25th JUL 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇူလိုင်လ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။"တော်လှန်ရေးဆိုတာခံစားချက်တခုတည်းနဲ့အလုပ်လုပ်လို့မရဘဲခံယူချက်ဆိုတဲ့အနေနဲ့လုပ်ဆောင်မှမှန်ကန်တာဖြစ်တယ်"လို့လူ့အခွင့်ရေးဝန်ကြီးဆို

📌 ၂။ ကိုယ်ကျိုးဘဲကြည့်ပြီး ပြည်သူတွေနဲ့ သူ့နောက်လိုက်တွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ခေါင်းဆောင်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးတယ်လို့ ဒေါက်တာမီမီဝင်းဘတ်ပြောကြား

📌 ၃။ The key ထံမှသိန်းငါးရာရရှိ၍ ရေးဘီလူး တပ်ဖွဲ့M4လက်နက်ဝယ်ယူ

📌 ၄။ သာယာဝတီခရိုင်အတွင်းမှာ ရေကြီးနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

📌 ၅။ မင်းအောင်လှိုင်ရဲ့စစ်တပ်ထဲ လူထုမုန်းသွားတာကို မခံစားနိုင်တဲ့အုပ်စုအနေနဲ့လူထုထံ အလင်း၀င်ဖို့ ဒေါက်တာထွန်းအောင်ရွှေတိုက်တွန်းပြောကြား

📌 ၆။ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့ရ

📌 ၇။ မြင်းခြံမြို့နယ်တွင်အမှတ်၁၇စကစအုပ်ချုပ်ရေးမှူးကရပ်ကွက်ထဲရှိ ကိုရီးယားရှိအလုပ်လုပ်ကိုင်နေသူနေအိမ်မှ တစ်သိန်းကျပ်၊မလေး-ထိုင်း နိူင်ငံတွင်အလုပ်လုပ်နေသူအိမ်မှ ငါးသောင်းကျပ်တောင်းခံ

📌 ၈။ ၃၆ နှစ်မြောက် 8888 ပွဲအားအမေရိကန်နယူးယောက်မြို့မှာကျင်းပမည်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရှေ့တန်းစစ်မြေပြင်မှာတပ်ရင်းတပ်ဖွဲ့များကိုစစ်ဆေးတဲ့သတင်းဓာတ်ပုံများထုတ်ပြန်ဖော်ပြ

🚩 ၂။ စစ်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုသိမ်းပိုက်နိုင်ပြီလို့ MNDAA ကြေညာ

🚩 ၃။ လားရှိုးမြို့မှာစကစလက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်တယ်လို့ဆို

🚩 ၄။ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိ

🚩 ၅။ ကန့်ဘလူမြို့ ကျီကုန်းရွာတံတားဂိတ်ကို ပကဖ တိုက်ခိုက်ရာစကစ၁၄ဦးသေဆုံးကာ လက်နက် ၁၆ လက် ရရှိ

🚩 ၆။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) မှ  စစ်ဘေးသင့် ဝေတူးကျေးရွာ ပြည်သူများအား အခြေခံစားနပ်ရိက္ခာ ထောက်ပံ့

🚩 ၇။ အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်အုပ်စုရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၉သောင်းခွဲကျော် ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမှန်ဓမ္မနဲ့ တော်လှန်ရေးမှာ အတွေးအခေါ် နဲ့ ကျင့်ဝတ်ဟာ အသက်သွေးကြောဆိုတာ အခုအချိန်မှာ သတိပေးကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် အသိပေးပြောကြား


ဇူလိုင်၂၅ရက်


အမှန်ဓမ္မနဲ့ တော်လှန်ရေး မှာ အတွေးအခေါ် နဲ့ ကျင့်ဝတ် ဟာ အသက်သွေးကြော ဆိုတာ အခုအချိန်မှာ သတိပေး ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင်၂၅ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်  အသိပေးပြောကြားထားပါတယ်။


"အမှန်ဓမ္မဆို တာ လက်စားချေခြင်း မဟုတ် တရားမျှတမှု ဆိုတာ လက်စားချေခြင်းမဟုတ်။ အမှန်ဓမ္မနဲ့ တော်လှန်ရေး မှာ အတွေးအခေါ် နဲ့ ကျင့်ဝတ် ဟာ အသက်သွေးကြော ဆိုတာ အခုအချိန်မှာကျမတို့ ကိုယ်ကျမတို့ သတိပေး ကြရမယ်။ အောင်ပွဲတွေ ရလာလေ လူသားဆန်မှု ကျင့်ဝတ်နဲ့ အတွေးအခေါ် က အရေးကြီးလာလေပဲ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကိုစစ်သုံ့ပန်းများအပေါ်ပြုမူရမည့်အရာများ၊ ကျင့်ဝတ်နှင့်အတူအရပ်ဘက်ပြည်သူများအပေါ်လိုက်နာကျင့်သုံးရန်စည်းကမ်းများလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ သတင်းကောင်းတွေတခုပြီးတခုနဲ့ မြို့နေလူထုရဲ့ပျော်ရွှင်မှုသတင်းတွေ စမြင်တွေ့ရပြီလို့ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြား


ဇူလိုင်၂၅ရက်


သတင်းကောင်းတွေတခုပြီးတခုနဲ့ မြို့နေလူထုရဲ့ပျော်ရွှင်မှုသတင်းတွေ စမြင်တွေ့ရပြီလို့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က ဇူလိုင်၂၅ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။


"သတင်းကောင်းတွေတခုပြီးတခုနဲ့ မြို့နေလူထုရဲ့ပျော်ရွှင်မှုသတင်းတွေ စမြင်တွေ့ရပြီ"လို့ဝန်ကြီးကဆိုပါတယ်။


တအာင်းပြည် တပ်မဟာ () နယ်မြေ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ဇူလိုင်၂၅ရက် ညနေ (၅း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။


အလားတူ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ မြို့ခံပြည်သူတွေရဲ့ ပျော်ရွှင်မှုကြောင့် ခွန်အားဖြစ်ရတယ်လို့ မိုးကုတ်ဗျူဟာ ပြော


ပတ္တမြားမြေလို့တင်စားခံရတဲ့ မိုးကုတ်မြို့က မြို့ခံပြည်သူတွေရဲ့ ပျော်ရွှင်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ခွန်အား ဖြစ်ရတယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ ဇူလိုင် ၂၅ မနက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

မိုးကုတ်မြို့ကို တအာင်းတပ်မတော်-TNLA ဦးဆောင်မှုနဲ့အတူ PDF တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းအင်အားနဲ့ ဇူလိုင်လ ၂၄ ရက် ညနေ နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပြည်သူများ၏ ပျော်ရွှင်မှုများက ရဲဘော်များ၏ ခွန်အား၊ အင်အားများဖြစ်ပါတယ်။ မိုးကုတ်မြို့သူမြို့သားများ ဘေးအန္တရာယ်ကင်းကြပါစေလို့ မိုးကုတ်ဗျူဟာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တိုက်ပွဲဝင် ကာကွယ်ရေးရဲဘော်တွေ မိုးကုတ်မြို့ထဲဝင်လာချိန်မှာ မြို့ခံလူထုက အောင်သပြေပန်းတွေ ရှမ်းအိုးစည်တွေ တီးပြီး ရှမ်းအကတွေနဲ့ ကြိုဆိုခဲ့ကြတာကြောင့်လည်း မိုးကုတ်ဗျူဟာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။ 

ဒီလောက် ညီညွှတ်တဲ့မြို့ဟာ လွတ်မြောက်သင့်တယ် မဟုတ်လားဗျာ လွတ်မြောက်သင့်တယ်မဟုတ်လား။ ခေတ်ဟာ ပြောင်းခဲ့ပြီ။ ခေတ်ဟာ ပြောင်းနေပြီ။ ဦးဆောင်တိုက်ပွဲဝင်တဲ့ မဟာမိတ် PSLF /TNLA နှင့်တကွ NUG PDF များ တော်လှန်ရေးအင်အားစုများအားလုံးကို ကျေးဇူးတင်ရပါတယ်။ ကျေးဇူးတင်ထိုက်ဆုံးကတော့ မြို့လူထုပါဘဲ မြို့လူထုရဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးရဲ့ တွန်းအားပါဘဲခင်ဗျာလို့  မန္တလေး PDFတပ်မှူးကလည်း လူမှုကွန်ယက်ကနေ ရေးသားပြောဆိုထားပါတယ်။

မိုးကုတ်မြိုနယ်တခုလုံးကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲမယ့် အန္တရာယ်ရှိနေတာကို သိပေမယ့်လည်း ပြည်သူ့အောင်ပွဲအတွက် တနိုင်ငံလုံးက ပြည်သူတွေ စိတ်အားတက်ကြွစေဖို့နဲ့ ပြည်သူ့ရဲဘော်တွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ မြို့ခံပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး တော်လှန်ရေးရဲဘော်တွေကို သောင်းသောင်းဖျဖျ ကြိုဆိုပြခဲ့ကြတာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ မင်းအောင်လှိုင်ကိုမကြိုက်ပေမယ့် စစ်တပ်အာဏာကို လက်မလွှတ်ချင်တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ အန္တရာယ်ကြီးတယ်လို့ဆို


ဇူလိုင်၂၅ရက်


မင်းအောင်လှိုင်ကိုမကြိုက်ပေမယ့် စစ်တပ်အာဏာကို လက်မလွှတ်ချင်တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ အန္တရာယ်ကြီးတယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက ဇူလိုင်လအတွင်းဆိုရှယ်မီဒီယာမှာ‌ ရေးသားထားပါတယ်။


"မင်းအောင်လှိုင်ကိုတော့ မကြိုက်ဘူး၊ ဒါပေမယ့် စစ်တပ်အာဏာကိုလည်း လက်မလွှတ်ချင်တဲ့ အုပ်စု၊ ဒီအုပ်စုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းမှာ ငွေအားကောင်းကောင်း၊ အဆက်အသွယ်ကောင်း၊ ပညာတတ် ဖောက်ပြန်ရေးသမားတွေကိုသုံးပြီး ကမ္ဘာပတ် လော်နေတဲ့ အုပ်စု၊ ပြည်တွင်းမှာလည်း လူချိန်းကစားဖို့ ကြိတ်ကြံနေတဲ့ အုပ်စုပေါ့။ ဒီအုပ်စုက နိုင်ငံရေးအရ အန္တရာယ်ကြီးတယ်"လို့ဆိုပါတယိ။


ဒါ့အပြင်း၄င်းစစ်အုပ်စုဟာအာဏာ ငန်းဖမ်းနေပြီး မြန်မာအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အဖြေမရှိတဲ့ အုပ်စုဆိုတာ အိမ်နီးချင်းတွေရော၊ နိုင်ငံတကာကိုပါ အသိပေးရမယ့် အုပ်စုဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ မင်းအောင်လှိုင်ရဲ့နေဝင်ချိန်နီးကပ်လို့လာပြီဖြစ်လို့လူထုကဘူးသပိတ်ဆင်နွှဲရန်ဒေါက်တာတေဇာဆန်းတိုက်တွန်း


ဇူလိုင်၂၅ရက်


မင်းအောင်လှိုင်ရဲ့နေဝင်ချိန်နီးကပ်လို့လာပြီဖြစ်လို့လူထုကဘူးသပိတ်ဆင်နွှဲရန် မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဇူလိုင်လအတွင်းမှာ တိုက်တွန်းပြောပါတပြောပါတယ်။


"အခုအချိန်ဟာ မင်းအောင်လှိုင်ရဲ့နေဝင်ချိန်နိဂုံးချုပ်ချိန်ဟာတစတစပိုပြီးနီးကပ်လို့လာပြီဖြစ်ပါတယ်။တဖက်မှာတလှိုင်းပြီးတလှိုင်းလာနေတဲ့စစ်ရေးအောင်မြင်မှုတွေကိုကျနော်တို့ပြည်သူတွေအထင်သားတွေ့ရမှာဖြစ်ပါတယ်။ဒီအချိန်မှာကျေးလက်မြို့ပြမှာနေသည်ဖြစ်စေ ပြည်သူလူထုတရပ်လုံးက အားလုံးက သိပြီးတဲ့အတိုင်းစစ်ရေးတိုက်ပွဲနဲ့လူထုတိုက်ပွဲကိုပူးပေါင်းဆင်နွှဲနေတာဖြစ်ပါတယ်။စစ်ရေးတိုက်ပွဲနဲ့အတူလူထုတိုက်ပွဲလှိုင်းတွေကိုလည်းဟန်ချက်ညီညီဖောင်ဆောင်နိူင်ဖို့အင်မတန်မှအရေးကြီးပါတယ်"လို့ဆိုပါတယ်။


ပြည်သူလူထုကအထွေထွေအာဏာဖီဆန်ရေး "ဘူး" သပိတ် လှုပ်ရှားမှုကြီးမှာ ပူးပေါင်းပါ၀င်ပြီး လူထုတိုက်ပွဲလှိုင်းလုံးကြီးကိုတက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ဒေါက်တာတေဇာဆန်းကဆိုပါတယ်။


ဘူးသပိတ်တွင်စစ်တပ်ထုတ်ကုန်များကိုအသုံးမပြုဘဲငြင်းဆန်ခြင်း၊အမိန့်အာဏာများကိုမလိုက်နာခြင်းတို့ပါဝင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ CDM ဝန်ထမ်းတွေကို သစ္စာဖောက်ဝန်ထမ်းလို့ အစားထိုးသုံးစွဲတာဟာ ရူးနှမ်းတဲ့လုပ်ရပ်သာဖြစ်လို့ CDM ဝန်ထမ်းများ တုံ့ပြန် 


အာဏာသိမ်းယူထားတဲ့ စစ်တပ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် အကြမ်းမဖက်နည်းနဲ့ အာဏာဖီဆန် ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို သစ္စာဖောက်ဝန်ထမ်းလို့ အစားထိုးသုံးစွဲတာဟာ ရူးနှမ်းတဲ့လုပ်ရပ်သာဖြစ်လို့ CDM ဝန်ထမ်း တွေက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းယူတာကို ဆန့်ကျင်တဲ့အနေဖြင့် လုပ်ငန်းခွင်ပြန်မဝင်ဘဲ Civil Disobedience Movement-CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို သစ္စာဖောက်ဝန်ထမ်း Disloyalty Civil Servant ဆိုတဲ့ အသုံးအနှုန်းနဲ့ အစားထိုးသုံးစွဲဖို့ စစ်ကောင်စီက ဝန်ကြီးဌာနတွေကို ညွှန်ကြားလိုက်တာနဲ့ပတ်သက်လို့ CDM ဝန်ထမ်း တွေက အခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အာဏာရူးနေတဲ့ စစ်ကောင်စီက လုပ်ချင်ရာလုပ် ပြောချင်ရာပြောမှာပဲ။ ဂရုကိုမစိုက်တာ။ ကိုယ်တွေဘက်က လုပ်သင့် လုပ်ထိုက်တာကို အဆုံးထိလုပ်သွားမှာလို့ CDM လုပ်ခဲ့တာ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။ 

ဝန်ကြီးဌာနများအားလုံး ညွှန်ကြားထားတဲ့အတိုင်း CDM စကားရပ်အစား DCS ဟု အသုံးပြုကြရန်ဆိုတဲ့ ညွှန်ကြားချက်ကို စစ်ကောင်စီက ဝန်ကြီးဌာနများအားလုံးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ CDM ဝန်ထမ်းတွေကို အခုလိုအငြိုးတကြီးခေါ်ဝေါ် သုံးစွဲလာတဲ့အတွက် CDM ဝန်ထမ်း တွေအနေနဲ့ အရင်ထက်ပိုပြီး သတိထားနေထိုင်သွားလာသင့်တယ်လို့ လွတ်မြောက်နယ်မြေရောက် CDM ဝန်ထမ်းအသိုင်း အဝိုင်းက မှတ်ချက်ပြုပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးကဝန်ထမ်းတွေကို အမည် မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက်ပေးမယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့ကပဲ စစ်ကောင်စီက ကြေညာထားခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ DCS သစ္စာဖောက်ဝန်ထမ်းများလို့ သုံးနှုန်းလာတာလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ မြင်းခြံမြို့နယ်တွင်အမှတ်၁၇စကစအုပ်ချုပ်ရေးမှူးကရပ်ကွက်ထဲရှိ ကိုရီးယားရှိအလုပ်လုပ်ကိုင်နေသူနေအိမ်မှ တစ်သိန်းကျပ်၊မလေး-ထိုင်း နိူင်ငံတွင်အလုပ်လုပ်နေသူအိမ်မှ ငါးသောင်းကျပ်တောင်းခံ


ဇူလိုင်၂၅ရက်


မြင်းခြံမြို့နယ်တွင်အမှတ်၁၇စကစအုပ်ချုပ်ရေးမှူးကရပ်ကွက်ထဲရှိ ကိုရီးယားရှိအလုပ်လုပ်ကိုင်နေသူနေအိမ်မှ တစ်သိန်းကျပ်၊မလေး-ထိုင်း နိူင်ငံတွင်အလုပ်လုပ်နေသူအိမ်မှ ငါးသောင်းကျပ်တောင်းခံတယ်လို့ ဇူလိုင်လ၂၅ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအတည်ပြုဖော်ပြပါတယ်။


"အမှတ်၁၇စကစအုပ်ကြီးကစစ်မှုထမ်းဟောင်းကျော်ဝင်းမှ ရပ်ကွက်ထဲရှိ ကိုရီးယားအလုပ်လုပ်နေသူရှိတဲ့အိမ် တစ်သိန်းကျပ်၊မလေး-ထိုင်း အလုပ်လုပ်နေသူရှိတဲ့အိမ် ၅သောင်းကျပ်တောင်းခံပါတယ်"လို့ဖော်ပြပါတယ်။


ငွေကြေးတောင်းခံရာမှာအကြောင်းပြချက်အနေနဲ့စစ်မှုထမ်းသင်တန်းသွားတက်နေသူများကို ထောက်ပံ့ရန်အတွက်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ ၃၆ နှစ်မြောက် 8888 ပွဲအားအမေရိကန်နယူးယောက်မြို့မှာကျင်းပမည်


ဇူလိုင်၂၅


၃၆ နှစ်မြောက် 8888 ပွဲအားအမေရိကန်နယူးယောက်မြို့မှာကျင်းပမယ်လို့ ဇူလိုင်၂၅ရက်အမေရိကန်နယူးယောက်အခြေစိုက်NYCBCကဖော်ပြပါတယ်။


"စစ်အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် 1988 ခုနှစ်မှစတင်တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးအရေးတော်ပုံကြီးသည်၊ လာမည့် ဩဂုတ်လ 8 ရက်နေ့တွင် ( 36 )နှစ်ပြည့်မြောက်ပြီးဖြစ်ပါတယ်။88 မှစတင်လိုက်သောလူထုတော်လှန်ရေးမှသည်၊ 2021 နွေဦးတော်လှန်ရေးဆီသို့ လက်ဆင့်ကမ်းခဲ့ပြီဖြစ်ပါတယ်။စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်ရန်အတွက် 36 နှစ်မြောက် 8888 ပွဲအားအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍၊ တော်လှန်သောညီအကိုမောင်နှမများ လာရောက်ပူးပေါင်းကြဘို့ ဖိတ်ခေါ်အပ်ပါတယ်"လို့ဖော်ပြပါတယ်။

အခမ်းအနားအားသြဂုတ်လ၁၀ရက်Place- Greeley Square ( Pedestrian Public Plaza )မှာကျင်းပသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရှေ့တန်းစစ်မြေပြင်မှာတပ်ရင်းတပ်ဖွဲ့များကိုစစ်ဆေးတဲ့သတင်းဓာတ်ပုံများထုတ်ပြန်ဖော်ပြ


ဇူလိုင်၂၅ရက်


ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရှေ့တန်းစစ်မြေပြင်မှာတပ်ရင်းတပ်ဖွဲ့များကိုစစ်ဆေးတဲ့သတင်းဓာတ်ပုံများကို ထုတ်ပြန်ဖော်ပြခဲ့တယ်လို့ ဇူလိုင်၂၅ရက်မှာ စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းအောင်က ဖော်ပြခဲ့ပါတယ်။


"တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနဲ့ NUGအစိုးရတပ်ဖွဲ့များရဲ့ အချိန်ကိုက်အခါကိုက် နေရာအလိုက် ထိုးစစ်များက စကစ ထိန်းချုပ်ဧရိယာနဲ့မြို့များတဖြုတ်ဖြုတ်ကျလာချိန်မှာ စကစအရာရှိတချို့နဲ့တပ်ဖွဲ့ဝင်များက အာဏာရှင်ကို တော်လှန်ရာမှာ သူတို့ကိုယ်တိုင်ပါဝင်မှုများနဲ့ ဝိုင်းဝန်းလာကြတဲ့သတင်းများလည်း တွေ့မြင်ကြားသိလာရပါတယ်။နိုင်ငံတကာက လက်မဲများလည်း သရဲမွေးရင်း မနိုင်တော့တဲ့အဖြစ်က သေဖော်ညှိကြလေသလား သို့မဟုတ် မြန်မြန်တွန်းပို့နေကြသလားလို့ ထင်စရာပါ။နွေဦးတော်လှန်ရေးက အသစ်ပေါက်ဖွားလာတဲ့ PDFနဲ့ပကဖတပ်ဖွဲ့များဟာ တိုက်ရည်ခိုက်ရည်နဲ့အင်အားကြီးထွားလာမှုဟာ ပြည်သူ့ထောက်ခံမှုကို  ပြသရာရောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အဓိကမောင်းနှင်အားတွေထဲကတခုဖြစ်လာပါတယ်။တော်လှန်ရေး အင်အားစုတရပ်လုံးရဲ့

စုစည်းမှုနဲ့ညီညွတ်မှု ခေါင်းဆောင်များရဲ့ တသားတည်းကျမှု ပူးပေါင်းဆောင်ရွက်မှုတွေက ရာဇဌာနီလမ်းမကြီး ပေါ်မှာ ပြည်သူ့အလံတော်တလူလူလွှင့်ထူဖို့ အခရာကျပါကြောင်း  ညွှန်းဆိုပါရစေခင်ဗျာ"လို့ဖော်ပြပါတယ်။


ကာကွယ်ရေးဝန်ကြီးဟာ စစ်ကိုင်းတိုင်းတွင်းရှိတပ်ရင်းတပ်ဖွဲ့များကိုလည်းတွေ့ဆုံခဲ့ပြီးရေလမ်းခရီး၊ကုန်းလမ်းခရီး၊တောလမ်းခရီးများကိုလည်းလူကိုယ်တိုင်ဖြတ်သန်းသွားရောက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ စစ်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုသိမ်းပိုက်နိုင်ပြီလို့ MNDAA ကြေညာ


ရှမ်းမြောက်ဒေသမှာရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းမှာပဲ  သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့်တပ်မတော်- MNDAA က အထူးသတင်းတရပ်အနေနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်က လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်း စစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတခုဖြစ်သည် လို့ MNDAA က တရုတ် မြန်မာ ဘာသာနဲ့ ထုတ်ပြန်လိုက်တာပါ။

လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်တပ်မတော် MNDAA နဲ့ မဟာမိတ်တပ်တွေက ဇူလိုင် ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ရက်ပေါင်း ၂ဝ အတွင်း လားရှိုးမြို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ထို့အပြင် တရုတ်အစိုးရက အပစ်ရပ်စဲရေး တောင်းဆိုထားတဲ့ကြားကနေ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့အဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့ပြီဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့  စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ရောက်မှုရှိမရှိနဲ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိကို တော့ လတ်တလောမှာ MNDAA ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။


========================


🚩🚩 ၃။ လားရှိုးမြို့မှာစကစလက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်တယ်လို့ဆို


ဇူလိုင်၂၅ရက်


လားရှိုးမြို့မှာစကစလက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်တယ်လို့BPLAကွပ်ကဲရေးမှူး မောင်ဆောင်းခက

ဇူလိုင်၂၅ရက် မွန်းလွဲပိုင်းမှာ ဆိုရှယ်မီဒီယာက‌နေအသိပေးဆိုထားပါတယ်။


"လက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်"လို့ဆိုထားပါတယ်။


လားရှို့မြို့တွင် ဇူလိုင်၂၅ရက်မနက်ပိုင်းကစလို့ပစ်ခတ်သံတွေနေရာစုံကြားရပြီးမြို့ထဲအထိလက်နက်ပစ်သံများကြားရ၍မြို့ခံများဘုန်းကြီးကျောင်းနှင့်အခြားနေရာများသို့ထွက်ပြေးတိမ်းရှောင်သွားကြောင်းဒေသခံသတင်းအရင်းများကလည်းဆိုထားပါတယ်။


========================


🚩🚩 ၄။ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိ


တအာင်းပြည်နယ် တပ်မဟာ- စစ်ဒေသ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ဒီနေ့ ဇူလိုင် ၂၅ မှာ ထုတ်ပြန်ပါတယ်။ 

မိုးကုတ်မြို့နယ်ထဲက လပခ၊ ခလရ လက်အောက်ခံတပ်တွေအပြင် ဗျူဟာမှူးကြီးကိုယ်တိုင် အခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဇူလိုင်လ ၂၄ ရက်နေ့ မွန်လွဲ နာရီအချိန်မှာ တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က အလုံးစုံဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးကုတ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော်  PSLF/TNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ကို ဇွန်လ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ သီတင်းပတ် ပတ်အကြာ ဇူလိုင် ၂၄ ရက်နေ့မှာ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ရှင်းလင်းချေမှုန်းသိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မိုးကုတ်အနောက်ပိုင်းက စစ်စခန်းတွေဖြစ်တဲ့ ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စတဲ့တပ်စခန်းတွေကို ဇွန်လ ၃၀ ရက်နေ့မှာ ရှင်းလင်းသိမ်းပိုက် ခဲ့ပြီးနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မန်တိုင် တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင် စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နဲ့ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အား အလုံးစုံ ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မိုးကုတ်မြို့မှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခ လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခလရ-၇၈၊ ၈၈ နဲ့ ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချခဲ့တာလို့ သိရပါတယ်။ 

မိုးကုတ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အနေနဲ့ ဂျက်ဖိုက်တာနဲ့ ၂၁ ကြိမ်၊ Y12 လေယာဥ်နဲ့ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၇၈ ကြိမ်နဲ့ အတွဲလိုက်ဒုံး ၁၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။  

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂ဝ မမ လက်၊ ၆ဝ မမ ၁၁ လက်၊ ၈၁ မမ တလက်၊ ငဂျင်းမီး လက်၊ ပွိုင့်ဖိုက်တလက်၊ RPG လက်၊ ဂျမ်းပါတစုံ၊ တွဲလိုက်ဒုံး ၄လုံးတွဲ တလက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ထို့အပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ ဦး၊ ကလေး ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ကျောင်း လေယာဥ်ဗုံးစ ထိမှန် ပျက်ဆီးခဲ့တဲ့အပြင် အိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း အတွင်း တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒုတိယမြောက် သိမ်းပိုက်ရရှိတဲ့မြို့အဖြစ် မိုးကုတ်မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကန့်ဘလူမြို့ ကျီကုန်းရွာတံတားဂိတ်ကို ပကဖ တိုက်ခိုက်ရာစကစ၁၄ဦးသေဆုံးကာ လက်နက် ၁၆ လက် ရရှိ


ဇူလိုင်၂၅


ကန့်ဘလူမြို့ ကျီကုန်းရွာတံတားဂိတ်ကို ပကဖ တိုက်ခိုက်ရာစကစ၁၄ဦးသေဆုံးကာ လက်နက် ၁၆ လက် ရရှိခဲ့တယ်လို့ ဇူလိုင်၂၅ရက်မှာစစ်ရေးသတင်းကို ပကဖအသံကဖော်ပြပါတယ်။


ကန့်ဘလူမြို့နယ် ကျီကုန်းရွာတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကို  ကန့်သလူခရိုင် ပကဖ အထူးလှုပ်ရှားအဖွဲ့ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဇူလိုင်၂၄ရက်နေ့ ညနေအချိန်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ပစ်ခတ်မှု အတွင်း စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးကာ ၃ဦးဒဏ်ရာရခဲ့တဲ့အပြင် လက်နက် ၁၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ကားပေါ်ကနေအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၆။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) မှ  စစ်ဘေးသင့် ဝေတူးကျေးရွာ ပြည်သူများအား အခြေခံစားနပ်ရိက္ခာ ထောက်ပံ့


ဇူလိုင်၂၅ရက်


ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) မှဘေးသင့် ဝေတူးကျေးရွာ ပြည်သူများအား အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) မှ အသိပေးဖော်ပြပါတယ်။


"မတူပီမြို့အရှေ့ဖက်ရှိ ဝေတူးကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် ကျေးရွာဖြစ်ပြီး မတူပီစစ်ဆင်ရေးအတွင်း စားနပ်ရိက္ခာ ပြတ်လတ်မှုကြုံတွေ့ကြရတယ်"လို့ဆိုပါတယ်။


ကျေးရွာ အနီးတိုက်ပွဲပြင်းထန်သည့် ကာလအတွင်း ချင်းညီနောင် နှင့် မဟာမိတ် တပ်များမှ ကျေးရွာနေပြည်သူများအား ကိုယ်စီတပ် ရိက္ခာ ဆန်ဗူးများ မျှဝေ ပေးခဲ့ပြီးပထမ အသုတ်အဖြစ် တပ်မဟာ () အနေဖြင့် ကူညီထောက်ပံ့ခြင်း ဖြစ်ပြီး နောက်ထပ် ကူညီထောက်ပံ့နိုင်ရန် အုပ်ချုပ်ရေး၊ စစ်ဘေးရှောင်ကူညီရေးအသင်းများနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။ 


မတူပီ စစ်ဆင်ရေးအတွင်း အလားတူ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လတ်မှု နဲ့ အကူအညီ လိုအပ်နေသော ပြည်သူအများအပြား ရှိနေပါတယ်။


========================


🚩🚩 ၇။ အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်အုပ်စုရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၉သောင်းခွဲကျော် ပျက်စီး


အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံအဖွဲ့အစည်းတွေ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၉သောင်းခွဲကျော် ပျက်စီးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့  မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၉သောင်း၅ထောင် ၄ရာကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် နေအိမ်ပေါင်း ၆သောင်း ၇ထောင် ၅ရာ ၈ဆယ် လုံး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်တဲ့အတွက် တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ Data for Myanmar အဖွဲ့က အသိပေးထားပါတယ်။ 

ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း နေအိမ်ပေါင်း ၂သောင်း၂ထောင်၇ရာ ၂ဆယ် လုံး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ သိရပါတယ်။

Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်းမှာတင် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တသောင်းခွဲနီးပါး ရှိတယ်လို့ သိရပါတယ်။ 

ဇွန်လတလတည်းမှာတင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအတွင်းက အရပ်သား နေအိမ် တထောင့်တရာဆယ်ကိုးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း Data for Myanmar အဖွဲ့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင်လည်း မီးရှို့ဖျက်ဆီးခံရတဲ့ အရေအတွက်တိုးလာနေပြီး အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာ ၁၆ ရွာက နေအိမ်ပေါင်း  ၃ထောင့်တရာကျော်ပျက်စီးကာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာဖြစ်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေတယ်လို့လည်း Data for Myanmar က အသိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်ကိုင်ခုခံစစ်အားကောင်းတဲ့နယ်မြေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုထောက်ခံတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်တာတွေကြောင့်လည်း နေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတာလို့ Data for Myanmar က သုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံအနှံ့ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အခု ဇူလိုင်လအတွင်းမှာလည်း မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ပြုလုပ်နေရာ ဇူလိုင်လ ၂၃ ရက် ကပဲ ရှေးဟောင်းသမိုင်းဝင်ဒေသတခုဖြစ်တဲ့ စစ်ကိုင်း မြို့နယ် မင်းကွန်းဒေသက အိမ်ခြေ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment