26th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အရပ်သားပြည်သူထောင်နဲ့ချီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှုနှင့်ရက်စက်ယုတ်မာမှုများအကြောင်းကို အရပ်သားများတင်ပြ

📌 ၂။ ဂျပန်နိူင်ငံရှိ မြန်မာအင်အားစုများနှင့်တွေ့ဆုံပွဲမှာ EODရှယ်ယာများ ဝယ်ယူထားဖို့ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း

📌 ၃။ နွေဦးတော်လှန်ရေးမှာ ကြားနေသူဆိုတာမရှိသင့်ဘူးလို့ ဒုဝန်ကြီးခွန်စောဖူးဆို

📌 ၄။ ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန်အမေရိကန်

ပြည်ထောင်စုကသံန္နိဋ္ဌာန်ချထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ပြောကြား

📌 ၅။ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monarchs University တွင်ကျင်းပတဲ့သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း ရုပ်ရှင်ပြပွဲလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်

📌 ၆။ နော်ဝေနိူင်ငံအော်စလိုတွင်ကျင်းပတဲ့ A Charity Extravaganza for Myanmar eventမှနွေဦးတော်လှန်ရေးအတွက် အလှူငွေနှင့်စျေးရောင်းရငွေများရရှိ


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီးစကစဘက်က ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံနေတယ်လို့အာရက္ခတပ်တော်အသိပေးဆို

🚩 ၂။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီနှင့် ၎င်း၏အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များကြောင့်  ၇ရက်တာ ကာလအတွင်း အရပ်သားပြည်သူ ( )ဦး ထိခိုက်သေဆုံးခဲ့

🚩 ၃။ ရက်ပေါင်း(၂၀)ကြာသပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ သြဂုတ်လ၂၅ရက်မှာမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိရ

🚩 ၄။ NUGPay နှင့် ပြည်သူများ၏ ၁၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကလောအထူးတပ်ဖွဲ့ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာန စစ်ဒေသ- အမှတ် ၁၀၀၁ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း- P31001- MBPDF-B01 အတွက်ကူညီမည်ဖြစ်၍ပါဝင်လှူဒါန်းနိူင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အရပ်သားပြည်သူထောင်နဲ့ချီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှုနှင့်ရက်စက်ယုတ်မာမှုများအကြောင်းကို အရပ်သားများတင်ပြ


သြဂုတ်လ၂၆ရက်


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့်အရပ်သားပြည်သူထောင်နဲ့ချီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှုနှင့်ရက်စက်ယုတ်မာမှုများအကြောင်းကိုအရပ်သားများတင်ပြခဲ့တယ်လို့ သြဂုတ်လ၂၆ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် တရားဝင်သတင်းထုတ်ပြန်ပါတယ်။


"ကျနော်တို့ရဲ့အနာဂါတ်မျိုးဆက်တွေ အာဏာရှင်စနစ်ဆိုးဒဏ်ကိုနောက်ထပ်တခါဘယ်တော့မှမကြုံတွေ့ရလေအောင်ဒီတော်လှန်ရေးဟာ ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းပါစေမလျှော့သောဇွဲနဲ့ကျနော်တို့အတူတူ ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်အနေဖြင့်  ပြည်သူလူထုနှင့် အွန်လိုင်းမှတဆင့်တိုက်ရိုက်တွေ့ဆုံခြင်း အစီအစဉ်များကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ လူထုတွေ့ဆုံပွဲ () ကြိမ်တွင် စစ်ကိုင်းဒေသနှင့် မကွေးဒေသအတွင်းရှိ မြို့နယ် () ခုမှ ပြည်သူ (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


တွေ့ဆုံပွဲတွင် ပြည်သူလူထုက စကစရဲ့ညှင်းပန်းနှိပ်စက်မှုများ၊ကျေးရွာတွင်အခက်အခဲဖြစ်နေမှုများနှင့်NUGအစိုးရကချက်ခြင်းလုပ်ဆောင်ပေးစေလိုသည့်အရာများကိုတင်ပြခဲ့ကြပါတယ်။


========================


📌📌 ၂။ ဂျပန်နိူင်ငံရှိ မြန်မာအင်အားစုများနှင့်တွေ့ဆုံပွဲမှာ EODရှယ်ယာများ ဝယ်ယူထားဖို့ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း


သြဂုတ်လ၂၆ရက်


သြဂုတ်လအတွင်း ဂျပန်နိူင်ငံရှိ မြန်မာအင်အားစုများနှင့်တွေ့ဆုံပွဲမှာ EODရှယ်ယာများအကြောင်းကိုဂျပန်ရောက်မြန်မာတဦးက အခုလိုဆိုထားပါတယ်။


မြန်မာနိုင်ငံ တော်လှန်ရေးကာလအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကျရင် ဝန်ကြီးဆီ ဂျပန်ကုမ္ပဏီတွေအများကြီးခေါ်လာမယ်လို့ ကတိပေးခဲ့တယ်။အရင်လို ဂျပန်ကိုလာပြီး investment forum တွေအမြန်ဆုံးလုပ်နိုင်မယ့်ရက်ကိုမျှော်နေပါတယ်။ဝန်ကြီးကတော့ လူထုတွေ့ဆုံပွဲမှာ NUG ရှယ်ယာတွေများများဝယ်ထားကြပါမှာသွားပါတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဟာသြဂုတ်လ၁၈ရက်အိုဆာကာနှင့်သြဂုတ်လ၂၄ရက်တိုကျိုမြို့မှာ လူထုတွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ကြားနေသူဆိုတာမရှိသင့်ဘူးလို့ ဒုဝန်ကြီးခွန်စောဖူးဆို


သြဂုတ်လ၂၆ရက်


နွေဦးတော်လှန်ရေးမှာ ကြားနေသူဆိုတာမရှိသင့်ဘူးလို့ စကစရဲ့စစ်မှုထမ်းဟောင်းများကိုရည်ရွယ်ကာ ဒုဝန်ကြီးခွန်စောဖူးက သြဂုတ်လ၂၆ရက်က ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"ကြားနေသူဆိုတာမရှိသင့်ပါ။35 ကနေ 65 ဖြစ်လာပြီ။35 တုန်းက တပ်သားသစ်စုဆောင်းဖို့၊ 65 ကျတော့  အကြမ်းဖက် စကစ ကိုပြန်အကာအကွယ်ပေးဖို့။ တိုက်ပွဲပိုမိုပြင်းထန်လာခြင်းမှတပါးအခြားမရှိပါ"လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာ တပ်သားသစ်မရှိတော့တဲ့အတွက် စစ်မှုထမ်းဟောင်းများပါဆင့်ခေါ်နေပြီး အရပ်သားလူငယ်များကိုလည်းအတင်းအဓမ္မစစ်တပ်ထဲခေါ်ယူသွပ်သွင်းလျက်ရှိပါတယ်။


========================


📌📌 ၄။ ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန်အမေရိကန်

ပြည်ထောင်စုကသံန္နိဋ္ဌာန်ချထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ပြောကြား


သြဂုတ်လ၂၆


ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန်အမေရိကန်

ပြည်ထောင်စုကသံန္နိဋ္ဌာန်ချထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်ပြောကြားလိုက်ပါတယ်။


သြဂုတ်လ၂၅ရက်မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့သတင်းထုတ်ပြန်ချက်ကို ရန်ကုန်အမေရိကန်သံရုံးကဖော်ပြပါတယ်။


မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင်တွေ့ကြုံနေကြရသည့် အခက်အခဲများကို ပိုမိုဆိုးရွားစေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ကဆိုပါတယ်။


အမေရိကန်ပြည်ထောင်စုဟာရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန် သံန္နိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monarchs University တွင်ကျင်းပတဲ့သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း ရုပ်ရှင်ပြပွဲလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်


သြဂုတ်လ၂၆ရက်


နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monarchs University တွင် သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း ရုပ်ရှင်ပြပွဲကို သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အဆိုပါရန်ပုံငွေရုပ်ရှင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က အဖွင့်အမှာစကားပြောကြားရာ"CDMer များသည် တော်လှန်ရေးအစမှ ယခုချိန်ထိ ဆက်လက်ပါဝင်နေသည်မှာ လေးစားစရာကောင်းပါကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြသည့်အတွက် ပြည်သူချစ်သောအနုပညာရှင်များဖြစ်သလို ပြည်သူလူထုက လေးစားရတဲ့ အနုပညာရှင်များဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက လက်ရှိတော်လှန်ရေး နှစ်ကျော်ကာလအတွင်း အမြင်ပြောင်းလဲလာကာ tipping point တခု ရောက်နေပြီဆိုတဲ့ မှတ်ချက်မျိုး ဆွေးနွေးသုံးသပ်ကြတာတွေ့ရမှာဖြစ်တဲ့အတွက် ဒီလိုအနေအထားမျိုးရောက်ရှိလာခြင်းသည် အကြမ်းဖက် စစ်အုပ်စု၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှကျဆုံးနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ယခုတော်လှန်ရေးသည် ပြည်သူအားလုံးအတူတကွအနိုင်ယူရမည့်ပွဲဖြစ်တာကြောင့် ဆက်လက်ပြီး အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့"ကိုပြောကြားခဲ့ပါတယ်။


ဒါ့အပြင်တိုင်းရင်းသားတွေအမြဲတမ်းတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အဝရရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ အားလုံးအဆုံးသတ်အောင်ပွဲနှင့်အတူ ဆက်လက်ကြိုးစားကြဖို့ ကိုလည်းဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၆။ နော်ဝေနိူင်ငံအော်စလိုတွင်ကျင်းပတဲ့ A Charity Extravaganza for Myanmar eventမှနွေဦးတော်လှန်ရေးအတွက် အလှူငွေနှင့်စျေးရောင်းရငွေများရရှိ


သြဂုတ်လ၂၆


သြဂုတ်လအတွင်းပွဲကျင်းပမှုနဲ့ပတ်သက်လို့ CRPH Support Group, Norway အထွေထွေအတွင်းရေးမှူးမဝတ်မှုန်ဝင်းက အခုလိုအသိပေးဆိုထားပါတယ်။


"Oslo Cares: A Charity Extravaganza for Myanmar event. သို့လာရောက်ကြသူများ၊ ပါဝင်ကြသူများကိုကျေးဇူးတင်ပါတယ်။Vipps ရောင်းရငွေ - 4335 ခရိုနာ၊Cash.500 ခရိုနာ၊အလှူငွေ 7000ခရိုနာ ရရှိပါတယ်။ လာရောက်ကပြပေးသော Oslo Chin Church မှလူငယ်များနှင့် ဦးဆောင်သူများ၊ သီဆိုဖျော်ဖြေပေးပါသော ကိုညိုနှင့်အဖွဲ့ အထူးကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါပွဲအခမ်းအနားသို့ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်လည်းတက်ရောက်အားပေးခဲ့ပြီးမြန်မာအင်အားစုများကလည်းကူညီပံ့ပိုးပေးခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီးစကစဘက်က ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံနေတယ်လို့အာရက္ခတပ်တော်အသိပေးဆို


သြဂုတ်လ၂၆ရက်


ရခိုင်ပြည်နယ် ၊သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီးစကစဘက်က ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံနေတယ်လို့အာရက္ခတပ်တော်အသိပေးဆိုပါတယ်။


ဩဂုတ်လ (၂၄) ရက်စစ်ရေးသတင်းထုတ်ပြန်ချက်အရ မြေပြင်သတင်းများကိုသိရှိရပါတယ်။


သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပါတယ်။ဤတိုက်ပွဲနေရာများ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် ဤနေရာများ၌ ဖြစ်ပွားနေသော တိုက်ပွဲများသည်လည်း တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့အား ခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမယ်လို့အတိအလင်းအသိပေးကြေညာချက်အရသိရပါတယ်။


========================


🚩🚩 ၂။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီနှင့် ၎င်း၏အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များကြောင့်  ၇ရက်တာ ကာလအတွင်း အရပ်သားပြည်သူ ( )ဦး ထိခိုက်သေဆုံးခဲ့


သြဂုတ်လ ၂၆ရက်


တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီနှင့် ၎င်း၏အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များကြောင့်  ၇ရက်တာ ကာလအတွင်း အရပ်သားပြည်သူ ( )ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။


တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များ အရ 

စစ်ကောင်စီနှင့် ၎င်း၏လက်ဝေခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ၇ရက်တာ ကာလအတွင်း အရပ်သားပြည်သူ ( )ဦး ထိခိုက်သေဆုံးခဲ့ပြီး၊ ( ) ဦး ဒဏ်ရာရရှိခဲ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်_တောင်ပိုင်းစစ်ဒေသကဖော်ပြပါတယ်။


ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ရွာအား ရည်ရွယ်ချက်ရှိရှိစကစတပ်များက မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့် လူနေအိမ် ( ၂၁ ) လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်ါ


ဖြစ်စဉ်အများစုမှာ စစ်ကောင်စီတပ်သားများက အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်အရမ်းမဲ့ပစ်ခတ်ခြင်းကြောင့် အများစုဖြစ်ပြီး ဒရုန်းဗုံးသီးကျဲချခြင်းများနှင့် လေကြောင်းမှ တိုက်ခိုက်ခြင်းများလည်း ပါဝင်တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ရက်ပေါင်း(၂၀)ကြာသပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ သြဂုတ်လ၂၅ရက်မှာမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိရ


သြဂုတ်လ၂၆ရက်


ရက်ပေါင်း(၂၀)ကြာသပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ သြဂုတ်လ၂၅ရက်မှာမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိရခဲ့တယ်လို့ သြဂုတ်၂၆ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကသပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀)တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့တယ်လို့ဖော်ပြပါတယ်။


ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား(၄၀၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ()ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၂၀)ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။


ကွင်း(၅၀၀)တပ်စခန်းမှ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ကာကွင်း(၅၀၀)တပ်စခန်းတိုက်ပွဲများတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ပေးဆပ်မှုအချို့ ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။


ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုဖော်ပြပါတယ်။


========================


🚩🚩 ၄။ NUGPay နှင့် ပြည်သူများ၏ ၁၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကလောအထူးတပ်ဖွဲ့ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာန စစ်ဒေသ- အမှတ် ၁၀၀၁ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း- P31001- MBPDF-B01 အတွက်ကူညီမည်ဖြစ်၍ပါဝင်လှူဒါန်းနိူင်


သြဂုတ်လ၂၆ရက်


NUGPay နှင့် ပြည်သူများ၏ ၁၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကလောအထူးတပ်ဖွဲ့ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာန စစ်ဒေသ- အမှတ် ၁၀၀၁ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း- P31001- MBPDF-B01 အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်လို့သြဂုတ်လ၂၆ရက် မှာ NUG Payကအသိပေးဖော်ပြပါတယ်။


လှူဒါန်းမှုများကို ယနေ့မှစ၍စက်တင်ဘာလ ၁၂ရက်အထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment