29th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ချင်းပြည် ဖလမ်းမြို့နယ်က ပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု NUG ရှုတ်ချ

📌၂။ တော်လှန်ရေးအောင်မြင်ဖို့အတွက်အဖက်ဖက်ကဆောင်ရွက်နေတဲ့အခါမှာဘဏ္ဍာရေးမျက်နှာစာကလည်းအဓိကပါဝင်တယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းဆို

📌၃။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား ဖမ်း၀ရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ တင်ပြမှုကိုပြည်သူ့ပန်းတိုင် ကြိုဆို

📌 ⁨⁨၄။ လားရှိုးမြို့ ကုန်စည်ဝယ်ယူရောင်းချမှုအဆင်ပြေစေရေး စီမံချက်များချမှတ်ဆောင်ရွက်မယ်လို့ MNDAA အသိပေး


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီး တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီလို့ AA ကြေညာ

🚩 ၂။⁨⁨ တောင်ကုတ်မြို့ထဲက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့သူတွေကို ဖမ်းဆီးထားတယ်တယ်လို့ AA ပြော

🚩 ၃။ စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၄၀ နီးပါး သိမ်းပိုက်

🚩 ၄။ ရဲတပ်ဖွဲ့ ဝင် ()  ဦး အပါအဝင် Non CDM ဝန်ထမ်း (၃၀) ကျော် ပြည်သူ့ဖက် အလင်းဝင်လာကြောင်း တွန်းဇန်ပအဖအသိပေး



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ချင်းပြည် ဖလမ်းမြို့နယ်က ပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု NUG ရှုတ်ချ


နိုဝင်ဘာ၂၉ရက်


ချင်းပြည် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ လုပ်ရပ်အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွတ်ရှုတ်ချလိုက်ပါတယ်။

ဆေးရုံဆေးခန်းများနဲ့ ကျန်းမာရေးကဏ္ဍအပေါ်  ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲဖြစ်တယ်လို့ NUG က နိုဝင်ဘာ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်ရာမှာ အခုလို ရှုတ်ချပြောဆိုလိုက်တာ ဖြစ်ပါ တယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ကျန်းမာရေးဝန်ထမ်း ဦးအပါအဝင် ပြည်သူ ဦး သေဆုံးခဲ့ရပြီး ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာနဲ့ပတ်သက်လို့ NUG က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကကြဲချတဲ့ဗုံးသီးတွေကြောင့် ဆေးရုံအဆောက်အုံနဲ့ ကျေးရွာအတွင်း‌က နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးထိခိုက်ခဲ့ရတဲ့ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များအတွက် တရားမျှတမှုရအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း NUG က ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူစိတ်ပျောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေနဲ့ မိမိတို့လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့လည်း NUG က အလေးအနက် တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှု များနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ မြန်ဆန်ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတို့ဘက်က စာနာရပ်တည်ပေးဖို့ အထူးလိုအပ်နေပြီလို့လည်း NUG က ထောက်ပြထားပါတယ်။

NUG အနေနဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေရှိနေပေမယ့် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနဲ့လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG က ကတိသစ္စာပြုထားပါတယ်။


========================


📌📌၂။ တော်လှန်ရေးအောင်မြင်ဖို့အတွက်အဖက်ဖက်ကဆောင်ရွက်နေတဲ့အခါမှာဘဏ္ဍာရေးမျက်နှာစာကလည်းအဓိကပါဝင်တယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းဆို


နိုဝင်ဘာ၂၉ရက်


တော်လှန်ရေးအောင်မြင်ဖို့အတွက် အဖက်ဖက်ကဆောင်ရွက်နေတဲ့အခါမှာ ဘဏ္ဍာရေးမျက်နှာစာကလည်းအဓိကပါဝင်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုဝင်ဘာနောက်ဆုံးအပတ်မှာ ရုပ်သံဖိုင်က တဆင့်ဆိုပါတယ်။

"အခုဆိုရင်SDBဘဏ်က ICO2ကို နိုဝင်ဘာ၁၅ရက်နေ့တည်းက လုပ်ဆောင်လာတာမှာ အခုဆိုရင် ၉ရက်ကျော်အတွင်းမှာ .၂သန်းကျော် ရောင်းချနိုင်ပြီဖြစ်ပါတယ်။ဒါတွေဟာ အားလုံးပြည်သူတွေရဲ့ရင်းနှီးမြုပ်နှံမှု၊ပြည်သူတွေရဲ့အားပေးကြောင့်ရက်ပိုင်းအတွင်းမှာပဲဒီလောက်ပမာဏာရရှိခြင်းဖြစ်ပါတယ်။ဒါကြောင့် ဒီSDBဘဏ်ICO2ဟာကျနော်တို့မြန်မာပြည်သားတွေအားလုံးအတွက် အနာဂတ်အတွက်ရင်းနှီးမြုပ်နှံမှုလည်းဖြစ်သလို၊ကျနော်တို့အခုသွားနေတဲ့ တော်လှန်ရေးအတွက် ပိုပိုပြီးတော့အရှေ့ရောက်အောင် လုပ်ပေးနိုင်တဲ့ တထောင့်တနေရာကပံ့ပိုးပေးနိုင်တဲ့ အင်အားတွေလည်းဖြစ်ပါတယ်။ဒါကြောင့် ကျနော်တို့အခုတော်လှန်ရေးအောင်မြင်ဖို့အတွက် အဖက်ဖက်ကဆောင်ရွက်နေတဲ့အခါမှာ ဒီဘဏ္ဍာရေးမျက်နှာစာကလည်းအဓိကပါဝင်ပါတယ်။ဒီလိုဘဏ္ဍာရေးမျက်နှာစာအားကောင်းဖို့ကိုအခုလိုSDBဘဏ်ကနေပြီးတော့ ဦးဆောင်ပြီးလုပ်ဆောင်နေတဲ့ဟာကိုကျနော်တို့ပြည်သူတွေအားလုံး ဆက်ပြီးတော့ဝိုင်းဝန်းပြီးတော့တွန်းပေးကြပါဦး"လို့ဆိုထားပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက် နာရီ အထိ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ . သန်း ကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌၃။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား ဖမ်း၀ရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ တင်ပြမှုကိုပြည်သူ့ပန်းတိုင် ကြိုဆို


 နိုဝင်ဘာလ ၂၉ ရက်

 

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် Karim A.A. Khan KC က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC သို့ လျှောက်ထားလိုက်ခြင်းကို ပြည်သူ့ပန်းတိုင်မှ ကြိုဆိုတယ်လို့ နိုဝင်ဘာ၂၉ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဖော်ထုတ်မှတ်တမ်းတင်ရန် လိုအပ်သကဲ့သို့ ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ရန် ကြိုးပမ်းမှုတိုင်းသည်လည်း အလွန်ပင် အရေးကြီးတယ်လို့ဆိုပါတယ်။

သို့မှသာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျူးလွန်မှုများကို အဆုံးသတ်နိုင်ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်မည်ဟု ပြည်သူ့ပန်းတိုင်က ယုံကြည်ကြောင်းဆိုပါတယ်။

မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုများတွင် တတ်နိုင်သည့်ဘက်က ပူးပေါင်းပါ၀င်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမြန်ဆုံးဖမ်း၀ရမ်းထုတ်ပြန်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် တိုက်တွန်းအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨၄။ လားရှိုးမြို့ ကုန်စည်ဝယ်ယူရောင်းချမှုအဆင်ပြေစေရေး စီမံချက်များချမှတ်ဆောင်ရွက်မယ်လို့ MNDAA အသိပေး


နိုဝင်ဘာ၂၉ရက်


လားရှိုးမြို့ကိုသိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်မတော်-MNDAA က မြို့တွင်း သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေရေး အပါအဝင် ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်မယ်လို့ နိုဝင်ဘာ ၂၈ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အထူးဒေသ- လားရှိုးမြို့က တာဝန်ရှိသူတွေ ဈေးတာဝန်ခံတွေ ဈေးသူ၊ဈေးသားတွေပါတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းညှိနှိုင်းစည်းဝေးပွဲကို နိုဝင်ဘာ ၁၃ မှာပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ အသားငါးဈေးနှုန်းသတ်မှတ်ချက်တခုကို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

တရုတ်အစိုးရ ဖိအားကြောင့် လားရှိုးမြို့ကို MNDAA က လက်လွှတ်ရလိမ့်မယ်ဆိုတဲ့ သုံးသပ်နေကြတာတွေ စိုးရိမ်ပူပန်တာ တွေ ရှိနေချိန်မှာ MNDAA က အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ဒေသနေပြည်သူတွေ အဆင်ပြေစေရေး ဝန်ဆောင်မှုများနဲ့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ရေရှည်အစီအမံနဲ့ ဆောင်ရွက်မယ့်အကြောင်း အသိပေးလာတာလည်း ဖြစ်ပါတယ်။

လားရှိုးမြို့ပြန်လည်‌ထူထောင်ရေးကာလမှာ ကုန်ဈေးနှုန်းကြီးတာတွေကြောင့် ဒေသခံပြည်သူတွေစားဝတ်နေရေးခက်ခဲရမှု အပေါ်  အခြေခံစားသောက်ကုန်များထဲမှ အသားငါးဈေးကြီးမှုကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ကာ သက်ဆိုင်သူတွေပါဝင်တဲ့ အစည်းအဝေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အသားငါးဈေးကို ထိန်းပြီး ရောင်းပေးကြဖို့နဲ့ ရေရှည်မှာ အဆင်ပြေစေဖို့အတွက် မွေးမြူရေးလုပ်ငန်းတွေ ကူညီ ဆောင်ရွက်ပေးယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့တယ်လို့ MNDAA ဘက်က ဆိုပါတယ်။

လက်ရှိမှာ ရောင်းချသူနဲ့ ဝယ်ယူစားသုံးသူ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ဈေးနဲ့ ရောင်းနိုင်အောင် ညှိယူရမှာဖြစ်ပြီး အခက်အခဲ တွေကို ဖြေရှင်းလို့ရတဲ့နည်းနဲ့ပြေလည်အောင်လုပ်ရမယ်လို့ တာဝန်ရှိသူတဦးက ပြောကြားခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ရေရှည်အတွက်ဆိုရင် သယ်ယူပို့ဆောင်‌ရေးစရိတ်သက်သာအောင် မြို့တွင်းမှာ မွေးမြူရေးလုပ်ငန်းတွေလုပ်နိုင်အောင် မွေးမြူရေးခြံပိုင်ရှင်တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ စဉ်းစားထားတယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာ အသားဈေးနှုန်းသတ်မှတ်ချက်နဲ့ပတ်သက်တဲ့ ကြေညာချက်တစောင်ထုတ်ပြန်ထားပြီး ဝက်သား၊ အမဲသား၊ ကြက်သား စျေးနှုန်းတွေ သတ်မှတ်ထားပြီးဖြစ်တာကြောင့် သတ်မှတ်စျေးထက် ပိုမရောင်းဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

ကိုးကန့်တပ်မတော် MNDAA ဟာ လားရှိုးမြို့ကို အခုနှစ် ဩဂုတ်လဆန်းကတည်းက အပြီးသတ်သိမ်းပိုက်ခဲ့ပြီးဖြစ်ပေမယ့် စစ်ကောင်စီက ဩဂုတ်လကုန်ပိုင်းကစတင်ကာ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်နေသလို  တရုတ်အစိုးရကလည်း MNDAA ကို ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှု စတဲ့ပုံစံတွေနဲ့ ဖိအားပေးနေတာတွေရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။⁨⁨ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီး တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီလို့ AA ကြေညာ


 နိုဝင်ဘာလ ၂၉ ရက်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁ဝ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်တာကြောင့် မြို့ကို ထိန်းချုပ် ထားနိုင်ပြီလို့ AA က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်မနက်အစောပိုင်းမှာ တရားဝင်ကြေညာလိုက်ပါတယ်။  

တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ရက်ကနေ ၂၀ ရက်အထိ ၁၇ ရက်ကြာ ထိုးစစ်ဆင်အပြီးမှာ စစ်စခန်း ၁ဝ ခုကို သိမ်းပိုက်ရရှိခဲ့တာကြောင့် တောင်ကုတ်မြို့တခုလုံးကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တာလို့ AA က အသိပေးပါတယ်။

ထိုးစစ်ကာလ ၁၇ အတွင်း တောင်ကုတ်မြို့က မောင်းတံဂိတ်နဲ့ရာဘာခြံ စစ်စခန်းများ၊ စစ်တပ်ဘက်က အခိုင်အမာ စခန်းချ နေတဲ့ တက္ကသိုလ်ကျောင်းဝင်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုရွာဘုန်းကြီးကျောင်းနဲ့ တံတားအနီးက စစ်ခန်း များ၊ တောင်ကုတ်မြို့အဝင်မှာရှိတဲ့ စကခ- တပ်မဌာနချုပ် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ကို သိမ်းပိုက် ထားပြီလို့ AA က ထုတ်ပြန်ထားပါတယ်။ 

တောင်ကုတ််မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးတဲ့နောက် မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန်စစ်စခန်း တွေဖြစ်တဲ့ စစ်ကောင်စီရဲ့ စကခ- တပ်မဌာနချုပ်၊ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေ တယ်လို့ AA က ပြောပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ ထိုးစစ်မစခင်ကတည်းက တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက် မယ့် ရန်သူ့စခန်းအနီးပတ်ဝန်းကျင်က ဒေသခံပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘေးလွတ်ရာကို ရွှေ့ပြောင်း စေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့တွင်းနဲ့ မြို့ပြင်က ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် ဆော်သြထားသလို အများစုကိုလည်း တိုက်ပွဲကင်းလွတ်ရာနေရာတွေထိ ရွှေ့ပြောင်းပေးခဲ့တယ်လို့ AA က ပြောပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်ရယူနိုင်ရန်ဖို့ အဲဒီမြို့တွေမှာရှိ တဲ့ ဖက်ဆစ်စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ အမ်း၊ တောင်ကုတ်၊ ဂွ စတဲ့မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက် နေသလို မောင်တောမြို့ က တခုတည်းသာကျန်ရှိတော့တဲ့ စစ်ကောင်စီရဲ့ အမှတ် နယ်ခြားစောင့်စခန်း နခခ- ကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။⁨⁨ တောင်ကုတ်မြို့ထဲက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့သူတွေကို ဖမ်းဆီးထားတယ်တယ်လို့ AA ပြော


 နိုဝင်ဘာလ ၂၉ ရက်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ပေမယ့် စစ်ဘေးရှောင်နေကြတဲ့ဒေသနေပြည်သူ တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ AA ပြောပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ ထိုးစစ်မစခင်ကတည်းက တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက် မယ့် ရန်သူ့စခန်းအနီးပတ်ဝန်းကျင်က ဒေသခံပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘေးလွတ်ရာကို ရွှေ့ပြောင်း စေခဲ့တယ်လို့ သိရပါတယ်။

AA ရဲ့ ကြိုတင်သတိပေးမှုကြောင့် တိုက်ပွဲလွတ်ရာသို့ ရှောင်တိမ်းကြတဲ့ ပြည်သူတွေရှိသလို ရှောင်တိမ်းခြင်းမရှိဘဲ ကျန်ရစ် ခဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တောင်ကုတ်မြို့ကို ရခိုင့်တပ်တော်ကထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် တောင်ကုတ်ဒေသခံပြည်သူအချို့နဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ချောင်းနေတဲ့ တောကြောင်သူခိုးတွေ ကျန်တော့တဲ့အတွက် လက်ကျန်ပြည်သူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဘေးလွတ်ရာကို ဆက်လက်ရွေ့ပြောင်းပေးနေတယ်လို့ AA က ပြောပါတယ်။ 

တောင်ကုတ်မြိုတွင်း လုံခြုံရေး၊ ဒေသနေပြည်သူလူထုရဲ့ တိုက်တာ၊ အိုးအိမ်အဆောက်အအုံတွေနဲ့ အဆောက်အအုံတွေထဲ ချန်ထားခဲ့တဲ့ ပစ္စည်းများ မပျောက်မပျက်စေရေး၊ ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေးနဲ့ ဒေသခံအရပ်သားပြည်သူများ မြိုတွင်းမှာ ခိုကပ်မနေစေရေး ဆောင်ရွက်နေတဲ့ကြားက သူခိုးတွေကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတာတွေရှိတယ် လို့ သိရပါတယ်။ 

သိမ်းဆည်းရမိတဲ့ ခိုးရာပါပစ္စည်းတွေကို ပိုင်ရှင်အစစ်အမှန်တွေလက်ထဲ အပ်နှံနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပေမယ့် လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ခိုးရာပါပစ္စည်းတွေကို လုံခြုံရေးတပ်ဖွဲက ကောင်းမွန်စွာသိမ်းဆည်း ထားပြီး သူခိုးတွေကို လိုက်လံရှာဖွေဖမ်းဆီးတာတွေလုပ်နေပြီး ဖမ်းမိသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေးထား ပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ ဒေသနေပြည်သူတွေ အန္တရယ်ကင်းရှင်းရေး တိုက်ပွဲနဲ့ကင်းဝေးတဲ့နေရာတွေကို ရွှေ့ပြောင်းပေးနေ သလို သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်ရယူနိုင်ဖို့ အဲဒီမြို့တွေမှာရှိတဲ့ ဖက်ဆစ်စစ်ကောင်စီ တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


⁨⁨🚩🚩 ၃။ စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၄၀ နီးပါး သိမ်းပိုက်


 နိုဝင်ဘာလ ၂၉ ရက်


စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် နှစ်လယ်ပိုင်းအထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုအထိရှိတယ်လို့ ကရင်ငြိမ်းချမ်း ရေး အထောက်အကူပြုကွန်ယက် - KPSN အစီရင်ခံစာကဆိုပါတယ်။ 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က နိုဝင်ဘာ ၂၈ ရက်နေ့က  ထုတ်ပြန်တဲ့တို့ပိုင်သည့်မြေ တို့အုပ် ချုပ်မည်ဆိုတဲ့ အစီရင်ခံစာမှာ အခုလို ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ 

ဒီအစီရင်ခံစာအရ စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံအရှေ့တောင်းပိုင်းက စစ်စခန်းပေါင်း ၁၃၈ ခု ဆုံးရှုံး လိုက်ရ‌တာဖြစ်ပြီး KNU အနေနဲ့ နှစ်ပေါင်း ၄၀ အတွင်း ထိုင်း - မြန်မာနယ်စပ်က ကရင်ထိန်းချုပ်မှုနယ်မြေတွေကို ပြန်လည် ရယူနိုင်ခဲ့တာလို့ နားလည်ရပါတယ်။ 

ပြီးခဲ့တဲ့တနှစ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ မဟာမိတ်တပ်တွေဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ နယ်မြေစိုးမိုးရေးသိသိသာသာရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၇၀ ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းယူထားတဲ့ စခန်းပေါင်း ၁၃၈ ခုရဲ့ တဝက်ကျော်တယ်လို့ KPSN က ဆိုပါတယ်။

တဖက်မှာလည်း ကော်သူးလေနယ်မြေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာ ကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက်ဟာလည်း တသန်းကျော်အထိ တိုးလာတယ် လို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် တိုးပွားလာတဲ့ စစ်ရှောင်အရေအတွက်နဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအပြင် ရေကြီးရေလျှံမှု စတာတွေကြောင့် စားနပ်ရိက္ခာအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ဘေးရှောင်တွေ လစာအတွက် အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေတယ်လို့လည်း ထပ်အသိပေးထားပါတယ်။

ဒါကြောင့်နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေပေးရာမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်အခြေစိုက်အေဂျင်စီကတဆင့် ပံ့ပိုးကူညီတာမျိုးမလုပ်ဘဲ နယ်စပ် လမ်းကြောင်းကနေ ကူညီပေးဖို့ KPSN က တိုက်တွန်းထားပါတယ်။


လက်ရှိမှာလည်း အခြေခံအစားအစာတွေအပြင် အဆောက်အအုံ၊ ဆေးဝါး၊ ကျောင်းတွေသာမက ကလေးနဲ့ အမျိုးသမီးတွေ အတွက် သီးခြားအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရဲတပ်ဖွဲ့ ဝင် ()  ဦး အပါအဝင် Non CDM ဝန်ထမ်း (၃၀) ကျော် ပြည်သူ့ဖက် အလင်းဝင်လာကြောင်း တွန်းဇန်ပအဖအသိပေး


နိုဝင်ဘာ၂၉ရက်


ရဲတပ်ဖွဲ့ ဝင် () ဦးအပါအဝင် Non CDM ဝန်ထမ်း (၃၀)ကျော် ပြည်သူ့ဖက်အလင်းဝင်လာကြောင်း နိုဝင်ဘာလ၂၄ရက်မှာ တွန်းဇန်ပအဖမှ အသိပေးဆိုထားကြောင်း ကြေညာထားပါတယ်။

ချင်းပြည်နယ် တွန်းဇန်မြို့ မြို့နယ်ရဲစခန်းနဲ့ စစ်ကိုင်းတိုင်းဒေသရှိ ရဲစခန်းများမှ တာဝန်ထမ်းဆောင်သော ရဲတပ်သား () ဦးသည် တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဩဂုတ်လတွင်း အလင်းဝင် ခိုလှုံလာရာ၊ ယခုအခါ ၎င်းတို့သည် ဘေးကင်းလုံခြုံသည့် နေရာသို့ရောက်ရှိနေကြပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။

ထို့အတူ ပြည်သူ့ဖက် အလင်းဝင်လိုသော အကြမ်းဖက်စစ်ကောင်စီအစေခံ non cdm များအား ချင်းပြည်စီဒီအမ်မူဝါဒများအတိုင်း မြို့နယ်စီဒီအမ်ကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ စီစစ်ဆောင်ရွက်လျက် အယောက် ၃၀ ကျော်အား ခံဝန်ကတိဖြင့် လက်ခံပြီးစီးပြီး ဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment