးတစ်လုံးကို စူးစမ်းချင်တဲ့ စိတ်ကြောင့် ဆော့ကစားရာကနေ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာရတဲ့ ကလေး ()ဦးကိုတော့ လက်ရှိမှာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ လားရှိုးတွင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား  ဦး သေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး


ဇူလိုင်လ ၃၁ ရက်။ 

Radio NUG

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်း တပ်မတော် (TNLA) တပ်မဟာ ()ထိန်းချုပ်နယ်မြေ၊ လားရှိုးမြို့တွင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား  ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင်လ ၃၁ ရက်က စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လားရှိုးမြို့၊ ရပ်ကွက် ()တွင် ကုန်စုံဆိုင်တဆိုင် မီးလောင်ပြာကျခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ ကလည်း မြို့တွင်းက နေအိမ်နဲ့ ဆိုင်ခန်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကာ အမျိုးသား  ဦးနဲ့ အမျိုးသမီး  ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


၁၀၂၇ ဒုတိယလှိုင်း တိုက်ပွဲကာလ ၃၆ ရက်အတွင်းမှာ စစ်ကောင်စီရဲ့ အရပ်သားများ ရှိရာနေရာများကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ပြည်သူ ၁၃၃ ဦး သေဆုံးခဲ့ပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA က ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ ကရင်နီပြည်ရဲ -KSP လွိုင်ကော်မြို့နယ်မူးရုံးအဖွဲ့နှင့် အမှတ် (၁၀)ရဲစခန်းရှိ အဖွဲ့ဝင်များပူးပေါင်း၍ လွိုင်ကော်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေး


ဇူလိုင်လ ၃၁ရက်။

Radio NUG

ကရင်နီပြည်ရဲ -KSP လွိုင်ကော်မြို့နယ်မူးရုံးအဖွဲ့နှင့် အမှတ် (၁၀)ရဲစခန်းရှိ အဖွဲ့ဝင်များပူးပေါင်း၍ လွိုင်ကော်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးခဲ့ပါတယ်။


ဇူလိုင်၃၁ရက်ကရင်နီပြည်ရဲ -KSPကတရားဝင်သတင်းထုတ်ပြန်ပါတယ်။


"ကရင်နီပြည်ရဲ -KSP လွိုင်ကော်မြို့နယ်မူးရုံးအဖွဲ့နှင့် အမှတ် (၁၀)ရဲစခန်းရှိ အဖွဲ့ဝင်များပူးပေါင်း၍ လွိုင်ကော်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှု မှတ်တမ်းများ"လို့ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ပါတယ်။


ကရင်နီပြည်ရဲ -KSPဟာတရားဥပဒေစိုးမိုးရေးအတွက်ကင်းလှည့်ခြင်းများအပြင် ခိုးဆိုးသူများနှင့် မူးယစ်ဆေးဝါးဖောက်ကားသူများကိုပါဖမ်းဆီးခဲ့ပါတယ်။


========================


🚩🚩 ၉။ စစ်ကောင်စီတပ်မှ အရာရှိတဦး၊ ပျူ (ပြည်သူ့စစ်)တဦးနှင့် ရဲတပ်ဖွဲ့ဝင်  ဦး လက်နက်နှင့်တကွ အလင်းဝင်


ဇူလိုင်လ ၃၁ ရက်။ 

Radio NUG

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ အရာရှိတဦး၊ ပျူ (ပြည်သူ့စစ်တဦးနှင့် ရဲတပ်ဖွဲ့ဝင်  ဦး လက်နက်နဲ့တကွ အလင်းဝင် ခိုလှုံလာတယ်လို့ Southern YSO PDF နဲ့ Brother Defense Force က သတင်းထုတ်ပြန် ထားပါတယ်။


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပျူစောထီး တဦးဖြစ်သူ ကိုရဲနီဟာ ဇူလိုင်လ ၂၉ ရက် နေ့လည်  နာရီက Southern YSO PDF အဖွဲ့ထံ ဆက်သွယ် အလင်းဝင် ခိုလှုံလာတယ်လို့ သိရပါတယ်။


အသက် ၂၄ နှစ်အရွယ် ၎င်းပျူစောထီး ရဲဘော်ဟာ MA3 သေနတ် တလက်၊ ကျည်ဘောက် တခု၊ ကျည် ၂၀ ကိုပါ တပါတည်း ယူဆောင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ကို ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ အမည်မဖော်လိုသူ အရာရှိ တဦးဟာ MA3 သေနတ်တလက် နှင့်တကွ Southern YSO PDF ထံ အလင်းဝင်ရောက် ခိုလှုံခဲ့သေးတယ်လို့ သိရပါတယ်။


ထို့အပြင် ဇူလိုင်လ ၃၀ ရက်နေ့   နာရီခန့်မှာ ဆားလင်းကြီး မြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီမှ လုံခြုံရေး ရဲ တပ်ဖွဲ့ဝင်  ဦးဟာလည်း ယင်းမာပင် ခရိုင်၊ အမှတ် (၁၆တပ်ရင်း၊ တပ်ခွဲ () Brother Defense Force တပ်ဖွဲ့ထံမှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။


ရဲတပ်သား မောင်ဝင်းမင်းသူ၊ မောင်စိမ်းမောင်မောင်နှင့် မောင်မင်းခန့်သူ တို့ဟာ G3 သေနတ်  လက်၊ 7.62 ကျည် ၁၀၀  ကျည်ဘောက်  ခု၊ လက်ကိုင်ဖုန်း  လုံး နှင့်အတူ အလင်းဝင်ရောက် လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment