24th JUL 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။"တော်လှန်ရေးဆိုတာခံစားချက်တခုတည်းနဲ့အလုပ်လုပ်လို့မရဘဲခံယူချက်ဆိုတဲ့အနေနဲ့လုပ်ဆောင်မှမှန်ကန်တာဖြစ်တယ်"လို့လူ့အခွင့်ရေးဝန်ကြီးဆို

📌 ၂။ ကိုယ်ကျိုးဘဲကြည့်ပြီး ပြည်သူတွေနဲ့ သူ့နောက်လိုက်တွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ခေါင်းဆောင်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးတယ်လို့ ဒေါက်တာမီမီဝင်းဘတ်ပြောကြား

📌 ၃။ The key ထံမှသိန်းငါးရာရရှိ၍ ရေးဘီလူး တပ်ဖွဲ့M4လက်နက်ဝယ်ယူ

📌 ၄။ သာယာဝတီခရိုင်အတွင်းမှာ ရေကြီးနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

📌 ၅။ မင်းအောင်လှိုင်ရဲ့စစ်တပ်ထဲ လူထုမုန်းသွားတာကို မခံစားနိုင်တဲ့အုပ်စုအနေနဲ့လူထုထံ အလင်း၀င်ဖို့ ဒေါက်တာထွန်းအောင်ရွှေတိုက်တွန်းပြောကြား

📌 ၆။ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့ရ


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများရှိရာ မင်းကွန်းဒေသကို စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၃ဝကျော်ပျက်စီး ပြည်သူ ဦးကို ဖမ်းဆီး

🚩 ၂။ လားရှိုးမြို့ အထွက်သာရတော့ပြီး အဝင်မရတော့ဘဲဈေးဆိုင်နဲ့ဆေးဆိုင်အများစုပိတ်

🚩 ၃။ မုံရွာတိုးဂိတ်အနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး 

🚩 ၄။ ရေဖြူမြို့ပေါ် မှာ စစ်သားတွေပါလာတဲ့ကားကို တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး သေနတ် လက်နဲ့ခဲယမ်းများရရှိ

🚩 ၅။ ချောင်းဦးနယ် ကံကြီးကုန်းရွာတိုက်ပွဲမှာ စစ်သား၃ ဦးထက်မနည်း သေဆုံး 

🚩 ၆။ ကရင်နီပြည်လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ အကြမ်းဖက် စကစ တပ်များနှင့် ကရင်နီတော်လှန်းတပ်ပေါင်းစုများ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "တော်လှန်ရေးဆိုတာခံစားချက်တခုတည်းနဲ့အလုပ်လုပ်လို့မရဘဲခံယူချက်ဆိုတဲ့အနေနဲ့လုပ်ဆောင်မှမှန်ကန်တာဖြစ်တယ်"လို့လူ့အခွင့်ရေးဝန်ကြီးဆို


ဇူလိုင်၂၄


"တော်လှန်ရေးဆိုတာခံစားချက်တခုတည်းနဲ့အလုပ်လုပ်လို့မရဘဲခံယူချက်ဆိုတဲ့အနေနဲ့လုပ်ဆောင်မှမှန်ကန်တာဖြစ်တယ်"လို့လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ ဆိုပါတယ်။


"တော်လှန်ရေးဆိုတာခံစားချက်တခုတည်းနဲ့အလုပ်လုပ်လို့မရဘူး။ခံယူချက်ဆိုတဲ့အနေနဲ့လုပ်ဆောင်မှမှန်ကန်တာဖြစ်တယ်။အဲဒီတော့ဘာကိုခံယူချက်ထားမလဲ။လူ့အခွင့်အရေးဆိုတာအရေးကြီးတယ်။ရပိုင်ခွင့်ဖြစ်သလိုကိုယ့်ရဲ့အပြုအမူတွေက ကိုယ်မုန်းတဲ့အာဏာရှင်တွေလိုသွားပြီးတော့ ကျင့်ကြံလို့မရအောင်အသိပေးနိူင်တာလူ့အခွင့်အရေးပညာပေးပဲ။ခံစားချက်တွေကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိူင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်ရေးဝန်ကြီးဌာနအနေနဲ့စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်ရုံသာမက တော်လှန်ရေးရဲဘော်များကိုလည်း လူ့အခွင့်ရေးနှင့်ကျင့်ဝတ်များလိုက်နာရန်သင်တန်းပို့ချမှုများရှိနေပါတယ်။


========================


📌📌 ၂။ ကိုယ်ကျိုးဘဲကြည့်ပြီး ပြည်သူတွေနဲ့ သူ့နောက်လိုက်တွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ခေါင်းဆောင်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးတယ်လို့ ဒေါက်တာမီမီဝင်းဘတ်ပြောကြား


ဇူလိုင်၂၄ရက်


ကိုယ်ကျိုးဘဲကြည့်ပြီး ပြည်သူတွေနဲ့ သူ့နောက်လိုက်တွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ခေါင်းဆောင်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးတယ်လို့ ပါမောက္ခဒေါက်တာမီမီဝင်းဘတ် ဇူလိုင်၂၄ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားလိုက်ပါတယ်။


"လတ်တလော မတူညီတဲ့ခေါင်းဆောင်မှုနှစ်ရပ်ကို မြင်တွေ့နေရပါတယ်။တကိုယ်ကောင်းမဆန်ဘဲ တိုင်းပြည်နဲ့ပြည်သူတွေ ကောင်းဘို့ ကြည့်တဲ့ခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုခေါင်းဆောင်ဟာ ပြည်သူတွေရဲ့အကျိုးကို ရှေးရူပြီး အလုပ်လုပ်တယ်၊ နောက်တမျိုးကတော့ ကိုယ့်အကျိုးဘဲကြည့်ပြီး ပြည်သူတွေနဲ့ သူ့နောက်လိုက်တွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ခေါင်းဆောင်ဖြစ်တယ်၊ အဲဒီလိုခေါင်းဆောင်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးတယ်။ဒီလိုခေါင်းဆောင်မှုတွေဟာ တိုင်းပြည်နဲ့ပြည်သူတွေရဲ့ အနာဂတ်ကို ဖြစ်ပေါ်စေတယ်"လို့ဆိုပါတယ်။


ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး လတ်တလောမှာနွေဦးတော်လှန်ရေးကို ဒေါက်တာမီမီဝင်းဘတ်ကဝန်းရံနေသူတဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ The key ထံမှသိန်းငါးရာရရှိ၍ ရေးဘီလူး တပ်ဖွဲ့M4လက်နက်ဝယ်ယူ


ဇူလိုင်၂၄


ဇူလိုင်လအတွင်းမှာ ရေးဘီလူးတပ်ဖွဲ့မှခေါင်းဆောင်ရေးဘီလူးက လက်နက်ဝယ်ယူရန်အကူအညီပေးမှုနှင့်ပတ်သက်ပြီး အခုလိုအသိပေးဆိုထားပါတယ်။


" The key ထံမှ ရေးဘီလူး တပ်ဖွဲ့M4ဝယ်ယူရန်မြန်မာငွေသိန်း ( ၅၀၀ )ကျပ်ကို အကူပြုပေးမယ်ဆိုတော့အရမ်းဝမ်းသားမိပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ M4 သေနတ် ၃လက် ဝယ်ယူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။


Project The Keyဟာတော်လှန်ရေးတပ်ဖွဲ့များအတွက်အင်အားဖြည့်တင်းရန်ရှမ်းပြည်နယ်မှဟိုတယ်တလုံးကိုမဲဖောက်မှာဖြစ်ပြီးတော့မဲလက်မှတ်များဆက်လက်ရောင်းချနေကာလက်မှတ်တစောင်လျှင်အမေရိကန်ဒေါ်လာတရာသတ်မှတ်ထားပါတယ်။


========================


📌📌 ၄။ သာယာဝတီခရိုင်အတွင်းမှာ ရေကြီးနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ


ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်ရှစ်မြို့နယ်ဖြစ်တဲ့ သာယာ၀တီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်တို့မှာ ရေကြီးနေတာကြောင့် စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ 

ဇူလိုင်လဆန်းကစပြီး သာယာဝတီခရိုင်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်တို့  မြစ်ရေတွေတက်တာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတာလို့ ဆိုပါတယ်။

အခုလို ရေကြီးမှုတွေကြောင့် ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး သာယာဝတီမြို့နယ်မှာရှိတဲ့ စာသင်ကျောင်း ၂၈ ကျောင်း၊ လက်ပံတန်းမြို့နယ်က စာသင်ကျောင်း ၁၀ ကျောင်းကျော်၊ မင်းလှမြို့နယ်က စာသင်ကျောင်း ၁၀ ကျောင်း၊ မိုးညို မြို့နယ် က စာသင်ကျောင်း ၃၀ ကျော်၊ အုတ်ဖိုမြို့နယ်က စာသင်ကျောင်း ကျောင်း၊ ကြို့ပင်ကောက်မြို့နယ်က စာသင်ကျောင်း ကျောင်း၊ ဇီးကုန်းမြို့နယ်က စာသင်ကျောင်း ကျောင်း၊ နတ်တလင်းမြို့နယ်က စာသင်ကျောင်း ကျောင်း ယာယီပိတ်ထား ရတယ်လို့ Tharyarwaddy 8 City သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မိုးကောင်းနေတာရယ် မြစ်ရေတက်နေတာရယ်ကြောင့် စာသင်ခန်းထဲအထိ ရေတွေဝင်လာတာကြောင့် ကျောင်းတွေပိတ် လိုက်ရတာဖြစ်ပြီး ရေပြန်ကျချိန်အထိ ကျောင်းတွေပိတ်ထားရမှာလို့ စစ်ကောင်စီလက်အောက်ခံ ဆရာ ဆရာမတွေက ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်းနေပေမယ့် မြစ်မခမြစ်ရေဟာ တိုးလာနေဆဲဖြစ်တာကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါး၊ နှမ်း၊ ပဲ အပါအဝင် သီးနှံဧက သောင်းနဲ့ချီ ရေနစ်မြုပ်နေသလို ဆေးရုံဆေးခန်းတွေ လည်း ပိတ်ထားရတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီပြီး ရေဘေးဒဏ်ခံစားနေကြရတယ်လို့ သိရပါတယ်။

လာမယ့်ရက်ပိုင်းမှာလည်း သာယာဝတီခရိုင်အတွင်း မိုးရွာသွန်းမှုပိုလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထား တဲ့အတွက် မြစ်ရေဆက်တက်လာနိုင်တဲ့အခြေအနေနဲ့ ဒေသခံတွေရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ မင်းအောင်လှိုင်ရဲ့စစ်တပ်ထဲ လူထုမုန်းသွားတာကို မခံစားနိုင်တဲ့အုပ်စုအနေနဲ့လူထုထံ အလင်း၀င်ဖို့ ဒေါက်တာထွန်းအောင်ရွှေတိုက်တွန်းပြောကြား


ဇူလိုင်၂၄ရက်


မင်းအောင်လှိုင်ရဲ့စစ်တပ်ထဲ လူထုမုန်းသွားတာကို မခံစားနိုင်တဲ့အုပ်စုအနေနဲ့လူထုထံ အလင်း၀င်ဖို့ ဒေါက်တာထွန်းအောင်ရွှေက ဇူလိုင်၂၄ရက်မှာ ဆိုရှယ်မီဒီယာကနေ တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

" စစ်တပ်ကို လူထုက အမုန်းကြီး မုန်းသွားတာကို မခံစားနိုင်တဲ့၊ မတရားတဲ့ စစ်မိန့်အာဏာအောက်က ရုန်းထွက်ချင်နေတဲ့၊ professional soldiers ဆိုတဲ့ဘ၀ကိုသာ မက်မောတဲ့၊ လက်ရှိ အပယ်ခံဘ၀ကနေ ရုန်းထွက်ဖို့ လမ်းစ ရှာနေတဲ့၊ လူထုရဲ့ မေတ္တာကို ပြန်ရချင်နေတဲ့ အုပ်စုပေါ့။ ဒီအုပ်စုကို ပြောချင်တာက လူထုမေတ္တာကို ပြန်ရချင်ရင် ဒီနေ့ ဒီအချိန်ထက် ကောင်းတဲ့အချိန် မရှိတော့ဘူး၊ လူထုထံ အလင်း၀င်ပါ။မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို လူထုနဲ့အတူ ပူးပေါင်းပြီး ပြန်လည် တိုက်ထုတ်ပါ။ မိမိနဲ့ မိမိရဲ့မိသားစုဘ၀ကို လူရိုသေ ရှင်ရိုသေပြန်ဖြစ်လာအောင် ပြန်လည်တည်ဆောက်ပါ"လို့ဆိုထားပါတယ်။


ဒါ့အပြင်  ကြိုးစင် အတူတက်ရမယ့် ဘ၀ကနေ အမြန်ဆုံး ရုန်းထွက်ကာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ထားခဲ့ပါကလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အစီအမံကို ခံယူပြီး ဘဝကို ပြန်လည်တည်ဆောက်ဖို့ ဒေါက်တာထွန်းအောင်ရွှေကဆိုထားပါတယ်။


========================


📌📌 ၆။ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့ရ


ဇူလိုင်၂၄ရက်


စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဇူလိုင်လအတွင်း မှာ Data for Myanmarက အသိပေးထုတ်ပြန်ပါတယ်။


၂၀၂၄ခု နှစ်အတွင်းမီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ပေါင်း၁၅၀၀၀မီးလောင်ဆုံးခဲ့ရပြီးရခိုင်ပြည်နယ်တွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်အရေအတွက်လည်းတိုးလာတယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ်၊ ဇွန်လထဲမှာ မီးရှို့ဖျက်ဆီးခံရတဲ့အထဲက အရေးကြီးဖြစ်စဉ်တွေ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်လေ့လာချက် အပြင် သုံးသပ်ချက်နဲ့ အကြံပြုချက်တွေပါဝင်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာ အမှတ်စဉ် () ကိုထုတ်ပြန်ခဲ့ပါတယ်။

 

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများရှိရာ မင်းကွန်းဒေသကို စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၃ဝကျော်ပျက်စီး ပြည်သူ ဦးကို ဖမ်းဆီး


 သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွားရှိတဲ့ မင်းကွန်းဒေသကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃ဝ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စစ်ကိုင်းမြို့ကနေ စျေးဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ မင်းကွန်းရဲစခန်းက အရာရှိတဦးနဲ့ပျူစောထီးတဦးတို့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရတာကိုမကျေနပ်တဲ့ မင်းကွန်းရဲစခန်းက အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေပါတဲ့ ပူပေါင်းစစ်ကြောင်းက အင်အား ၁၀၀ ခန့်နဲ့ သမိုင်းဝင်မြသိန်းတန်ဘုရာအနီးမှာရှိတဲ့ အိမ်တွေအပါအဝင် အိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်တပ်စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရှားရောင်းရွာက အိမ် ၂၈ လုံး၊ မင်းကွန်းရွာက အိမ် လုံး မီးလောင် ပျက်စီးသွားပြီး ရွာသစ်ပိုင်းက မီးရှို့ဖျက်ဆီးခ့ရတဲ့အိမ်ခြေအရေအတွက် မသိရသေးဘူးလို့ Wetlet ingormational Network အဖွဲ့က အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေ မီးငြှိမ်းသတ်တာတွေ မလုပ်နိုင်အောင် စစ်တပ်က သေနတ်တွေနဲ့ ပစ်ဖောက်တားဆီးတာ ရေပိုက်လိုင်း တွေကို ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သားပြည်သူ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မြသိန်းတန်ဘုရားအနီးမှာရှိတဲ့ စျေးဆိုင်ခန်းအချို့လည်း မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

မင်းကွန်းဒေသမှာ မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိတဲ့ သမိုင်းဝင်ရှေးဟောင်း စေတီပုထိုးများစွာရှိရာ ဒေသတခုဖြစ်ပါတယ်။


========================


🚩🚩 ၂။ လားရှိုးမြို့ အထွက်သာရတော့ပြီး အဝင်မရတော့ဘဲဈေးဆိုင်နဲ့ဆေးဆိုင်အများစုပိတ်


ဇူလိုင်၂၄ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မြို့ အထွက်သာရတော့ပြီး အဝင်မရတော့ဘဲဈေးဆိုင်နဲ့ဆေးဆိုင်အများစုပိတ်ထားရတယ်လို့သိရပါတယ်။


ဇူလိုင်၂၄ရက် လားရှိုးမြို့ဒေသခံသတင်းအရင်းအမြစ်များထံကသိရပါတယ်။


"လားရှိုးမြို့ အထွက် ရပါတယ်။ အဝင် မရပါ။ဈေးဆိုင်ကြီးတွေအများစု ပိတ်ကုန်ပါပြီ။ ဆေးဆိုင်တွေလဲ ပိတ်ကုန်ပါပြီ။ဆေးရုံကြီး OPD ဖွင့်ထားပါတယ်။လုံခြုံရေးနဲ့ ကား အခက်အခဲကြောင့် ထိခိုက်ဒဏ်ရာရလူနာများ ကူညီသယ်ပေးဖို့အဆင်မပြေတော့ပါ"လို့ဒေသခံတဦးကဆိုထားပါတယ်။


ဇူလိုင်၂၄ရက်မနင်ပိုင်းမှစ၍နှစ်ဘက်ပစ်ခတ်နေကြပြီးလားရှိုးမြို့ရပ်ကွက်() အမှတ်(၁၉)ကျောင်းဘက် ရပ်ကွက်() ရန်တိုင်းအောင်အနောက်ဘက်၊ အေးချမ်းသာယာဓမ္မာရုံအနောက်ဘက်နဲ့ ရဲဘော်ဟောင်းဘက် တိူ့တွင်ပစ်ခတ်မှုများဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ မုံရွာတိုးဂိတ်အနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး 


စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာတိုးဂိတ်အနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး သွားတယ်လို့ People's Defense Force -South Monywa က ပြောပါတယ်။

မြပုလဲဆီဆိုင်ဂိတ်ကနေထွက်လာပြီး မုံရွေးတိုးဂိတ်အနီးမှာ ညအိပ်တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စစ်သား ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အသင့်ထောင်ထားတဲ့ မိုင်းပွိုင့်အနီး ကင်းပုန်းလာဝပ်ချိန် ဇူလိုင် ၂၃ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ပဒေသာ မိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းပွိုင့်ပေါ်ရောက်တဲ့အချိန် ဖောက်ခွဲနိုင်ခဲ့တာကြောင့်  စစ်သေား ဦးစလုံး လေပေါ်မြောက်တက်သွားပြီး ပြုတ်ကျလာချိန် မှာ အသက်ပါမလာတော့ဘူးလို့လည်း အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း -People's Defense Force -South Monywa Youth Vigor Revolution Force နဲ့ Black Hunter People's Task Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရေဖြူမြို့ပေါ် မှာ စစ်သားတွေပါလာတဲ့ကားကို တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး သေနတ် လက်နဲ့ခဲယမ်းများရရှိ


တနင်္သာရီတိုင်း ရေဖြူမြို့ပေါ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPPDF က ပြောပါတယ်။  

ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်သားတွေ လိုက်ပါလာတဲ့ကားကို ပြောက်ကျားနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို့ တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ တဦး ထွက်ပြေးလွတ်မြောက်ထွက်ပြေးသွားတယ်လို့ အသိပေးထားပါတယ်။

အပြန်အလှန်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေဆီကနေ MA 3 အမျိုးအစား သေနတ် လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါသီး လုံး၊ လက်ပစ်ဗုံး လုံး၊ ကျည် ၄၀၀ တောင့်နဲ့ ဖုန်း လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDF နဲ့ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် -DNLA တပ်ခွဲ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအရ စစ်ဆင်ရေးတွေ အရှိန်အဟုန်တိုးမြင့် ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးအသိဖြင့် သတိပြုသွားလာနေထိုင်ကြဖို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ ချောင်းဦးနယ် ကံကြီးကုန်းရွာတိုက်ပွဲမှာ စစ်သား၃ ဦးထက်မနည်း သေဆုံး 


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူရွာအနီးမှာဖြစ်တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ဦးထက်မနည်းသေဆုံးသွားတယ်လို့ Chaung U People’s Defence Force – CHU PDF တပ်ဖွဲ့ထံကနေ သိရပါတယ်။

မနေ့ ဇူလိုင်လ ၂၃ ရက် မနက် ၁ဝ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကံကြီးကုန်းပျူရွာအနီးတဝိုက် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ မိုင်းသွားထောင်တဲ့အချိန်မှာ စစ်အုပ်စုရဲ့ ကာကင်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

မိနစ်ခန့်ကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ဦးသေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရပြီး ဦးခန့် ပြင်းထန် ဒဏ်ရ ရသွားတယ်လို့လည်း အသိပေးပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ CHU PDF တပ်ခွဲ တို့  လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် မွန်းတည့် ၁၂ နာရီခွဲခန့်အချိန်မှာ မုံရွာ နမခကနေ တက်လာတဲ့ Mi 35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်က တိုက်ပွဲနဲ့မဆိုင်တဲ့ ရွှေလှေကျေးရွာကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အိမ် လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတဦး ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိမှာလည်း ကံကြီးကုန်းရွာမှာပဲ အင်အား ၄ဝ ခန့်နဲ့ အထိုင်ချတပ်စွဲထားဆဲလို့ သိရပါတယ်။


========================


🚩🚩 ၆။ ကရင်နီပြည်လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ အကြမ်းဖက် စကစ တပ်များနှင့် ကရင်နီတော်လှန်းတပ်ပေါင်းစုများ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေ


ဇူလိုင်၂၄


 ကရင်နီပြည်လွိုင်ကော်မြို့တွင်း မိုင်းလုံး၊ ပန်ကန်း၊ ဒေါဥခူ၊ ထင်းငှါလျား၊ GTCဘက်မှာ အကြမ်းဖက် စကစ တပ်များနှင့် ကရင်နီတော်လှန်းတပ်ပေါင်းစုများနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုသတင်းအရင်းအမြစ်များထံကသိရပါတယ်။


 နေ့စဥ်တိုက်ပွဲတွင် အကြမ်းဖက် စကစက ထိခိုက်သေဆုံးမှုများကြောင်း သိရပြီး မင်္ဂလာ(ပိုးစာခြံ) ဈေးပိုင်း၊ ဒေါဥခူ ပန်ကန်း၊ မိုင်းလုံးရပ်ကွက်ဘက်မှာ တိုက်ပွဲအတွင်း မထိခိုက်သေးတဲ့ အိမ်တွေကို အကြမ်းဖက် စကစ တပ်များ လုံခြုံရေး အကြောင်းပြပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


 လွိုင်ကော်မြို့ကို အကြမ်းဖက် စကစမှ တည်ငြိမ်နေပြီဟု ဝါဒဖြန့်ပြီး ဝန်ထမ်းများနှင့် ပြည်သူများကို ပြန်ခေါ်နေကာ ဘီလူးချောင်း အရှေ့ခြမ်း ရပ်ကွက်တွေကတော့ အခြေအနေတည်ငြိမ်သလိုရှိနေပေမဲ့ ဒေါနိုးကူး၊ မင်းစုရပ်ကွက်တွေမှာ စကစ အကြမ်းဖက်တပ်မှ မိုင်းထောင်ထားတာရှိနေကြောင်းသိရပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment