7th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့မနက်ကျဆုံး

📌 ၂။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းဝမ်းနည်းကြောင်းသဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့

📌 ၃။ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းနည်းစကားဆို

📌 ၄။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနယ်မြေ အတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော ကျေးရွာ တစ်ရွာမှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စု လျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၄) စုအတွက်ကူညီ

📌 ၅။ ဆန်ဖရန်ဗေးဧရိယာတွင် ၃၄ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အစားအသောက် ရောင်းချရငွေအမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်ရရှိခဲ့

📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်းလန်ဒန်မှာနိုဝင်ဘာ ရက်နေ့ ရှိုးပွဲကျင်းပမယ်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ 96 Soldiers PDF တပ်ဖွဲ့ဝင်လိုသူများကိုဖိတ်ခေါ်

🚩 ၂။ စစ်အုပ်စု ဖယ်ရှားခံရမယ့်အရေးက ပြေးမလွတ်တော့ဘူးလို့ဆို

🚩 ၃။ တလအတွင်း စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်သုံးရာကျော်ကို ကျူးလွန်ခဲ့ပြီး အရပ်သား ပြည်သူနှစ်ရာကျော်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့မနက်ကျဆုံး


အောက်တိုဘာ၇ရက်


အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့မနက်ကျဆုံးခဲ့ပါတယ်။

ယနေ့ အောက်တိုဘာလ()ရက်နေ့ မနက်ခင်း()နာရီအချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအတည်ပြုဆိုထားပါတယ်။

မကွယ်လွန်ခင် အချိန်တွင် စစ်ကောင်စီအနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်းလည်း ကြားသိရတယ်လို့ဖော်ပြပါတယ်။

အကြမ်းဖက် စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနအနေဖြင့် ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကွယ်လွန်ခဲ့သည်ဟူသည့် သတင်းစကားများ မြန်မာပြည်သူများနှင့် ကမ္ဘာပြည်သူများထံ ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်ရန်အတွက်သာ လွတ်ငြိမ်းသက်သာခွင့်ကို မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။

ထောင်တွင်း ကျန်းမာရေးနဲ့ညီညွတ်သည့် စားသောက်နေထိုင်ရေး အပြည့်အဝမရခြင်း၊ သောက်သုံးရေများတွင် ခဲဓာတ်ပါဝင်မှုများပြားခြင်း၊ထောင်တွင်း ဆေးဝါးမလုံလောက်ခြင်းနှင့် အရေးပေါ်ဆေးဝါးကုသရမည့် နိုင်ငံရေးအကျဉ်းသားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ထောင်ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ မကျဆုံးသင့်ပဲ ကျဆုံးခဲ့ကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလ()ရက်နေ့အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား(၁၁)ဦးနှင့်နိုင်ငံရေးအကျဉ်းသူ()ဦး စုစုပေါင်း (၁၃)ဦး ကျဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းဝမ်းနည်းကြောင်းသဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့


အောက်တိုဘာလ   ရက်


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကို အောက်တိုဘာ၇ရက်မှာပေးပို့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့၊ နံနက် နာရီအချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြပါတယ်။


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီးအာဇာနည်မျိုး သေရိုးမရှိဆိုသလို လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာ့သမိုင်းတွင် ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကို နောက်ဆုံးထွက်သက်အချိန်အထိ အရှုံးမပေးလက်မမြှောက်ဘဲ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်မှာ လေးစားအတုယူဖွယ်ကောင်းသကဲ့သို့ ရင်နင့်ဖွယ်လည်း ကောင်းလှပြီး မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီရရှိရေးအတွက်ဆိုသော ခံယူချက်ကို မြဲမြံစွာဆုပ်ကိုင်ရင်း တရားမျှတမှုအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်ပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ ရင်ထဲတွင် မေ့ပျောက်၍မရနိုင်သောဖြစ်ရပ်တစ်ခုအဖြစ် အစဉ်အမြဲ သတိရ အောက်မေ့နေမှာဖြစ်တယ်လို့ဆိုပါတယ်။

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းသည် မိမိတို့ ပြည်သူလူထုအတွက် လွန်စွာကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကာအသက်ပေးဆပ်ကာ ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မပြီးဆုံးသေးသော ဒီမိုကရေစီတိုက်ပွဲကို မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အခြားသောတော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းနည်းစကားဆို


အောက်တိုဘာ၇ရက်


ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းနည်းစကားဆိုလိုက်ပါတယ်။


အောက်တိုဘာ၇ရက်ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။


"နောက်ဆုံးအချိန်အထိ ယုံကြည်ရာ - ရဲ့ဝံ့ စွာ - ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက် ခေါင်းဆောင်တစ်ယောက် ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင် သေးဘူး ဆရာ။

အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး  

မန္တလေး ရောက်ရင်မတွေ့ ရတော့ဘူး သို့သော် - ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေး ကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး ။နောက်ဆုံးအချိန်အထိ မတရားမှု ကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာ ယုံ တယ်ဆရာ"လို့ ဝန်ကြီးကဆိုထားပါတယ်။


ပြည်သူ့အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်အား စစ်အုပ်စုက လုံလောက်တဲ့ဆေးကုသမှုမပေးခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၄။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနယ်မြေ အတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော ကျေးရွာ တစ်ရွာမှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စု လျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၄) စုအတွက်ကူညီ


အောက်တိုဘာ၇ရက်


ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနယ်မြေ အတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော ကျေးရွာ တစ်ရွာမှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စု လျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၄) စုအတွက်ကူညီခဲ့ကြောင်းကို အောက်တိုဘာလအတွင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကအသိပေးဆိုပါတယ်။


"မိမိတို့၏ တပ်ရင်း ၁၃ နယ်မြေ အတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော ကျေးရွာ တစ်ရွာမှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စု လျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၄) စုအတွက် စုစုပေါင်း (၁၈,၄၀၀,၀၀၀) ကျပ် အား သွား ရောက် ကူညီပေးခဲ့ကြတယ်"လို့ဆိုပါတယ်။


လူမှူအဖွဲ့အစည်းတခု၏ ကူညီထောက်ပံ့မှူအား ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံ၏ ချိတ်ဆက်မှူဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဆောမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ဆောမြို့နယ် ကျန်းမာရေးအဖွဲ့ဝင်များနှင့်  စုပေါင်းပြီး သွားရောက်ကူညီခဲ့ကြခြင်း ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ဆန်ဖရန်ဗေးဧရိယာတွင် ၃၄ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အစားအသောက် ရောင်းချရငွေအမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော်ရရှိခဲ့


အောက်တိုဘာ၇ရက်


အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာတွင် ၃၄ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အစားအသောက် ရောင်းချရငွေအမေရိကန်ဒေါ်လာ၁၃၀၀၀ ကျော်ရရှိခဲ့တယ်လို့အောက်တိုဘာ၇ရက်မှာ နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့ပေးနေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံကသိရပါတယ်။


"ရေဘေးအတွက် ရန်ပုံငွေပွဲတွေအပြင် ယခုလို လစဉ်မပျက် နွေဦးတော်လှန်ရေးထောက်ပို့ လဘက်ရည်ဝိုင်းကိုလည်း အစဉ်အလာမပျက် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ထောက်ပို့တွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့မြန်မာပြည်တွင်းက တော်လှန်ရေးအင်အားစုတွေ ဆက်လက် လက်တွဲ ချိတ်ဆက် ရုန်းကန်သွားကြပါမယ်"လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကတာဝန်ရှိသူတဦးကradio NUGကိုပြောပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ ဝယ်သူအားပေးသော မိတ်ဆွေများ၊ ဝိုင်းဝန်းကူညီသော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိတယ်လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အသိပေးကြေညာပါတယ်။


========================


📌📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်းလန်ဒန်မှာနိုဝင်ဘာ ရက်နေ့ ရှိုးပွဲကျင်းပမယ်


အောက်တိုဘာ ရက်


အဆိုတော် ဖြူဖြူကျော်သိန်းလန်ဒန်မှာနိုဝင်ဘာ ရက်နေ့ ရှိုးပွဲကျင်းပမယ်လို့အောက်တိုဘာလအတွင်း ဆိုရှယ်မီဒီယာမှာအသိပေးဆိုပါတယ်။


‘’ချစ်သူ‌ပေါင်းတစ်ထောင့်တစ်ရာကျော်လောက် လာတွေ့ပေးလို့ရလားလို့’’ဆိုထားပါတယ်။


စက်တင်ဘာ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ Bourogne ဒေသ Beaune မြို့က Notre Dame Basilique မှာ မြန်မာပြည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆုတောင်းပြုပွဲကျင်းပခဲ့ရာအဆိုတော်ဖြူဖြူကျော်သိန်းကသီချင်း ပုဒ်နဲ့အတူမြန်မာပြည်သူတွေရဲ့ ယနေ့ချိန်ထိခံစားနေရတဲ့ဒုက္ခတွေကို ပြင်သစ်ဘာသာစကားနဲ့ ကြိုးစားမျှဝေ သက်သေခံ ပြောပြခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ 96 Soldiers PDF တပ်ဖွဲ့ဝင်လိုသူများကိုဖိတ်ခေါ်


အောက်တိုဘာ၇ရက်


96 Soldiers PDF တပ်ဖွဲ့ဝင်လိုသူများကိုဖိတ်ခေါ်ကြေညာထားတယ်လို့ အောက်တိုဘာလအတွင်း 96 Soldiers PDF တပ်ဖွဲ့ကတရားဝင်အသိပေးဖော်ပြပါတယ်။

"96 Soldiers တော်လှန်ရဲဘော်အဖြစ်ပါဝင်လျှောက်ထားနိုင်ရန် () ရက်သာ လိုပါတော့တယ်။96 Soldiers PDF တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက 96 Soldiers - PDF တောင်ပိုင်းတိုင်း page - messenger မှတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါတယ်"လို့ဖော်ပြပါတယ်။

ကန့်သတ်ချက်များအနေဖြင့်အသက် (၁၈) နှစ် မှ (၃၅) နှစ် အတွင်း ကျန်းမာရေးကောင်းမွန်၍ အမိန့်နာခံနိုင်သူ ၊တပ်မှ ချမှတ်သော စည်းမျဥ်းစည်းကမ်းများအားလိုက်နာနိုင်သူ ၊တော်လှန်ရဲဘော်အဖြစ် အနည်းဆုံး () နှစ် တာဝန်ထမ်းဆောင်နိုင်သူဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူများသာ လာရောက်လျှောက်ထားရန်96SoldiersPDF ကဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ စစ်အုပ်စု ဖယ်ရှားခံရမယ့်အရေးက ပြေးမလွတ်တော့ဘူးလို့ဆို


အောက်တိုဘာ၇ရက်


စစ်အုပ်စု ဖယ်ရှားခံရမယ့်အရေးက ပြေးမလွတ်တော့ဘူးလို့PDFInsightကအောက်တိုဘာလအတွင်း စစ်ရေးသုံးသပ်ချက်များဖော်ပြထားပါတယ်။


"အခုအချိန်လို တောင်ပေါ်မြေပြန့်အားလုံးပါတဲ့ လှုပ်ရှားမှုကြီးမျိုးက လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ တခါမှမကြုံဖူးတဲ့ ဖြစ်စဥ်မျိုးပါ။ ဒါကြောင့်ပဲ တိုင်းပြည်ကို ရာသက်ပန် စစ်ဖိနပ်နဲ့ နင်းထားဖို့ ကြံတဲ့ အာဏာရူးတသိုက် ဟိုလူ့ပြေးအဖေခေါ်လိုက်ရ ဒီလူ့ပြေးအဖေခေါ်လိုက်ရနဲ့ ဗျာများနေတာပါ။ နောက်ဆုံးတော့ အဲဒီအုပ်စုပျောက်ကွယ်သွားမှာ အတော်စိုးရိမ်လာလို့ ဒီလို အသုံးအနှုံးတွေသုံးလာတာပါပဲ။ ဘယ်လိုပဲ ဗုံးတွေကြဲကြဲ ဘယ်သူ့ကိုပဲအဖေခေါ်ခေါ် စစ်အုပ်စု ဖယ်ရှားခံရမယ့်အရေးက ပြေးမလွတ်တော့ပါဘူး။ ဒါဟာ မုချ ဧကန်သဘောဆောင်တဲ့ကိစ္စဖြစ်လို့ ဒီလိုကိစ္စတွေကလဲ မင်းအောင်လှိုင်မျှော်လင့်နေတဲ့  နောင်နှစ် ရွေးကောက်ပွဲအထိစောင့်နေတော့မှာမဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လက်ရှိမှာ လူဦးရေစာရင်းလိုက်လံကောက်ယူလျက်ရှိပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ တလအတွင်း စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်သုံးရာကျော်ကို ကျူးလွန်ခဲ့ပြီး အရပ်သား ပြည်သူနှစ်ရာကျော်သေဆုံး


အောက်တိုဘာ၇ရက်


တလအတွင်း စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်သုံးရာကျော်ကို ကျူးလွန်ခဲ့ပြီး အရပ်သား ပြည်သူနှစ်ရာကျော်သေဆုံးခဲ့တယ်လို့ အောက်တိုဘာလအတွင်းသွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းအဖွဲ့ကဖော်ပြပါတယ်။


စက်တင်ဘာလအတွင် ရှမ်းပြည် မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၃၅၀ ကြိမ် ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေကြောင်းမှ ဒရုန်းဖြင့်တိုက်ခိုက်မှု စုစုပေါင်း ၃၁ ကြိမ် ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ရှမ်းပြည် မြောက်ပိုင်းအား ၁၁၈ ကြိမ်၊ စစ်ကိုင်းတိုင်းအား ၆၁ ကြိမ်နှင့် ရခိုင်ပြည်အား ၅၉ ကြိမ်   လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပြီး တနင်္သာရီတိုင်းတွင် ၁၅ ကြိမ်နှင့် ပဲခူးတိုင်းတွင် ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ကြိမ်၊ ကချင်ပြည်တွင် ကြိမ်နှင့် ရှမ်းပြည် တောင်ပိုင်းတွင် ကြိမ် ဒရုန်းဖြင့် တိုက်ခိုက််ခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၅ ဦးနှင့် အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦး ဒဏ်ရာရရှိခဲ့ကာနေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၆ ခု၊ UN ရုံးခန်း ခု၊ အချုပ်ထောင် ထောင်၊ ဟိုတယ် လုံးနှင့် ဈေးဆိုင်ခန်းအပါအဝင် အခြားသောစီးပွားရေးအဆောက်အအုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment