21st SEP 2024 - Morning Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက်ခြစားမှုများ၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကြောင့်သဘာဝဘေးအန္တရာယ် ပိုမိုထိခိုက်ခံစားရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေကို လွှဲပြောင်းခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်

📌 ၃။ ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြောင်း ကြေညာ

📌 ၄။ ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign)ကို ဆင်နွှဲဖို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတိုက်တွန်း

📌 ၅။ စစ်ကောင်စီကြောင့် ချင်းပြည်နယ်က ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံး၊ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေ မိဘမဲ့ဖြစ်

📌 ၆။ ရေဘေးအတွက် လေလံတင်ရောင်းချတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို သိန်း ၅၀၀ဖြင့် အမည်မဖော်လိုသူ ဝယ်ယူ

📌 ၇။ နွေဦးထီ ဆုငွေ ပုံစံအသစ် ပြင်ဆင် သတ်မှတ်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးမြို့တွေထဲထိပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖနဲ့ တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့အဆင့်ရောက်နေပြီလို့ဆို

🚩 ၂။ မိုင်းပျဉ်းမှာ စစ်ကောင်စီနဲ့  RCSS တို့ တိုက်ပွဲဖြစ်

🚩 ၃။ မုံရွာ - မန္တလေးမလမ်းပိုင်းမှာ စစ်ကား စီးကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက် 

🚩 ၄။ စစ်ကောင်စီ တပ်စွဲထားတဲ့ ကံဇီးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

🚩 ၅။ တောင်ဒဂုံမှာ စစ်တပ်ထောက်တိုင် ရပ်ကွက်ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးတွေ ရပ်ကွက်ရုံးရှေ့မှာ ပစ်ခတ်ရှင်းလင်းခံရ

🚩 ၆။ ပုလောမြို့နယ်ထဲက တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

🚩 ၇။ ရေဘေးသင့် ပြည်သူများကို ပဲခူးခရိုင် အမှတ် တပ်ရင်း သွားရောက်ကူညီ

🚩 ၈။ မွန်ပြည်နယ် တနေရာမှာ ရေးဘီလူးတပ်ဖွဲ့ကို ပြည်သူလူထုက အားပါးတရဂုဏ်ပြုကြိုဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက်ခြစားမှုများ၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကြောင့်သဘာဝဘေးအန္တရာယ် ပိုမိုထိခိုက်ခံစားရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက် ခြစားမှုများ၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကြောင့် သဘာဝဘေးအန္တရာယ် ပိုမိုထိခိုက်ခံစားရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံသို့ ပန်ကြားချက်"မှာထည့်သွင်းပြောပါတယ်။


"ယခုအချိန်မှာဆိုရင် ပြည်သူတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းနေရတဲ့ တော်လှန်ရေး ကာလဖြစ်ပြီး ဘေးအန္တရာယ်ပေါင်းစုံကို ခံစားနေရတာလည်း ဖြစ်ပါတယ်။ ဒီလိုမုန်တိုင်းဒဏ်မျိုးဟာ သဘာဝဘေးအန္တရာယ်လို့ ခေါ်ဆိုနိုင်ပေမယ့် စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက် ခြစားမှုများ၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများထက် ပိုမိုထိခိုက် ခံစားနေကြရတာဖြစ်ပြီး ဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့လာရချိန်မှာလည်း ကြိုတင်ပြင်ဆင်မှုမရှိသည့်အပြင် ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ဖို့သာ အာရုံစိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းစွာ မဆောင်ရွက်နိုင်ကြတာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။


လက်ရှိမှာ ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်းအိုးအိမ် ပျက်စီးမှုပေါင်း သိန်းဂဏန်းနီးပါး၊ ရေဘေးရှောင် စွန့်ခွာရသူများ သိန်းခန့်၊ အသက်ဆုံးရှုံးရသူများ ရာနှင့်ချီ၍ ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၂။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေကို လွှဲပြောင်းခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေကိုလွှဲပြောင်းခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


မိသားစုလွှဲပို့ငွေ အထောက်အထား မပြသနိုင်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပြင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် စစ်အုပ်စု၏ အကြမ်းဖက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာနိုင်ငံသားများကိုလည်း စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ်သက်တိုးခွင့် မရရှိစေရန် ဖိနှိပ် ထားခြင်းဖြင့် အခြေခံအခွင့်အရေးများ ချိုးဖောက်ကျူးလွန်လျက် ရှိတယ်လို့ဆိုပါတယ်။


သို့ဖြစ်၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်း၌သာမက ပြည်ပရောက် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ မတရားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မပြုကြရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ဖိအားပေး အကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင်ဖြားယောင်း စည်းရုံး၍သော်လည်းကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြောင်း ကြေညာ


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

ကရင်နီပြည်နယ် ကြားကာလအစီအမံနှင့် အညီ လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။


ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကို စက်တင်ဘာ ရက်နေ့မှ စ၍ ပြဌာန်းလိုက်ခြင်းဖြစ်ပြီး ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ဖွဲ့စည်းခြင်းကို ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် ရေးဆွဲအတည်ပြု ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း - နှင့် အာဏာသိမ်းစစ်တပ်နှင့် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ ၄၁ ပါ ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို စုပေါင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ကရင်နီပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ကရင်နီပြည်နယ် ကြားကာလအတွင်း ပြဌာန်းထားသော ဥပဒေများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ကရင်နီပြည်နယ်နှင့် စပ်လျဉ်းသည့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကရင်နီပြည်နယ်နှင့် ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားများ၏ အကျိုးစီးပွားကိုသာ အဓိကထားခြင်း၊ ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားများ၏ လူ့အခွင့်အရေးအပြည့်အဝ ရရှိခံစားနိုင်ရေးကို ရှေ့ရှုဆောင်ရွက်ခြင်း၊ မဲဆန္ဒနယ်မြေနှင့် ကရင်နီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြားကာလ အစီအမံနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ဖြစ်စေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များကို လွှတ်တော်သို့တင်ပြခြင်း၊ လွှတ်တော်ကပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။


========================


📌📌 ၄။ ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign)ကို ဆင်နွှဲဖို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတိုက်တွန်း


စက်တင်ဘာလ ၂၀ရက်။

Radio NUG

ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign)ကို ဆင်နွှဲဖို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက စက်တင်ဘာလ ၂၀ရက်နေ့မှာ တိုက်တွန်းဆိုပါတယ်။


"အခုဆို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံ စတင် ကျင်းပနေပါပြီ။ ဒီနှစ်မှာလည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ပြည်သူ့အစိုးရ NUG နဲ့ ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက မဖြစ်မနေ တောင်းဆိုတိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။ တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြသွားကြမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်ထက်မှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို ဘူးငြင်းဆန် လုံးဝလက်မခံဖို့၊ အသိအမှတ်မပြုဖို့ တောင်းဆိုကြရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


မြန်မာပြည်က လူထုရဲ့ ဒုက္ခအထွေထွေတွေကို စာနာနားလည်မှုအပြည့်၊ မြန်မာပြည်သူများရဲ့ ရုန်းကန် တိုက်ပွဲဝင်နေမှုတိုင်းကို လေးစားမှုရှိစွာနဲ့ ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်ကနေ သံတမန်ရေးတိုက်ပွဲကို ဆင်နွှဲပြီး လူထုနဲ့အတူ ရပ်တည်အသံထုတ်နေသူကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်တယ်လို့ ဒေါက်တာတေဇာဆန်းကဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီကြောင့် ချင်းပြည်နယ်က ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံး၊ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေ မိဘမဲ့ဖြစ်


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

စက်တင်ဘာလ ၁၉ ရက်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ ချင်းကလေးငယ်တွေ မိဘမဲ့ ဖြစ်ခဲ့ရကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က သတင်းထုတ်ပြန်ပါတယ်။ 


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြုပ်မိုင်းတွေနဲ့ အခြားသော အကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ချင်းကလေးငယ် ၇၃ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြိး ဒါဇင်နဲ့ချီတဲ့ ချင်းကလေးငယ်တွေ မိဘမဲ့ဘဝကို ရောက်ရှိခဲ့ရကြောင်း၊ ခုလို ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီဟာ တာဝန်ခံရမယ်လို့လည်း CHRO က ဖော်ပြထားပါတယ်။


၂၀၂၁ အာဏာသိမ်းပြီးနောက် သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါး လူ သိန်းခွဲခန့်ဟာ ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လ(၃၁)ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတဝန်း၌ ကလေးငယ် (၈၆၉)ဦး သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးမှု ပမာဏသည် သေဆုံးသူအားလုံး အရေအတွက်၏ ၁၁. ရာခိုင်နူန်း ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ရေဘေးအတွက် လေလံတင်ရောင်းချတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို သိန်း ၅၀၀ဖြင့် အမည်မဖော်လိုသူ ဝယ်ယူ


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

စက်တင်ဘာလ ၁၉ရက်နေ့က မြန်မာ့လက်ဝှေ့ဖိုက်တာ ထွန်းထွန်းမင်းရဲ့ ၂၀၁၄ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ရေဘေးအတွက် လေလံတင်ရောင်းချရာ သိန်း ၅၀၀ဖြင့် အမည်မဖော်လိုသူ ဝယ်ယူသွားတယ်လို့ သိရပါတယ်။


" ကျွန်တော်ရဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာချန်ပီယံ ခါးပတ်အား ဒီကနေ့(စက်တင်ဘာ ၂၀ရက်) နံနက်တွင် ပြုလုပ်ခဲ့ပီး အမည်မဖေါ်လိုသူ ရိုးရာလက်ဝှေ့ဝါသနာရှင် တစ်ဦးမှ သိန်း (၅၀၀) ကျပ်ဖြင့် လက်ဝယ် ရရှိခဲ့ပါတယ်။ ယခုရရှိတဲ့ ငွေကြေးအားလုံးကို မူလအစီစဉ်အတိုင်း တစ်ပြားမကျန် ရေဘေးသင့်ခံ မိဘပြည်သူများဆီသို့ ကျွန်တော့်ပြိုင်ပွဲ ပြီးဆုံးချိန် နောက်ရက်တွင် သွားရောက် ကူညီလှုဒါန်းပါမယ်။

ယခုလို လေလံဆွဲတဲ့ အမည်မဖေါ်လိုသူ စေတနာရှင်နဲ့တကွ အဖက်ဖက်က ကူညီပေးပါသောသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်"လို့ မြန်မာ့လက်ဝှေ့ဖိုက်တာ ထွန်းထွန်းမင်းက လူမှုကွန်ရက်စာမျက်နှာမှာ ဆိုထားပါတယ်။


အခုလေလံတင်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာချန်ပီယံ ရွှေခါးပတ်ဟာ ပထမဆုံးရရှိခဲ့တဲ့ ရွှေခါးပတ်ဖြစ်ပြီး လေးကြိမ် ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ နွေဦးထီ ဆုငွေ ပုံစံအသစ် ပြင်ဆင် သတ်မှတ်


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

နွေဦးထီ ဆုငွေ ပုံစံအသစ် ပြင်ဆင် သတ်မှတ်ကြောင်း စက်တင်ဘာ ၂၀ရက် နွေဦးထီမိသားစုက တရားဝင် ထုတ်ပြန်အသိပေးပါတယ်။


၂၀၂၄ မတ်လ ရက်နေ့မှာ ဆန်းသစ်ဖွင့်လှစ်ခဲ့တဲ့ နွေဦးထီ version 2 ကို ယနေ့ထိတိုင် ဝန်းရံအားပေးခဲ့တဲ့ အနာဂတ်အိပ်မက် ရဲရဲမက်ကြသူ အယောက်စီတိုင်းကို ကျေးဇူးဂုဏ်ပြုတဲ့အနေနဲ့ နွေဦးထီ ဆုအရေအတွက်ပေါင်းကို ယခင် ၂၂,၂၃၈ ဆုမှ စက်တင်ဘာလ ထီဖွင့်ပွဲတွင် စတင် အသက်ဝင်မည့် ၄၂,၂၂၉ ဆု အထိ နှစ်ဆ နီးပါး တိုးမြှင့် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ဖော်ပြပါတယ်။


အသစ်ပြင်ဆင် ပြောင်းလဲထားသည့် ဆုပေါင်း လေးသောင်းကျော်မှာ မဟာဆုကြီးများ ဖြစ်သည့် ပထမဆု သန်း ၅၀၀ ကျပ် ဒုတိယဆု သန်း ၂၀၀ ကျပ် တတိယဆု သန်း ၁၀၀ ကျပ် နှင့် အထူးဆု Jackpot Prize သန်း ၅၀ ကျပ်ကို မူလအတိုင်း မပြောင်းလဲပဲ ထားရှိမှာ ဖြစ်ပြီးတော့ ဂုဏ်ပြုဆုများတွင် ပထမဆုနှင့် နောက်ဆုံး နံပါတ်လွဲသည့် Lucky Prize သိန်း ၁၀၀ ကျပ် ကံကောင်းဆု () ဆု မပါရှိတော့ပဲ Gift Prize သိန်း ၅၀ ကျပ် လက်ဆောင်ဆု (၁၀)ဆုနှင့် Consolation Prize သိန်း ၂၀ ကျပ် နှစ်သိမ့်ဆု (၁၅) ဆုကို မူလအတိုင်း ထားရှိမှာ ဖြစ်ပါတယ်။


နွေဦးထီတွင် ဂဏန်းတူ ပျော်ရွှင်ဆုများကို မဟာဆုများနဲ့ နောက်ဆုံးဂဏန်းများနှင့် လုံးဝ မတူပဲ သီးခြားဆု အဖြစ် ပေးအပ်ချီးမြှင့် လျက်ရှိပြီးနောက်ဆုံး () လုံးတူ Last 4 Digits ဆုအား အရေအတွက် ၂၀၀ အတိုင်း ထားရှိပြီး ဆုငွေ ပမာဏအားဖြင့် သိန်း ကျပ် မှ သိန်း ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်မှာ ဖြစ်ပါတယ်။ 


နောက်ဆုံး ()လုံးတူ Last 3 Digits ဆု၏ အရေအတွက်ကို ,၀၀၀ အတိုင်းထားရှိပြီး ဆုငွေ ပမာဏအားဖြင့် သောင်းကျပ်မှ သောင်းကျပ်အဖြစ် ပြင်ဆင် သတ်မှတ်မှာ ဖြစ်ပြီးနောက်ဆုံး () လုံးတူ Last 2 Digits ဆု၏ ဆုငွေ ပမာဏအား ထောင်ကျပ်မှ သောင်းကျပ်အထိ တိုးမြှင့်ထားတဲ့အပြင် ထပ်တိုး နောက်ထပ် () လုံးတူ ဆုအား တိုးချဲ့ထည့်သွင်းပြီး စုစုပေါင်း အရေအတွက် နှစ်ဆ အဖြစ် ၄၀,၀၀၀ ဆု အထိ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 


နွေဦးထီ ဆုငွေ ပုံစံအသစ်နှင့်တကွ လွယ်ကူစွာ ငွေဖြည့်ပြီး ကံစမ်းနိုင်ဖို့ NOH Gift Card လက်ဆောင်ကဒ် နွေဦးရိမ်းဂျား အစီအစဉ်များနှင့် အခြားသော ပိုမိုကောင်းမွန်သည့် Product များလည်း မကြာမီ ရောက်ရှိလာမယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးမြို့တွေထဲထိပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖနဲ့ တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့အဆင့်ရောက်နေပြီလို့ဆို


စက်တင်ဘာလ ၂၀ရက်။

Radio NUG

ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးမြို့တွေထဲထိပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖနဲ့ တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့အဆင့်ရောက်နေပြီလို့ဆိုပါတယ်။


စက်တင်ဘာ၂၀ရက် စစ်ရေးသုံးသပ်ချက်များဖော်ပြတဲ့ PDFInsightကဖော်ပြထားပါတယ်။


"မိတ္ထီလာမြို့မ ရဲစခန်း ရှေ့မှာစက်တင်ဘာလ (၁၆)ရက်နေ့မှာ မိတ္ထီလာ မြို့နယ် ပကဖနဲ့ မိတ္ထီလာခရိုင် တပ်ရင်း ()က ဗုံးခွဲတိုက်ခိုက်ရာ ရန်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လေတပ်စခန်း၊ သံချပ်ကာတပ်၊ ခြေလျင်တပ်နဲ့ တပ်မ (၉၉)အခြေစိုက်ရာ မိတ္ထီလာမြို့ထဲထိ တော်လှန်ရေး အင်အားစုတွေ ထိုးဖောက် တိုက်ခိုက်နိုင်လာပြီ ဆိုတာကို အဆိုပါ တိုက်ခိုက်မှုတွေက ပြသနေပါတယ်။ ရန်ကုန်တိုင်း၊ မှော်ဘီ မြို့နယ်မှာရှိတဲ့ စစ်တပ် ဗိုလ်သင်တန်းကျောင်းကို (၄၀) မမ ဗုံးပစ်လောင်ချာ နဲ့ Urban Speical Operation (U.S.O) က မြို့ပြ အထူးစစ်ဆင်ရေးအနေနဲ့ စက်တင်ဘာလ (၁၇)ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ပြ စစ်ဆင်ရေးကိုလဲ ဒုတိယ အကြိမ်မြောက်အဖြစ် စတင် လုပ်ဆောင်တော့မယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးမှာလဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်"လို့ PDFInsightကဖော်ပြပါတယ်။


ဒီဖြစ်စဉ်တွေကို ကြည့်ရင် ရန်သူ့ဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးမြို့တွေထဲထိပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖနဲ့ တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်လာပြီလို့ သိနိုင်ကြောင်း PDF Insight ကသုံးသပ်ထားပါတယ်။


========================


🚩🚩 ၂။ မိုင်းပျဉ်းမှာ စစ်ကောင်စီနဲ့  RCSS တို့ တိုက်ပွဲဖြစ်


စက်တင်ဘာလ ၂၀ရက်။

Radio NUG

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာရှိတဲ့ RCSS စခန်းကို စစ်ကောင်စီတပ်နဲ့ လားဟူပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မိုင်းပျဉ်းမြို့နယ် ယင်းခမ်းကျေးရွာအနီးမှာ စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာ နာရီခန့် ကြာခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်သတင်းဌာနကို အတည်ပြု ဖြေဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦး သေဆုံးသွားသလို လက်နက်အချို့လည်း သိမ်းနိုင်ခဲ့ တယ်လို့ RCSS က ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရှမ်းဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ RCSS တို့ကြား ပထမဆုံးအကြိမ် ဖြစ်တဲ့ တိုက်ပွဲဖြစ်လာခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီကလုပ်တဲ့ 7 EAO Alliance တွေ့ဆုံပွဲကို RCSS တပ်ဖွဲ့ လာမတက်တဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် -NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကလုပ်တဲ့ဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

စစ်အာဏာရှင်ကို တော်လှန်နေတဲ့တိုက်ပွဲတွေမှာ ပါဝင်ခြင်းမရှိတာကြောင့် ပြည်သူလူထုရဲ့ ဝေဖန်တာကိုခံနေရချိန်မှာပဲ RCSS/SSA ခေါင်းဆောင်ယွက်ဆစ်က PDF တွေဟာ ဓားပြတွေဖြစ်လာမယ်လို့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့တာကြောင့် ပြည်သူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မုံရွာ - မန္တလေးမလမ်းပိုင်းမှာ စစ်ကား စီးကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက် 


စက်တင်ဘာလ ၂၀ရက်။

Radio NUG

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက မုံရွာ - မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကား စီးကို မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့ Brave Heart Army -BHA တပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ကနေ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုထွက်လာတဲ့ အကြမ်းဖက် စစ်ကား စီးနဲ့ မြပုလဲဆီဆိုင်ဂိတ်ကနေလိုက်ပါလာတဲ့ စစ်ကားတစီး စုစုပေါင်း စစ်ကား စီးကို စက်တင်ဘာ ၁၉ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်ခန့်အချိန် မုံရွာ - မန္တလေးလမ်းပိုင်းမှာ မိုင်းဆွဲပြီး ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တာကြောင့် အတျအကျသိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ် လို့ Brave Heart Army -BHA တပ်ဖွဲ့က အသိပေးထားပါတယ်။ 

တပ်မ ၃၃ ကဆင်းလာတဲ့ကား စီးအနက်ကားတွေထဲက တစီးဟာ မိုးကာတွေအုပ်လာတာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းတွေလို့ ယူဆရပြီး နောက်တစီးမှာ စစ်သား ၂၅ ဦးခန့်လိုက်ပါလာသလို ဂျန်မာတွေတပ်ဆင်ထားတဲ့ကားပေါ်က စစ်သားတွေက ၄ဝ မမတွေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့သားတွေဦးဆောင်ပြီး MYAUNG REVOLUTION ARMY-MRA နဲ့ CHINDWIN FIGHTER GROUP-CFG တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

BRAVE HEART ARMY-BHA တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အချိန်နဲ့အမျှ တိုက်ခိုက်ချေမှုန်းနိုင် ဖို့ လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ကူညီပေးထောက်ပံ့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ တပ်စွဲထားတဲ့ ကံဇီးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး အရှင်ဖမ်းမိတဲ့ စစ်သုံပန်းတွေလည်း ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။


အဆိုပါ ကံဇီးရွာရှိ အထိုင်စခန်းကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရဲတပ်သား ဦးနဲ့ ပျူရွာမှာ နေထိုင်သူ ၃၀ ကျော်တို့ကို ဖမ်းဆီးရမိထားကာ လက်နက် ခဲယမ်းတွေ သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါတယ်။


စစ်တပ်ထောက်ခံ တယ်လီဂရမ် စာမျက်နှာများမှာတော့ ကံဇီးရွာ တိုက်ခိုက်မှုအတွင်း ရဲ ဦးနဲ့ ပျူ ဦး သေဆုံးပြီး ရဲ ဦး၊ ပျူ ဦးနဲ့ ရွာသား ၃၀ ကျော် ဖမ်းဆီးခံရကာ ကာဘိုင် လက်၊ G-3 လက်နဲ့ ကျည် ၅၀၀ ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကံဇီးပျူရွာဟာ ၂၀၂၂ နှစ်ကုန်ပိုင်းထဲက စစ်ကောင်စီနဲ့ ပျူစောထီးတွေ သီးသန့်တပ်စွဲထားကာ ရွာထဲကို ဝင်ခွင့် ကန့်သတ်ထားတဲ့ ရွာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ တောင်ဒဂုံမှာ စစ်တပ်ထောက်တိုင် ရပ်ကွက်ဥက္ကဋ္ဌနဲ့ ရာအိမ်မှူးတွေ ရပ်ကွက်ရုံးရှေ့မှာ ပစ်ခတ်ရှင်းလင်းခံရ


စက်တင်ဘာလ ၂၀ရက်။

Radio NUG

စက်တင်ဘာ၂၀ရက်၊ မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းပေါ်က ရပ်ကွက်ရုံးရှေ့မှာရှိနေတဲ့ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။


အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို ဆိုင်ကယ် မောင်းနှင်လာတဲ့ လူ၂ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာကြောင့် အုပ်ချုပ်ရေးမှူးကြည်ထွန်းနဲ့ ရာအိမ်မှူး ဆွေမြင့်အောင်တို့မှာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 


လွန်ခဲ့တဲ့နှစ်က ပထမအကြိမ် ပစ်ခတ်ခံရပေမယ့် မသေဆုံးဘဲ နောင်တမရတဲ့အပြင် ရပ်ကွက်က လူတွေအပေါ် ပိုပြီးရမ်းကားခဲ့တယ်လို့ သိရပါတယ်။


ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်ချုပ်ရေးစတင်ခဲ့ပြီး အမျိုးသားရေးသမားတွေ၊ မဘသအဖွဲ့ဝင်တွေကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေအဖြစ် ခန့်အပ်ကာ ရပ်ကွက်နေပြည်သူတွေအပေါ် ဖိနှိပ်တာတွေ လုပ်ဆောင်စေခဲ့ပါတယ်။


========================


🚩🚩 ၆။ ပုလောမြို့နယ်ထဲက တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

ပုလောမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ထိခိုက်မှု များပြားခဲ့တာကြောင့် စစ်ကောင်စီတပ်က ပြည်သူ ၄၀ ထက်မနည်း ဖမ်းဆီးခဲ့ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PDF Myeik District Battalion 1 - P23401 က သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ရုပ်ပုံ ကျေးရွာအုပ်စုကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် ()တပ်ရင်း၊ တော်လှန်ရေး မဟာမိတ်တပ်များက ခုခံခဲ့ရာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ မရှိတဲ့ မီးလောင်အော်ကျေးရွာကို ဝင်ရောက် ပြီး နေအိမ် ၃၁ လုံးနဲ့ ရှပ်ပုံစံပြကျေးရွာမှ နေအိမ် လုံးကို မီးရှိုဖျက်ဆီး ခဲ့ပါတယ်။


စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းခဲ့ရာ မီးလောင်အော် ကျေးရွာတွင် မီးရှို့ခံထားရတဲ့ ရုပ်အလောင်း လောင်း တွေ့ရှိခဲ့ပြီး ပြည်သူ ၄၀ ထပ်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ် တပ်ရင်းက ဆိုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ရက်ကလည်း လိပ်ဥသောင် ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၁၁ ရက်နေ့မှာ လယ်ဖက်ကျေးရွာနဲ့ ကျောက်သင်္ဘော ကျေးရွာမှ ပြည်သူ ၄၅ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။ 


ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော့ရွာအနီး ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး နောက်တနေ့ (၁၅ ရက်နေ့) မှာ မိုင်ကျေးရွာမှ နေအိမ် လုံးကို မီးရှို့ခဲ့သလို ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ ရေဘေးသင့် ပြည်သူများကို ပဲခူးခရိုင် အမှတ် တပ်ရင်း သွားရောက်ကူညီ


စက်တင်ဘာလ ၂၀ရက်။ 

Radio NUG

ပဲခူးတိုင်းအတွင်းက ပဲခူးခရိုင် အမှတ် () တပ်ရင်း P2 - 3702 (PDF) စိုးမိုး နယ်မြေအတွင်း ရေးဘေးကျရောက်နေတဲ့ ကျေးရွာများမှ ပြည်သူများကို ကွင်းဆင်းကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ P2 - 3702 (PDF) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ရေဘေး တိမ်းရှောင်နေကြတဲ့ ပြည်သူများကို အားပေးစကား ပြောကြားခြင်း၊ အခြေခံ စားသောက်ကုန်များ သွားရောက်ကူညီပေးခြင်းတို့ကို  P2 - 3702 (PDF) တပ်ရင်းမှ တာဝန်ရှိသူများနဲ့ တပ်ဖွဲ့ဝင်ရဲဘော်များက ကွင်းဆင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ယခုကာလဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်နဲ့ သတိပြုနေထိုင် သွားလာကြရန်ကိုလည်း  P2 - 3702 (PDF)တပ်ရင်းက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၈။ မွန်ပြည်နယ် တနေရာမှာ ရေးဘီလူးတပ်ဖွဲ့ကို ပြည်သူလူထုက အားပါးတရဂုဏ်ပြုကြိုဆို


စက်တင်ဘာလ ၂၀ရက်။

Radio NUG

မွန်ပြည်နယ် တနေရာမှာ ရေးဘီလူးတပ်ဖွဲ့ကို ပြည်သူလူထုက အားပါးတရဂုဏ်ပြုကြိုဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၂၀ရက် ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ရေးဘီလူးက Radio NUGကိုဖြေကြားခဲ့ပါတယ်။


"ဟုတ်ပါတယ်ဗျ...ကျွန်တော်တို့ကို ဆီးကြိုတဲ့နေရာတွေက ကျွန်တော်တို့ ကာကင်းပေးထားတဲ့နေရာဒေသလည်းဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လုံခြုံမှု အပြည့်အဝပေးရတဲ့

ကျေးရွာတွေ နောက်...ကျေးရွာဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ပေးရတဲ့ ကျေးရွာတွေလည်း ဖြစ်တယ်ပေါ့နော်။ ပြည်သူလူထုအနေနဲ့က 

ကျွန်တော်တို့ကို အရမ်းလိုလိုလားလား နွေးနွေးထွေးထွေးလက်ခံတယ်ပေါ့နော်။ အဲ့တာကြောင့်မို့ ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော့ဘက်ကနေလည်း

ဒီပို့စ်ကိုပြန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ ဒီလေးနှစ်တာအတွင်းမှာ အခုလိုမျိုးပြည်သူတွေရဲ့ နွေးထွေးမှုကို 

မြေပြင်မှာ လက်တွေ့မြင်ရတော့ အရမ်းဝမ်းသာတယ်။ အရမ်းလည်းအားရကျေနပ်မိတယ်ဗျ။"


မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေးဘီလူးတပ်ဖွဲ့က စိုးမိုးထိန်းချုပ်သော နေရာများလည်းရှိပြီး စကစတပ်ဖွဲ့များမသွားရဲ၊ မလာရဲသောနေရာများလည်းရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment