1st AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာက ထိရောက်တဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးရရှိနိုင်ဖို့ကိုလည်း ဝိုင်းဝန်းကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချပွဲကိုရီးယားနိူင်ငံ ဆိုးလ်မြို့တရုတ်သံရုံးရှေ့ကျင်းပရာNUGကိုယ်စားလှယ်တက်ရောက်

📌 ၃။ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ် အခြေအနေ သက်တမ်းတိုးမှုမှာ မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာ ပြောကြား

📌 ၄။ ကန်ပက်လက်မြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်

📌 ၅။ မလှိုင်မြို့နယ်ဂေါက်ကွင်းအနီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံဝန်ထမ်းများမှ  ဆိုင်ခန်း များဆောက်လုပ်ရောင်းချမှုတရားမဝင်ကြောင်းမလှိုင်ပအဖကြေညာ

📌 ၆။ လုံခြုံရေးတင်းကြပ်ထားတဲ့ သုံးဆယ်မြို့မှာ ဘဏ်ကနေ ကျပ်သိန်း၂၀၀ ထုတ်လာသူတဦး လုယက်ခံရ

📌 ၇။ ရန်ကုန်မြို့ တော်မှာ ပြည်တော်ဝင်မယ် စာသားပါ အခါတော်ပေးစာတန်း ချိတ်ဆွဲ 


၂၀၂၄ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ငူမှာ စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ဦးသေဆုံး

🚩 ၂။ ဖြူးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ဦးနဲ့ မိုင်းရှာခွေးတကောင် သေဆုံး

🚩 ၃။ သံဖြူဇရပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ဦးသေဆုံး

🚩 ၄။ ကောလင်းမြို့ကို(၁၀)ရက်ကျော် ခုခံကာကွယ်တိုက်ခိုက်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်()ဦး၏ ကျန်ရစ်သူမိသားစုအား ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ခြင်းနှင့်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့

🚩 ၅။ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်း အထက်ကိုဆန်တက်နေတာကြောင့် ဒေသခံတွေ သတိရှိကြဖို့ တိုက်တွန်း 

🚩 ၆။ ခုခံ တော်လှန်စစ် () နှစ်ကျော်ကာလအတွင်း ရန်သူ့ ဗိုလ်မှူးချုပ်တွေ အပါအဝင် အင်အား (၅၀၀၀) နီးပါးလက်နက်ချခဲ့ပြီးတပ်မ () ခု စာ အင်အားနဲ့ တပ်ရင်း (၄၀) နီးပါး စာ အင်အားရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာက ထိရောက်တဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးရရှိနိုင်ဖို့ကိုလည်း ဝိုင်းဝန်းကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


သြဂုတ်လ ၁ရက်


သြဂုတ်လ၁ရက်နေ့မှာ ကျင်းပပြုလုပ်သော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၄)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။


"အခုရက်ပိုင်းအတွင်း ဒေသအတော်များများမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေတာကြောင့်ရော၊ စစ်ရေးအခြေအနေတွေကြောင့်ရော နေရပ်စွန့်ခွာနေကြတဲ့ ပြည်သူတွေလည်း အများအပြားဖြစ်နေပါကြောင်း။ ဒါ့ကြောင့် ဒီလိုဘေးဒုက္ခအမျိုးမျိုးကြောင့် မိမိတို့ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာက ထိရောက်တဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးရရှိနိုင်ဖို့ကိုလည်း ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြဖို့ လိုပါကြောင်း"ဝန်ကြီးချုပ်က တိုက်တွန်းပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၇/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချပွဲကိုရီးယားနိူင်ငံ ဆိုးလ်မြို့တရုတ်သံရုံးရှေ့ကျင်းပရာNUGကိုယ်စားလှယ်တက်ရောက်


သြဂုတ်လ ၁ရက်


သြဂုတ်လ၁ရက်နေ့ နံနက် ၁၁ မှ မွန်းလွဲ နာရီအထိ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချပွဲကို  ကိုရီးယားနိူင်ငံ ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေတွင်ကျင်းပရာ NUGကိုယ်စားလှယ် ဦးရန်နိူင်ထွန်း တက်ရောက်ခဲ့ပါတယ်။


"ကျနော်တို့ဘုံရန်သူကိုတိုက်ထုတ်တဲ့နေရာမှာအားလုံးဟာညီညွတ်ဖို့လိုပါတယ်"လို့ ဆန္ဒပြပွဲတက်ရောက်သူတဦးကဆိုပါတယ်။


လက်ရှိမှာမြန်မာအရေးကိုဝင်ရောက်စွက်ဖက်သည့်တရုတ်အစိုးရအား UK၊အမေရိကန်၊သြစတြေးလျရောက်မြန်မာအင်အားစုများကဆန့်ကျင်ကန့်ကွက်လျက်ရှိကြပါတယ်။


========================


📌📌 ၃။ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ် အခြေအနေ သက်တမ်းတိုးမှုမှာ မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာ ပြောကြား


သြဂုတ်လ ၁ရက်


 သြဂုတ်လ၁ရက်နေ့မှာ အမေရိကန်သံရုံးရန်ကုန်ကသတင်းထုတ်ပြန်ချက်မှာ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ် အခြေအနေ သက်တမ်းတိုးမှုမှာ မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက ပြောကြားလိုက်ကြောင်းကိုဖော်ပြထားပါတယ်။


မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိပါတယ်။  မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ တောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်။


 ထို့အပြင်အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရမယ်လို့ဆိုပါတယ်။


 လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၄။ ကန်ပက်လက်မြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်


သြဂုတ်လ ၁ရက်


ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်လာတယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ဖို့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်းထမ်းတွေကို မေလ ရက်ကစပြီး ရက်ပေါင်း ၆၀ အချိန်ပေးခဲ့ရာမှာ သတ်မှတ်ကာလအတွင်း ဝန်ထမ်း ၈၈ ဦး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

ဒီရက်ပေါင်း ၆၀ အတွင်း ရုံးလုပ်ငန်းတွေရပ်တန့်ပြီး အလင်းဝင်ဖို့သတိပေးခဲ့ပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းရုံး၊ နတ်မတောင်အမျိုးသားဥယျာဉ်နှင့် စာရင်းစစ်ရုံးတို့က Non CDM ဝန်ထမ်း ၈၈ ဦး အလင်းဝင်လာခဲ့တာလို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ CDM ဖြစ်ကြောင်းပေါ်လွင်တဲ့ ပညာရေးဝန်ထမ်း ၁ဝ ဦးကိုလည်း Black List စာရင်းကနေ ပယ်ဖျက်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့အဝင် လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ မုခ်ဦးမှာ ချင်းအမျိုးသား အလံတော်နဲ့ CDF-Kanpetlet အလံတို့ကို လွှင့်ထူထားပါတယ်။


========================


📌📌 ၅။ မလှိုင်မြို့နယ်ဂေါက်ကွင်းအနီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံဝန်ထမ်းများမှ  ဆိုင်ခန်း များဆောက်လုပ်ရောင်းချမှုတရားမဝင်ကြောင်းမလှိုင်ပအဖကြေညာ


သြဂုတ်လ ၁ရက်


မလှိုင်မြို့နယ်ဂေါက်ကွင်းအနီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံဝန်ထမ်းများမှ  ဆိုင်ခန်း များဆောက်လုပ်ရောင်းချမှုတရားမဝင်ကြောင်းဇူလိုင်၃၁ရက်မှာ မလှိုင်ပအဖကကြေညာပါတယ်။


 အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရား မဝင်အကြမ်းဖက်အဖွဲ့စည်းဖြစ်၍ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ()ရက်နောက်ပိုင်း ၎င်းတို့မှစီးပွားရေးလုပ်ငန်း ရှင်များသို့ရောင်းချသော မည်သည့်စီမံကိန်းကိုဖြစ်စေ အသိအမှတ်ပြုမည်မဟုတ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရမှ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ယခုအခါ မလှိုင်မြို့နယ်ဂေါက်ကွင်းအနီးတွင် ကားကွင်းပြုလုပ်မည်ဆိုသောအကြောင်းပြချက်ဖြင့် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံဝန်ထမ်းများမှ မလှိုင်မြို့နယ်စည်ပင်သာယာပိုင်မြေနေရာတွင် ဆိုင်ခန်း များဆောက်လုပ်ရောင်းချလျက်ရှိသည်ကို တွေ့ရှိနေရတယ်လို့ဆိုပါတယ်။


 ထို့အတွက် ဝယ်ယူရန်ပြင်ဆင်နေကြသော လုပ်ငန်းရှင်ပြည်သူများအနေဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို သုံးသပ်ပြီးမှ ဆုံးဖြတ်ကြရန် အကြံပြုတိုက်တွန်းလိုတယ်လို့ဆိုပါတယ်။


 ယခုအခါ မန္တလေးတိုင်းအတွင်း၌ မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လျက်ရှိရာ မလှိုင်မြို့ကိုသိမ်းပိုက်ပြီး ပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းဆိုင်ခန်းများကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြန်လည်သိမ်းဆည်း၍ မြို့နေပြည်သူလူထု၏ဆန္ဒနှင့်အညီ ပြန်လည်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================

                      

📌📌 ၆။ လုံခြုံရေးတင်းကြပ်ထားတဲ့ သုံးဆယ်မြို့မှာ ဘဏ်ကနေ ကျပ်သိန်း၂၀၀ ထုတ်လာသူတဦး လုယက်ခံရ


သြဂုတ်လ ၁ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် သုံးဆယ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဘဏ်ကနေ ကျပ်သိန်း၂၀၀ ထုတ်လာသူတဦး လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာဝတီမြို့နယ် ကြို့ကုန်းကျေးရွာမှာနေတဲ့ အမျိုးသားတဦးဟာ မနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်က သုံးဆယ်မြို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲကနေ ကျပ်သိန်း ၂၀၀ ထုတ်ယူပြီး ဆိုင်ကယ်ပေါ်တင်နေစဉ်မှာ လုယက်ခံလိုက်ရတာလို့ ဆိုပါတယ်။

လုယက်တဲ့အဖွဲ့ဟာ ရဲနဲ့စစ်သားတွေ ကင်းလှည့်နေတဲ့အချိန်မှာပဲ လုယူသွားတာလို့ သုံးဆယ်မြို့ခံတဦးက ပြောပါတယ်။ 

လုယက်ယူငင်သွားတဲ့အဖွဲ့ကို လက်ပံတန်းမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင်အမှတ် ၉၃/ နဲ့ ၉၃/ ကြား မှာရှိတဲ့ မကျီးကွင်းအရှေ့ စုရွာဇရပ်အတွင်းကနေ အဲဒီနေ့ မနက် ၁၁ နာရီခွဲခန့်အချိန်ခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲသတင်း ရင်းမြစ်ဆီကနေ သိရတဲ့အကြောင်း Tharyarwaddy 8 City သတင်းဌာနက ဖော်ပြပါတယ်။

ငွေကျပ် သိန်း ၂ဝဝ လုယူသွားတဲ့သူ ဦးကို ဆိုင်ကယ် စီးအတူ လက်ရဖမ်းဆီးရမိခဲ့ပြီဖြစ်တာကြောင့် ပထမသတင်းပေး တိုင်ချက် () ၁၂၇/၂၄၊ ရာဇသတ်ကြီးပုဒ်မ (၃၉၅) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့ တော်မှာ ပြည်တော်ဝင်မယ် စာသားပါ အခါတော်ပေးစာတန်း ချိတ်ဆွဲ 


 သြဂုတ်လ ၁ရက်


ရန်ကုန်မြို့တော်တနေရာမှာ ပြည်တော်ဝင်မယ် စာသားကို တော်လှန်ရေးအလံပေါ်မှာရေးချယ်ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ဒီနေ့ ဩဂုတ်လ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ပြောပါတယ်။

 ရန်ကုန်လူထုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် ဖွဲ့ အပါအဝင် ဟန်ချက်ညီညီလှုပ်ရှားနေကြတဲ့  တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တသားတည်းရှိနေတယ်လို့လည်း ဆိုပါတယ်။ 

နယ်မြေဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးရှောင်များ၊ နိုင်ငံရေးအကျဥ်းသား များအားလုံး အခါတော်ချိန်ရောက်ပြီဖြစ်တာကြောင့် ပြည်တော်ဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လို့တဲ့ ရန်ရည်ရွယ်ချက်နဲ့ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ရဲဘော်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းတုန်းကလည်း နယ်သာလန် နိုင်ငံ ဟိတ်ဂ်မြို့မှာရှိတဲ့ ကမ္ဘာ့ခုံရုံး-ICJ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး -ICC နဲ့ ဥရောပသမဂ္ဂ -EU ရုံး အနီးမှာ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါအင်္ကျီတွေဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ငူမှာ စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ဦးသေဆုံး


သြဂုတ်လ ၁ရက်


ပဲခူးတိုင်း တောင်ငူမြို့နယ် ဝါးထိုးချောင်းကျေးရွာမှာမှာဖြစ်တဲ့တိုက်ပွဲမှာ ပျက်စီးသွားတဲ့စစ်ကားကိုလာယူတဲ့ စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ -KenniTwilightZone က ပြောပါတယ်။

တောင်ငူ-လိပ်သိုလ်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ၆ဝ၃ တပ်ရင်းကို ရိက္ခာပို့ပြီးပြန်လာတဲ့ ကား ၇စီးပါ ယာဉ်တန်းကို KNLA တပ်ရင်း လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၁ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ပြီး လက်နက်တွေဆုံးရှုံးခဲ့ရတဲ့အပြင် ကားတစီးပျက်စီးသွားခဲ့တာရှိပါတယ်။  

အဲဒီတိုက်ပွဲမှာပျက်စီးသွားတဲ့ စစ်ကားကိုလာဆွဲတဲ့ စစ်တပ်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကမ်းနီကြားဒေသကာကွယ်ရေး တပ်ဖွဲ့က ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်မှာ ကျွန်းကုန်းရွာအနီး ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကို KNU တပ်မဟာ တပ်ရင်း တပ်ဖွဲ့နဲ့ KNLA တပ်ရင်း လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေး တပ်ဖွဲ့ - KenniTwilightZone တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းက ကားတစီး ထပ်မံပျက်သွားစီးခဲ့ပြီး စစ်သား ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း အသိပေးထားပါတယ်။

ကျွန်းကုန်းရွာအနီးဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အင်အားများပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ဖြူးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ဦးနဲ့ မိုင်းရှာခွေးတကောင် သေဆုံး


သြဂုတ်လ ၁ရက်


ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက် ကွင်းဝိုင်းကျေးရွာမှ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးနဲ့ မိုင်းရှာခွေးတကောင် သေဆုံးသွားတယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။  

ကညွတ်ကွင်းမြို့အရှေ့ဘက် ကွင်းဝိုင်းကျေးရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်သားတွေ ဒီနေ့ ဩဂုတ်လ ရက်နေ့ မနက် နာရီ ၄၅ မိနစ်အချိန်မှာ လင်းယောခင်ရွာဘက် ကင်းပတ်ထွက်လာတဲ့အတွက် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ မိုင်းရှာစစ်သားတဦးအပါအဝင် ဦးသေဆုံးသွားပြီး စစ်သား ဦးက ကွင်းဝိုင်းကျေးရွာဘက် ထွက်ပြေး သွားတယ်လို့ ဖြူးမြို့နယ် ပကဖ က အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သား ဦး ဒဏ်ရာရရှိမှုအခြေအနေကို သိနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သံဖြူဇရပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ဦးသေဆုံး


သြဂုတ်လ ၁ရက်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကိုဖြတ်သန်းသွားတဲ့ အမှတ် ပြည်ထောင်စုလမ်းမပေါ် က ဝဲခမီကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ဦး သေဆုံးသွားတယ်လို့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။

အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ခုခွဲပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဇူလိုင် ၂၉ ရက်နေ့ မနက် နာရီ ၄၀ မိနစ်ခန့်အချိန်က ဝဲခမိကျေးရွာနဲ့ ရွာသာအေးကျေးရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက  ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်တွေကြောင့် တိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းမှာပါတဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ဝဲခမီနဲ့ ရွာသာအေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကောလင်းမြို့ကို(၁၀)ရက်ကျော် ခုခံကာကွယ်တိုက်ခိုက်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်()ဦး၏ ကျန်ရစ်သူမိသားစုအား ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ခြင်းနှင့်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့


သြဂုတ်လ ၁ရက်


ကောလင်းမြို့ကို(၁၀)ရက်ကျော် ခုခံကာကွယ်တိုက်ခိုက်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်()ဦး၏ ကျန်ရစ်သူမိသားစုအား ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ခြင်းနှင့်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့‌ကြောင်း သြဂုတ်လ၁ရက်မှာ ကောလင်းခရိုင် တပ်ရင်း၂ ကအသိပေးဆိုပါတယ်။


"ကောလင်းမြို့သိမ်းတိုက်ပွဲတွင် တပ်ရင်းမှ ရဲဘော်()ဦးနှင့် ကောလင်းမြို့သို့ စကစ ပြန်လည်ထိုးစစ်ဆင်လာချိန်တွင် ကောလင်းမြို့ကို(၁၀)ရက်ကျော် ခုခံကာကွယ်တိုက်ခိုက်ရင်း ရဲဘော်()ဦးထပ်မံ ကျဆုံးခဲ့ပါတယ်။သို့ဖြစ်ပါ၍ ကျန်ရစ်သူမိသားစုအား ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးအပ်ခြင်းနှင့်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်"လို့ကောလင်းခရိုင်တပ်ရင်း၂ကအတည်ပြုပါတယ်။


ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက ပြန်လည်ရရှိရန်ကြိုးပမ်းမှုတို့ရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်း အထက်ကိုဆန်တက်နေတာကြောင့် ဒေသခံတွေ သတိရှိကြဖို့ တိုက်တွန်း 


သြဂုတ်လ ၁ရက်


စစ်ကိုင်းတိုင်း မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ သင်္ဘောတွေပါတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုဟာ ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာတာကြောင့် မြစ်ကမ်းဘေးတလျောက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

စစ်ကောင်စီရေယာဉ်အုပ်စုမှာ ၁၇ စီးထက်မနည်းပါဝင်ပြီး ဒီနေ့ ဩဂုတ် ရက် မနက်အစောပိုင်းက စတင်ကာ ဆန်တက် လာတာလို့ ယင်းမာပင်ခရိုင် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ လက်နက်တွေတပ်ထားတဲ့အတွက် မြစ်ကြောင်းတလျောက်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကို ရှောင်ခိုင်းထားရတယ်လို့ ULF စစ်ကြောင်းမှူးက ဒေသတွင်းသတင်းဌာနတွေကနေတဆင့် ဒေသခံပြည်သူတွေကို အသိပေး ထားပါတယ်။

ဒီစစ်ကောင်စီရေယာဉ်တွေဟာ ကနီမြို့ကိုသွားမှာဖြစ်တယ်လို့ ကနဦးသတင်းရထားတဲ့အကြောင်း ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကလဲ ပြောထားပါတယ်။ 

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂စင်း၊ ဖလက်ခွံ စင်းနဲ့ မော်တော် စင်း ပါတဲ့ စစ်ရေယာဉ်အုပ်စုဟာ ဒီနေ့ ဩဂုတ်လ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ကနီမြို့နယ်အတွင်းဝင်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လာတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။ 

စစ်ရေယာဉ်အုပ်စုက ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်ဆန်တက်နေချိန်မှာပဲ မုံရွာ နမခ ကနေ တက်လာတဲ့ Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်းကလည်း ကနီနဲ့ ဘုတလင်အစပ် ရွှေစာရေးရွာဘက်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်သွားတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းကလည်း ပြောထားပါတယ်။   

စစ်ကောင်စီရေယာဉ်တွေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာကနေ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း စတဲ့မြို့တွေကို ဆန်တက်လေ့ရှိပြီး လမ်းကြောင်းတလျောက်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို လက်နက်နဲ့ ရိက္ခာတွေ ပေးပို့လေ့ရှိကာ ပြန်အဆင်းမှာ သစ်လုံးနဲ့ကျောက်စိမ်းတုံးတွေ ပြန်လည်သယ်ဆောင်လာလေ့ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ခုခံ တော်လှန်စစ် () နှစ်ကျော်ကာလအတွင်း ရန်သူ့ ဗိုလ်မှူးချုပ်တွေ အပါအဝင် အင်အား (၅၀၀၀) နီးပါးလက်နက်ချခဲ့ပြီးတပ်မ () ခု စာ အင်အားနဲ့ တပ်ရင်း (၄၀) နီးပါး စာ အင်အားရှိခဲ့


သြဂုတ်လ ၁ရက်


ခုခံ တော်လှန်စစ် () နှစ်ကျော်လာခဲ့အခါ အကြမ်းဖက် စစ်တပ်ကနေ တဦးချင်းတယောက်ချင်း လက်နက်ချမှု သာမကတော့ဘဲ အစုလိုက်အပြုံလိုက်၊ ယူနစ်လိုက် လက်နက်ချမှုတွေ ပေါ်လာပြီ ဖြစ်ပါတယ်။ပထမ တကြိမ်ကတော့ လောက်ကိုင် ဒကစ တခုလုံး နဲ့ ဆက်စပ် တပ်တွေ အင်အား (၄၀၀၀) နီးပါး လက်နက်ချမှုဖြစ်ပါတယ်။ စစ်တပ်မှာ ဒကစလို့ ခေါ်တဲ့ သက်ဆိုင်ရာ ဒေသတခုကို စစ်ရေးအရ ကွပ်ကဲတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ခု ပဲ ရှိပြီး () ခု ဖြစ်တဲ့ လောက်ကိုင် ဒကစ က တခုလုံး လက်နက်ချသွားပြီ ဖြစ်ပါတယ်။ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ အတွင်း စစ်သား၊ စစ်အရာရှိ၊ ဗိုလ်မှူးချုပ် () ဦး အပါအဝင် တပ်ဖွဲ့ ဝင် နဲ့ မိသားစုဝင် ၃၇၂၄ ဦး အလုံးအရင်းလိုက် ကိုးကန့် MNDAA တပ်ထံ လက်နက်ချခဲ့ပါတယ်။ ဒုတိယ အကြိမ်ကတော့ ကရင်ပြည်နယ်၊ သင်္ကန်းညီနောင် အခြေချ စစ်ဗျူဟာ ၂၀၂၄ ခုနစ်၊ ဧပြီလ အတွင်း ကရင် အမျိုးသား အစည်းအရုံး KNU/KNLA ထံကို အရာရှိ (၆၇) ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၁၇) ဦး လက်နက်ချလိုက်မှု ဖြစ်တယ်လို့ဇူလိုင်လနောက်ဆုံးပတ်မှာ PDFInsightကအသိပေးဖော်ပြပါတယ်။


တတိယအကြိမ်ကတော့ လားရှိုးမြို့နယ်တွင်းမှာရှိတဲ့ ဒုတိယ ဗိုလ်မှူးကြီး () ဦး၊ ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦး တို့ အပါအဝင် စုစုပေါင်း (၃၁၇) ဦး ကိုးကန့် MNDAA ထံကို ၂၀၂၄ ခုနစ် ဇူလိုင်လ အတွင်း လက်နက်ချမှုဖြစ်တယ်လို့သိရပါတယ်။


အဆိုပါအလုံးအရင်းလိုက် လက်နက်ချမှုကြီး () ခု ပေါင်းရင် ရန်သူ့ ဗိုလ်မှူးချုပ်တွေ အပါအဝင် အင်အား (၅၀၀၀) နီးပါး နဲ့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ၊ အမြောက်တွေ၊ လေယာဉ်ပစ် စက်သေနတ်တွေ၊ စစ်သုံးယာဉ်တွေ သိမ်းပိုက် ရရှိခဲ့ပါတယ်။ 


ဒါဟာ ရန်သူ့ တပ်မ () ခု စာ အင်အား၊ တပ်ရင်း အနေနဲ့ဆိုရင် (၄၀) နီးပါး စာ အင်အားဖြစ်တယ်လို့ PDFInsightကဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment