29th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။⁩⁨ ကနီမြို့နယ်က ရက်ရှည်စစ်ရှောင်နေတဲ့ အိမ်ထောင်စုတွေကို ကျပ် ၂၅ သိန်း တန်ဖိုးရှိ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ ထောက်ပံ့

📌 ⁨⁨⁨⁨⁨⁨⁨၂။တော်လှန်ရေးကာလ နှစ်အတွင်း စစ်ရေးမစ်ရှင် အကြိမ် ၆ဝ ဖော်ဆောင်နိုင်ခဲ့တယ်လို့ Dark Shadow မြို့ပြပျောက်ကျားတပ်ဖွဲ့ ပြော

📌 ⁨⁨⁨⁨⁨⁨၃။ ဘောလခဲမြို့မရဲစခန်းက ရဲ ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင် 

📌 ⁨⁨⁨⁨⁨⁨၄။ နမခ တပ်နယ်က ထွက်ပြေးလာတဲ့ စစ်သား၂ ဦးကိုဖမ်းဆီးထိန်းသိမ်းကာ မုံရွာ- ပကဖထံ လွှဲပေး


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨ ဂွမြို့ကို ရခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်နိုင်‌ပြီလို့ သတင်းထွက်

🚩 ၂။နတ်မောက်မြို့နယ်ကရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ အရာရှိအပါအဝင် စစ်သား ၁၅ ဦး သေဆုံး 

🚩၃။ ရေဖြူမြို့နယ် ဇာဒီကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး

🚩 ၄။ စကြိုရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၅။မြဝတီမြို့မရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု ရဲ ဦးအပါအဝင် ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။⁩⁨ ကနီမြို့နယ်က ရက်ရှည်စစ်ရှောင်နေတဲ့ အိမ်ထောင်စုတွေကို ကျပ် ၂၅ သိန်း တန်ဖိုးရှိ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ ထောက်ပံ့


ဒီဇင်ဘာလ ၂၉ရက်။


စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ကာလရှည်စစ်ရှောင်နေရတဲ့ အိမ်ထောင်စုတွေကို ကျပ် ၂၅ သိန်း တန်ဖိုးရှိ စားသောက် ကုန်နဲ့ အိမ်သုံးသုံများထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အနေနဲ့ ကနီမြို့နယ်အတွင်း ရေရှည်စစ်ရှောင်နေရသူတွေကို လူသားချင်းစာနာထောက် ထားမှု အကူအညီပေးနိုင်ဖို့ ကျပ် ၂၅ သိန်း မတည်လှူဒါန်းခဲ့တာလို့ သိရပါတယ်။ 

 ဒီအလှူငွေကို ကနီမြို့နယ်တာဝန်ခံအဖွဲ့ဖြစ်တဲ့ Clover For Heros အဖွဲ့က အိမ်ထောင်စု ၆၀ ကျော်အတွက် အိမ်ထောင်စု တစုကို ကျပ် ၄သောင်း တန်ဖိုးရှိ စောင်၊ ခြင်ထောင်၊ရေပုံးနဲ့ ခေါက်ဆွဲခြောက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်တယ်ဆိုတာ အလှူရှင်တဦးချင်း  တယောက်ချင်းစီရဲ့ခွန်အားတွေကြောင့်ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်မိဘပြည်သူများအတွက် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်အဖွဲ့သားတွေ နိုင်ရာတာဝ ကူမျှထမ်းပေးဖို့ အသင့်ရှိနေပါတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အမှန်တကယ်လိုအပ်တဲ့နေရာတွေကို ထိရောက်တဲ့အကူအညီပေးလိုသူများအနေနဲ့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်နဲ့ ချိတ်ဆက်ကူညီနိုင်ကြောင်းနဲ့ မြေပြင်မှာရှိတဲ့ပြည်သူတွေထံရောက်အောင် ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့ ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာနဲ့ ကျောင်းသားကျောင်းသူတွေကို စာရေးကိရိယာတွေ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတခုဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။တော်လှန်ရေးကာလ နှစ်အတွင်း စစ်ရေးမစ်ရှင် အကြိမ် ၆ဝ ဖော်ဆောင်နိုင်ခဲ့တယ်လို့ Dark Shadow မြို့ပြပျောက်ကျားတပ်ဖွဲ့ ပြော


ဒီဇင်ဘာလ ၂၉ရက်။

နွေဦးတော်လှန်ရေးကာလ နှစ်အတွင်း စစ်ရေးမစ်ရှင် အကြိမ် ၆ဝ ဖော်ဆောင်နိုင်ခဲ့တယ်လို့ Dark Shadow မြို့ပြ ပျောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ကကျရောက်တဲ့ Dark Shadow မြို့ပြပျောက်ကျားတပ်ဖွဲ့ မြို့ပြတော်လှန်မှု  နှစ် ပြည့်နေ့မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

နှစ်တာကာလအတွင်း မြို့ပြတွေမှာရှိတဲ့ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်၊စီးပွားရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မစ်ရှင်းပေါင်း ၆၀ ကျော် ဖော်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီ နှစ်တာကာလအတွင်း အခက်အခဲပေါင်းဆုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး Dark Shadow-UG အဖွဲ့က ရဲဘော်အချို့ ဖမ်းဆီး ထိန်းသိမ်းခံရတာ ကိုယ့်လက်အင်္ဂါဆုံးရှုံးခဲ့ရတာနဲ့ အသက်ပေးခဲ့ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မြို့ပြရဲ့ နေရာတိုင်းမှာ Dark shadow-UG ရဲဘော်တွေရှိနေပြီး မြို့ပြမစ်ရှင်တွေဆက်လက်ဖော်ဆောင်နိုင်ဖို့ ကျန်ရှိနေတဲ့ မြို့ပြပြောက်ကျားရဲဘော်တွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

Dark shadow-UG ရဲဘော်တွေဟာ မြို့ပြပြည်သူတွေနဲ့အနီးဆုံးမှာ အမြဲတမ်းရှိနေပြီး ကျရာတာဝန်ထမ်းဆောင်းရင်း တော်လှန်ရေးပြီးဆုံးတဲ့ထိ အာဏာရှင်တွေ အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမယ်လို့ ကတိပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ဘောလခဲမြို့မရဲစခန်းက ရဲ ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင် 


ဒီဇင်ဘာလ ၂၉ရက်။

ဘောလခဲမြို့မရဲစခန်းက ရဲ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - BPDF က ပြောပါတယ်။

ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတဦးနဲ့ ရဲတပ်ကြပ်တဦးဟာ အခု ဒီဇင်ဘာလအတွင်း အလင်းဝင်လာတာလို့ ဆိုပါတယ်။

ရဲတပ်ကြပ်ကြီးဟာ Ak-M22 တစ်လက် Ak-M22 ကျည်ဘောက်၃ခု ပွိုင့် ၆၂ ကျည် ၆၀ တောင့်နဲ့အလင်းဝင်လာတာဖြစ် ပြီး ရဲတပ်ကြပ်ကတော့ G3 ကျည်ဘောက်၄ခု၊ ပွိုင့် ၆၂ G3 ကျည် ၄၀၀ တောင့်နဲ့အတူ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထံ ဝင်ရောက်ခိုလှုံခဲ့တာလို့ အသိပေးပါတယ်။ 

အခုလို ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်လာတဲ့ ရဲ ဦးကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။

ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်လိုတဲ့ စစ်သားနဲ့ရဲတွေအနေနဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထံ ဆက်သွယ်စုံစမ်းနိုင်ပြီး လက်ခံကြိုဆိုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ နမခ တပ်နယ်က ထွက်ပြေးလာတဲ့ စစ်သား၂ ဦးကိုဖမ်းဆီးထိန်းသိမ်းကာ မုံရွာ- ပကဖထံ လွှဲပေး


ဒီဇင်ဘာလ ၂၉ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- မနခ တပ်နယ်က ထွတ်ပြေးလာတဲ့ စစ်သား ၂ဦး ကို ဖမ်းဆီးထိန်းသိမ်းပြီး မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မုံရွာ - ပကဖထံ လွှဲပြောင်းပေးထားတယ်လို့ ချောင်းဦးပကဖ တိုက်ခိုက်ရေးတပ် CHU PDF က ဒီနေ့ ဒီဇင်ဘာ ၂၉ မှာ ထုတ်ပြန်ပါတယ်။

အဲဒီတပ်သား ဦးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး စစ်ရေးလုပ်ရှားမှုပြုလုပ်နေတဲ့ ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့-၁၊ Special Force 11 LPDF ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့က တွေ့ရှိ ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ နမခ တပ်နယ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သား ဦးကို သူတို့နဲ့အတူပါလာတဲ့ ဖုန်းတလုံးနဲ့အတူ သက်ဆိုင်ရာနယ်မြေခံဖြစ်တဲ့ မုံရွာမြို့နယ် ပကဖ ထံ ကျန်းမာရေးကောင်းမွန်စွာနဲ့ အပ်နှံထားတယ်လို့ အသိပေးပါတယ်။ 

ဒီစစ်သား ဦးဟာ လက်နဲ့တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်လာတာဖြစ်တဲ့အတွက် သူတို့နဲ့အတူပါလာတဲ့ MA-5 အမျိုး အစား ပစ္စတိုတလက်၊ မမ ကျည် တောင့်၊ 380 ကျည်တတောင့်နဲ့ ပစ္စတိုအိတ်တခုကို ပူးပေါင်းအဖွဲ့က ထိန်းသိမ်း ခဲ့တယ်လို့ ချောင်းဦးပကဖ တိုက်ခိုက်ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင်အတွင်းက ချောင်းဦးနယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး စစ်အုပ်စုဘက်က လက်နက်ကိုင်တွေကို ဖမ်းမိတာ အလင်းဝင်တာတွေရှိတယ်လို့ ဒေသတော်လှန်ရေး အင်အားစုတွေ ထံကနေ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨ ဂွမြို့ကို ရခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်နိုင်‌ပြီလို့ သတင်းထွက်


ဒီဇင်ဘာလ ၂၉ရက်။

ရခိုင်ပြည် ဂွမြို့မှာ ကျန်ရှိနေတဲ့ လက်ကျန်တပ်ရင်း ခမရ- ၅၆၂ ကို တိုက်ခိုက်နိုင်ခဲ့ပြီးတဲ့နောက် ရခိုင့်တပ်တော် အနေနဲ့ ဂွမြို့တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းကစပြီး သတင်းတွေထွက်ပေါ် နေပါတယ်။

ဂွမြို့က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ် ခမရ-၅၆၂ တပ်ရင်းကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ တာလို့ ဂွဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေကိုကိုးကားပြီး ဒေသတွင်းသတင်းတွေကလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဂွမြို့မကျရေး  ရက်ဆက် လေကြောင်းကနေ ခုခံတိုက်ခိုက်ခဲ့သလို သိမ်းပိုက်ခံရပြီးချိန် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအထိ လေကြောင်းကနေ ဆက်လက်ပစ်ခတ်ခဲ့လို့ ဆိုပါတယ်။

ဂွမြို့မှာ နောက်ဆုံးလက်ကျန်ရှိနေဲတဲ့ ခမရ-၅၆၂ တပ်ရင်းက စစ်သားတွေနဲ့ ဧရာဝတီတိုင်းဘက်ကလာတဲ့ စစ်ကူတပ်သား တွေ ထွက်ပြေးနေတာရှိပြီး ခမရ-၅၆၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော် ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။

ဂွမြို့မှာ ခမရ-၅၆၂ တပ်ရင်းနဲ့ ခမရ- ၅၆၃တပ်တို့ရှိပြီး ရခိုင့်တပ်တော် AA က ဒီဇင်ဘာလလယ်ပိုင်းကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ခမရ- ၅၆၃ ကို ထိုးစစ်စပြီး ရက်ပိုင်းအတွင်းသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် မကြာမီရက်ပိုင်းအတွင်း ဂွမြို့ကို သိမ်းပိုက်နိုင်တော့မယ်လို့ ရခိုင့်တပ်တော်က ဒီဇင်ဘာ ၂၁ ရက်ကပဲ ကြေညာခဲ့တာရှိပါတယ်။ 

အခုလို့ ဂွမြို့တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် ရခိုင့်တပ်တော် AA ကတော့ ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်အထိ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ရခိုင့်တပ်တော် AA အနေနဲ့ ဂွမြို့ကို သိမ်းပိုက်နိုင်ပြီဆိုရင် ရခိုင်ပြည် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပြီး စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကိုသာ သိမ်းပိုက်ဖို့ကျန်တော့မယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။နတ်မောက်မြို့နယ်ကရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ အရာရှိအပါအဝင် စစ်သား ၁၅ ဦး သေဆုံး 


ဒီဇင်ဘာလ ၂၉ရက်။


မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်းကရွာတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၁၅ ဦး သေဆုံးသွားတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်း- အရှေ့ခြမ်းက ထုတ်ပြန်ပါတယ်။ 

နတ်မောက်မြို့နယ်အတွင်းမှာရှိတဲ့ရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူတာ လုယက်တာတွေပြုလုပ်ပြီး ပြန်လာတဲ့ အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ ဒီဇင်ဘာ ၂၈ ရက်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းကို သမုန်းကုန်းကြီးရွာတောင်ဘက်က ရထားလမ်းကူးနေရာမှာ မိုင်းကွင်း ခုနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်‌ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ဝံပုလွေ - B01 တပ်ရင်း ကျားသစ်နက် - B05 တပ်ရင်း နက်မောက်မြို့ အခြေပြု ကြိုးကြာနီ - B07 တပ်ရင်း နက်မောက် ပကဖ Aung San's Land ဂဠုန်တပ်ဖွဲ့ ငါးပြေမပြောက်ကြားတပ်ဖွဲ့နဲ့ 902 တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့ အထိ တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၃။ ရေဖြူမြို့နယ် ဇာဒီကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး


ဒီဇင်ဘာလ ၂၉ရက်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာက ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Tavoy People Liberation Force - TPLF အဖွဲ့က ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၁ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအခြေအနေကို ဒီဇင်ဘာ ၂၈ ရက်မှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါ တယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ရှိတဲ့နေရာကို သွားလာတာမျိုးမလုပ်ဖို့ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် TPLF အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLFနဲ့ TPLF Drone Team တို့ပါဝတဲ့င် သာဂရစစ်ကြောင်း၊ Ba Htoo Army ရေဖြူပကဖ နဲ့ ဇင်ယော်တပ်စု -ရေဖြူတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ စကြိုရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဦး ပြင်းထန်ဒဏ်ရာရ


ဒီဇင်ဘာလ ၂၉ရက်။

မကွေးတိုင်း ရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို ပကဖက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဒီဇင်ဘာ ၂၈ ရက် မနက် နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ရေစကြို အထွက်မှာရှိတဲ့ ဘက်စုံခြံအနီးကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြင်းထန်ဒဏ်ရာရသွားတဲ့ စစ်သားတွေရဲ့ သေနတ်တွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် နောက်ချန်တပ်ဖွဲ့နဲ့ ရေစကြိုမြို့မရဲစခန်းက နှစ်ဘက်ညှပ်ပြီး ပစ်ကူပေးတာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အန္တရယ်မဖြစ်အောင် ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် လက်နက်တွေ မကောက်နိုင်ခဲ့ဘူးလို့ အသိပေးထား ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်-.က.ဖနဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း အမှတ်- တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေစကြိုနယ်မှာ မနေ့ ဒီဇင်ဘာ ၂၈ ရက် မနက် နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က သာစည်ရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်သားတွေနဲ့တိုးတဲ့ ရွာသားတွေကို လူသားအဖြစ်အသုံးဖို့ ဖမ်းဆီးထားကာ အိမ် လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၅။မြဝတီမြို့မရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု ရဲ ဦးအပါအဝင် ဦး ဒဏ်ရာရ


ဒီဇင်ဘာလ ၂၉ရက်။

ကရင်ပြည်နယ် မြို့ဝတီမြို့မှာရှိတဲ့ မြဝတီမြို့မရဲစခန်းကို လက်နက်ကိုင်အဖွဲ့တခုက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ရဲ ဦးအပါအဝင် ဦး ဒဏ်ရာရသွားတယ်လို့ ဒေသနေသူတွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မြဝတီမြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက မနေ့ ဒီဇင်ဘာ ၂၈ ရက် နာရီခွဲခန့်အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ မြဝတီ-မဲဆောက်မီဒီယာက ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ဦးနဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တဦး ဒဏ်ရာရသွားပြီး မြဝတီဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၁၁ နာရီ ဝန်းကျင်အထိ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

အခုလို ထုတ်ဖော်ပြာဆိုတာမရှိသေးပေမယ့် ကော်ဘရာစစ်‌ကြောင်းက စစ်ကြောင်းမှူး ဗိုလ် Saw Kaw က မြဝတီမြို့ကရဲတွေနဲ့ အုပ်ချုပ်ရေးမှူးများအနေနဲ့ ပြည်သူလူထုကို ဖမ်းဆီးငွေညှစ်တာတွေမလုပ်ဖို့ သူ့ရဲ့လူမှု ကွန်ယက်စာမျက်နှာကနေ ဒီဇင်ဘာ ၂၈ ရက်နေ့က သတိပေးထားပြီး မလိုက်နာရင် တုန့်ပြန်တိုက်ခိုက်မယ် လို့ ရေးသားထားပါတယ်။

မြဝတီက ရဲနှင့်အုပ်ကြီး ဆယ်အိမ်မှူးတွေကိုနောက်ဆုံးသတိပေးမယ်၊ ပြည်သူကို ခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော်၊ သတိပေးထားတာ မရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်လို့ ဗိုလ် Saw Kaw က ရေးသားဖော်ပြထားပါတယ်။

မြဝတီမြို့မရဲစခန်းဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ရက်နေ့တုန်းကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်ဖွဲတွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာခံခဲ့ရဖူးပြီး အဲဒီအချိန်က မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့် အပါအဝင် ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment