30th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။⁨⁨⁨ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ဖွဲ့စည်းသည့်အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်းယာယီသမ္မတ အသိအမှတ်ပြုစာလွှာ ပေးပို့

📌 ⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး (/၂၀၂၅) ကျင်းပပြုလုပ်

📌 ⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ  ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပ

📌 ⁨⁨⁨၅။ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ရဲများနဲ့ လဝကအရာရှိများက မြန်မာကျောင်းသား၂၀၀နီးပါး တက်နေတဲ့ ကျောင်းကို ခွင့်ပြုချက်မရှိဘဲ ကျောင်းဖွင့်လှစ်တယ် လို့ ဆိုကာ အရေးယူ

📌 ⁨⁨⁨၆။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းအသီးသီး၏ တာဝန်ခံများမှ ဂျပန်နိုင်ငံ အာဏာရပါတီနှင့် အခြားနိုင်ငံရေးပါတီ ခု၏ ခေါင်းဆောင်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွာသော အခြေအနေများ ရှင်းပြ

📌 ⁨⁨⁨၇။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်များနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများအပေါ် ကတိကဝတ်များကို ဆက်လက်အလေးပေးမယ်လို့ ဂျာမနီသံရုံးနဲ့ ပြင်သစ်သံရုံး ရန်ကုန်တို့ သတင်းထုတ်ပြန်

📌 ⁨⁨⁨၈။ တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့ ကျားဖျန့်လုပ်ငန်းများ ရှိရာ  ရွှေကုက္ကိုလ်မြိုင်ကို မဲဆောက်ဘက်ကမ်းကနေ သွားရောက်ကြည့်ရှု


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့မှ လက်နက်ကြီးများနဲ့ ပစ်ခတ်ရာ နေအိမ် ၁လုံး ပျက်စီး

🚩 ⁨⁨၂။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၃။မိုးဗြဲတွင် အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာတဲ့ စစ်ကောင်စီ တပ်သား ဦးကို သွားရောက်ကယ်ထုတ် 

🚩 ၄။ စစ်ခေါင်းဆောင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတကို သရော်တဲ့ လှုပ်ရှားမှုပြုလုပ်

🚩၅။ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်နေ

🚩 ၆။ စစ်ကောင်စီ အရာခံ ဗိုလ်တဦး လက်နက်နဲ့တကွ KNDF ထံ ဘက်ပြောင်းခိုလှုံ

🚩 ၇။ ဇန်နဝါရီလ ရက်နေ့မှဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦးပါဝင်

🚩 ၈။ TNLA တပ်မဟာမှူး နဲ့ ကျောက်မဲ PDF အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခရိုင်မှူးတို့ သိမ်းပိုက်ထားတဲ့နယ်မြေကို သွားရောက်ကြည့်ရှုစစ်ဆေး

🚩 ၉။ မူဆယ်မှာ အမျိုးသားတဦး မိုင်းနင်းမိပြီး ဒါဏ်ရာပြင်းထန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။⁨⁨⁨ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ဖွဲ့စည်းသည့်အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်းယာယီသမ္မတ အသိအမှတ်ပြုစာလွှာ ပေးပို့


ဇန်နဝါရီ၂၉ရက်


ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) ကို ၂၀၂၄ ဒီဇင်ဘာလ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် ပညာရေးဌာနများ၊ တိုင်းရင်းသားအခြေပြု. ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပညာရေးဆိုင်ရာ ပညာရှင်များ ပါဝင်ဖွဲ့စည်းလိုက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါဇန်နဝါရီ ၂၉ရက် ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြိုဆိုခဲ့ပါတယ်။


ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) အနေဖြင့် ယခုကာလမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ပြည်ထောင်စုတဝှမ်း ကျင့်သုံးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် ယာယီသမ္မတမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၂၉ရက်


ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ဟာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့၊(၁၄း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးပွဲတွင် FSCC အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့အပါအဝင် အတွင်းရေးမှူးအဖွဲဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီးတွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွက် တော်လှန်ရေးကာလ(သို့မဟုတ်)အသွင်ကူးပြောင်းရေးကာလ အစီအမံ/ ဖွဲ့စည်းပုံအခြေဥပဒေနှင့် စပ်လျဉ်းသော သဘောထားများကိုဆွေးနွေးခဲ့ပါတယ်။


ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ တာဝန်ရှိ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး (/၂၀၂၅) ကျင်းပပြုလုပ်


ဇန်နဝါရီ ၂၉ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်မန္တ‌လေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေး  အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၅)ကို ယနေ့နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်‌ရေးရာဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။


ထို့နောက်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို  (:၃၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။


========================


📌📌 ⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ  ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပ


ဇန်နဝါရီ ၂၉ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ပါ   ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးမှ  နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ ဆောင်ရွက်ပြီးစီးခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) လေ့လာသုံးသပ်ရေးဆိုင်ရာကိစ္စရပ်များ၊ရှေ့လုပ်ငန်းစဉ်များကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း၊ ခရိုင်၊မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များမှ   တာဝန်ရှိသူများက  သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါတယ်။


 ထို့နောက် ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ (၁၂:၃၀) နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း၊ ခရိုင်၊မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။⁩⁨⁨


========================


📌📌 ⁨⁨⁨၅။ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ရဲများနဲ့ လဝကအရာရှိများက မြန်မာကျောင်းသား၂၀၀နီးပါး တက်နေတဲ့ ကျောင်းကို ခွင့်ပြုချက်မရှိဘဲ ကျောင်းဖွင့်လှစ်တယ် လို့ ဆိုကာ အရေးယူ


ဇန်နဝါရီ ၂၉ရက်


ထိုင်းနိုင်ငံ၊ Surat Thani ခရိုင် Phangan ရဲစခန်းမှ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် ရဲများသည် ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်တွင် ခွင့်ပြုချက်မရှိဘဲ ကျောင်းအဖြစ် လည်ပတ်နေသည့် Koh Phangan ခရိုင်ရှိ Koh Phangan International ဘုရားကျောင်းကို စုံစမ်းစစ်ဆေးခဲ့ကြောင်း Khaosod English မှ သတင်းဖော်ပြထားပါတယ်။


ကျောင်းထဲတွင် မြန်မာကျောင်းသူ၊ ကျောင်းသား ၁၉၀ ကျော်ရှိပြီး မြန်မာဆရာ ယောက်နဲ့ ကျောင်းတက်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ပါဝင်ပတ်သက်သူများအားလုံးကို "ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်ခြင်း" နှင့် "အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်း" တို့ဖြင့် အရေးယူထားကြောင်း ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨၆။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းအသီးသီး၏ တာဝန်ခံများမှ ဂျပန်နိုင်ငံ အာဏာရပါတီနှင့် အခြားနိုင်ငံရေးပါတီ ခု၏ ခေါင်းဆောင်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွာသော အခြေအနေများ ရှင်းပြ


ဇန်နဝါရီ ၂၉ RadioNUG 


ဇန်နဝါရီလ၂၈ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းအသီးသီး၏ တာဝန်ခံများမှ လက်ရှိအာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ခုမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း ဆိုးရွားလျက်ရှိသော အခြေအနေများ၊ လေကြောင်းမှ အပြစ်မဲ့ပြည်သူများအား ဗုံးကျဲနေမှုများ၊ မတရားစစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ဘဝလုံခြုံမှုမရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။


ထို့နောက်  လွှတ်တော်ရုံးအတွင်း ပြုလုပ်မည့် မြန်မာ့အရေးကြားနာပွဲ တက်ရောက်ပေးရန်နှင့် ဂျပန်အစိုးရကို တောင်းဆိုသည့် Sign Campaign တွင် လက်မှတ်ရေးထိုးတောင်းဆိုပေးပါရန် မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။


ဂျပန်နိုင်ငံ၏  အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသားများအတွက် အင်မတန် စိတ်ပူကြောင်း၊ ၎င်းတို့အနေဖြင့် တတ်နိုင်သည့်အပိုင်းမှ ကူညီလိုစိတ်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၇။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်များနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများအပေါ် ကတိကဝတ်များကို ဆက်လက်အလေးပေးမယ်လို့ ဂျာမနီသံရုံးနဲ့ ပြင်သစ်သံရုံး ရန်ကုန်တို့ သတင်းထုတ်ပြန်


ဇန်နဝါရီ ၂၉ရက်


ပြင်သစ်-ဂျာမနီ ချစ်ကြည်ရေးစာချုပ် (Elyse Treaty) ချုပ်ဆိုခဲ့ခြင်း (၆၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြင်သစ်သံရုံးမှ လုပ်ဖော်ကိုင်ဖက်များအား ဂျာမန်သံရုံး ရန်ကုန်အဖွဲ့ဝင်များက ကြိုဆိုတွေ့ဆုံခဲ့ကြတယ်လို့ ဇန်နဝါရီ ၂၉ရက်မှာ  ဂျာမန်သံရုံး ရန်ကုန်က တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


 မြန်မာနိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးကို နှစ်နိုင်ငံ သံရုံးတာဝန်ရှိသူများကဆွေးနွေးခဲ့ပြီးနှစ်ဘက်သံရုံးတာဝန်ခံအကြီးအကဲများက ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ၎င်းတို့၏ ဘုံအမြင်ကို ထုတ်ဖော်မျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။


ထို့အပြင် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်များနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများအပေါ် ကတိကဝတ်များကို ဆက်လက်အလေးပေးဖော်ပြခဲ့ကြပြီးသံအဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိဂျာမန်ယဉ်ကျေးမှုဌာန Goethe Institute နှင့်  ပြင်သစ် ယဉ်ကျေးမှုဌာန French Institute တို့ ပူးပေါင်းဆောင်ရွက်နေသည့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။⁩⁨


========================


📌📌 ⁨⁨⁨၈။ တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့ ကျားဖျန့်လုပ်ငန်းများ ရှိရာ  ရွှေကုက္ကိုလ်မြိုင်ကို မဲဆောက်ဘက်ကမ်းကနေ သွားရောက်ကြည့်ရှု


ဇန်နဝါရီ ၂၉ RadioNUG 


ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ထိုင်းနိုင်ငံ ရောက်နေတဲ့ တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးသည်   မဲဆောက်သို့ ရောက်ရှိလာပြီး မဲဆောက်ဘက်ခြမ်းမှနေ၍ တစ်ဖက်ကမ်းရှိ ကျားဖျန့်ငွေလိမ်ဂိုဏ်းများ ရှိရာ ရွှေကုက္ကိုလ်မြိုင်ကို သွားရောက်ကြည့်ရှုကြောင်း The Reportersမှာ ဖော်ပြထားပါတယ်။


မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီဘက်တွင် တရုတ်ကုမ္ပဏီဖြစ်သည့် ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) နှင့်  စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေကြသည့် ရွှေကုက္ကိုလ်မြိုင်ရှိ ကျားဖျန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံနေရမှုအရေးအတွက် တရုတ်ဒုဝန်ကြီးက ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါတယ်။


ရွှေကုက္ကိုလ်မြိုင်စီမံကိန်းမှာ နှစ် (၉၀) လုပ်ကိုင်ခွင့်ရထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြီးထွားလာကာ အွန်လိုင်းအသုံးပြု ငွေကြေးလိမ်လည်သည့် လုပ်ငန်းများဖြင့် ပိုမိုနာမည်ကြီးလာပါတယ်။


တရုတ်နိုင်ငံသားများကို လူကုန်ကူးမှု အပါအဝင် ငွေကြေးလိမ်လည်မှု ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြန့်များကို ပြီးခဲ့သည့်နှစ်အတွင်း ဖြိုခွင်းကာ ကျူးလွန်သူများကို တရုတ်အစိုးရက ဖမ်းဆီးထားပြီးဖြစ်ပါတယ်။


တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များသည် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် အခြေချကာ ငွေကြေးလိမ်လည်မှုနှင့် အဆိုပါအလုပ်များ စေခိုင်းရန် လူကုန်ကူးမှုများကို ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊မင်းစစ်သွေးနှင့်ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩



========================


========================




🚩🚩 ၁။⁨⁨⁨⁨⁨ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့မှ လက်နက်ကြီးများနဲ့ ပစ်ခတ်ရာ နေအိမ် ၁လုံး ပျက်စီး


ဇန်နဝါရီ ၂၉ RadioNUG 


ဇန်နဝါရီလ ၂၉ ရက် နေ့လယ်ပိုင်းတွင် ညောင်ရွှေမြို့နယ် ရေပူကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA တို့က  ဖယ်ခုံ အနောက်ဖက်ကမ်းရှိ နန်း‌တောင်း မိုးဦး မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ သတင်းဖော်ပြထားပါတယ်။


ရေပူရွာရှေ့ကို ၁၉ လုံး ကျရောက်ခဲ့ပြီး ရေပူရွာထဲသို့ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူနေအိမ် လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၂၉ ရက် တစ်ရက်ထဲမှာပင်လက်နက်ကြီးအရေအတွက် ၂၃ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ⁨⁨၂။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဇန်နဝါရီ ၂၉ ရက်၊ Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် အတွင်း စစ်ကောင်စီ တပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၄ ရက် နာရီခွဲ အချိန်မှာ ဆောထိမြို့နယ်၊ ဝိုင်းကျွန်း ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မဝင်းပပသိန်းနဲ့ မောင်အောင်မြင့်မြတ်တို့ ဦး ဒဏ်ရာရခဲ့ပါတယ်။


ထို့အပြင် ဇန်နဝါရီ ၂၇ ရက် နေ့လည် ၁၁ နာရီ ၄၀ မိနစ်ကလည်း ညောင်ပင်ကြီး ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် တဦး အပါအဝင် အရပ်သား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း ကျောင်းနဲ့ လူနေအိမ် တချို့ ထိခိုက်ပျက်စီး ခဲ့ပါတယ်။


အလားတူ ဇန်နဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၃၅ မိနစ်တွင် ညောင်လေးပင် အခြေစိုက် စစ်ကောင်စီ တပ်က ဒရုန်းနဲ့ ပျဉ်ရေကျေးရွာ အတွင်းကို ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၆၉ နှစ်အရွယ် ဒေါ်စန်းမြင့် ဆိုသူ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


မူးမြို့နယ် အတွင်းမှာလည်း ဇန်နဝါရီလ ၂၇ ရက်နေ့ နာရီ ၅၅ မိနစ်မှာ ကုန်းချောင်းဝရှိ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ နတ်တလင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ် အရွယ် ကလေး တဦးနဲ့ အသက် ၈၄ နှစ်အရွယ် အဖွားအို တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။မိုးဗြဲတွင် အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာတဲ့ စစ်ကောင်စီ တပ်သား ဦးကို သွားရောက်ကယ်ထုတ် 


ဇန်နဝါရီ ၂၉ ရက်၊ Radio NUG


ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၄၂၂) မှ တပ်သား ဦး လက်နက်မဲ့ အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ကယ်ထုတ် ခဲ့တယ်လို့ Southern Shan Local Revolution Union က သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် နာရီခန့်မှာ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နဲ့ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) တို့က သွားရောက်ကယ်ထုတ် ခဲ့တာဖြစ်ပြီး Phoenix Battlelion ကလည်း ပါဝင်ကူညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတပ်သား ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေနဲ့ အဓမ္မ လူသစ်စုဆောင်း ခံခဲ့ရသူများဖြစ်ကြကာ ခမရ - ၅၀၈ တပ်ရင်းကနေ ခမရ - ၄၂၂ တပ်ရင်းမှာ တာဝန်ကျနေခဲ့တာလို့ သိရပါတယ်။


၎င်းတို့ဟာ ပူးပေါင်းအဖွဲ့ထံ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆက်သွယ်ချိတ်ဆက် လာခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက် နေ့မှာ ၎င်းတို့ကို ကယ်ထုတ်မယ့် မစ်ရှင်ကို စတင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတပ်သား ဦးကို လုံခြုံတဲ့နေရာမှာ ထားရှိပြီး ၎င်းတို့ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသွားမယ်လို့ ဖော်ပြထားကာ မတရားစစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့လည်း စစ်ကောင်စီလက်က ရုံးထွက်ပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၄။ စစ်ခေါင်းဆောင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတကို သရော်တဲ့ လှုပ်ရှားမှုပြုလုပ်


ဇန်နဝါရီ ၂၉ RadioNUG 


ဇန်နဝါရီလ ၂၉ရက်နေ့ ရန်ကုန်တွင် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးပေါင်း၍ အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြု သရော်တဲ့ ဝက်ဝံရုပ်ဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ်ဝင်ရောက်ခြယ်လှယ်ခြင်း၊ မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် စိုးမိုးနေခြင်း စသည့်ဘအခြေအနေများအား သရုပ်ဖော်၍ ဓာတ်ပုံရိုက်ခြင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ လှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) နှင့် ရန်ကုန်တော်လှန်ညီနောင် ()ဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ယင်းလှုပ်ရှားမှုသည် တရုတ်အစိုးရ၏ မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ပါဝင်ခြယ်လှယ်နေခြင်း၊ အာဏာသိမ်းစစ်တပ်၏ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၊ ဖိနှိပ်ချုပ်ခြယ်နေမှုများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ရှိတဲ့ ကျေးလက်ဒေသများ၊ စစ်ဘေးရှောင်စခန်းများအား ရည်ရွယ်ချက်ရှိရှိ စစ်ရဟတ်ယာဥ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ စသည့်လုပ်ရပ်များအပေါ် မျက်ကွယ်ပြု၍ အကြမ်းဖက်စစ်တပ်ဘက်မှ ထောက်ခံရပ်တည်နေသည့် လုပ်ရပ်များအပေါ် ရှုတ်ချပြီး တရုတ်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသော နည်းလမ်းဖြင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးဘက်မှ ရပ်တည်ပေးပါရန် အင်အားစုများမှ တောင်းဆိုထားပါတယ်။


========================


🚩🚩၅။ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်နေ


ဇန်နဝါရီ ၂၉ ရက်၊ Radio NUG


အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် အတွင်းက မြို့ရွာများမှာ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းဌာန ဖြစ်တဲ့ APM က ဖော်ပြထားပါတယ်။


ယာဉ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခ စစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တို့က ပြည်သူလူထုတို့ ယာဉ်အန္တရာယ် မဖြစ်စေဖို့ အထူးကြပ်မတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းရန်၊ မေးသိုင်းကြိုး တပ်ရန်၊ လူ ယောက်ထက် ပိုမစီးရန် စတဲ့စည်းကမ်းတွေကို သတိပေး နှိုးဆော်နေပြီး လမ်းခွဆုံနဲ့ အဝေးပြေးလမ်းတွေမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေကို ဆိုင်းဘုတ် တွေထောင်ပြီး သတိ‌ပေးထားကာ နောက်နောင် ချိုးဖောက်ပါက အပြစ်ပေး အရေးယူမယ်လို့ သိရပါတယ်။


အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်မှာ အကြမ်းဖက် စစ်ကောင်စီ လုံးဝကင်းစင်ရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်နေချိန်နဲ့ တပြိုင်နက် သိမ်းပိုက်ထိန်းချုပ် ထားပြီးတဲ့ မြို့ရွာများမှာ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို ပြည်သူ့ တော်လှန်ရေး အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပြီး အင်တိုက်အားတိုက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီ အရာခံ ဗိုလ်တဦး လက်နက်နဲ့တကွ KNDF ထံ ဘက်ပြောင်းခိုလှုံ


ဇန်နဝါရီ ၂၉ ရက်၊ Radio NUG


ကရင်နီ ပြည်နယ်၊ ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်ရင်းက အရာခံ ဗိုလ်တဦး KNDF ထံ လက်နက် နှင့်တကွ ဘက်ပြောင်း ခိုလှုံလာတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ ၂၇ ရက်နေ့မှာ ၎င်းစစ်ကောင်စီ အရာခံဗိုလ် တဦးဟာ MA-3 သေနတ် တလက်၊ ဆက်ဆက်ပစ္စည်းများ နှင့်အတူ KNDF ထံ ထွက်ပြေးရောက်ရှိ လာတာလို့ ဆိုပါတယ်။


ဘက်ပြောင်းလာတဲ့ အရာခံ ဗိုလ်ဟာ စစ်မှုထမ်းသက် နှစ် ၄၀ ကျော် ရှိပြီး မတရားတဲ့ လုပ်ရပ်များနဲ့ အာဏာရှင် စနစ်ဆိုးအောက် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် KNDF ထံ ထွက်ပြေး ခိုလှုံလာခဲ့တာလို့ ဖော်ပြထားပါတယ်။


၎င်းစစ်ကောင်စီ တပ်သားကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်များအနေနဲ့ အာဏာရှင် လူတစုရဲ့ အကျိုးစီးပွား အတွက် ရပ်တည်နေမယ့် အစား ပြည်သူလူထုထံ ခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာ ရှိစွာ ရှင်သန် ကြဖို့ကို KNDF က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ ဇန်နဝါရီလ ရက်နေ့မှဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦးပါဝင်


ဇန်နဝါရီ၂၉ရက်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆၁) ဦးနှင့် အမျိုးသား (၉၃) ဦး စုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦးပါဝင်တယ်လို့ သိရပါတယ်။


အဆိုပါ သေဆုံးသူများအနက် (၉၇) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နေ့လယ် နာရီ ၁၈ မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ် () ရပ်ကွက်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိုရပ်ကွက်အတွင်းရှိ ညဈေးတန်းပေါ်သို့ ကျရောက်ကွဲခဲ့သဖြင့် ဒေသခံ ကိုမျိုးမြင့်ထွေးအား ဗုံးစထိမှန်ကာ ဦးခေါင်းပြတ်၍ သေဆုံးခဲ့ရပါတယ်။


========================


🚩🚩 ၈။ TNLA တပ်မဟာမှူး နဲ့ ကျောက်မဲ PDF အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခရိုင်မှူးတို့ သိမ်းပိုက်ထားတဲ့နယ်မြေကို သွားရောက်ကြည့်ရှုစစ်ဆေး


ဇန်နဝါရီ ၂၉ RadioNUG 


PSLF/TNLA တပ်မဟာ နယ်မြေ တပ်မဟာမှူး နဲ့  ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကျောက်မဲခရိုင် တပ်ရင်း အထူးတိုက်ခိုက်ရေးအဖွဲ့က ခရိုင်မှူးတို့က သိမ်းပိုက်ထားတဲ့ နယ်မြေကိုသွား ရောက်ကြည့် ရှု့စစ်ဆေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျောက်မဲခရိုင်တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်မှူကြီး တားခြိုူဝ်မျိုး နဲ့ ခရိုင်အထူးတိုက်ခိုက် ရေးတပ်ဖွဲ့ ခရိုင်မှူး ကိုကောင်း တို့က နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ မူဆယ်မှာ အမျိုးသားတဦး မိုင်းနင်းမိပြီး ဒါဏ်ရာပြင်းထန်


ဇန်နဝါရီ ၂၉ ရက်၊ Radio NUG


ရှမ်းပြည်နယ်‌၊ မြောက်ပိုင်း၊ တအောင်း တပ်မတော် (TNLA) တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတဦး မြေမြှပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၂၇ ရက်၊ မနက် နာရီ ၄၃ မိနစ်ခန့်မှာ အသက် ၃၀ အရွယ်ရှိ ဦးဟိန်းဇော်ဌေး ဆိုသူဟာ ကြံခင်းကို သွားနေရင်း စစ်ကောင်စီ လက်ကျန် မြေမြှပ်မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ၎င်းရဲ့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ပြီး ခန္ခာကိုယ်ပေါ်နဲ့ လက်နှစ်ဖက်လုံးမှာ ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ ပန်လုံကျေးရွာမှာ ရွာအနီးက တောတနေရာကို ထင်းခွေ သွားတဲ့ အမျိုးသားတဦး မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊မင်းစစ်သွေးနှင့်ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩









#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment