25th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌဟောင်းတစ်ဦး ဖြစ်သည့် နော်စီဖိုးရာစိန်ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

📌 ၂။ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်တဲ့အောင်ပွဲဟာ အကြမ်းဖက်စစ်တပ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ သက်သေပြနေတဲ့ ပြည်သူ့အောင်ပွဲလို့ ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

📌 ၃။ လန်ဒန်မြို့မှာ ကျင်းပတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးသွားခဲ့တဲ့ () နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲသို့ ဝန်ကြီးဒေါက်တာဆာဆာ တက်ရောက်

📌 ၄။ တော်လှန်ရေးဘက်က အနိုင်ရနေချိန်မှာ အားလုံး ပြိုင်တူတွန်းကြဖို့ ဝန်ကြီးဒေါက်တာတူးခေါင် တိုက်တွန်း

📌 ၅။ နော်ဝေနိုင်ငံတွင် ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားမှ ရရှိငွေများအား ဒေါ်အောင်ဆန်းစုကြည်ပန်းခြံနှင့် ဗုံးကြဲခံရသော မင်းတပ်ဆေးရုံတည်ဆောက်ရေးသို့ ထောက်ပို့ကူညီခဲ့

📌 ၆။ အနုပညာကို စိတ်ဝင်စားကြတဲ့သူများအတွက်  နွေဦးတက္ကသိုလ်နှင့် Artists Shelter တို့ ပူးပေါင်းပြီး လူငယ်များအတွက် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်မယ်

📌 ၇။ နိုင်ငံတဝန်း မတရားပုဒ်မများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ချုပ်နှောင်ခံထားရသူ (၃၇၂) ဦး ရှိပြီ

📌 ၈။ Federal Wings ဒရုန်းတပ်ဖွဲ့က The Key ပရော့ဂျက်ကို ဝန်းရံဖို့ လူထုကို နှိုးဆော်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးကုတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို TNLA ရှင်းလင်းသိမ်းပိုက်

🚩 ၂။ မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့  KIA တိုက်ပွဲ ပြန်စတင်၊ လေကြောင်းရန် သတိထားဖို့ ဗိုလ်မှူးကြီးနော်ဘူ သတိပေး

🚩 ၃။ မိုင်းယောင်းမြို့အနီးတဝိုက်ကို မိုင်းလားတပ်ဖွဲ့က ဝင်ရောက်နေရာယူ 

🚩 ၄။ လားရှိုးမြို့ လူနေရပ်ကွက်ထဲသို့လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ၍ လူနေအိမ်များ မီးလောင်

🚩 ၅။ လောက်ကိုင်မြို့ လူနေရပ်ကွက်များကို စစ်ကောင်စီက တစ်လအတွင်း သုံးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

🚩 ၆။ ချင်းတွင်းမြစ်ကြောင်းကနေ မုံရွာမြို့ကို စစ်တပ်က အင်အားဖြည့်တင်း

🚩 ၇။ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ ပုဏ္ဏားကျွန်းမှ အမျိုးသမီး () ဦး ပွဲချင်းပြီးသေဆုံး () ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၈။ ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၉။ KTV က ပြန်လာတဲ့ စစ်ကောင်စီ ဗိုလ်တဦးကို အရှင်ဖမ်းဆီးရမိ

🚩 ၁၀။ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) စစ်ဒေသ - အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌဟောင်းတစ်ဦး ဖြစ်သည့် နော်စီဖိုးရာစိန်ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့


ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် ဒုတိယဥက္ကဌအဖြစ် ရာထူးအမြင့်ဆုံး တာဝန်ယူခဲ့သည့် နော်စီဖိုးရာစိန်သည် ဇူလိုင်လ (၂၄) ရက်၊ မွန်းလွဲ (၀၂း၂၁) အချိန်တွင် သားအိမ်ကင်ဆာကြောင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာကို အခုလို ပေးပို့ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌဟောင်းတစ်ဦး ဖြစ်သည့် နော်စီဖိုးရာစိန်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စလိယန်းမြို့ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်လို့ ဦးစွာဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) တို့တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (WON) က ပေးအပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဆုကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နော်စီဖိုးရာစိန်သည် စိတ်ဓာတ်ခိုင်မာ ပြတ်သားသည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ကွယ်လွန်သွားရခြင်းသည် ကရင်တိုင်းရင်းသားလူမျိုးတို့အတွက်သာမက မြန်မာတနိုင်ငံလုံးအတွက် အဖိုးတန်သည့် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားရသည်ဟု မှတ်ယူပါတယ်လို့ ဖော်ပြပါတယ်။

နော်စီဖိုးရာစိန်သည် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့တွင် တိုင်းပြည်အာဏာကို မတရား သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စု၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်ကြောင်း အစောဆုံးထုတ်ဖော်ပြောကြားခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရအား အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူလည်း ဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် နော်စီဖိုးရာစိန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို လေးစားအသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်ရင်း ဤဝမ်းနည်း ကြောင်း သဝဏ်လွှာအား ပေးပို့အပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြပါတယ်။

KNU တွင် အထွေထွေအတွင်းရေးမှူး၊ ဒုတိယ ဥက္ကဋ္ဌနေရာအထိ တာဝန်ယူခဲ့ဖူးသူ နော်စီဖိုးရာစိန်သည် KNU စစ်ဦးစီးချုပ်ဟောင်းလည်း  ဖြစ်ဖူးသည့် ဗိုလ်ချုပ်ကြီး တာမလာဘော၏ သမီး ဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကရင်အမျိုးသမီး အဖွဲ့အစည်း (KWO) ဗဟိုကော်မတီတွင်လည်း တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

(၂၀၁၁) ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစတင်ချိန် ဦးသိန်းစိန်အစိုးရနှင့် စတင်  ဆွေးနွေးရာမှာ ပါဝင်ခဲ့သော်လည်း ယခုငြိမ်းချမ်းရေး မလုပ်ရင် စစ်တပ်က အာဏာပြန်သိမ်းသွားနိုင်တယ်ဆိုသည့် အပြောကြောင့် ခြိမ်းခြောက်ခံရသလို ခံစားရပြီး NCA လမ်းကြောင်းကို အလွယ်တကူ လျှောက်လှမ်းခဲ့သည့် KNU အဖွဲ့ဝင်များနှင့် သဘောထားကွဲလွဲခဲ့ကာ (၂၀၁၆) ခုနှစ် KNU ရွေးကောက်ပွဲတွင် အရွေးမခံရဘဲ ပါတီ၏ ဒုတိယဥက္ကဋ္ဌရာထူးကို လက်လွှတ်ခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း KNU Concerned Group ကိုယ်စားတွင် ဦးဆောင်နေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON) မှ ပေးသည့် အမျိုးသမီး ငြိမ်းချမ်းရေးဆုပါ ချီးမြှင့်ခံခဲ့ရသည့် နော်စီဖိုးရာစိန်သည် သားအိမ်ကင်ဆာကို ခံစားလာရတာ ဖြစ်ပါတယ်။

သူမသည် ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်တဲ့အောင်ပွဲဟာ အကြမ်းဖက်စစ်တပ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ သက်သေပြနေတဲ့ ပြည်သူ့အောင်ပွဲလို့ ဝန်ကြီးဒေါ်ဇင်မာအောင် ပြော


မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်တဲ့အောင်ပွဲနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင်လ (၂၄) ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အခုလို ပြောကြားထားပါတယ်။

"အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးတပ်လို့ အဆိုရှိခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ (၇၉) နှစ်ကြာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲဖို့လိုအပ်နေပြီ ဆိုတာ သက်သေပြနေတဲ့ ပြည်သူ့အောင်ပွဲပါပဲ။ စစ်တပ်ဟာ သူလုပ်ရမယ့် အလုပ်မလုပ် - သူ့အလုပ် မဟုတ်တာတွေ အကုန်လုပ်ရင်း အတွင်းကနေ ပြိုပျက်နေခဲ့၊ ကျင့်ဝတ်တွေ ပြိုပျက်နေခဲ့၊ စီးပွါးရေးလုပ်၊ နိုင်ငံရေး လုပ်ရင်း - ချစားပြိုကျနေခဲ့၊ သင်ခန်းစာ ယူတတ်ပြီး ပြည်သူကို တောင်းပန် ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ" လို့ ဝန်ကြီးက ဆိုထားပါတယ်။

ဒါ့အပြင် Professional Army အတွက် အသစ်က ပြန်စဖို့ အချိန်တန်ပြီလို့လည်း ဝန်ကြီးက ဆိုပါတယ်။

တအာင်းပြည် တပ်မဟာ () နယ်မြေ၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို တအာင်းတပ်မတော် (TNLA) မှ ဇူလိုင်လ (၂၄) ရက် ညနေ (၅း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ တပ်မဟာ () နယ်မြေ၊ မိုးမိတ်မြို့မှာလည်း မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် စစ်ကောင်စီလက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် (TNLA) မှ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ လန်ဒန်မြို့မှာ ကျင်းပတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးသွားခဲ့တဲ့ () နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲသို့ ဝန်ကြီးဒေါက်တာဆာဆာ တက်ရောက်


ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကျဆုံးသွားခဲ့တဲ့ () နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲကို UK နိုင်ငံ၊ လန်ဒန်မြို့မှာ ဇူလိုင် (၂၃) ရက်က ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခမ်းအနားမှာ ဒေါက်တာဆာဆာက အမှာစကားပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Stars of Myanmar Friendship အဖွဲ့က ဦးဆောင်ကျင်းပတဲ့ အဆိုပါအခမ်းအနားကို လူပေါင်းရာနဲ့ချီတက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးဘက်က အနိုင်ရနေချိန်မှာ အားလုံး ပြိုင်တူတွန်းကြဖို့ ဝန်ကြီးဒေါက်တာတူးခေါင် တိုက်တွန်း


ဇူလိုင်(၂၄) ရက်နေ့မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာမှာ အခုလို ပြောကြားထားပါတယ်။

"ဘယ်သူပဲ တိုက်တိုက် အမြစ်တွယ်နေတဲ့ အာဏာရှင်ဝါဒ အရင် ပြုတ်ကျဖို့အရေးကြီးပါတယ်။ မပြီးသေးဘူး၊ လူမျိုးစွဲ အမျိုးသားလုံခြုံရေးအကြောင်းပြ အာဏာတည်ဆောက်ရေးလမ်းစဥ်များ မကြီးထွားရလေအောင် လူထုပါဝင်သော စိတ်ချရတဲ့ အမျိုးသားလုံခြုံရေး စနစ်တခု တည်ဆောက်ရအုံးမှာပါ။ လူမျိုးတိုင်းရဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်တဲ့ စနစ်တခု တည်ဆောက်ပြီးသွားရင် မြန်မာပြည်ငြိမ်းချမ်းပြီ။ ဒီလောက် ခက်ခဲတဲ့ အာဏာရှင် စနစ်ကို တော်လှန်ရေးဘက်က မနိုင်စဖူး အနိုင်ထူးနေတဲ့ ကာလမှာ ဝေဝါးမနေပဲ အားလုံးပြိုင်တူတွန်းလိုက်ကြစို့" လို့ ဝန်ကြီးက ပြောပါတယ်။

NCA တလျှောက်လုံး၊ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများ၊ ၂၀၀၈ ခြေဥ ရွေးကောက်ပွဲလမ်းစဥ်အဆုံး စစ်ခေါင်းဆောင်တွေနဲ့ အလုပ်မဖြစ်တာ သမိုင်းသက်သေဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၅။ နော်ဝေနိုင်ငံတွင် ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားမှ ရရှိငွေများအား ဒေါ်အောင်ဆန်းစုကြည်ပန်းခြံနှင့် ဗုံးကြဲခံရသော မင်းတပ်ဆေးရုံတည်ဆောက်ရေးသို့ ထောက်ပို့ကူညီခဲ့


နော်ဝေနိုင်ငံတွင် ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားမှ ရရှိငွေများအား ထောက်ပို့ကူညီခဲ့မှုနှင့် ပတ်သက်၍ CRPH Support Group, Norway က ဇူလိုင် (၂၄) ရက်နေ့မှာ အခုလို အသိပေးထုတ်ပြန်ပါတယ်။

"မွေးနေ့ပွဲတွင် ရောင်းရငွေ ၆၆,၃၂၀ ခရိုနာမှ အရင်းနှုတ် စရိတ်များနှုတ်ပြီး ကျန်ငွေ ၃၄,၇၁၀ ခရိုနာအား ရောင်းချကူညီသူများ၏ တောင်းဆိုချက်များအရ အောင်ဆန်းစုကြည် ပန်းခြံ၊ ဖရိုလန်းသို့  ၅၀၀၀ ခရိုနာ၊ ဗုံးကြဲခံရသော မင်းတပ်ဆေးရုံတည်ဆောက်ရေးသို့ - ၁၆,၇၁၀ ခရိုနာ ပေးပို့ခဲ့တယ်" လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မိုးညှင်းတပ်သို့ ၃၀၀၀ ခရိုနာ၊ Freedom Tatoo of Burma Aid သို့ ၁၀၀၀၀ ခရိုနာတို့ကို အသီးသီး ထောက်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၆။ အနုပညာကို စိတ်ဝင်စားကြတဲ့သူများအတွက်  နွေဦးတက္ကသိုလ်နှင့် Artists Shelter တို့ ပူးပေါင်းပြီး လူငယ်များအတွက် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်မယ်


ဇူလိုင်လ (၂၄) ရက်မှာ Artists Shelter က အခုလို တရားဝင်အသိပေးဆိုပါတယ်။

"Artists Shelter နှင့် နွေဦးတက္ကသိုလ် ( SUM )   တို့ ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိစေမယ့် တန်းခွဲသစ်များကို မကြာမီအချိန်အတွင်း ဖွင့်လှစ်သွားဖို့ရှိပါတယ်။ အနုပညာကို စိတ်ဝင်စားကြတဲ့သူများအတွက် သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုပါတယ်။ ထိုသတင်းကောင်းလေးကတော့ - နွေဦးတက္ကသိုလ်နှင့် Artists Shelter နှင့်ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိပြီး စိတ်ဝင်စားမယ့် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လူငယ်တွေ စိတ်ဝင်စားမှုများပြားတဲ့ Basic film editing နဲ့ Script writing လိုသင်တန်းမျိုးနဲ့ Basic Classical Guitar Workshop များကို လွန်ခဲ့တဲ့ Batch များမှာ ဖွင့်လှစ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်း မတရားပုဒ်မများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ချုပ်နှောင်ခံထားရသူ (၃၇၂) ဦး ရှိပြီ


နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ချုပ်နှောင်ခံထားရသူ (၃၇၂) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အာဏာလုယူသည့် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှ (၂၀၂၄) ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ချုပ်နှောင်ခံထားရသူ (၃၇၂) ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ 

၎င်းတို့အနက် (၂၀၂၄) ခုနှစ်အတွင်း ပြစ်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၄) ဦး၊ စုစုပေါင်း (၂၀) ဦးရှိခဲ့ရာ အဆိုပါ (၂၀) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၄) ဦးဖြင့် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အများဆုံးဒေသ ဖြစ်ကြောင်း သိရပါတယ်။

(၂၀၂၄) ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာနေ ကိုဝေလင်းအောင်အား ၎င်းဖုန်းထဲ၌ နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံများ တွေ့သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ (၁၃) ရက်နေ့တွင် ၎င်းအား ရွှေဘိုထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ () ၅၂ (က) တို့ဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။


========================


📌📌 ၈။ Federal Wings ဒရုန်းတပ်ဖွဲ့က The Key ပရော့ဂျက်ကို ဝန်းရံဖို့ လူထုကို နှိုးဆော်


Federal Wings ဒရုန်းတပ်ဖွဲ့က နည်းပညာမြင့် တိုက်ခိုက်ရေးယာဥ်များ ထပ်မံထုတ်လုပ်နေပြီး The Key ပရော့ဂျက်ကို ဝန်းရံကြဖို့ ဇူလိုင် (၂၄) ရက်မှာ လူထုကို အသိပေးနှိုးဆော် လိုက်ပါတယ်။

"FW R&D Team အနေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာကို အတိအကျမပြောနိုင်ပေမဲ့ အခု video ထဲမှာကြည့်ရင် တစ်စွန်းတစ်စမြင်နိုင်ပါလိမ့်မယ်။ဒရုန်းမျိုးဆက်သစ်တွေ ကျည်ကာတွေနဲ့ အခြားနည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုတွေအားလုံးက ဒီအဖွဲ့ကနေပဲ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပိတ်ဆို့ထားတဲ့တံခါးတွေကို နည်းပညာအားနဲ့ ဖွင့်ကြရအောင်ပါ။ The Key ဝယ်ယူခြင်းဖြင့် FW ရဲ့ R&D Team ကို ထောက်ပို့ပါ" လို့ ဆိုထားပါတယ်။

The Key Project ဟာ တော်လှန်ရေးတပ်ဖွဲ့များအတွက် အင်အားဖြည့်တင်းရန် ရှမ်းပြည်နယ်မှ ဟိုတယ်တလုံးကို မဲဖောက်မှာ ဖြစ်ပြီးတော့ မဲလက်မှတ်များ ဆက်လက်ရောင်းချနေကာ လက်မှတ်တစောင်လျှင် အမေရိကန်ဒေါ်လာ တရာ သတ်မှတ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မိုးကုတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို TNLA ရှင်းလင်းသိမ်းပိုက်


တအာင်းပြည် တပ်မဟာ () နယ်မြေ၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို  ဇူလိုင်လ (၂၄) ရက်နေ့၊ ညနေ (၅း၀၀) အချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) မှ သတင်းထုတ်ပြန်ပါတယ်။

အလားတူ နေ့လယ် (၁၂း၀၀) အချိန်တွင်  တပ်မဟာ () နယ်မြေ၊ မိုးမိတ်မြို့ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကို တိုက်ခိုက်ခဲ့ပြီး တပ်မဟာ () နယ်မြေ၊ နောင်ချိုမြို့နယ်၊ သဲခေါ်ရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အုမ္မတီးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် () ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီကင်းစင်တဲ့ မိုးကုတ်မြို့အတွင်းကို ဝင်လာတဲ့ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတဲ့ မှတ်တမ်းဓါတ်ပုံများ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာကိုလည်း တွေ့ရှိရပါတယ်။


========================


🚩🚩 ၂။ မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့  KIA တိုက်ပွဲ ပြန်စတင်၊ လေကြောင်းရန် သတိထားဖို့ ဗိုလ်မှူးကြီးနော်ဘူ သတိပေး


ဇွန်လ (၂၄ရက်နေ့ကစပြီး တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေပြိး မိုးမောက်မြို့တွင်းတပ် ခမရ၄၃၇ မှာ တိုက်ပွဲ ပြန်လည်ပြင်းထန်နေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုထားပါတယ်။

ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပြီး အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် အခြေအနေ အသေးစိတ် သိဖို့ခက်နေသေးတယ်လို့ ပြောပါတယ်။

စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တတာကြောင့် ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်စေချင်ပြီး ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်လို့ ပြောပါတယ်။

မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန် စတဲ့ မြို့တွေက ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေထံမှ သိရပါတယ်။

လက်ရှိအချိန်အထိ KIA က သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာကတော့ မိုးမောက် ခမရ၄၃၇ တပ် နဲ့ မံစီမြို့တပ်ဖြစ်တဲ့ ခမရ - ၆၀၁ နဲ့ ခမရ - ၃၁၉ တပ်ရင်းတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ မိုင်းယောင်းမြို့အနီးတဝိုက်ကို မိုင်းလားတပ်ဖွဲ့က ဝင်ရောက်နေရာယူ 


သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဖြတ်ခရိုင်၊ မိုင်းယောင်းမြို့ အနီးတဝိုက်ရှိ ကျေးရွာများကို မိုင်းလားတပ်ဖွဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် NDAA က အင်အား ရာချီသုံးပြီး ဝင်ရောက်နေရာယူထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဝမ့်တုံ့ ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေပြီး ရွာသားတွေကိုလည်း လက်မှတ်ထိုးခိုင်းကာ မိုင်းယောင်းမြို့ ဘေးပတ်ပတ်လည်တွင် မိုင်းလားတပ်ဖွဲ့ (NDAA) ရောက်ရှိနေပြီး ရွာသားများကို ခေါ်တွေ့နေကြောင်း သိရပါတယ်။

မိုင်းယောင်းမြို့တွင် စစ်ကောင်စီ၏  ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ - ၃၁၁၊ ၃၃၄၊ ၃၃၅၊ ၅၇၃ နှင့် အမြောက်တပ် ၃၉၈ တပ်ရင်းတို့ ရှိသကဲ့သို့ မိုင်းယုမြို့တွင် အမှတ် (၁၀၀၈) နယ်ခြား စောင့်တပ်လည်း ရှိပါတယ်။


========================


🚩🚩 ၄။ လားရှိုးမြို့ လူနေရပ်ကွက်ထဲသို့လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ၍ လူနေအိမ်များ မီးလောင်


ဇူလိုင်လ (၂၄) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လူနေရပ်ကွက်ထဲသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ၍ လူနေအိမ်များ မီးလောင်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံကတဆင့် သိရှိရပါတယ်။

"ဇူလိုင် (၂၄) ရက်၊ ညနေ (၀၃း၀၃)အချိန် လားရှိုးမြို့ ရပ်ကွက် () အောင်မင်္ဂလာဈေးလမ်းနဲ့ ဘုံကျောင်းလမ်းကြား၊ (၃၉) လမ်းအနီး လက်နက်ကြီးကျပြီး အိမ်မီးလောင်မှု ဖြစ်တယ်လို့ သိရပါတယ်။ ညနေ (:၃၀)ထိ မီးလောင်နေဆဲပါ" လို့ ဆိုထားပါတယ်။

ထို့အပြင် ရပ်ကွက် () ရေကန်လမ်းနဲ့ ခိုင်ရွှေဝါလမ်းဘက်၊ ရပ်ကွက် () မြို့နယ်လဝကရုံးအောက်ဘက် အေးချမ်းသာယာ ဓမ္မာရုံဘက်တို့တွင်လည်း ညနေပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လောက်ကိုင်မြို့ လူနေရပ်ကွက်များကို စစ်ကောင်စီက တစ်လအတွင်း သုံးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်


ကိုးကန့် ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ လူနေရပ်ကွက်များကို စစ်ကောင်စီက ယခု ဇူလိုင်လ အတွင်း တတိယ အကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ (၂၄) ရက်နေ့ မနက် (၁း၄၅) မှ (၄း၄၅) အတွင်းမှာ တိုက်လေယာဉ် နှစ်စင်းဖြင့် လောက်ကိုင်မြို့၊ ကျင့်ရှမ်းချိန် (Jin xiang cheng) ဒေသ၊ (၃၁၁) ရင်ပြင်အနီး၊ လူနေရပ်ကွက်များကို ဗုံး () လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ () ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အနီးနားရှိ ဟိုတယ်များနှင် အခြားအဆောက်အဦး အများအပြား ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ () ဦး သေဆုံးခဲ့ရပါတယ်။

ထို့အပြင် ဇူလိုင်လ (၂၃) ရက်နေ့ မနက်ကလည်း လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ () ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ ချင်းတွင်းမြစ်ကြောင်းကနေ မုံရွာမြို့ကို စစ်တပ်က အင်အားဖြည့်တင်း


ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီစခန်းချရာ ထွေအုပ်ရုံး၊ ရဲစခန်းတို့ကို ဆားလင်းကြီးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းကနေ  မုံရွာမြို့ကို စစ်သင်္ဘောအကြီးတွေ၊ တွဲသင်္ဘောတွေနဲ့ စစ်သားအင်အားတွေ ဖြည့်တင်းနေတာဖြစ်ကြောင်း ဒေသခံတွေဆီမှ သိရပါတယ်။

ဇူလိုင်လ (၂၂) ရက်နေ့ကလည်း မုံရွာမြို့ပေါ်မှာရှိတဲ့ နမခ တိုင်းရုံးထဲကို လေယာဥ်တွေ အတက်အဆင်း လုပ်တာတွေ ရှိနေပြီး  Mi - 35 ရဟတ်ယာဥ်တစ်စီးကတော့ ချင်းတွင်းမြစ်ကမ်းဘက်တွေကို ကင်းပတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ ပုဏ္ဏားကျွန်းမှ အမျိုးသမီး () ဦး ပွဲချင်းပြီးသေဆုံး () ဦး ပြင်းထန်ဒဏ်ရာရ


ရခိုင်ပြည်၊ စစ်တွေရှိ ပါဒလိတ်တပ်ရင်းက အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာမှ သက်ကြီးပိုင်း အမျိုးသမီး () ဦး ပွဲချင်းသေဆုံးပြီး (ဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း နိရဥ္စရာသတင်းဌာနမှ ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိသူများမှာ (၃၅) နှစ်နှင့် (၄၅) နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် (၂၃) နှစ်နှင့် (၁၇)နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ ဖြစ်ပြီး နေအိမ်တွင် ညနေစာ ထမင်းစားနေကြသည့်အချိန် မိသားစုဝင် (ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူ (ဦးကို ဆေးကုသမှုပေးနေပြီး ဆေးကုသစရိတ်အတွက် အရေးပေါ် ငွေကြေးများ လိုအပ်နေကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်း ကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့ မနက် () နာရီ ခွဲခန့်က KNU တပ်မဟာ () တပ်ရင်း () ထိန်းချုပ် နယ်မြေထဲကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲ  ဖြစ်ပွားခဲ့ပြီး ကျိုက်ထို အခြေစိုက် တပ်မ (၄၄) မှ ဟောင်ဝှစ်ဇာ () လုံးဖြင့် ပစ်ကူပေးခဲ့ရာမှ ပျဥ်းကတိုးကုန်းရွာကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့သူ () ဦးမှာ အသက် (၁၈) နှစ်မှ (၂၉) နှစ်အကြားရှိ ရွှေစက်လုပ်သား အမျိုးသားများ ဖြစ်ကြပြီး သိမ်ဇရပ် မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာများမှာ နေထိုင်ကြသူများ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

ထိခိုက်ဒဏ်ရာရသူ () ဦးတွင် အသက် (၂၄) နဲ့ (၃၀) အရွယ် အမျိုးသမီး () ဦး ပါဝင်ပြီး ကျန်အမျိုးသား () ဦး ထဲမှ () ဦးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ KTV က ပြန်လာတဲ့ စစ်ကောင်စီ ဗိုလ်တဦးကို အရှင်ဖမ်းဆီးရမိ


မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် KTV မှ ပြန်လာတဲ့ သုံးပွင့်ဗိုလ် တဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ (၂၄) ရက် ညနေ () နာရီအချိန်မှာ ကိုယ်ပိုင်အမှတ် (ကြည်း ဗက ၅၄၅၄၂) သုံးပွင့်အဆင့် ဗိုလ်ကြီး ဝင်းဇော်ကို အရှင်ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်ကြီး ဝင်းဇော်ဟာ လက်ရှိ နေပြည်တော်ရှိ အမှတ် (၂၃) တပ်မတော် ကုတင် (၂၅) ဆေးရုံမှာ တပ်ရေး/ တပ်ထောက် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ပခုက္ကူမြို့ကို ခွင့်ရက်ဖြင့် ပြန်လာတာလို့ သိရပါတယ်။

ဗသက - ဗထူး အပတ်စဉ် (၁၁၂) ဆင်းဖြစ်ကာ လုပ်သက် (၂၄) နှစ် ရှိပြီဖြစ်တဲ့ ၎င်းဗိုလ်ကြီးကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၎င်းနဲ့အတူ မှတ်ပုံတင်၊ လစာထုတ်ယူရာမှာ အသုံးပြုရတဲ့ အင်းဝဘဏ် ATM ကဒ်တခု၊ Shayang 125 တစ်စီး၊ ငွေကျပ် ၆၁၈,၀၀၀ ကျပ်၊ ပိုက်ဆံအိတ် လုံး၊ ဘေးလွယ်အိပ် လုံး၊ ဖုန်း လုံးနှင့် ဦးထုတ် လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၁၀။ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) စစ်ဒေသ - အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်


ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ () အခြေခံ စစ်ပညာသင်တန်း အပါတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၃) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

သင်တန်းဆင်းပွဲမှာ စစ်ရေးတာဝန်ခံနှင့် ဗဟိုကော်မတီဝင်တစ်ဦးမှ သင်တန်းဆင်းမိန့်ခွန်းနဲ့ အမှတ်တရ စကားပြောကြားခြင်း၊ သင်တန်းဆင်း ရဲဘော်များမှ ပြည်သူလူထု ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ သင်တန်းထူးချွန်ဆုရ ရဲဘော်များအား ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် အဆိုပါ စစ်သင်တန်း အပတ်စဉ် () မှာ တက်ရောက်နေရင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်ချက်ကြီးအား အောင့်မေ့သတိရ ဂုဏ်ပြုခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို BLDF ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဒေသခေါင်းဆောင်များ၊ အခြေစိုက် ဒေသမှ ပြည်သူလူထုများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment