21st AUG 2024 - Evening Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "နွေဦးတော်လှန်ရေး  အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပြီ"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို

📌 ၂။ "မြန်မာစစ်တပ်က လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ  စေတနာပါတဲ့ အားထုတ်မှု မရှိဘူး"လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေဆို

📌 ၃။ ဩစတျေးလျနိုင်ငံ Melbourne မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲသို့ လာရောက်ကြည့်ရှုကြဖို့ သရုပ်ဆောင်ပိုင်ဖြိုးသုဖိတ်ခေါ်

📌 ၄။ အကြမ်းဖက်စစ်အုပ်စုကသတ်ဖြတ်၍အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းရှိ


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တံတားဦးမြို့နယ်က မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်တွေ စီးနင်းပြီး PDF အလံလွှင့် 

🚩 ၂။ သီပေါမြို့မှာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင် 

🚩 ၃။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၈ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၂ လက်သိမ်းဆည်းရရှိ 

🚩 ၄။ ပခုက္ကူနယ်က သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံး စစ်သုံ့ပန်းအဖြစ် ဦးဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ "နွေဦးတော်လှန်ရေး  အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပြီ"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို


သြဂုတ်လ၂၁ရက်


နွေဦးတော်လှန်ရေး  အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သြဂုတ်လ၂၀ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးတွင် အသိပေးဆိုလိုက်ပါတယ်။


"ကျွန်တော်တို့ ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးလို့ အမည်ရတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း ပြည်သူ့တော်လှန်ရေးကြီးဟာ အခုဆိုရင် နှစ်ခွဲဆိုတဲ့ ကာလတစ်ခုကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကြမယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ကြမယ်၊ ဒီအရေးတော်ပုံ အောင်ကို အောင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေကို အရင်းတည်ပြီး လက်ဗလာနဲ့ စတင်ခဲ့ကြတဲ့ ပြည်သူ့တော်လှန်ရေးဟာ ယနေ့အချိန်မှာတော့ အရင်က ဖြစ်နိုင်ပါ့မလားဆိုတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု အကောင်အ ထည်ဖော်လာနိုင်ပြီး အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပါပြီ"လို့ဆိုပါတယ်။


ဒါ့အပြင် မြို့သိမ်းပြီး ထိန်းဖို့ စီမံကြရတဲ့ အရေးပေါ်အခြေအနေမျိုးမှာ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့တွေကို ပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ စနစ်တကျဖွဲ့စည်းပြီး တာဝန်များ ပေးအပ်ကာ အနီးကပ်စီမံကြီးကြပ်နိုင်ဖို့လည်း အင်မတန် အရေးကြီးတယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ "မြန်မာစစ်တပ်က လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ  စေတနာပါတဲ့ အားထုတ်မှု မရှိဘူး"လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေဆို


သြဂုတ်လ၂၁ရက်


"မြန်မာစစ်တပ်ကလုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ  စေတနာပါတဲ့ အားထုတ်မှု မရှိဘူး"လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက သြဂုတ်လ၂၁ရက်ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"မြန်မာစစ်တပ်က လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်မယ်၊ ပြီးရင် တဖက်လက်နက်ကိုင်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို စီးပွားရေး အခွင့်အလမ်းတွေပေးမယ်၊ အောက်ခြေပိုင်းအတွက် ပြန်လည်ထူထောင်ရေး နည်းနည်းပါးပါး လုပ်ပေးမယ်၊ ဒါပါပဲ။ ပဋိပက္ခ ဖြစ်ရတဲ့ အဓိက အရင်းအမြစ်ကို ပြေလည်စေမယ့် စေတနာပါတဲ့ အားထုတ်မှု မရှိပါဘူး"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာတိုင်းရင်းသားနယ်မြေများတွင်မြို့များကိုလက်လွှတ်ဆုံးရှုံးရလျက်ရှိပါတယ်။


========================


📌📌 ၃။ ဩစတျေးလျနိုင်ငံ Melbourne မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲသို့ လာရောက်ကြည့်ရှုကြဖို့ သရုပ်ဆောင်ပိုင်ဖြိုးသုဖိတ်ခေါ်


သြဂုတ်လ၂၁ရက်


ဩဂုတ်လ (၂၄)ရက်နေ့တွင် ဩစတျေးလျနိုင်ငံ Melbourne မြို့မှာပြသမည့် "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲသို့ လာရောက်ကြည့်ရှုကြရန် သရုပ်ဆောင်ပိုင်ဖြိုးသုက ဖိတ်ခေါ်လိုက်ပါတယ်။


"အခုလာမယ့် ဩဂုတ်လ (၂၄)ရက်နေ့  ဩစတျေးလျနိုင်ငံ Melbourne မြို့မှာ "သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ပြပွဲ ပြဖို့ရှိတာမလို့ Melbourne မြို့အနီးနားကပရိသတ်တွေကို လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်"လို့ဆိုထားပါတယ်။


သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ရုပ်ရှင်ကိုနိူင်ငံတကာမှာပြသရာအောင်မြင်မှုများရရှိခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုကသတ်ဖြတ်၍အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းရှိ


သြဂုတ်လ၂၁ရက်


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ သြဂုတ်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၃၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


ဒါ့အပြင် အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၂၂၃) ဦးရှိပြီး ထိုအထဲမှ (၂၀၇၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တံတားဦးမြို့နယ်က မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်တွေ စီးနင်းပြီး PDF အလံလွှင့် 


သြဂုတ်လ၂၁ရက်


မန္တလေးတိုင်း ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ထဲက မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေး တပ်တွေ ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်ခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက မြိုင်သာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို မနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ နာရီအချိန်မှာ စီးနင်းသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

တံတားဦးနယ် သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာတို့ကြားမှာရှိတဲ့ မြိုင်သာ လေကြောင်းရန် ကာကွယ်ရေးစခန်းကို တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေ ချဉ်းကပ်နေရာယူပြီး စခန်းတွင်းကအခြေအနေကို အချိန် နာရီ ကျော်ကြာ စောင့်ကြည့်ခဲ့ပြီးမှ စီးနင်းခဲ့တာလို့လည်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက အသိပေး ထားပါတယ်။

စစ်ကောင်စီအထိုင်တပ်စခန်းဖြစ်တဲ့ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအတွင်းမှာ အစောင့်စစ်သား ဦးခန့် သာရှိပြီး စခန်းကိုစွန့်ခွာသွားတဲ့ အနေအထားရှိနေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။ 

အစောင့်စစ်သားတွေဟာလည်း တော်လှန်ရေးအင်အားစုတွေ ချဉ်းကပ်မလာခင်အချိန်မှာ တပ်စခန်းကို စွန့်ခွာ ထွက်ပြေး သွားတဲ့အတွက် ပစ်ခတ်တိုက်ခိုက်တွေမလုပ်ရဘဲ စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

စစ်တပ်စခန်းကို စီးနင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စခန်းကနေ ဆန်၊ စားနပ်ရိက္ခာအချို့နဲ့ ခဲယမ်းအနည်းငယ် သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းရှေ့က အလံတိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို လွှင့်တင်ကာ စခန်းကို မီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ နွားထိုးကြီး ပကဖ ထံကနေ သိရပါတယ်။

ဒီစစ်ဆင်ရေးကို တံတားဦးမြို့နယ် ပကဖနဲ့အတူ မြင်းခြံခရိုင် အမှတ် တပ်ရင်း၊  မြင်းခြံခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့၊  မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ သီပေါမြို့မှာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန်မီးလောင် 


သြဂုတ်လ၂၁ရက်


တအာင်းပြည် တပ်မဟာ- နယ်မြေ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်သွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဩဂုတ် ၂ဝ ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က သီပေါမြို့မှာရှိတဲ့ ခလရ -၂၃ အနီးက နားမုံရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အမျိုးသား ဦး ဗုံးစထိမှန်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ထို့အတူ ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာလည်း သီပေါမြို့ ကျောက်စုရပ်ကွက်က AAA ဆီသိုလှောင်ကန် ကို စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျ‌ည် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်သွားတဲ့အတွက် PSLF/TNLA ရဲ့ သီပေါမြို့ မီးသတ်တပ်ဖွဲ့နဲ့ မြို့ခံပြည်သူတွေ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် သီပေါမြို့နယ် နမ့်လန်မှာလည်း သြဂုတ်လ ၁၆ ရက်က စစ်ကောင်စီ လေယာဉ်က လာရောက်ဗုံးကြဲတိုက်ခိုက် တဲ့အတွက် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သီပေါမြို့မှာ သြဂုတ်လ ရက်ကနေ ၁၉ ရက်နေ့အထိ အရပ်သား ၁၄ ဦးသေဆုံးခဲ့ရပြီး ၄၂ ဦး ဒဏ်ရာရတယ်လို့ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၈ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၂ လက်သိမ်းဆည်းရရှိ 


သြဂုတ်လ၂၁ရက်


လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်တာကိုအံတုပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကာ လက်နက်မျိုးစုံ ၂၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသက တရားဝင်ထုတ်ပြန်ပါတယ်။ 

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ရွှေဘိုခရိုင် အမှတ်- ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96 Soldier ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက် ညနေ နာရီခွဲအချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက် မနက် နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Non-CDM ဝန်ထမ်း (၄၀) ဦး၊ အချုပ်သား (၂၀) ဦး၊ ပြည်သူ (၇၂) ဦးအားကယ်တင်နိုင်ခဲ့ကြောင်း 

စစ်တပ်ဘက်က ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီးတဲ့ ခမရ-၇၀၄၊ ၇၀၈၊ ရဲ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၉ ဦး အခြေပြု နေတဲ့ ဒီပဲယင်းမြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နဲ့ အထက ကျောင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

ဒီပဲယင်းတိုက်ပွဲကို စစ်ကူလာတဲ့ ခလရ-၈၉ က အင်အား ၆၀ ခန့်ကိုလည်း ရေဦး-ဒီပဲယင်းလမ်းပိုင်းမှာ အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဘက်က ဩဂုတ်လ ၁၆ ရက်ကစပြီး လေကြောင်းအသုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာ ဒီပဲယင်းမြို့ မြို့မရပ်ကွက်ကို တံတားဦးကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် စင်းက ဗုံး လုံး၊ ဩဂုတ်လ ၁၇ ရက်မှာ မြို့မ ရပ်ကွက်နဲ့ မြို့အနီး မစိုးရိမ်ရွာ ဘုန်းကြီးကျောင်းအနီးကို တံတားဦးကတက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ပြီး မြို့အနီးကိုလည်း နမခကတက်လာတဲ့ Mi-35 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တံတားဦးကနေ တက်လာတဲ့ Y-12 လေယာဉ်တစင်းကလည်း ဒီပဲယင်းမြို့ထဲကို ဗုံးသီး ၅၆ လုံးကြဲချတိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်ကို နမခက တက်လာတဲ့ Mi-35 တစင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် ဩဂုတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှာလည်း မြို့ပတ်ပတ်လည်ကို နမခက တက်လာတဲ့ Mi-35 နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး မြို့ပြင်ကိုလည်း မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တက်လာတဲ့ Mi-17 စင်းနဲ့ ပထမအကြိမ်မှာ အင်အား ၅၄ ဦး၊ ဒုတိယအကြိမ်မှာ အင်အား ၅၀ ခန့် ထပ်မံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တံတားဦးကတက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဗုံးသီး လုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်တာမရှိတဲ့  ရေဦးမြို့နယ်ထဲက တိန်းတံရံရွာနဲ့ ရွာဈေးကိုလည်း ဂျက်တိုက်လေယာဉ် စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံအသိပေး ထားပါတယ်။

အခုလို စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒီပဲယင်းမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ဦး ကျဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

မြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့ပြီး လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄၉၀၀ ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ခုနဲ့ ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရရှိခဲ့တဲ့အပြင် ပျူစောထီး ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး Non CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဘက်က လေကြောင်းကနေ အင်အားသုံးပြီး တိုက်ခိုက်နေတဲ့အတွက် ဒီပဲယင်းမြို့ကနေ ဆုတ်ခွာခဲ့ရပေမယ့် ဒါဟာ စစ်ကောင်စီယန္တရားကို ဖျက်ဆီးပစ်နိုင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲလို့ သိရပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူနယ်က သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံး စစ်သုံ့ပန်းအဖြစ် ဦးဖမ်းမိ


သြဂုတ်လ၂၁ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ဦး ဖမ်းမိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

မနေ့ ဩဂုတ် ၂၀ ရက် မနက် နာရီခန့်အချိန်မှာ မြိုင်ပကဖနှင့်အတူ ပေါက်ပကဖ တပ်ပေါင်းစု၊ FRFတပ်ဖွဲ့တို့ ပူးပေါင်းပြီး သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီခန့်မှာ ရဲစခန်းကို စီးနင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဦး သေဆုံးပြီး စစ်တပ်ဘက်မှ ဦး အလံဖြူထောင်ကာ ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါအပြင် G3 လက်၊ BA94 လက်၊ MA 13 တလက်၊ ဒရုန်းပစ်သေနတ် တလက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ မိုင်းအမျိုး မျိုး ငွေသား သိန်း ၆၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီစစ်ဆင်ရေးကို မြိုင်ပကဖ၊ ပေါက်ပကဖ တပ်ပေါင်းစု FRF တပ်ဖွဲ BGF တပ်ဖွဲ ပကဖတပ်ပေါင်းစု အမှတ် တပ်ရင်း၊ ကမ္မတပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြိုင်ပကဖနဲ့ မဟာမိတ်အဖွဲ့တွေဟာ သြဂုတ် ရက်ကလည်း ကိုင်းတောမရဲစခန်းနဲ့ သြဂုတ် ရက်မှာ ဝက်ပုတ် ပျူစောထီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment