24th JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနှင့် တရားမျှတမှုတို့အတွက် အောင်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ယခင်ကထက် အနီးဆုံးကို ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌 ၂။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် Challenges and Prospects of Justice, Democracy and Peace in Myanmar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ခဲ့

📌 ၃။ မင်းအောင်လှိုင် ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ဟု ဇော်မင်းထွန်း ပြောဆို

📌 ၄။ ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင်ကံထူးရှင် အယောက် ၂၀၀ ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် ကြေညာ

📌 ၅။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးသတ်ဖြတ်ခံရခြင်း()နှစ်ပြည့် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ ပြုလုပ်

📌 ၆။ တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင့်မေ့သတိရ သပိတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား

📌 ၇။ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၅)ဦး သေဆုံးခဲ့ပြီး ၆၀နှစ်အထက် သတ်ဖြတ်ခံရသူ ()ဦး ပါဝင်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒုဗိုလ်မှူးကြီး ဦး၊ ဗိုလ်မှူး ဦး၊ ဗိုလ်ကြီး ဦးအပါအဝင် တပ်သားများ စုစုပေါင်း ၃၁၇ ဦး MNDAAတပ်သို့ လက်နက်ချအလင်းဝင်

🚩 ၂။ လားရှိုးမြို့ အဝင်က ခလရ - ၄၁ နဲ့ ခလရ - ၆၈ တပ်ရင်းများကို MNDAA သိမ်းပိုက်ရရှိ

🚩 ၃။ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး ရန်သူအလောင်း (၅၀)ကျော်နှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိ

🚩 ၄။ ရွေဘိုမြို့နယ်က ဇီးဖြူကုန်း ပျူစခန်းနဲ့ သီလုံးပျူစခန်း နှစ်ခုအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

🚩 ၅။ မင်းကွန်းမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲနဲ့ပျူ အပစ်ခံရပြီး သေဆုံးလို့ စစ်တပ်က စစ်ကြောင်းထိုး ရွာတွေကို မီးဝင်ရှို့

🚩 ၆။ လောက်ကိုင်မြို့က လူနေရပ်ကွက် တစ်ခုကို ညဘက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

🚩 ၇။ နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသောလမ်းသွယ်အားလုံးကို သတ်မှတ်ပေးထားသောအချိန်တွင် သွားလာကြရန် မေတ္တာရပ်ခံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနှင့် တရားမျှတမှုတို့အတွက် အောင်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ယခင်ကထက် အနီးဆုံးကို ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


ဇူလိုင်လ ၂၃ရက်။

Radio NUG 

ဖက်ဒရယ်ဒီမိုကရေစီနှင့် တရားမျှတမှုတို့အတွက် အောင်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ယခင်ကထက် အနီးဆုံးကိုရောက်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။


ဇူလိုင်၂၃ရက် ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကဆိုထားပါတယ်။


"လွန်ခဲ့သည့် နှစ်ကျော်ကစစ်အာဏာရှင်များက ဖက်ဒရယ်ဒီမိုကရေစီအတွက် မယိမ်းယိုင် တိုက်ပွဲဝင်ခဲ့ကြသော ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ရက်စက်စွာ ကွပ်မျက်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏ အသက်ကို ဖက်ဒရယ်ဒီမိုကရေစီအတွက် စွန့်လွှတ်ခဲ့ပါတယ်။ ဝမ်းနည်းပူဆွေးသော မိသားစုများ၏ နှုတ်ဆက်ခွင့်ကို အကြမ်းဖက် စစ်ကောင်စီက လူမဆန် ငြင်းပယ်ခဲ့တယ်။ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်တွေက သူရဲကောင်းများကို ရက်စက်စွာ ကွပ်မျက်ခဲ့ပေမယ့် လွတ်လပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီအပေါ် သူတို့ရဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေကို သန်းနဲ့ချီတဲ့ ရဲရင့်သူတွေဆီကနေ ဘယ်တော့မှဖယ်ထုတ် ရပ်တန့်၍မရနိုင်ပါ။ ဖက်ဒရယ်ဒီမိုကရေစီနှင့် တရားမျှတမှုတို့အတွက် အောင်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ယခင်ကထက် အနီးဆုံးကို ရောက်နေပါပြီ"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်အုပ်စုဟာ မြေပြင်မှာ စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရပြီး လက်နက်ချအလင်းဝင်မှုများလည်းရှိနေပါတယ်။


========================


📌📌 ၂။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် Challenges and Prospects of Justice, Democracy and Peace in Myanmar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ခဲ့


ဇူလိုင်လ ၂၃ရက်။

Radio NUG 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် Challenges and Prospects of Justice, Democracy and Peace in Myanmar ဆွေးနွေးပွဲသို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ခဲ့ပါတယ်။


ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပသည့် Challenges and Prospects of Justice, Democracy and Peace in Myanmar ဆွေးနွေးပွဲသို့ပြည်ထောင်စုဝန်ကြီးဟာ ပါဝင်တက်ရောက်ခဲ့ပြီး  Landscape Human Rights in Myanmar and Challenges in Asia ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မှစတင်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုဆိုးရွားလာသည့် အခြေအနေများ၊ အကြမ်းဖက်မှုများအပြင် လေကြောင် တိုက်ခိုက်ခံရမှုများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ သိသိသာသာ ဖြစ်ပေါ်နေသည့် အကြောင်းများကို တင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့ပြင် မြန်မာပြည်သူများ၏ အကြမ်းဖက်စစ်အုပ်စုအပေါ် ကြံ့ကြံ့ခံတွန်းလှန်နေသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အကြမ်းဖက်စစ်အုပ်စုအပေါ် ဟန်ချက်ညီညီ တွန်းလှန်နေမှုများကြောင့် အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးမှုများ ဆုံးရှုံးလျက်ရှိကာ စိတ်ဓာတ်ရေးရာ အင်အားချိနဲ့မှုများလည်း ဖြစ်ပေါ်နေကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာသို့လည်း အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် နိုင်ငံတကာစစ်ရာဇဝတ်မှုမြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ကြောင်း တင်ပြဆွေးနွေးမှုများ ပြုလုပ်ရှိလျက်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဖိလစ်ပိုင်အရပ် ဖက်အဖွဲ့အစည်းများကလည်း ဖိလစ်ပိုင် အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး အပါအဝင် မြန်မာပြည်သူများအပေါ် ထိရောက်သည့်အကူအညီများ ပေးအပ်နိုင်ရန်၊ အာဆီယံတွင် ဖိလစ်ပိုင် အစိုးရဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် မြန်မာ့အရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန်၊ အာဆီယံတွင် မကြာမီက သဘောတူညီခဲ့သည့် ဥက္ကဋ္အဖွဲ့ အလှည့်ကျ ()ဦး Triokaစနစ်အားလည်း ပိုမို အားကောင်းအောင်လုပ်ဆောင်သွားရန်၊ ဖိလစ်ပိုင်နိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု၏ ချိုးဖောက်မှုများကို အရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရား ဥပဒေခုံရုံးစနစ် (Universal Jurisdiction) စနစ်ကို အားပေးထောက်ခံရန် အစရှိသည့် အချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရပါတယ်။


========================


📌📌 ၃။ မင်းအောင်လှိုင် ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ဟု ဇော်မင်းထွန်း ပြောဆို


ဇူလိုင်လ ၂၃ရက်။

RadioNUG

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြင့်ဆွေထံမှ ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်ကြောင်း ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ရက်နေ့မှ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


ယာယီသမ္မတ ဦးမြင့်ဆွေကို ဆေးကုသပေးရေးအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိသော်လည်း တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု မရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့က ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေ ကြေညာမှု နှစ်ခုနဲ့ဆောင်ရွက် ပေါင်းစပ်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်သည်လို့ ပြဌာန်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်လို့ ဆိုထားပါတယ်။


ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ - အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးကို ဦးဆောင်ရန် ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာဖြစ်ပါတယ်" လို့ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။


ပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအနေဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပြီး ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်"လို့ အကြမ်းဖက် ဇော်မင်းထွန်းက ထပ်လောင်းပြောဆိုပါတယ်။


========================


📌📌 ၄။ ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင်ကံထူးရှင် အယောက် ၂၀၀ ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် ကြေညာ


ဇူလိုင်လ ၂၃ရက်။

Radio NUG 

ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင်ကံထူးရှင် အယောက် ၂၀၀ ကိုပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် ကြေညာလိုက်ပါတယ်။


ဇူလိုင်၂၃ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကအသိပေးဆိုပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ အောင်လံလွှင့်ချီ နွေဦးထီတို့ပူးပေါင်းပြီး ဇူလိုင်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဒုတိယမြောက် ကံထူးရှင်တွေ ပေါ်ပေါက်လာပါပြီ။ ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက ကံထူးရှင် အယောက် ၂၀၀ ကို ကြေညာပေးလိုက်ပါတယ်။ ဂုဏ်ယူပါတယ် ရဲဘော်တို့"လို့ဆိုထားပါတယ်။


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇူလိုင်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာဖြစ်ပြီး အကယ်၍ ဇူလိုင်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်သေးတယ်လို့သိရပါတယ်။


အလားတူ နောက်ထပ်ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ကို ဇူလိုင်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားဦးမှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးသတ်ဖြတ်ခံရခြင်း()နှစ်ပြည့် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ ပြုလုပ်


ဇူလိုင်လ ၂၃ရက်။ 

RadioNUG

ကိုဂျင်မီ()ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကြိုးပေးသတ်ဖြတ်ခံရခြင်း ()နှစ်ပြည့် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ ပြုလုပ်ခဲ့ကြောင်း PPNMမှ သတင်းထုတ်ပြန်ပါတယ်။


အကျဉ်းထောင်များအတွင်း၌ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း၊ ထောင်တွင်းနှင့်ထောင်ပြင်ပတွင် ဥပဒေမဲ့ သတ်ဖြတ်ခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ကျူးလွန်ခြင်းကိုခံနေကြရတယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စစ်ကြောရေးငရဲခန်းများအတွင်း၌ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအရေအတွက် နှစ်သောင်းကျော် ကျန်ရှိနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင့်မေ့သတိရ သပိတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား


ဇူလိုင်လ ၂၃ရက်။

Radio NUG 

တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားခဲ့ကြတယ်လို့ ဇူလိုင်၂၃ရက် ဗကသများအဖွဲ့ချုပ်ကအသိပေးဖော်ပြပါတယ်။


ထို့အတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် အရာတော်မြို့တို့တွင် ဝမ်းနည်းခြင်း အထိန်းအမှတ်အနေဖြင့် လူထုတိုက်ပွဲ ဦးဆောင်ကော်မတီများက အောင့်မေ့သတိရခြင်း သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားတွင် ကိုဇေယျာလွင်မှ ပေးပို့သော ရုပ်သံမှတ်တမ်းကို ဖွင့်ကြားခဲ့ပြီး ရပ်ရွာဒေသခံများက ရွေးကောက်တင်မြောက်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အလားတူ အရာတော် မြို့နယ်မှာ လူထုသပိတ် ဦးဆောင်ကောင်မတီမှ ဦးဆောင်ကာ အရာတော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အရတပကဖ)နှင့် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)တို့ရဲ့ ပူးပေါင်းဝန်းရံမှုဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် သပိတ်စစ်ကြောင်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။


စစ်ကောင်စီတပ် အထိုင်စခန်းနဲ့ နီးကပ်တဲ့ အရာတော် - ရွှေဘို လမ်းပိုင်းတနေရာမှာ "တရားတဲ့သူသာ နိုင်ကြေးဟေ့" ဘန်နာစာတန်း ကိုင်ဆွဲကာ "ငါတို့အားလုံး ကိုဂျင်မီ၊ ငါတို့အားလုံး ဖြိုးဇေယျာသော်၊ ငါတို့အားလုံး အောင်သူရဇော်၊ ငါတို့အားလုံး လှမျိုးအောင်စတဲ့ ကြွေးကျော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


အလားတူ နယ်မြို့အသီးသီးရှိ လူထုသပိတ်များဖော်ဆောင်ရာတွင်လည်း ကိုဂျင်မီ ()ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် ()မောင်ကျော်၊ ကိုလှမျိုးအောင် ()ကိုမျိုး၊ ကိုသူရအောင် () ကိုဂတုံး တို့ () ဦး ကျဆုံးခဲ့မှုကို အခမ်းအနားများနှင့်လှုပ်ရှားခဲ့ကြပါတယ်။


========================


📌📌 ၇။ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၅)ဦး သေဆုံးခဲ့ပြီး ၆၀နှစ်အထက် သတ်ဖြတ်ခံရသူ ()ဦး ပါဝင်


ဇူလိုင်လ ၂၃ရက်။

Radio NUG 

မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၅)ဦး သေဆုံးခဲ့ပြီး ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ()ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှ ၂၃ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ()ဦးနှင့် အမျိုးသား ()ဦး စုစုပေါင်း (၁၅)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။ 


အဆိုပါ (၁၅)ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့်()ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ()ဦးရှိခဲ့ပါတယ်။


ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက်စစ်အုပ်စုက မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ-မြင်းနီကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် စစ်အုပ်စု၏ စစ်ကြောင်းက အဆိုပါကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဓာတ်ဆီဖြင့် မီးရှို့ဖျက်ဆီးသဖြင့် ကျေးရွာရှိ နေအိမ် ထက်ဝက်ကျော် မီးလောင်ဆုံးရှုံးပြီး ထွက်မပြေးနိုင်သည့် အသက် ၉၀ နှစ် ဝန်းကျင်အရွယ် ဒေါ်လုံးနှင့် ဒေါ်ဖယောင်း၊ အသက် ၈၀ နှစ်ကျော်အရွယ် ဦးကျော်အေးနှင့် ဦးဟန်ငြိမ်း၊ လေဖြတ်ဝေဒနာခံစားနေရသည့် ဦးရန်နိုင်ထွေးတို့ ငါးဦးသည် နေအိမ်အသီးသီးအတွင်း ပိတ်မိကာ မီးလောင်သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဒုဗိုလ်မှူးကြီး ဦး၊ ဗိုလ်မှူး ဦး၊ ဗိုလ်ကြီး ဦးအပါအဝင် တပ်သားများ စုစုပေါင်း ၃၁၇ ဦး MNDAAတပ်သို့ လက်နက်ချအလင်းဝင်


ဇူလိုင်လ ၂၃ရက်။

RadioNUG

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင် မင်းအောင်လှိုင်၏ အာဏာသိမ်း စစ်တပ်မှ ဒုဗိုလ်မှူးကြီး ဦးက ဗိုလ်မှူး ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ဦးနှင့်အတူ တပ်သားများ စုစုပေါင်း ၃၁၇ ဦး MNDAA တပ်သို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။


လက်နက်ချအလင်းဝင်လာသူများမှ အာဏာသိမ်းစစ်တပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


MNDAA မှ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံချက်ပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့ပြိး မဟာမိတ်တပ်များ၏ နိုင်ငံရေး သဘောထားများနှင့် နိုင်ငံရေး ရပ်တည်ချက်များကို အသေးစိတ် ရှင်းလင်းပြောပြကာ စစ်သုံ့ပန်းများအတွက် ဦးစားပေး ဆက်ဆံမှုနှင့် ဆုကြေးမူဝါဒများကို အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။


MNDAAတပ်ဖွဲ့သည် လက်နက်ချသော စစ်သားများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရပါတယ်။


လက်နက်ချ အလင်းဝင်သူတို့ကို လက်ခံချိန်တွင် သေနတ်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ လားရှိုးမြို့ အဝင်က ခလရ - ၄၁ နဲ့ ခလရ - ၆၈ တပ်ရင်းများကို MNDAA သိမ်းပိုက်ရရှိ


ဇူလိုင်လ ၂၃ ရက်။

Radio NUG 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အဝင်က စစ်ကောင်စီ ခြေလျှင်တပ်ရင်း ခလရ - ၄၁ နဲ့ ခလရ - ၆၈ တပ်စခန်းများကို MNDAA ပူးပေါင်းအဖွဲ့များကတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်များထံက သိရပါတယ်။


MNDAA ရဲ့ ထိုးစစ်ကြောင့် ခလရ - ၄၁ တပ်ရင်းက တပ်ဖွဲ့ဝင်များဟာ ဇူလိုင် ၂၁ ရက်နေ့ကစလို့ လားရှိုးမြို့တွင်းကို ဆုတ်ခွာပေးခဲ့ရပြီး လားရှိုးမြို့တော်ခန်းမနဲ့ ရပ်ကွက် ()တို့မှာ ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ခလရ - ၄၁ တပ်ကို သိမ်းပိုက်ရရှိပြီးနောက် ဇူလိုင် ၂၂ ရက်က တပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကြောရေးရောက်နေတဲ့ EROsတွေနဲ့ စပ်ဆက်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။


အလားတူ မြို့မြောက်ဖက်ပိုင်းက ခလရ - ၆၈ တပ်စခန်းဟာလည်း ဇူလိုင် ၂၃ ရက်မှာ ဆုတ်ပေးခဲ့ရကာ အကျဉ်းထောင်နဲ့ ကောင်းခါးရပ်ကွက်တို့ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။


လက်ရှိမှာ ကောင်းခါးရပ်ကွက်၊ လားရှိုးအကျဉ်းထောင်နဲ့ ဝန်တင်တပ်ရင်း အနီးက ရှမ်းကုန်းရွာမှာလည်း တိုက်ပွဲ ပြင်းထန်နေကာ လက်နက်ကြီးကျလို့ နေအိမ်ထိခိုက် ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။


လားရှိုးမြို့ဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်ပြီး မြို့အထွက်မှာရှိတဲ့ ခလရ-၄၁၊ ခမရ-၅၀၇၊ ခလရ ၆၈ တပ်၊ မယ်ဟန်ရွာရှိ စစ်တပ်စခန်းနဲ့ နောင်လိုင်ရွာက တပ်စခန်းတို့ကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။


လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အဆိုပါတပ်စခန်းများကနေ တဆင့်ခြင်း ဆုတ်ခွာနေရပြီး ဇူလိုင် ၂၁ ရက်နေ့က စတင်ကာ MNDAA ပူးပေါင်းတပ်ဖွဲ့က မြို့အတွင်းပိုင်းအထိကို ထိုးဖောက်ဝင်ရောက်နိုင်နေပြီးလို့ ဒေသခံတွေထံက သိရပါတယ်။


========================


🚩🚩 ၃။ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး ရန်သူအလောင်း (၅၀)ကျော်နှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိ


ဇူလိုင်လ ၂၃ရက်။ 

RadioNUG

တအာင်းပြည် တပ်မဟာ()နယ်မြေ ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄)လောင်းနှင့် စစ်သုံ့ပန်း (၄၀)ဦး ဖမ်းဆီးရမိထားကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်လ(၂၀)ရက်မှ (၂၂)နေ့အတွင်း တအာင်းတပ်မတော် TNLA PDF (ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မ (၁၁)လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့  တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ် ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4()လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး ()လက်၊ 45MM ()လက် 120MM ()လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅)လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်းနှင့် စစ်သုံ့ပန်းတို့ပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


တပ်မဟာ()နယ်မြေ မိုးကုတ်မြို့ နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တအာင်းတပ်မတော် TNLA PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်လျပ်ရှိပြီး မိုးကုတ်မြို့ (အရှေ့ပိုင်း)ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈)တို့ ဇူလိုင်လ ၂၃ နေ့လယ် (၁၂:၁၅)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဇူလိုင်လ(၂၃)ရက်နေ့ ညနေ(:၃၀)နာရီအချိန် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ်()လက်၊ စစ်သုံ့ပန်း (၁၉)ဦး ဖမ်းဆီးရမိခဲ့ကာ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက်၊ RPG ()လက်၊ ၆၀မမ()လက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း (၁၆)လောင်း သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရွေဘိုမြို့နယ်က ဇီးဖြူကုန်း ပျူစခန်းနဲ့ သီလုံးပျူစခန်း နှစ်ခုအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်


ဇူလိုင်လ ၂၃ ရက်။

Radio NUG 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဇီးဖြူကုန်း ပျူစခန်းနဲ့ သီးလုံး ပျူစခန်းအား ဇူလိုင် ၂၂ နဲ့ ၂၃ ရက်များမှာ ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ပျူစောထီး ဦး ထိခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၂ ရက် နာရီခန့်က ဇီးဖြူကုန်းရွာ ပျူစခန်းအား ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ ပျူစခန်းမှ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။


အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ ကလည်း သီလုံးရွာရှိ ပျူစခန်းကို ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးများက ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပျူစခန်းနှစ်ခုမှာ ဇူလိုင် ၁၃ ရက်နေ့က ဆင်အင်း ရဲစခန်းနဲ့ မြင်းစီး ပျူစခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့၊ ရဲနဲ့ ပျူစောထီးများ စုပေါင်းအထိုင်ချနေတာကြောင့် ရွေဘိုမြို့နယ် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက ဆက်တိုက် ဖိအားပေး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


ယခု တိုက်ခိုက်မှုကို Shwebo Crocodile  ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ မဟာမိတ်ဖြစ်သော Bo BA TaW (LDF) M. SAI. NAW ဒရုန်းတပ်ဖွဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဂျိုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇာမဏီဒေါင်း (ဒပယ) YAUNG NI (LDF) HG FIGHTRS Zay Yar Thawed Eye Force EYE shwebo Federal Army ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရွှေဘိုအားမာန် (UG) အဖွဲ့ စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ကျေးရွာများမှာ အရပ်သား ပြည်သူမျာ နေထိုင်မှု မရှိတာကြောင့် သတင်းအတိအကျကို သိရဖို့ခက်တယ်လို့  Shwebo Crocodile အဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၅။ မင်းကွန်းမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲနဲ့ပျူ အပစ်ခံရပြီး သေဆုံးလို့ စစ်တပ်က စစ်ကြောင်းထိုး ရွာတွေကို မီးဝင်ရှို့


ဇူလိုင်လ ၂၃ရက်။ 

RadioNUG

ဇူလိုင် ၂၃ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲနဲ့ ပျူစောထီးတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက မင်းကွန်းရွာတောင်ပိုင်း၊ မြောက်ပိုင်း၊ ရွာသစ်နဲ့ ရှားရှောင်းကျေးရွာတို့ထဲ အင်အား၁၀၀ ကျော်နီးပါးနဲ့ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ဘက်တော်သားမှာ ဖော်ပြထားပါတယ်။


ပစ်ခတ်ရှင်းလင်းမှုကြောင့် ပျူစောထီးနဲ့ ၂ပွင့် ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရချိန်မှာ စစ်ကိုင်း တပ်မ ၃၃နဲ့ မန္တလေးဘက်ကလည်း သံခွန်လှေနဲ့ လာတဲ့ အင်အား၁၀၀ ကျော်ဝန်းကျင်နဲ့ မင်းကွန်းနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်နေရာယူထားကြောင်း သိရပါတယ်။


========================


🚩🚩 ၆။ လောက်ကိုင်မြို့က လူနေရပ်ကွက် တစ်ခုကို ညဘက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ


ဇူလိုင်လ ၂၃ ရက်။ 

Radio NUG 

ကိုးကန့်အထူးဒေသ ()လောက်ကိုင်မြို့၊ တုံ့ချိန်မြို့နယ်၊ ရပ်ကွက် ()ကို စစ်ကောင်စီက ဇူလိုင် ၂၃ ရက် မနက် (အစောပိုင်း) ၁၂ နာရီ ၁၈ မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့် သတင်းအေဂျင်စီက ဖော်ပြပါတယ်။


စစ်ကောင်စီ လေတပ်က ကျဲချခဲ့တဲ့ ဗုံး လုံး တုံ့ချိန်မြို့နယ်၊ ရပ်ကွက် ()ရှိ ဟောက်ယွမ်လိုက် ဟိုတယ် အရှေ့နဲ့ ဘေးမှာ ကျရောက် ပေါက်ကွဲခဲ့ကာ ပထမ အထပ်က အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး သေဆုံးခဲ့ပြီး အမျိုးသား ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသူများမှာ ရှင်းကိုင်ဒေသက အသက် ၃၄ နှစ်အရွယ် Miss. Cha နှင့် ဒုက္ခသည်စခန်း အုပ်စု ၁၅ မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် Mr. Zhou တို့ ဖြစ်ကြပြီး ကျုပ်ဖန်ဒေသ ဒုက္ခသည်အဖွဲ့ ၁၆ မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် Mr. Gu က ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဟိုတယ် အစောင့်တဲမှာ နေထိုင်သူများ၊ အနီးနား စတိုးဆိုင်နဲ့ နေအိမ်များမှာ နေထိုင်သူများလည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့တာရှိပြီး ဟိုလ်တယ်၊ စတိုးဆိုင်နဲ့ နေအိမ်တချို့ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကိုးကန့် အထူးဒေသ ()မြို့တော် လောက်ကိုင်ကို စစ်ကောင်စီ လေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့ရပြီး ယခုတခါ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသောလမ်းသွယ်အားလုံးကို သတ်မှတ်ပေးထားသောအချိန်တွင် သွားလာကြရန် မေတ္တာရပ်ခံ


ဇူလိုင်လ ၂၃ရက်။

Radio NUG 

နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသောလမ်းသွယ်အားလုံးကို သတ်မှတ်ပေးထားသောအချိန်တွင် သွားလာကြရန် မေတ္တာရပ်ခံလိုက်ပါတယ်။


ဇူလိုင်လ ၂၃ရက် နွားထိုးကြီးမြို့နယ်ပကဖကအသိပေးထုတ်ပြန်ပါတယ်။


စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသောလမ်းသွယ်အားလုံးကို သတ်မှတ်ပေးထားသောအချိန်တွင် သွားလာကြရန် မေတ္တာရပ်ခံအပ်ပါတယ်။"လို့ဆိုပါတယ်။


ဇူလိုင်လ၂၃ ရက်နေ့မှ ဇူလိုင်၊၃၁ ရက်နေ့အထိ မြင်းခြံနှင့် နွားထိုးကြီးလမ်း၊ နွားထိုးကြီး-ပြင်စီလမ်း၊ နွားထိုးကြီးနှင့်မြို့သာလမ်း၊ နွားထိုးကြီး-တောင်သာလမ်း၊ နွားထိုးကြီး-မလှိုင်လမ်း၊ ပြင်စီနှင့် ကန္နားလမ်းတို့တွင် ကားများအနေဖြင့် နံနက်၄နာရီ၊ ည၉နာရီအတွင်းသာ မောင်းနှင်ကြရမည်ဖြစ်ပြီး ကုန်တင်ကားများအနေနဲ့ မိုးကာအုပ်မမောင်းဘဲ ကားများအားလုံး မှန်ချမောင်းနှင်ပေးကြပါရန်နှင့် ညပိုင်းအတွင်းမီးပါ ဖွင့်မောင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment