4th JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အာရက္ခတပ်တော်သာ ရခိုင်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ပါက ရိုဟင်ဂျာအရေးကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ဆို

📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ဆို

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ နှီးနွယ်အဖွဲ့အစည်းများနှင့် မြို့နယ် MOWYCA ၏ပံ့ပိုးမှုဖြင့် မိုင်းအန္တယ်လျော့ကျရေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ သင်တန်းများ ကျင်းပခဲ့

📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ SmartGov Website အသစ်ဖွင့်လှစ်လိုက်ကြောင်း အသိပေးကြေညာ

📌 ၅။ မလိခမြစ်ရေကြီးမှုကြောင့် နေအိမ် နှစ်ရာကျော် ရေထဲမျောပါ

📌 ၆။ လားရှိုးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မန်းပွဲနဲ့ မန်စံရေကျအုပ်စုထဲက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

📌 ၇။ ကနီမြို့နယ်မှ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှု စတင်၊ သပိတ်မှောက်သည့် မြို့နယ် ၁၈ ခုအထိ ရှိလာ

📌 ၈။ အကြမ်းဖက်စစ်ကောင်စီ အားပေး သီတဂူဆရာတော် အိမ်ပြန်ခရီးကို တော်လှန်ရေးအင်အားစုများ ဆန္ဒပြ

📌 ၉။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃)ဦးနှင့် အမျိုးသား(၃၃)ဦး စုစုပေါင်း (၅၆)ဦး သေဆုံး


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုးမြို့ အဝင်အထွက်တွေ အားလုံးပိတ်ထား

🚩 ၂။ နွယ်ရုံရဲစခန်းအပါအဝင် စဉ့်ကူးမြို့နယ်အတွင်း တပ်စခန်းပေါင်း ၆ခု သိမ်းပိုက်ရရှိ

🚩 ၃။ မြို့သာရဲစခန်း အဝင်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး

🚩 ၄။ ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် ပျူစောထီး ကား စီးအား တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ

🚩 ၅။ သံတွဲမြို့ မြုံပြင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ဦးသေဆုံး

🚩 ၆။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကဆီဆိုင်မြို့နယ် ထမ်းယံတိုင် ကျေးရွာ ဒေသခံ ဦးကိုပစ်ခတ်သတ်ဖြတ်

🚩 ၇။ မသမာသူများက Myingyan Black Tiger တပ်ဖွဲ့အမည်ကို အသုံးပြုကာ ချိန်းခြောက် ငွေကြေး တောင်းခံမှုများ ပြုလုပ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာရက္ခတပ်တော်သာ ရခိုင်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ပါက ရိုဟင်ဂျာအရေးကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ဆို


ဇူလိုင်လ ၃ရက်။

အာရက္ခတပ်တော်သာ ရခိုင်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ပါက ရိုဟင်ဂျာအရေးကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ပြည်သူမှပြည်သူသို့"မေးမြန်းခန်းအစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"AA/ULA သာ ရခိုင်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်မယ်၊ အုပ်ချုပ်နိုင်မယ်ဆိုရင် ဒီလိုအဖြစ်အပျက်တွေကို အကောင်းဆုံး ထိန်းသိမ်းသွားပြီးတော့ အကောင်းဆုံးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ရိုဟင်ဂျာအရေးကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်ပါလိမ့်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အာရက္ခတပ်တော် AAဟာ ရခိုင်မှာ အတော့်ကိုအောင်မြင်နေပြီဖြစ်ကာ ညီနောင်မဟာမိတ်တွေနဲ့ တိုင်းပြည်ကို ကောင်းမွန်စွာ စီမံခန့်ခွဲသွားနိုင်ပါက အောင်မြင်တဲ့ တိုင်းပြည်ဖြစ်မယ်လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ဆို


ဇူလိုင်လ ၃ရက်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

 

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ Human Rights Lens- လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ်မှာလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"အခုစကစက အရပ်သားပြည်သူတွေကို ရှေ့တန်းမှာအဓမ္မလုပ်အား စေခိုင်းဖို့အတွက် စေခိုင်းမှုတွေ ဒါတွေလည်းကြုံတွေ့ရပါတယ်။ တချို့နေရာမှာအမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ၊ နောက်တခါအရပ်သားတွေနေထိုင်တဲ့နေရာ ကျောင်းတွေ၊ နေအိမ်တွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဒါတွေအားလုံးဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စကစတပ်ဖွဲ့ရဲ့အဆင့်ဆင့် အမိန့်စီးဆင်းမှုနဲ့ ကျူးလွန်မှုများကိုမှတ်တမ်းတင်ကာ လူ့အခွင့်ရေးကောင်စီနှင့် နိုင်ငံတကာသို့ ပေးပို့လျက်ရှိပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ နှီးနွယ်အဖွဲ့အစည်းများနှင့် မြို့နယ် MOWYCA ၏ပံ့ပိုးမှုဖြင့် မိုင်းအန္တယ်လျော့ကျရေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ သင်တန်းများ ကျင်းပခဲ့


ဇူလိုင်လ ၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ နှီးနွယ်အဖွဲ့အစည်းများနှင့် မြို့နယ် MOWYCA ၏ပံ့ပိုးမှုဖြင့် မိုင်းအန္တယ်လျော့ကျရေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာသင်တန်းများ ကျင်းပခဲ့ပါတယ်။


ဇူလိုင်လအတွင်း အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ နှီးနွယ်အဖွဲ့အစည်းများနှင့် မြို့နယ် MOWYCA ၏ပံ့ပိုးမှုဖြင့် ပဋိပက္ခကာလအတွင်း မိုင်း

အန္တယ်လျော့ကျရေးနှင့် မိုင်းအန္တရယ်ဆိုင်ရာဗဟုသုတရှိရေးအတွက် မြေပြင်တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာသင်တန်းများ ကျင်းပပေးခဲ့တယ်လို့ဖော်ပြပါတယ်။


မကြာသေးမီကထုတ်ပြန်သော UNICEF အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာလအထိ မိုင်းကြောင့်ထိခိုက် သေဆုံးသူ၈၅၈ ဦးရှိခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ကြောင်း၊ ယမန်နှစ် ၂၀၂၂ ခုနှစ်က မိုင်းကြောင့်ထိခိုက်သေဆုံးသူ ၃၉၀ ဦးရှိကြောင်းသိရပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ SmartGov Website အသစ်ဖွင့်လှစ်လိုက်ကြောင်း အသိပေးကြေညာ


ဇူလိုင်လ ရက်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ SmartGov Website အသစ်ဖွင့်လှစ်လိုက်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနမှ https://smartgov.nugmyanmar.org  SmartGov Website အသစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ဇူလိုင်၃ရက်နေ့ဖော်ပြပါတယ်။


Websiteတွင်  SmartGov Products များအကြောင်းနှင့် Productများ၏ Status များကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး SmartGov Product များအတွက် လိုအပ်သည့် ထောက်ပံ့မှုများပေးနိုင်ရန် ထောက်ပံ့ရေးစင်တာ (Support Center)https://smartgov.nugmyanmar.org/support လည်း ပါဝင်တယ်လို့သိရပါတယ်။


Support Center မှတဆင့်လည်း SmartGov Product တိုင်းအတွက် တောင်းဆိုချက် (Request) ထောက်ပံ့မှု (Support)နှင့် တုံ့ပြန်ချက် (Feedback) များကိုပြုလုပ်နိုင်မှာဖြစ်ပြီး Website တွင်ပါဝင်သော Products များမှာ Go.NUG Edu.NUG Metafind Ask.NUG DATA.NUG Postmaster တို့ဖြစ်ပြီး Dove.NUG နှင့် Letter.NUG တို့ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ မလိခမြစ်ရေကြီးမှုကြောင့် နေအိမ် နှစ်ရာကျော် ရေထဲမျောပါ


ဇူလိုင်လ ၃ရက်။

RadioNUG

ကချင်ပြည်နယ်မှာ မလိခမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ရွာတွေက နေအိမ် နှစ်ရာကျော် ရေထဲမျောပါ ပျက်စီးခဲ့တယ်လို့ RFAမှာ ဖော်ပြထားပါတယ်။


မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် မြို့နယ်တွေက တီယန်ဇွပ်၊ လယန်၊ အင်ဒွမ်ယန်၊ အင်ထန်းဇွပ်၊ ခါဘာစတဲ့ ရွာတွေက နေအိမ်တွေဟာ လေးရက်တာ ရေကြီးရေလျှံမှုအတွင်း မျောပါပျက်စီးခဲ့တာလို့ သိရပါတယ်။


လယန်ရွာ တစ်ရွာထဲမှာတင် အိမ်ခြေ ငါးဆယ်လောက်ပါသွားပြီး မိုးသည်းထန်လို့ မြစ်ကြီးနား-ပူတာအိုကားလမ်းမှာ တောင်ပြိုတာနဲ့ ကားလမ်းပျက်စီး သိရပါတယ်။


တီယန်ဇွပ်ရွာကြားမှာ ရေကြီးလို့ လမ်းတွေပျက်စီးကာ ဆွမ်ပရာဘွမ်အကျော် ဖုန်ကျန်းရွာနားမှာလည်း တောင်ပြိုနေပြီး ယာဉ်အစီးရေ ခြောက်ဆယ်ခန့်လည်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။


ကချင်ပြည်နယ်က ရေကြီးရေလျှံမှုတွေကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေက လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပါတယ်။


========================


📌📌 ၆။ လားရှိုးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မန်းပွဲနဲ့ မန်စံရေကျအုပ်စုထဲက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်


ဇူလိုင်လ ၃ရက်။ 

RadioNUG

လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား ဇူလိုင်လ ရက် မနက် နာရီဝန်းကျင်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေခဲ့ကြောင့် မန်းပွဲနဲ့ မန်စံရေကျအုပ်စုထဲက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာတယ်လို့ ရွှေဖီမြေမှာ ဖော်ပြထားပါတယ်။


ရှန်ခိုက် ဘုရားကျောင်းမှာ စစ်ဘေးရှောင် ၂၀၀ ကျော်နဲ့ ဘဝအေးကျောင်းမှာ စစ်ဘေးရှောင် ၁၀၀ ကျော် တိမ်းရှောင်နေသလို တချို့လည်း တောတောင်ထဲမှာ တိမ်းရှောင်သွားကြတာလို့ သိရပါတယ်။


တံတားထိပ် ခိုလိတ်က စစ်ရှောင်အများဆုံးဖြစ်ပြီး ရွာမှာ အနည်းငယ်သာ ကျန်ကာ မန်းပွဲအုပ်စုဖြစ်တဲ့ မိုက်ပေါင်း၊ မန်ဟောင်၊ စျေးကုန်း၊ ခိုလိတ်၊ ခိုက်ဆင်၊ မန်ပုံး၊ ပန်မလန်၊ ခိုက်တွေ၊ မန်ပွဲဘူတာ၊ ဂေါ်လခါးကုန်း၊ မန်ပွဲကြီးနဲ့ ကချင်နမ္မတူ စတဲ့ရွာတွေရှိပြီး ရွာတွင်းက ဒေသခံတွေအားလုံးနီးပါး တိမ်းရှောင်ကြတာလို့ သိရပါတယ်။


အလားတူ မန်စံရေကျအုပ်စုထဲက ဒေသခံတွေလည်း တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြကာ စကစတပ်မှ ဗုံးထပ်ကြဲမှာ ကြောက်ရွံ့နေကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၇။ ကနီမြို့နယ်မှ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှု စတင်၊ သပိတ်မှောက်သည့် မြို့နယ် ၁၈ ခုအထိ ရှိလာ


ဇူလိုင်လ ၃ရက်။ 

RadioNUG

ဇူလိုင်လ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှု စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၈ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။


ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုကို ဇွန်လ ၂၃ ရက်နေ့ ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခဲ့ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် မြိုင်မြို့နယ် ဝက်လက်မြို့နယ်၊ မြင်းမူ၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ နွားထိုးကြီးမြို့နယ်နှင့် ကနီမြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၁၈ ခုမှ  သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်ကောင်စီ အားပေး သီတဂူဆရာတော် အိမ်ပြန်ခရီးကို တော်လှန်ရေးအင်အားစုများ ဆန္ဒပြ


ဇူလိုင်လ ၃ရက်။ 

RadioNUG

အကြမ်းဖက်စစ်ကောင်စီ အားပေး သီတဂူဆရာတော် အိမ်ပြန်ခရီးကို သတင်းရလို့ စုဝေးရောက်ရှိနေကြတဲ့ Germany ရောက် ပြည်ပတော်လှန်ရေးအင်အားစုတွေက ဆန္ဒပြထုတ်ဖော်ခဲ့ပါတယ်။


စစ်အာဏာရှင်အားပေးတဲ့ အကြမ်းဖက်ဘုန်းကြီးအတုကိုတွေ့ရင် သတိထားနိုင်ကြဖို့ အသိပေးထားတဲ့ ဂျာမန် အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးသားထားတဲ့ လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြတယ်လို့ ဂျာမဏီ ဖရန်ဖော့မြို့က ပြည်သူတစ်ဦးက သတင်းပေးပို့ထားပါတယ်။


========================


📌📌 ၉။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃)ဦးနှင့် အမျိုးသား(၃၃)ဦး စုစုပေါင်း (၅၆)ဦး သေဆုံး


ဇွန်လ ၃ရက်။

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၂၃)ဦးနှင့် အမျိုးသား (၃၃)ဦး စုစုပေါင်း (၅၆)ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃)ဦးနှင့် အမျိုးသား(၃၃)ဦး စုစုပေါင်း (၅၆)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ()ဦး ပါဝင်ကာ အဆိုပါ (၅၆)ဦးအနက် ရခိုင်ပြည်နယ်မှာ(၂၆)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး(၂၂)ဦးနှင့် အမျိုးသား(၁၈)ဦး စုစုပေါင်း(၄၀)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ()ဦး ပါဝင်ကာ အဆိုပါ(၄၀)ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၂) ဦးဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လားရှိုးမြို့ အဝင်အထွက်တွေ အားလုံးပိတ်ထား


ဇူလိုင်လ ၃ရက်။ 

RadioNUG

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လားရှိုးမြို့အဝင်အထွက်လမ်းတွေ အားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။


လားရှိုးမြို့ကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်နဲ့ ခရီးသည်ပို့ဆောင်ရေးကား အချို့လည်း ယာယီရပ်ဆိုင်းသွားပါတယ်။


မြို့အဝင်အထွက် ပိတ်ထားတာ တရားဝင်ထုတ်ပြန်ထားတာ မရှိပေမယ့် ရပ်ကွက်တချို့မှာ စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတွေ လိုက်ပြောနေတာမျိုး ရှိတယ်လို့ သိရပါတယ်။


လက်ရှိမှာ လားရှိုး-သီပေါ၊ လားရှိုး-နမ္မတူ၊ လားရှိုး-မိုင်းယော်၊ လားရှိုး-သိန္နီ၊ လားရှိုး-တန့်ယန်း စတဲ့ လမ်းအဝင်အထွက်တွေကို ပိတ်ထားတာဖြစ်ပြီး လားရှိုး-တန့်ယန်းသွားတဲ့ လမ်းကိုလည်း မြောင်းတူးဖျက်ဆီးထားပါတယ်။


လားရှိုးမှာ နာရီကနေ မနက် နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။


လားရှိုး နမ့်ပေါင်ရွာနဲ့ မိုင်းရယ်ကြားက နမ္မဗောဒကျေးရွာရှိ ကွန်ကရစ်တံတားကို ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင်လ ၃ရက်နေ့ မနက်ပိုင်းမှာ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ နွယ်ရုံရဲစခန်းအပါအဝင် စဉ့်ကူးမြို့နယ်အတွင်း တပ်စခန်းပေါင်း ၆ခု သိမ်းပိုက်ရရှိ


ဇူလိုင်လ ၃ရက်။ 

RadioNUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည်၁၀၂၇ စစ်ဆင်ရေး အပိုင်း()” နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိကာ ဒိုးနွယ်ရွာ တပ်စခန်း နမ့်ဟပ်ရွာ တပ်စခန်း မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ရွှေမာလဲစေတီ တပ်ခစန်း ရွာတော်လေး တပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃)ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကို စဉ့်ကူးမြို့နယ် ပကဖမှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိတယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မြို့သာရဲစခန်း အဝင်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး


ဇူလိုင်လ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန် မြို့နယ်က မြို့သာ ရဲစခန်း အဝင်ဂိတ်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့၊ ညနေ နာရီကျော်ခန့်က အဆိုပါ မြို့သာရဲစခန်း အဝင်ဂိတ်ကို မိုင်းထောင်ထားခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ ကင်းလာချတဲ့ အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။


========================


🚩🚩 ၄။ ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် ပျူစောထီး ကား စီးအား တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ


ဇူလိုင်လ ရက်။ 

Radio NUG

ထားဝယ်မြို့မှ သရက်ချောင်းမြို့ ဘက်ကို ထွက်လာတဲ့ ပျူစောထီး ကား စီး ထားဝယ် - သရက်ချောင်း လမ်းပိုင်း တနေရာတွင် ဇူလိုင်လ ရက်နေ့ ညနေ နာရီက ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ ပျူစောထီးကား စီးကို ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော်များက အသင့်စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် တိုက်ပွဲအတွင်း စစ်ကြောင်းမှ ရဲဘော်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒေါင်းညီနောင်စစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် ဆောင်ရွက်မှာ ဖြစ်တာကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၊ ပျူစောထီးများနဲ့ နီးစပ်သော နေရာများကို သွားလာရမည် ဆိုပါက စစ်ရေးသတိရှိစွာဖြင့် ဖြတ်သန်းသွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ သံတွဲမြို့ မြုံပြင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ဦးသေဆုံး


ဇူလိုင်လ ၃ရက်။ 

RadioNUG

ဇူလိုင်လ နေ့လယ် နာရီအချိန်ခန့်တွင် ရခိုင်ပြည် သံတွဲမြို့ မြုံပြင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ကလေးငယ်များ အပါအဝင် အမျိုးသမီး ဦး သေဆုံးသွားကြောင်း ရခိုင်သတင်းအရင်းအမြစ်များမှ သိရပါတယ်။


သေဆုံးသူများမှာ အသက် ၁၄ နှစ်ခန့် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်ခန့် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်ခန့် မဝေဝေထွေး၊ အသက် ၄၅ နှစ်ခန့် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်ခန့် ဒေါ်သိန်းဟန်တို့ ဖြစ်ကြောင်း သိရပါတယ်။


ကျေးရွာအနီး ဘာတိုက်ပွဲမှ မရှိဘဲ သံတွဲမြို့နယ်တစ်လျှောက် အရပ်သားတွေနေတဲ့ ကျေးရွာတွေကို တောက်လျှောက် နေ့တိုင်း ဗုံးလာကြဲကာ ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာက စစ်တိုက်တာ မဟုတ်ဘဲ ပြည်သူတွေ သေအောင် တမင်သက်သက် သတ်နေတာဖြစ်ပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကဆီဆိုင်မြို့နယ် ထမ်းယံတိုင် ကျေးရွာ ဒေသခံ ဦးကိုပစ်ခတ်သတ်ဖြတ်


ဇူလိုင် ရက်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကဆီဆိုင်မြို့နယ် ထမ်းယံတိုင် ကျေးရွာ ဒေသခံ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာ ဒေသခံ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့တယ်လို့PNLAကဖော်ပြပါတယ်။


ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ ခွန်တငွေသည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့်အိပ်ပေးရာမှ ဇူလိုင်၃ရက်မနက် နာရီခန့်အချိန် အသုဘရှိသည့်အိမ်မှ မိမိနေအိမ်သို့ပြန်လာစဉ် ကျေးရွာအတွင်းတပ်စွဲထားသည့် PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


PNOပြည်သူ့စစ်မှ ခွန်တငွေကို ပစ်သတ်ပြီးနောက် လက်ရှိအချိန်ထိ မိသားစုဝင်များအား အလောင်းသယ်ယူခွင့်မပြုသေးပဲ ရွာလယ်ခေါင် ပစ်သတ်ခံရသည့်နေရာတွင် ရှိနေဆဲဖြစ်တယ်လို့ဖော်ပြပါတယ်။


စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်များသည် လက်ရှိအချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး ဒေသခံပြည်သူများအား ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။


========================


🚩🚩 ၇။ မသမာသူများက Myingyan Black Tiger တပ်ဖွဲ့အမည်ကို အသုံးပြုကာ ချိန်းခြောက် ငွေကြေး တောင်းခံမှုများ ပြုလုပ်နေ


ဇူလိုင်လ ရက်။

Radio NUG


မြင်းခြံခရိုင်၊ အမှတ် () တပ်ရင်း၊ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ အမည်ကို အသုံးပြုကာ စီးပွားရေး လုပ်ငန်းရှင်များထံက ချိန်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း MBT တပ်ဖွဲ့က ဇူလိုင် ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အဆိုပါ ချိန်းခြောက်စာဖြင့် ငွေကြေးတောင်းခံမှုများမှာ MBT အဖွဲ့က လုပ်ဆောင်တာ မဟုတ်ကြောင်း နှင့် MBT ဌာနချုပ် အပါအဝင် စစ်ကြောင်းခွဲများ အားလုံးကိုလည်း ယခုကဲ့သို့ ပြည်သူလူထုအား ချိန်းခြောက်ခွင့်၊ ငွေကြေး တောင်းခံခွင့်များကို ခွင့်ပြုထားခြင်း မရှိဘူးလို့ ဆိုပါတယ်။


ထို့အပြင် ထိုချိန်းခြောက်စာများမှာ ဖော်ပြထားသလို ပုဂံ ညောင်ဦး ဘက်တွင် အခြေချ လှုပ်ရှားနေခြင်း မရှိသလို၊ မြင်းခြံ ပကဖ လက်အောက်ခံလို့ မှားယွင်းစွာ ဖော်ပြထားပြီး တပ်ရင်း ကုဒ်နံပါတ် မှာလည်း မှားယွင်းနေတာကို တွေ့ရကြောင်း MBT က ဖော်ပြထားပါတယ်။


မိမိတို့ အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ကာ ချိန်းခြောက်နေသူမှာ စစ်ကောင်စီနှင့် တော်လှန်ရေး ပုံရိပ်ကို ကျစေလိုသော သူများသာ ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အလားတူ ချိန်းခြောက်ခံရပါက MBT တပ်ဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်းကို ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment