2nd JUL 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို လေယာဥ်ဆီတင်ပို့ရောင်းချမှုအပါအဝင် သံတမာန်ရေးအရဖြတ်တောက်ရန်ပြောဆိုရာမှာ နိူင်ငံတကာကအများစုလိုက်နာလုပ်ဆောင်ပေးတယ်လို့ဆို

📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူများအပေါ် "ဖြတ်လေးဖြတ်" ဗျူဟာကိုသာလွန် ပြင်းထန်စွာ ဆက်လက်ကျင့်သုံးလျက်ရှိပြီး၊အရပ်သားနေအိမ် ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၃။ နွေဦးဆရာအတတ်သင်တက္ကသိုလ်၏အဓိပတိ ဒေါက်တာသိန်းလွင်(Thinking Classroom Foundation)နှင့်ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီတို့တွေ့ဆုံ

📌 ၄။ မြင်းမူမြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်က သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်

📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိလာ

📌 ၆။ ဇူလိုင်လအတွက် နွေဦးထီလက်မှတ်များစတင် ကံစမ်းနိုင်ပြီဖြစ်ကာ စိတ်ကြိုက်နံပါတ်များ ရွေးချယ် ကံစမ်းနိုင်


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ဆည်တော်တပ်စခန်း ပန်းသလဲတောင် တပ်စခန်း ရေစိုတောင် တပ်စခန်း နေကျော်တောင် တပ်စခန်းစတဲ့ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်

🚩 ၂။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ

🚩 ၃။ ဇူလိုင်လအတွင်း RPGတလက်ထပ်မံအားဖြည့်နိူင်ခဲ့ကြောင်း ZERO ပျောက်ကြားတပ်ဖွဲ့အသိပေး

🚩 ၄။ ခင်ဦးမြို့ ဆေးရုံကြီးပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့  ဒုတပ်ကြပ်တစ်ဦး လက်နက်နှစ်လက်အပါအဝင် ခဲယမ်းပစ္စည်းအချို့ပါ ယူဆောင်ပြီး အလင်းဝင်ရောက်လာ

🚩 ၅။ ပြည်သူလူထု သွားလာရန်ခက်ခဲနေသောလမ်းပိုင်းတစ်နေရာအား ပုလဲမြို့နယ် .က.ဖတိုက်နယ်()နှင့်ပုံတောင် TIGER  PDF ရဲဘော်များမှ ပြုပြင်ပေးခဲ့

🚩 ၆။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် () စစ်အ ခြေခံ  စစ်မှုထမ်းအပတ်စဉ် () စစ်သင်တန်းဆင်းများကို  ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ပို့လိုက်

🚩 ၇။ ကျည်တစ်သိန်းကမ်ပိန်းကို တိုင်းစစ်ဌာန (တနင်္သာရီ)မိတ်ဆက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို လေယာဥ်ဆီတင်ပို့ရောင်းချမှုအပါအဝင် သံတမာန်ရေးအရဖြတ်တောက်ရန်ပြောဆိုရာမှာ နိူင်ငံတကာကအများစုလိုက်နာလုပ်ဆောင်ပေးတယ်လို့ဆို


ဇူလိုင်၂ရက်


အကြမ်းဖက်စစ်ကောင်စီကို လေယာဥ်ဆီတင်ပို့ရောင်းချမှုအပါအဝင် သံတမာန်ရေးအရဖြတ်တောက်ရန်ပြောဆိုရာမှာ နိူင်ငံတကာကအများစုလိုက်နာလုပ်ဆောင်ပေးတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက ဇူလိုင်လအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားခဲ့ပါတယ်။


"လက်ရှိမှာပြည်တွင်းဥပဒေအရ အကြမ်းဖက်စစ်တပ်ကိုအရေးယူဖို့ခက်ခဲတယ်။ကျနော်တို့လုပ်နိူင်တာက နိူင်ငံတကာရဲ့ဒီမိုကရေစီအရေးအမှန်တကယ်လေးစားလိုက်နာအားပေးတဲ့နိူင်ငံတွေရဲ့ဝိုင်းဝန်းလုပ်ဆောင်မှုကအရမ်းအရေးကြီးလာပါတယ်။ဒါကြောင့်မို့ကျနော်တို့ကအကြမ်းဖက်စစ်ကောင်စီ၊စစ်အုပ်စုကိုနောက်ထပ်အာဏာမရှိနိူင်ဖို့သူတို့ကို ဖြတ်တောက်မှုတွေလုပ်ဆောင်နေပါတယ်။စီးပွားရေးဖြတ်တောက်တာ၊လက်နက်တင်ပို့မှုဖြတ်တောက်မှာ၊အထူးသဖြင့်လေယာဥ်ဆီတင်ပို့ရောင်းချမှုဖြတ်တောက်မှာ၊သံတမာန်ရေးအရဖြတ်တောက်မှာကိုကျနော်တို့ပြောတာ။အဲဒီအပိုင်းမှာတော့နိူင်ငံတော်တော်များများလိုက်နာတာရှိပါတယ်"လို့ဝန်ကြီးကပြောပါတယ်။


သို့သော်နိူင်ငံအများစုက ဟန်ချက်ညီညီစစ်အုပ်စုကိုအရေးယူနိူင်ရေးဆောင်ရွက်မှုတွင်အားနည်းချက်အချို့ရှိနေဆဲ ဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူများအပေါ် "ဖြတ်လေးဖြတ်" ဗျူဟာကိုသာလွန် ပြင်းထန်စွာ ဆက်လက်ကျင့်သုံးလျက်ရှိပြီး၊အရပ်သားနေအိမ် ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


ဇူလိုင်၂ရက်


ဇူလိုင်၁ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ အထွေထွေညီလာခံတွင် ကာကွယ်မှုပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာမျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းမှတက်ရောက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။


"အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း (,၃၀၀) ကျော်သည် ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ လူဦးရေ၏ (.) သန်းမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့အတူ လူဦးရေ (၁၈.) သန်း သည်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေပြီး၊ လူဦးရေ (၁၃.) သန်း သည် ပြင်းထန်သောစားနပ်ရိက္ခာ မဖူလုံမှုအဆင့် (IPC အဆင့်၃) နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ဤကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေများရှိနေသော်လည်း အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် "ဖြတ်လေးဖြတ်" ဗျူဟာကိုသာလွန် ပြင်းထန်စွာ ဆက်လက်ကျင့်သုံးလျက်ရှိပြီး၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အရပ်သားနေအိမ် ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားအဆောက်အဦနှင့် စစ်ရေးပစ်မှတ် ခွဲခြားမှုမရှိဘဲ နေအိမ်များ၊ ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းက ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်နေ သည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်တယ်လို့သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးဆရာအတတ်သင်တက္ကသိုလ်၏အဓိပတိ ဒေါက်တာသိန်းလွင်(Thinking Classroom Foundation)နှင့်ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီတို့တွေ့ဆုံ


ဇူလိုင် ရက်


နွေဦးဆရာအတတ်သင်တက္ကသိုလ်၏အဓိပတိဒေါက်တာ သိန်းလွင်(Thinking Classroom Foundation)နှင့် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင်တို့ ယနေ့ ဇူလိုင်လ ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံပြီး ကြားကာလပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ဆွေးနွေးမှုအတွင်း လက်ရှိ DDMSC မှ ထားဝယ်ခရိုင်အတွင်း ရပ်ရွာအခြေပြုစာသင်ကျောင်းတကျောင်းဖွင့်လှစ်ထားမှုအခြေအနေကို တင်ပြပြီး အကြံအဉာဏ်ရယူတာ၊ ကျောင်းနေအရွယ် ကလေးတိုင်း လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကြားကာလပညာရေး အကောင်ထည်ဖော်နိုင်ရေး အစီအစဥ်တွေကို အပြန်အလှန်ဆွေးနွေးတာ အစသဖြင့် ပညာရေးဆိုင်ရာကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်က သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်


ဇူလိုင်၂ရက်


စစ်ကိုင်းဒေသ၊ မြင်းမူမြို့နယ်ရှိ သံဃာတော်တွေက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ဇွန် ၃၀ ရက်မှာလုပ်ဆောင်ခဲ့ကြောင်းနဲ့ အလားတူ ဆားလင်းကြီးမြို့နယ်က သံဃာတော်များလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ကံဆောင်ခဲ့ကြပါတယ်။


ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ဇွန်လ ၁၉ ရက်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့်သံဃာတော်များသပိတ်မှောက်လှုပ်ရှားခဲ့ကြပါတယ်။


========================


📌📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိလာ


ဇူလိုင်၂ရက်


မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိလာတယ်လို့သိရပါတယ်။


ဇူလိုင်လ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၄) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


 မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိပြီ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၅၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ ဇူလိုင်လအတွက် နွေဦးထီလက်မှတ်များစတင် ကံစမ်းနိုင်ပြီဖြစ်ကာ စိတ်ကြိုက်နံပါတ်များ ရွေးချယ် ကံစမ်းနိုင်


ဇူလိုင်၂ရက်


"ဇွန်လမှာ နွေဦးထီမထိုးဖြစ်လိုက်သူတွေနဲ့ နွေဦးထီကို ခုမှ စတင် ကံစမ်းလိုသူများအတွက် - NUG အစိုးရ၏ "အောင်လံလွှင့်ချီ နွေဦးထီ" ကို Web App ( https://app.nwayoohti.com/login ) မှ တဆင့် ကိုယ်တိုင် စိတ်ကြိုက်နံပါတ်များ ရွေးချယ်၊  ကံစမ်းနိုင်သလို၊ နွေဦးထီရဲ့ အရောင်းကိုယ်စားလှယ်ကြီးများ စာရင်းမှလည်း ဆက်သွယ်ပြီး လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်"လို့ ဇူလိုင်၂ရက်နေ့နွေဦးထီမိသားစုကအသိပေးဖော်ပြပါတယ်။


နွေဦးထီပေါက်ခဲ့ရင်တော့ -Web App မှာ ဝယ်ယူသူများအတွက် ထီဆုငွေများ အကောင့်ထဲသို့ ချက်ချင်း ဝင်ရောက်လာမှာဖြစ်ပြီး Agent များမှ ကံစမ်းသူများကတော့ Agent များကို ပြန်လည်ဆက်သွယ်ပြီး ဆုငွေများ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။ 

========================

========================


🚩🚩 ၁။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ဆည်တော်တပ်စခန်း ပန်းသလဲတောင် တပ်စခန်း ရေစိုတောင် တပ်စခန်း နေကျော်တောင် တပ်စခန်းစတဲ့ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်


ဇူလိုင်လ ()ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ဆည်တော်တပ်စခန်း ပန်းသလဲတောင် တပ်စခန်း ရေစိုတောင် တပ်စခန်း နေကျော်တောင် တပ်စခန်းစတဲ့ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ ဇူလိုင်၂ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်၁၀၂၇ စစ်ဆင်ရေး အပိုင်း()”နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို မိုးကုတ် ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ဆည်တော်တပ်စခန်း ပန်းသလဲတောင် တပ်စခန်း ရေစိုတောင် တပ်စခန်း နေကျော်တောင် တပ်စခန်း ရွှေပုထိုး တပ်စခန်း ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့သတင်းရရှိပါတယ်။


 မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိတယ်လို့သိရပါတယ်။ 


ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါတယ်။


မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီးမတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိပါတယ်။


========================


🚩🚩 ၂။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ


ဇူလိုင်၂ရက်


ဇူလိုင်လ ရက်နေ့ ညနေ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


လတ်တလောမှာ စကစတပ်များထိခိုက်သေဆုံးမှုရှိမရှိအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


ထို့အတူမန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာလမ်းဆုံတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ ဇူလိုင်လအတွင်း RPGတလက်ထပ်မံအားဖြည့်နိူင်ခဲ့ကြောင်း ZERO ပျောက်ကြားတပ်ဖွဲ့အသိပေး


ဇူလိုင်၂ရက်


ဇူလိုင်လအတွင်း RPGတလက်ထပ်မံအားဖြည့်နိူင်ခဲ့ကြောင်းကို ဇူလိုင်လ၂ ရက် မှာ ZERO ပျောက်ကြားတပ်ဖွဲ့ မြင်းခြံမှဗိုလ်ဇီးရိုးကအသိပေးဆိုထားပါတယ်။


  "JULY လရဲ့ အစမှာဘဲ ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်သော  " RPG 7 တစ်လက်ထပ်မံရောက်ရှိခဲ့ပြီလေ   အညာရဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကမဲ့ပွဲတွေအတွက်အားမွေး  နေခဲ့တယ်ဆိုတာ သက်သေတစ်ခုထပ်ပြခဲ့ပါတယ်"လို့ဆိုပါတယ်။


  ZERO ပျောက်ကြားတပ်ဖွဲ့ မြင်းခြံဟာ စစ်အာဏာရှင်စနစ်နဲ့စကစတပ်များကိုလက်နက်ကိုင်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ ခင်ဦးမြို့ ဆေးရုံကြီးပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့  ဒုတပ်ကြပ်တစ်ဦး လက်နက်နှစ်လက်အပါအဝင် ခဲယမ်းပစ္စည်းအချို့ပါ ယူဆောင်ပြီး အလင်းဝင်ရောက်လာ


ဇူလိုင်၂ရက်


ခင်ဦးမြို့ပေါ်က ပြည်သူ့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က ဒုတပ်ကြပ် ကျော်စိုးဖြစ်သူဟာ ဇွန်လ-၃၀ရက်နေ့ မနက်ပိုင်း၅နာရီခန့်အချိန် မြို့ထဲ ဈေးဘက်အထွက်အထိ ထွက်ပြေးလာခဲ့ပြီး မြို့နယ်ပလဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


ယင်းဒုတပ်ကြပ် ကျော်စိုးနဲ့အတူ MA1 သေနက် () လက်၊ ကျည် (၂၁၀) တောင့်၊ ကျည်ဘောက် လေးခု၊ လက်ပစ်ဗုံး တစ်လုံးတို့ အတူပါလာခဲ့ပြီး ခင်ဦးမြို့နယ် ပလဖအဖွဲ့မှ ထိန်းသိမ်းကာ လွတ်မြောက်ဒေသ ပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။


အလင်းဝင်ချင်သော စကစတပ်သားများအနေဖြင့်လည်း ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင်တာဝန်ခံမှ ကြိုဆိုလျက်ရှိကြောင်းသိရပါတယ်။


========================


🚩🚩 ၅။ ပြည်သူလူထု သွားလာရန်ခက်ခဲနေသောလမ်းပိုင်းတစ်နေရာအား ပုလဲမြို့နယ် .က.ဖတိုက်နယ်()နှင့်ပုံတောင် TIGER  PDF ရဲဘော်များမှ ပြုပြင်ပေးခဲ့


ဇူလိုင်-၂ရက်


ပြည်သူလူထု သွားလာရန်ခက်ခဲနေသောလမ်းပိုင်းတစ်နေရာအား ပုလဲမြို့နယ် .က.ဖတိုက်နယ်()နှင့်ပုံတောင် TIGER  PDF ရဲဘော်များမှ ပြုပြင်ပေးခဲ့တယ်လို့ ဇူလိုင်၁ရက်မှာ ပုံတောင်TIGER PDFကတရားဝင်အသိပေးဆိုပါတယ်။


မိုးရာသီမှာ ပြည်သူလူထု သွားလာရန်ခက်ခဲနေသော ပြည်သူလူထုသွားလာရေးအတွက်အရေးပါတဲ့ လမ်းပိုင်းတစ်ခုအား ဇွန်လ၂၉,၃၀ရက် နှစ်ရက်ဆက်တိုက် ပုလဲမြို့နယ် .က.ဖတိုက်နယ်()နှင့်ကျနော်တို့ ပုံတောင် TIGER  PDF ရဲဘော်များမှ ပြုပြင်ပေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ တိုက်ခိုက်ရေးတာဝန်များအပြင်အားလပ်ချိန်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။


========================


🚩🚩 ၆။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် () စစ်အ ခြေခံ  စစ်မှုထမ်းအပတ်စဉ် () စစ်သင်တန်းဆင်းများကို  ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ပို့လိုက်


ဇူလိုင်၂ရက်


ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် () စစ်အ ခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်းအပတ်စဉ် () စစ်သင်တန်းဆင်းများကို  ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ပို့လိုက်တယ်လို့ ဇူလိုင်လ၂ရက်မှာ သတင်းအထူးတပ်ဖွဲ့ ပုသိမ်က အသိ‌ပေးဖော်ပြပါတယ်။


ဧရာဝလေ့ကျင့်ရေးသင်တန်းကျောင်းမှတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် () စစ်အ ခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်းအပတ်စဉ် () စစ်သင်တန်းဆင်း သင်တန်းသားများကို ဇွန်လ နောက်ဆုံးပတ်တွင် ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ပို့လိုက်ကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစဟာ မထမ်းမနေရစစ်မှုထမ်းဥပဒေကိုအသက်သွင်းကာနေရာဒေသစုံမှ အမျိုးသားလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းလျက်ရှိပါတယ်။


========================


🚩🚩 ၇။ ကျည်တစ်သိန်းကမ်ပိန်းကို တိုင်းစစ်ဌာန (တနင်္သာရီ)မိတ်ဆက်


ဇူလိုင်၂ရက်


ကျည်တစ်သိန်းကမ်ပိန်းကို တိုင်းစစ်ဌာန (တနင်္သာရီ)မှ ဇူလိုင်၂ရက်နေ့မှာမိတ်ဆက်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်()၊တိုင်းစစ်ဌာန(တနင်္သာရီ)မှ "ကျည်တစ်သိန်းရရှိရေးကမ်ပိန်း" အား စတင်နေပြီ ဖြစ်ကြောင်း ကနဦး အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။


တနင်္သာရီတိုင်းအတွင်း ဆက်လက်ဆင်နွှဲမည့် စခန်းသိမ်းတိုက်ပွဲများအတွက် အရန်ကျည် တစ်သိန်းရရှိရေး ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်တယ်လို့သိရပါတယ်။


ကမ်ပိန်းအစီအစဉ် အသေးစိတ်အချက်အလက်အား တိုင်းစစ်ဌာန(တနင်္သာရီ) တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပဝန်းရံသူ ရဲဘော်များ ညှိနှိုင်းတိုင်ပင်ကာ မကြာမီ ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment