30th Dec 2024 - Evening Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ⁨⁨⁨⁨⁨⁨၂။ တော်လှန်ရေး ကို အရှိန်အဟုန်မပျက် အဆုံးသတ် တိုက်ပွဲ အထိ နည်းနာ အစုံ သုံးပြီး သွားကြဖို့ နဲ့ မဟာမိတ်များ အပေါ် နားလည်ယုံကြည် ကြဖို့ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တိုက်တွန်းပြောကြား

📌 ⁨⁨⁨⁨⁨⁨၃။⁩⁨ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဝေဖန်မှုများကိုလက်ခံပြီး တော်လှန်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက  အသိပေးပြောကြား

📌 ⁨⁨⁨⁨⁨⁨၄။ မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်၏အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီးတိုင်လုံးဝချုပ်ငြိမ်းပျက်သုဥ်းသွားသည့်အထိ တိုက်ဖျက်ရန်မျှော်မှန်းထားတယ်လို့ KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြောကြား

📌 ⁨⁨⁨⁨⁨⁨၅။ တောင်ကိုရီးယား ခရီးသည်တင် လေယာဉ် ပျက်ကျမှုအသက်ဆုံးခဲ့ရသူနှင့်မိသားစုအတွက်ဝမ်းနည်းကြောင်းကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨၆။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်အားခမရတဲ့ မြန်မာလုပ်သား၁၀ဦးအရေးကို ဘန်ကောက်ခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများသို့စကစစစ်ကြောင်းများစစ်ကြောင်းထိုးဝင်ရောက်နေ

🚩 ၂။ အကြမ်းဖက်စစ်တပ်အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံတဲ့ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်တယ်လို့အာရက္ခတပ်တော်ထုတ်ပြန်

🚩 ၃။ အသက် (၁၅)နှစ်အရွယ် Grade (7)ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ထားသူကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းသိမ်းထားပြီး၊ ရာဇသတ်ကြီးပုဒ်မ (၃၇၆)ဖြင့်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ကတရားစွဲဆိုထား

🚩 ၄။ ၂၀၂၅ နှစ်သစ်ကစပြီး အားနည်းချက်များကို ပြုပြင်ပြောင်းလဲ၍  မြို့နယ်ပအဖနှင့် တပ်ရင်းတပ်ဖွဲ့များ ပိုမိုပူးပေါင်းလက်တွဲညီညီ ဆောင်ရွက်သွားရန်ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ချ

🚩 ၅။ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း  အရပ်သားနေအိမ်ပေါင်း သိန်း ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဒီဇင်ဘာ၃၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့"ခဲ့ပါတယ်။ဒီဇင်ဘာလ ၃၀ရက်မှာပေးပို့သည့် သဝဏ်လွှာအရ

ကရင်သက္ကရာဇ် (၂၇၆၄) ခု၊ ပြာသိုလဆန်း ()ရက် ယနေ့သည် ကရင်အမျိုးသားတို့၏ ပျော်ရွင်ဖွယ်နှစ်သစ်ကူး ပွဲတော်နေ့ဖြစ်၍ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူလူထုတိုင်းရင်းသား မျိုးနွယ်စုများနှင့် ကရင်တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းကြပါစေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရက ပဏာမဆုမွန်တောင်းလိုက်ပါတယ်လို့ဖော်ပြပါရှိပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ဖြစ်သော ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးချိန်တွင် တောင်တန်ခိုးရှင်များကို သီးဦးသီးဖျားများ ပူဆော်ပသခြင်း၊ စည်းလုံးညီညွတ်စွာဖြင့် ကောက်သစ်စားပွဲများကျင်းပခြင်း၊ အမျိုးသားအလံတင်ခြင်း၊ ရိုးရာ ဖားစည်နှင့်ကျွဲချိုတီးမှုတ်ခြင်း၊ ကရင်ဒုံးယိမ်းကခြင်းစသည့် စာပေယဉ်ကျေးမှုများနှင့် အမျိုးသား ရေးအမှတ်လက္ခဏာများကို ထိမ်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး ပျော်ရွှင်ဖွယ်နှစ်သစ်ကူးမင်္ဂလာနေ့ အဖြစ် အမြတ်တနိုး ကျင်းပကြသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်တွေ့ရှိရတယ်လို့ဆိုပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အာဏာရှင်များ၏ ဆိုးသွမ်းရက်စက်ခဲ့မှုတို့ကြောင့် လူမျိုးရေးအရ သွေးခွဲပြီး အမျိုးသားတန်းတူရေး၊တရားမျှတခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖိနှိပ် ချုပ်ချယ်ကန့်သတ်ခဲ့သည်မှာ ယခုလို နွေဦးတော်လှန်ရေးကာလထိရောက်ရှိသိတိုင် ဖြစ်ခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိရပြီးအမျိုးသားညီညွတ်ရေးအစိုးသည် ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီး များနှင့်တကွ ကရင်ပြည်သူလူထုတရပ်လုံး မျှော်ရည်သောပန်းတိုင်ဖြစ်သည့်  အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်ရေးနှင့် သမိုင်းအစဉ်အလာကြီးသော ကရင်လူမျိုးတို့၏ ဘာသာ၊ စာပေ၊ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များထိမ်းသိမ်းပြီး အမျိုးဂုဏ်၊ဇာတိဂုဏ် မြှင့်တင်ရာတွင်လည်း အစဉ်တစိုက် အားပေးထောက်ခံသွားမယ်လို့ဆိုပါတယ်။

ယခုလိုမင်္ဂလာရှိပြီးပျော်ရွင်ဖွယ်ဖြစ်သော ကရင်နှစ်သစ်ကူးပွဲတော်မှစတင်ပြီး ကရင်တိုင်း ရင်းသားခေါင်းဆောင်ကြီးများ၊ ကရင်ပြည်သူလူထုမျိုးနွယ်စုများ၊ ကရင်တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံး လိုလားသည့်အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် မဟာမိတ်တိုင်းရင်းသား တော် လှန်‌ရေးအင်အားစုများနှင့် ဟန်ချက်ညီညီလက်တွဲကာ စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ ချေမှုန်း နိုင်ပါစေကြောင်း ဆန္ဒပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ တော်လှန်ရေး ကို အရှိန်အဟုန်မပျက် အဆုံးသတ် တိုက်ပွဲ အထိ နည်းနာ အစုံ သုံးပြီး သွားကြဖို့ နဲ့ မဟာမိတ်များ အပေါ် နားလည်ယုံကြည် ကြဖို့ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တိုက်တွန်းပြောကြား


ဒီဇင်ဘာ၃၀ရက်


တော်လှန်ရေး ကို အရှိန်အဟုန်မပျက် အဆုံးသတ် တိုက်ပွဲ အထိ နည်းနာ အစုံ သုံးပြီး သွားကြဖို့ နဲ့ မဟာမိတ်များ အပေါ် နားလည်ယုံကြည်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ၃၀ရက်တွင် ဆိုရှယ်မီဒီယာမှာ တိုက်တွန်းပြောကြားထားပါတယ်။

"ကြေညာချက်တွေ ရဲ့ အတွင်းသား ကို သေသေချာချာ လေး ဂရုစိုက်ပြီး လေ့လာ ပြီးတော့ လက်တွေ့ မြေပြင်မှာ ဘယ်လို ဆက်သွားနေသလဲ ဆိုတာကို သာ realistically စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တော်လှန်ရေး ကို အရှိန်အဟုန်မပျက် အဆုံးသတ် တိုက်ပွဲ အထိ နည်းနာ အစုံ သုံးပြီး သွားကြဖို့ နဲ့ မဟာမိတ်များ အပေါ် နားလည်ယုံကြည် ကြဖို့ပါပဲ"လို့ပြောကြားထားပါတယ်။

ဒီဇင်ဘာ၂၉ရက်နေ့မှာ အာရက္ခတပ်တော်ကထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင်နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အသင့်ရှိကြောင်းပါဝင်ကာ မြန်မာပြည်တွင်းရှိတိုင်းရင်းသားညီအကိုများနဲ့အကောင်းဆုံးသော ညီအကိုမိတ်ဆွေအဖြစ်ဆက်လက်ရပ်တည်သွားမယ်လို့လည်းပါရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။⁩⁨ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဝေဖန်မှုများကိုလက်ခံပြီး တော်လှန်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက  အသိပေးပြောကြား


ဒီဇင်ဘာ၃၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့  ဝေဖန်မှုများကိုလက်ခံပြီး တော်လှန်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြည်သူမှပြည်သူသို့အစီအစဥ်မှာ အသိပေးပြောကြားလိုက်ပါတယ်။

"NUGကိုဝေဖန်တာတွေတွေ့ပါတယ်။ဒီတော်လှန်ရေးကအားလုံးကိုယ့်အလုပ်ကိုယ်လုပ်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဆရာတို့ကိုယ့်အလုပ်ကိုယ်လုပ်နေကြပါတယ်။NUGကNUGလုပ်ရမယ့်အလုပ်ကိုလုပ်နိုင်သလောက်အစွမ်းကုန်လုပ်နေတယ်။စစ်ရေးအရ၊နိုင်ငံရေးအရ၊နိုင်ငံတကာရေးရာအရ၊ဘဏ္ဍာရေးအရအားလုံးသိတဲ့အတိုင်းပဲအစွမ်းကုန် လုပ်နေတယ်။ဒီလိုအစွမ်းကုန်အလုပ်ကိုအားလုံးဆက်ပြီးလုပ်ကြဖို့လိုတယ်။ဆက်ပြီးတော့တိုင်းရင်းသားအင်အားစုအသီးသီးရော၊တော်လှန်ရေးအင်အားစုအသီးသီးရောပေါ့။နောက်ပြီးစစ်ကိုင်းလိုနေရာမျိုးမှာမညီမညွတ်ဖြစ်နေတာတွေကိုညီညွတ်အောင်လုပ်ဖို့လိုတယ်"လို့ဝန်ကြီးကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်၏အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီးတိုင်လုံးဝချုပ်ငြိမ်းပျက်သုဥ်းသွားသည့်အထိ တိုက်ဖျက်ရန်မျှော်မှန်းထားတယ်လို့ KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြောကြား


ဒီဇင်ဘာ၃၀ရက်


မဟာလူမျိုးကြီးဝါဒနှင်အာဏာရှင်စနစ်၏အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီးတိုင်လုံးဝချုပ်ငြိမ်းပျက်သုဥ်းသွားသည့်အထိ တိုက်ဖျက်ရန်မျှော်မှန်းထားတယ်လို့ KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက 

ကရင်နှစ်သစ်ကူးနေ့ သို့ ပြောကြားသည့်မိန့်ခွန်းတွင် ပြောကြားလိုက်ပါတယ်။

"မိမိတို့ယခုထိတိုင်ဆင်နွှဲတိုက်ပွဲဝင်နေခြင်းသည် ယနေ့ခေတ်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်တခုတည်းအတွက်သာမက ဤနိုင်ငံတွင်းရှိမဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ်၏အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီးတိုင်လုံးဝချုပ်ငြိမ်းပျက်သုဥ်းသွားသည့်အထိတိုက်ဖျက်ရန်မျှော်မှန်းထားပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင်အကြမ်းဖက်စစ်တပ်ဟာ ကြပ်တည်းမှု၊ ခက်ခဲမှုများကို ရင်ဆိုင်နေရပြီ ဖြစ်ပြီး  စစ်စခန်း ကြီး၊ငယ် အများအပြားနှင့် မြို့ကြီး၊မြို့ငယ် အများအပြားကိုလည်း လက်လွတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်ကြောင်းထပ်လောင်းပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ တောင်ကိုရီးယား ခရီးသည်တင် လေယာဉ် ပျက်ကျမှုအသက်ဆုံးခဲ့ရသူနှင့်မိသားစုအတွက်ဝမ်းနည်းကြောင်းကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးထုတ်ပြန်


ဒီဇင်ဘာ၃၀ရက်


တောင်ကိုရီးယား ခရီးသည်တင် လေယာဉ် ပျက်ကျမှုအသက်ဆုံးခဲ့ရသူနှင့်မိသားစုအတွက်ဝမ်းနည်းကြောင်းကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဥ်အပေါ် မမျှော်လင့်ကြောင်းနဲ့ ကိုရီးယားပြည်သူများကဲ့သို့ပင် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ဂျယ်ဂျူ လေကြောင်းက ပျံသန်းပြေးဆွဲတဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ခရီးသည် ၁၇၅ ဦး၊ လေယာဥ်ဝန်ထမ်း ဦးနဲ့အတူပျံတက်လာခဲ့ပြီး မူအန်ကို အဆင်းမှာ ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါမီးလောင်ပေါက်ကွဲမှုမှာလေယာဥ်ဝန်ထမ်း၂ ဦးသာ အသက်ရှင်ခဲ့ပြီး ကျန်တဲ့ ၁၇၉ ဦးကတော့ သေဆုံးသွားပြီလို့ကိုရီးယားသတင်းဌာနများကဖော်ပြကြပါတယ်။

လက်ရှိမှာစစ်ကိုင်းတိုင်းတွင်ဖြစ်ပွားနေသော အရပ်သားများအပေါ်ကျူးလွန်မှုအချို့နဲ့ဖြစ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်လျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၆။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်အားခမရတဲ့ မြန်မာလုပ်သား၁၀ဦးအရေးကို ဘန်ကောက်ခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့


ဒီဇင်ဘာ၃၀ရက်


ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်အားခမရတဲ့ မြန်မာလုပ်သား၁၀ဦးအရေးကို ဘန်ကောက်ခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ဘန်ကောက်မြို့၊ ပသိုနမ်းကုန်တိုက်ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား (၁၀)ဦးသည် ၎င်းတို့ အလုပ်လုပ်သော စားသောက်ဆိုင်မှ လုပ်အားခများ မရှင်းပေးဘဲ ဆိုင်ပိတ်လိုက်ကြောင်း၊ အခြားအလုပ်လည်း ရှာမပေးသဖြင့် ကူညီဆောင်ရွက်ပေးပါရန် တိုင်ကြားလာတယ်လို့ဆိုပါတယ်။အဆိုပါကိစ္စရပ်အားဘန်ကောက်ခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ကြောင်းသိရပါတယ်။အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား တိုင်ကြားရေးယန္တရား - အလုပ်သမားဝန်ကြီးဌာန page တွင်လည်း လာရောက်တိုင်ကြားနိုင်ကြောင်းသတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများသို့စကစစစ်ကြောင်းများစစ်ကြောင်းထိုးဝင်ရောက်နေ


ဒီဇင်ဘာ၃၀ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများသို့စကစစစ်ကြောင်းများစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒီဇင်ဘာ၃၀ရက် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အတည်ပြုဆိုထားပါတယ်။

"ဒီဇင်ဘာ၃၀ရက်မနက်၆နာရီ၂၅အချိန်ကန့်ဘလူမြို့နယ်၊စံပါယ်နံ့သာအထိုင်မှ ထွက်လာသော စကစ+ပျူအင်အား  ၃၀ ခန့်သည် ရေအေးသို့ ပစ်ဝင်ပြီး 7:15AMခန့်တွင် စံပါယ်နံ့သာသို့ပြန်ဝင်သွားကြောင်းသိရတယ်"လို့ဆိုပါတယ်။

အလားတူ၈နာရီ၂၀အချိန်ကန့်ဘလူမြို့နယ် မြကန်သာကျေးရွာမှ ထွက်လာသော စကစ+ပျူ အင်အား(၃၀)ကျော်ခန့်သည် တုန်ဖုန်းကား၁စီး၊ကားပေါက်စ၂စီး၊တိုက်ခိုက်ရေး(Drone).၂စီးပါတင်ဆောင်ပြီး ဆားကုန်းရွာသို့ရောက်ရှိနေကြောင်းသိရတယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စစ်တပ်အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံတဲ့ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်တယ်လို့အာရက္ခတပ်တော်ထုတ်ပြန်


ဒီဇင်ဘာ၃၀ရက်


အကြမ်းဖက်စစ်တပ်အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံတဲ့ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်တယ်လို့ အာရက္ခတပ်တော်က ဒီဇင်ဘာလ (၂၉) ရက်မှာထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး  ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီးတပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့ပါတယ်။

တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့ပြီးဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရတယ်လို့ဆိုပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့အာရက္ခတပ်တော်ကသတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩 ၃။ အသက် (၁၅)နှစ်အရွယ် Grade (7)ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ထားသူကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းသိမ်းထားပြီး၊ ရာဇသတ်ကြီးပုဒ်မ (၃၇၆)ဖြင့်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ကတရားစွဲဆိုထား


ဒီဇင်ဘာ၃၀ရက်


တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အသက်(၁၅) နှစ်အရွယ် Grade(7) ကျောင်းသူ အမျိုးသမီးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ အဓမ္မကျင့်ကြံခံရခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရခြင်းများကို ကြုံတွေ့ခဲ့ရတယ်လို့ ဒီဇင်ဘာ၃၀ရက်မှာ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ဒီဇင်ဘာ၉ရက်ည ()အချိန်ခန့်တွင် ကျောင်းသူသည် နေအိမ်၌   ညီအစ်မများနှင့်အတူအိပ်ပျော်နေစဥ် အသက်(၃၅) အရွယ် အမျိုးသားတစ်ဦး (စစ်သား CDM,) သည် မီးဖွင့်ထားသည်ကို ပိတ်၍ ကျောင်းသူငယ်၏ အိပ်ရာအတွင်း၀င်လာပြီး ထိုကျောင်းသူ နှိုးလာစဥ် ဓါးဖြင့်လည်ပင်းကိုထောက်ကာခြိမ်းခြောက်စကားဆို၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အဓမ္မကျင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့အတည်ပြုဆိုထားပါတယ်။

ထိုဖြစ်စဥ်အပြီး နောက်နေ့ နေ့လယ်တွင် ကျောင်းသူမှ အစ်မဖြစ်သူနှင့် မိဘများအား ဖြစ်စဥ်ကို ပြောပြရာမှ ကျောင်းသူငယ် ပြောပြသည့် အသွင်လက္ခဏာများကို ခန့်မှန်းကာ တာ၀န်ရှိသူများနှင့် ပူးပေါင်း၍ ကျူးလွန်သူ  အမျိုးသားအား ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။

ထိုအမျိုးသားသည် ကျေးရွာတွင် နေထိုင်ခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုကာလမှ CDM အဖြစ်  ရောက်လာသော စစ်သားတစ်ဦးဖြစ်ကြောင်း သိရပြီးကျောင်းသူငယ်ကို လိုအပ်သော ဆေးကုသများပြုလုပ်ပေးထားကာ မြို့နယ်ဘုတ်အဖွဲ့တာ၀န်ခံများမှ တွေ့ဆုံကာ ဖြစ်စဥ်ကိုအသေးစိတ်မေးမြန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြည့်ရှုစောင့်ရှောက်ခြင်းများကို မြေပြင်တာ၀န်ခံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

လက်ရှိအချိန်တွင် ကျူးလွန်သူ အမျိုးသားအားမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းသိမ်းထားပြီး၊ ရာဇသတ်ကြီးပုဒ်မ (၃၇၆)ဖြင့်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ကတရားစွဲဆိုထားကြောင်းသိရပါတယ်။


========================


🚩🚩 ၄။ ၂၀၂၅ နှစ်သစ်ကစပြီး အားနည်းချက်များကို ပြုပြင်ပြောင်းလဲ၍  မြို့နယ်ပအဖနှင့် တပ်ရင်းတပ်ဖွဲ့များ ပိုမိုပူးပေါင်းလက်တွဲညီညီ ဆောင်ရွက်သွားရန်ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ချ


ဒီဇင်ဘာ၃၀ရက်


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ်ပုံမှန် အစည်းအဝေး (၁၀/၂၀၂၄) ကို ၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ(၂၉)ရက်မွန်းတည့်(၁၂)နာရီအချိန်တွင်ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် အကြမ်းဖက်စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွက်အသက်ပေးသွားသော ကနီမြို့နယ် ပညာ ရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့်မိသားစုအား အလေးပြုပါကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပညာရှင်အသီးသီးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ကာကွယ်ရေး၊လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အားသာချက်၊ အားနည်းချက်များရှိကြောင်း၊၂၀၂၅ နှစ်သစ်ကစပြီး အားနည်းချက်များကို ပြုပြင်ပြောင်းလဲ၍ အားသာချက်များကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားရန်၊ မြို့နယ်ပအဖနှင့် တပ်ရင်းတပ်ဖွဲ့များ ပိုမိုပူးပေါင်းလက်တွဲညီညီ ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော အခွန်အကောက်ဂိတ်များ ဘဏ္ဍာငွေအလေ အလွင့်မရှိစေရေး ပိုမိုစိစစ်ဆောင်ရွက်သွားရန်၊လုပ်ငန်းလိုင်စင်အခွန်များ ကောက်ခံနိုင်ဖို့ ဆောင်ရွက်သွားရန် စသဖြင့် အသီးသီးဆွေးနွေးခဲ့ပါတယ်။

ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ခန့်အပ်ရန် ကျန်ရှိသည့် တာဝန်ခံများအား ခန့်အပ်နိုင်ခဲ့ပါတယ်။

အစည်းအဝေးသို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နာယကများ၊ အဖွဲ့ခေါင်းဆောင်နှင့် ရေးရာတာဝန်ခံများတက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩 ၅။ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း  အရပ်သားနေအိမ်ပေါင်း သိန်း ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ


ဒီဇင်ဘာ၃၀ရက်


စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း  အရပ်သားနေအိမ်ပေါင်း သိန်း ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း Data for Myanmarကထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း  အရပ်သားနေအိမ်ပေါင်း ၁၀၆,၄၀၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုမီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာစစ်ကိုင်းတိုင်းဟာ ၆၉ ရာခိုင်နှုန်းနဲ့အများဆုံးနေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း   စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်ရပ်ကွက်တွေနဲ့ ခင်ဦးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကိုလည်းစကစတပ်နဲ့လက်အောက်ခံအဖွဲ့များဟာပိုမိုမီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment