8th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား လေးနှစ်ပြည့် ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနား CDM အောင်မြင်ရေးကော်မတီကအောင်မြင်စွာကျင်းပပြီးစီး

📌 ⁨⁨⁨⁨⁨⁨၂။ အနာဂါတ်နိုင်ငံတော်ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် CDMပြည်သူ့ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨၃။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းအတည်ပြုပြဌာန်းနိုင်တော့မယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨ စစ်တောင်းနယ်မြေမှာကျန်ရှိနေသေးတဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး စစ်တောင်းကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်း


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သားတွေဟာ ဇာတိရပ်ထံ ပြန်ဝင်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို

🚩 ၂။ Federal Wingsကော်မတီကို အပြီးတိုင်ဖျက်သိမ်းခဲ့ပြီး နောက်ဆုံးငွေ စာရင်းရှင်းတမ်းတွင် ကော်မတီဝင်များ၏ ထည့်ဝင်ငွေများကိုပါ ထည့်သွင်းတင်ပြခဲ့ပြီး

🚩 ၃။ ကပစ-၂၁ ကပစ္စည်းတွေသယ်လာတဲ့ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်သား ၁၁ ဦး သေဆုံး

🚩 ၄။⁩⁨ မိုးဗြဲမြို့မှာ ခြေကုပ်ယူလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အထိနာ

🚩 ၅။ အနန်းကွင်းရွာကို စစ်တပ်က ရက်ဆက် မီးရှို့တဲ့အတွက် အိမ်အလုံး ၅၀ ခန့်ပျက်စီး

🚩 ၆။ မဲပလီစခန်းကဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထပ်မံအလင်းဝင်  

🚩 ၇။⁨ PSLF/TNLA အုပ်ချုပ်တဲ့နယ်မြေမှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တလအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ ၁၂၆ ဦးနဲ့ ရောင်းဝယ်သူ ၁၃ ဦး ဖမ်းဆီးနိုင်ခဲ့ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား လေးနှစ်ပြည့် ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနား CDM အောင်မြင်ရေးကော်မတီကအောင်မြင်စွာကျင်းပပြီးစီး


ဖေဖော်ဝါရီ၈ရက်


ဖေဖော်ဝါရီ၈ရက် CDM အောင်မြင်ရေးကော်မတီ(CDM Success Committee)မှ ဦး‌ဆောင်ကြီးမှူးကျင်းပသော အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတနဲ့ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် CRPHဥက္ကဌ၊NUCCကိုယ်စားလှယ်များ၊တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားတွင် ယာယီသမ္မတဒူဝါလရှီးလမှ ဂုဏ်ပြုအားပေးစကား ပြောကြားရာတွင်"ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရမှာအားသာချက်တွေရှိသလို၊အားနည်းချက်တွေလည်းရှိပါတယ်။ကျနော်တို့အနေနဲ့ပြည်သူလူထုရဲ့ပံ့ပိုး ကူညီမှုတွေကြောင့်အားနည်းချက်ကနေအားသာချက်အဖြစ်ပြောင်းလဲနိုင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒီနေရာမှာကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရကိုအားမလိုအားမရဖြစ်တာတွေရှိကောင်းရှိနိုင်မယ်လို့ထင်ပါတယ်။ဒါကလည်းသဘာဝကျတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်ကျနော်တို့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဝေဖန်ထောက်ပြမှုတွေကိုအမြဲတမ်း လက်ကမ်းကြိုဆိုနေပြီး ပြုပြင်သင့်တာတွေကိုရဲရဲဝံဝံပြုပြင်ပြောင်းလဲနေကြပါတယ်"လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် ပြုပြင်ပြောင်းလဲရေးများကိုလုပ်ဆောင်ရာမှာ ခေါင်းဆောင်ပိုင်းနဲ့အောက်ခြေယန္တရား ပြန်လည်တည့်မတ်ရေးတို့လည်း ပါဝင်တယ်လို့ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


အခမ်းအနားမှာ CDMပြည်သူ့ဝန်ထမ်းများကို တက်ရောက်လာသောပုဂ္ဂိုလ်များမှ စိတ်ဓာတ်ခွန်အားပေးသည့်အနေဖြင့် အားပေးအမှာစကားအသီးသီးပြောကြားခဲ့ကြပြီး CDMအောင်မြင်ရေးကော်မတီကဦးဆောင်ကျင်းပသော အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများအားလေးနှစ်ပြည့်ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ အနာဂါတ်နိုင်ငံတော်ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် CDMပြည်သူ့ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်း


ဖေဖော်ဝါရီ၈ရက်


ဖေဖော်ဝါရီ၈ရက်CDM အောင်မြင်ရေးကော်မတီ(CDM Success Committee) ကဦး‌ဆောင်ကြီးမှူးကျင်းပသော အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလို ပြောကြားခဲ့ပါတယ်။

"CDMပြည်သူ့ဝန်ထမ်းတွေဟာ စွန့်လွှတ်မှုတွေ၊ပေးဆပ်မှုတွေအပြည့်နဲ့ပြည်သူ့နွေဦးတော်လှန်ရေးမှာ အဓိကပါဝင်နေကြတဲ့ဒေါက်တိုင်တွေဖြစ်သလို သဘောထားရပ်တည်မှန်ကန်တဲ့နိုင်ငံဝန်ထမ်းတွေဖြစ်တာနဲ့အညီ တော်လှန်ရေးအတွက်ကျရာကဏ္ဍာကနေဆက်လက်ပါဝင်ပေးကြပြီး အနာဂါတ်နိုင်ငံတော်ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြပါရန်တိုက်တွန်းပြောကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြန်လည်ထူထောင်ရေးနဲ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာမှာ CDMပြည်သူ့ဝန်ထမ်းများကို ဖိတ်ခေါ်လျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းအတည်ပြုပြဌာန်းနိုင်တော့မယ်လို့ဆို


ဖေဖော်ဝါရီ၈ရက်


ဖေဖော်ဝါရီ၈ရက် CDM အောင်မြင်ရေးကော်မတီ(CDM Success Committee)မှ ဦး‌ဆောင်ကြီးမှူးကျင်းပသော အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်မှပြောကြားရာတွင် "CDMပြည်သူ့ဝန်ထမ်းများရဲ့အခန်းကဏ္ဍဟာနိုင်ငံရေးပြုပြင်ပြောင်းလဲဖို့အခန်းကဏ္ဍမှာလည်းအရေးကြီးတာနဲ့အညီ အခုအချိန်မှာ နိုင်ငံ့ဝန်ထမ်းCDMမထားအတွက် CDM မူဝါဒများချမှတ်ထားပြီးတော့ ခိုင်မာတဲ့မူဝါဒများကနေတဆင့် အားကောင်းတဲ့ဥပဒေများပေါ်ပေါက်လာစေရေးအတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းကိုCDMအောင်မြင်ရေးကော်မတီ အပါအဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရဲ့ဥပဒေရေးရာကော်မတီကနေပြီးတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီးတော့မကြာမီကာလမှာပြဌာန်းနိုင်တော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပြည်သူ့ရေးရာကော်မတီက CDMဝန်ထမ်းများကို အရေးပေါ်ထောက်ပံ့မှုများလည်းပေးအပ်နေပြီး စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးသင်တန်းများလည်းဖွင့်လှစ်ခဲ့တယ်လိူ့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨ စစ်တောင်းနယ်မြေမှာကျန်ရှိနေသေးတဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး စစ်တောင်းကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်း


ဖေဖော်ဝါရီ၈ရက်


စစ်တောင်းနယ်မြေတဝန်းမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် စစ်တောင်းကမ်ပိန်း ရန်ပုံငွေ ရှာဖွေမှုကို စတင်နေပြီဖြစ်ရာ ကမ်ပိန်းအောင်မြင်မှုရရှိရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ စစ်တောင်း ကမ်ပိန်းကော်မတီ ဥက္ကဋ္ဌ နန်းကြည်အေးရွှေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

စစ်တောင်းကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီ ရက် မနက်ပိုင်းမှာကျင်းပခဲ့ရာ  ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တောင်ငူခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စောဒဲဖိုး ကော်ဘရာစစ်ကြောင်း စစ်ကြောင်း- စစ်ကြောင်းမှူး ဗိုလ်စောကော်နဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေအပါအဝင် ကမ်ပိန်းအစီအစဉ်မှာပါဝင်တဲ့ တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြ ပါတယ်။

ကော်မတီဥက္ကဋ္ဌ နန်းကြည်အေးရွှေက စစ်တောင်းကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက် ၃ချက်ကို အသိပေးရှင်းပြခဲ့ရာမှာ စစ်တောင်းနယ်မြေတဝန်းမှာ ကျန်ရှိနေသေးတဲ့ စစ်စခန်းအားလုံးကို အပြီးတိုင်ရှင်းလင်းတိုက်ထုတ်ဖို့ ဒီနယ်မြေတ၀ိုက်မှာ နေထိုင်နေကြတဲ့ ပြည်သူလူထုတွေအတွက် စစ်အာဏာရှင်တွေရဲ့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်ရန်စမှုတွေကနေ ကာကွယ်နိုင်တဲ့ အစီအစဉ်တွေ လုပ်ပေးသွားဖို့ အားလုံးမျှော်လင့်တောင့်တနေတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်းရေး လက်တွဲပြီးလုပ်ဆောင်နိုင်ရေးအတွက်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် အရင်လုပ်ဆောင်ခဲ့တဲ့လှုပ်ရှားမှုတွေလိုပဲ အခု စစ်တောင်းကမ်ပိန်းမှာ ဝိုင်းဝန်းကူညီပေးကြဖို့  နန်းကြည်အေးရွှေ က တိုက်တွန်းထားပါတယ်။

စစ်တောင်းကန်ပိန်းကနေ ထိုင်းဘတ် သန်းရှာဖွေမှာဖြစ်ပြီး ကန်ပိန်းကာလဟာ ဖေဖော်ဝါရီ ရက်ကနေ မတ်လ ၃၁ ရက် နေ့အထိဖြစ်လို့ ရံပုံငွေရာဖွေရေးကော်မတီက အသိပေးထားပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် အခုကမ်ပိန်းအစီအစဉ်မှာ ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားအားလုံး ပူးပေါင်း ပါဝင်ပေးကြဖို့ ကော်မတီကလည်း တိုက်တွန်းထားပါတယ်။ 


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။⁨⁨⁨⁨⁨ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သားတွေဟာ ဇာတိရပ်ထံ ပြန်ဝင်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို


ဖေဖော်ဝါရီ၈ရက်


ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သားတွေဟာ ဇာတိရပ်ထံ ပြန်ဝင်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဖေဖော်ဝါရီလအတွင်း ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။

"ဧရာဝတီတိုင်းဟာတော်လှန်ရေး ရေခံမြေခံကောင်းတဲ့ ဒေသပါ။ဖက်ဆစ်တော်လှန်ရေးကာလက ခေါင်းဆောင်တွေဟာ မြစ်ဝကျွန်းပေါ်မှာ အခြေပြုခဲ့ကြဖူးရဲ့။နွေဦးတော်လှန်ရေးကြီးစတော့ ဧရာဝတီတိုင်းသားရဲဘော်တွေဟာ အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့ရောက်ရှိ တိုက်ပွဲဝင်ခဲ့ကြတယ်။တချို့ အရှေ့ရိုးမမှာ၊တချို့ အနောက်ရိုးမမှာ၊တချို့ အလယ်ရိုးမမှာ၊အခုဆိုရင် မြစ်ဝကျွန်းပေါ်သားတွေ ဇာတိရပ်ထံ ပြန်ဝင်နေကြပါပြီ"လို့ဆိုပါတယ်။

သာပေါင်းမြို့နယ်၊  ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ဖေဖော်ဝါရီ ရက်နေ့တွင်အာရက္ခတပ်တော် နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ Federal Wingsကော်မတီကို အပြီးတိုင်ဖျက်သိမ်းခဲ့ပြီး နောက်ဆုံးငွေ စာရင်းရှင်းတမ်းတွင် ကော်မတီဝင်များ၏ ထည့်ဝင်ငွေများကိုပါ ထည့်သွင်းတင်ပြခဲ့ပြီး


ဖေဖော်ဝါရီ၇ရက် Radio NUG


Federal Wingsကော်မတီကို အပြီးတိုင်ဖျက်သိမ်းခဲ့ပြီး နောက်ဆုံးငွေစာရင်းရှင်းတမ်းတွင် ပြည်ထောင်စုဝန်ကြီးအပါအဝင် စေတနာဝန်ထမ်း ၂ဦးတို့ ထည့်ဝင်ထားသောငွေများကိုပါ ထည့်သွင်းတင်ပြခဲ့ပြီးကြောင်း သတင်းရရှိပါတယ်။ 

 Federal Wingsကော်မတီတွင်ပါဝင်သော ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနသည် ငွေစာရင်းမရှင်းလင်းနိုင်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားသော အကြောင်းကိစ္စရပ်မှာ မှားယွင်းသောရေးသားမှုသာဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

Federal Wingsကော်မတီကို စတင်ဖွဲ့စည်းရာတွင် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့် Volunteer နှစ်ဦးပါဝင်ခဲ့ပြီး လုပ်ငန်းအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

သို့ရာတွင်Federal Wingsကော်မတီတွင်းသို့ Federal Wingsဘက်မှ ကူညီဆောင်ရွက်သူတဦးအား ထည့်သွင်းပြီးနောက် ၄င်းမှဆိုရှယ်မီဒီယာတွင် ဒရုန်းတပ်ဖွဲ့အချင်းချင်းလှောင်ပြောင်သရော်သော အရာများ၊အချင်းချင်းစိတ်ဝမ်းကွဲစေသောအရာများကိုဆက်တိုက်လုပ်ဆောင်ခဲ့ရာ အဆင်မပြေမှုများစွာဖြစ်ပေါ်စေခဲ့ကြောင်းသိရှိရပါတယ်။

Federal Wingsကော်မတီဝင်များသည် Volunteerများဖြစ်၍ ရရှိလာသောအလှူငွေများကိုမည်သည့်ကိစ္စရပ်တွင်မှ ထုတ်ယူသုံးစွဲခွင့်မရှိကြောင်း စည်းမျဥ်းချထားပြီး ရရှိငွေများကိုလည်းစနစ်တကျစီမံထားရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိတွင် Federal Wingsကော်မတီကိုအပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်ရာ ၂၀၂၄ နိုဝင်ဘာ၃၀ရက်နေ့တွင်အွန်လိုင်းမှအလှူလက်ခံမှုကိုရပ်ဆိုင်းခဲ့ပြီး ရရှိငွေ စုစုပေါင်းစင်ကာပူဒေါ်လာ (.၂သန်း) ,၂၁၀,၄၃၁.၅၅ ဖြစ်ပြီးသုံးစွဲငွေ (.၄သန်း) ,၄၆၆,၉၈၇.၃၂ စင်ကာပူဒေါ်လာဖြစ်လို့ နောက်ဆုံး လိုငွေစာရင်း အဖြစ် အနုတ် (၂သိန်း) ၂၅၆,၅၅၅.၇၇ စင်ကာပူဒေါ်လာဖြစ်ကြောင်းသိရှိရပါတယ်။

ရသုံး ငွေစာရင်းများ၏အသေးစိတ်ကို တော်လှန်ရေးပြီးသည့်အချိန်သို့မဟုတ်အချိန်တခုတွင်စာရင်းစစ်များ စစ်ဆေးနိုင်ရေးစနစ်တကျသိမ်းဆည်းထားကြောင်းသိရပါတယ်။

လက်ရှိမှာ Federal Wingsဘက်ကသတင်းထုတ်ပြန်ထားရာတွင် "ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နဲ့လက်တွဲခဲ့ရတဲ့ အဓိကရည်ရွယ်ရင်းတစ်ခုက ပြည်သူလူထုထံကကောက်ခံရရှိငွေကို FW အနေနဲ့ တိုက်ရိုက် စီမံ/ကိုင်တွယ်သုံးစွဲခြင်း မပြုလိုတဲ့အတွက် မိမိတို့ရဲ့အစိုးရလို့သတ်မှတ်ထားတဲ့ ဝန်ကြီးဌာနတစ်ခုဆီကိုသာ စာရင်းဇယားနဲ့ စနစ်တကျ အလုံးစုံတာဝန်ယူစေလိုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရည်ရွယ်ချက်တွေအထမမြောက်ခြင်းဟာ MOCIT နဲ့  Federal Wings လက်တွဲဖြုတ်ရတဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်ပါတယ်"လို့ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ကပစ-၂၁ ကပစ္စည်းတွေသယ်လာတဲ့ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်သား ၁၁ ဦး သေဆုံး


ဖေဖော်ဝါရီ၈ရက်


မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ-၂၁ က ပစ္စည်းတွေတင်ဆောင်လာတဲ့ယာဥ်တန်းကို ဆိပ်ဖြူ-ကန်ဇွန်းမ ကားလမ်းတနေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးသွား တယ်လို့ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ပါတယ်။

မနေ့ ဖေဖော်ဝါရီလ ရက်မနက် ၁၀ နာရီကျော်အချိန်က ကပစ-၂၁ ဆိပ်ဖြူ -ကန်ဇွန်းမလမ်းအတိုင်းထွက်လာတဲ့ ကား စီးပါ စစ်ယာဥ်တန်းကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မင်းဘူးခရိုင် တပ်ရင်း-၁၊ ပခုက္ကူ ခရိုင် တပ်ရင်း-၁၉၊ ဆိပ်ဖြူမြို့နယ်အနောက်ပိုင်းဇုန်- ပကဖ တို့ပါတဲ့ပူးပေါင်းအဖွဲ့က မနက် ၁၁နာရီအထိ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။ 

စစ်သားအင်အား ၅ဝ ကျော်ပါဝင်ပြီး စစ်ကား၃စီး၊ ဖောကားတစီး၊ အိမ်စီးကားတစီးပါတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်ယာဥ်တန်းက ကား စီးမီးလောင်ပျက်စီးပြီး စစ်သား ၁၁ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိ တယ်လို့ အသိပေးထားပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ-ကပစတွေရှိနေပြီး ဆိပ်ဖြူမြို့ နယ်မှာ ကပစ-၂၁ နဲ့ ကပစ-၂၂၊ ပေါက်မြို့ နယ်မှာ ကပစ-၂၄တို့အပြင် ပွင့်ဖြူမြို့နယ်မှာ ဝါစိုက်ပျိုးရေးတပ်နဲ့ မကွေးမြို့နယ်မှာရှိတဲ့ မကွေးလေ တပ်တို့မှာ စက်တပ်လေထီး Paramotar များ ဖြန့်ကျက်ထားပြီး စစ်ကောင်စီက စက်တပ်လေထီးတွေအသုံးပြုကာ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို ဗုံးသီးချတိုက်ခိုက်နေတဲ့အတွက် ပြည်သူများအနေနဲ့ သတိပြုနေထိုင်ကြဖို့ မကွေးတိုင်းပကဖက အသိပေးထားပါတယ်။


========================


🚩🚩 ၄။⁩⁨ မိုးဗြဲမြို့မှာ ခြေကုပ်ယူလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အထိနာ


ဖေဖော်ဝါရီ၈ရက်


မိုးဗြဲမြို့မှာ ခြေကုပ်ယူတပ်စွဲလာတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြီး လက်နက်တွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF B03 က ဒီနေ့ ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဦးတည်ရာထွက်ပြေးနေတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် မိုးဗြဲမြို့မှာ ထိတွေ့မူတွေပြင်းထန်နေပြီး ခုခံတိုက်ခိုက်ရာမှာ အောင်မြင်မူတွေရှိသလို ထိခိုက်ပျက်စီးမူတွေလည်းရှိနေတယ်လို့ KNDF B03က အသိပေးပါတယ်

ဖေဖော်ဝါရီ ရက်နေ့ကဆိုရင် တပ်ရင်းမှာအသုံးပြုနေတဲ့ ရှေ့ဆွဲကားတစီး စစ်ဇုံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မူကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲဘော်တွေကို အချိန်နဲ့တပြေးညီ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်နိုင်ဖို့အတွက် ကားတစီး မရှိမဖြစ်လိုအပ်နေပြီး ပြန်လည် အစားထိုးဝယ်ယူနိုင်ဖို့အတွက် တော်လှန်ပြည်သူများအနေဖြင့် ပါဝင်ထောက်ပို့နိုင်တယ်လို့လည်း အကူအညီတောင်းထား ပါတယ်။

မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီဟာ ပအိုဝ်းပြည်သူ့စစ် PNO အပြင် စစ်မှုမထမ်းဥပဒေနဲ့ဖမ်းဆီးခဲ့တဲ့ လူငယ်တပ်သားသစ် တွေကို တိုက်ပွဲမှာအသုံးပြုနေတယ်လို့ KNDF ဗျူဟာ အမှတ်- တာဝန်ရှိသူကလည်း ပြောထားပါတယ်

အကြမ်းဖက်စစ်ကောင်စီဟာ မိုးဗြဲဒေသကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ရက်နေ့ကပြီး တကျော့ပြန် ထိုးစစ်ဆင် ခဲ့တာကြောင့် အခု ဖေဖော်ဝါရီလပထပမပတ်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ သိရပါတယ်။ 

အခုလိုစစ်ရေးအခြေနေတင်းမာနေတာကြောင့် ပြည်သူများအနေနဲ့ မိုးဗြဲလမ်းမကြီးကို အသုံးပြုသွားလာမယ်ဆိုရင် သတိပြု၍သွားလာကြဖို့ သက်ဆိုင်ရာလုံခြုံရေးဂိတ်များနဲ့ ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ KNDF B03 က မေတ္တာရပ်ခံ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ အနန်းကွင်းရွာကို စစ်တပ်က ရက်ဆက် မီးရှို့တဲ့အတွက် အိမ်အလုံး ၅၀ ခန့်ပျက်စီး


ဖေဖော်ဝါရီ၈ရက်


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ အနန်းကွင်းရွာကို အကြမ်းဖက်စစ်တပ်က ရက်ဆက် မီးရှို့တာကြောင့် နေအိမ်အလုံး ၅၀ နီးပါး ပျက်စီးသွားတယ်လို့ Red Dragon Column နဂါးနီစစ်ကြောင်း-P 29903 က‌ ပြောပါတယ်။ 

အနန်းကွင်းဗျူဟာစခန်းက အကြမ်းဖက်စစ်ကောင်စီစစ်သားတွေဟာ အနန်းကွင်းကျေးရွာက ပြည်သူပိုင်အိမ်တွေကို ဇန်နဝါရီ ၂၉ ကနေ ဖေဖော်ဝါရီ ရက်နေ့အထိ နေ့စဉ်မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ ဖျက်ဆီးခဲ့တာကို နဂါးနီ စစ်ကြောင်းက ဓာတ်ပုံမှတ်တမ်းရယူနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိပြီး စစ်ရေးအရအရေးပါတဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကောင်စီဘက်က အင်အားတိုး ချဲ့နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေကာ ဒေသနေပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မဲပလီစခန်းကဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထပ်မံအလင်းဝင်  


ဖေဖော်ဝါရီ၈ရက်


ကရင်အမျိုးသားအစည်းအရုံး KNU အမှတ် တပ်မဟာ ဒူးသထူခရိုင် ဘီးလင်းမြို့နယ် မဲပလီအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီလ နေ့က တိုက်ခိုက်သိမ်းပိုက်ချိန် စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၂၅ ဦး ထပ်မံအလင်းဝင်လာတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးက သေနတ် ၁၇ လက်နဲ့အလင်းဝင်လာတာဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးက သေနတ် လက်နဲ့အတူအလင်းဝင်လာတာလို့ KNLA သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Salween Press မှာ ဖော်ြပထားပါတယ်။

အလင်ဝင်လာတဲ့ ၁၉ ဦးအဖွဲ့နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ အဲဒီရက်မတိုင်ခင် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်ကဘက် ဦး သေဆုံး သွားတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် မနေ့ ဖေဖော်ဝါရီလ ရက် မနက်၂နာရီကျော်အချိန်ခန့်မှာလည်း  ဇီးပြောင်း၊နတ်ကြီး၊အစူးချောင်းဒေသတဝိုက်  စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးသီးတွေ အများအပြားလာရောက်ကြဲချခဲ့ပြီး အစူးချောင်း စာသင်ကျောင်းထိမှန်ပျက်စီး ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်ကဆိုပါတယ်။ 

မဲပလီစခန်းကနေဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နတ်ကြီးစခန်းကိုရောက်ရှိနေသလို ဘီးလင်းအခြေစိုက် ခမရ ကနေလည်း စစ်အင်အားအများအပြားနဲ့ နတ်ကြီးဘက်တက်လာတဲ့အတွက် တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာနေသူတွေက ပြောဆိုနေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ် ၄၂ လက် သိမ်းဆည်းရရှိ ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးနဲ့ဗိုလ်ကြီး တဦးအပါအဝင် ၂၉ ဦး သေဆုံးကာ ၂၉ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။⁨ PSLF/TNLA အုပ်ချုပ်တဲ့နယ်မြေမှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တလအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ ၁၂၆ ဦးနဲ့ ရောင်းဝယ်သူ ၁၃ ဦး ဖမ်းဆီးနိုင်ခဲ့ 


ဖေဖော်ဝါရီ၈ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ နမ့်ခမ်း စတဲ့ ခရိုင် ခုမှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၁၂၆ ဦးနဲ့ ရောင်းဝယ်သူ ၁၃ ဦး ဖမ်းဆီး နိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဟာ ကျောက်မဲခရိုင်ထဲက မူးယစ်ဆေးဝါးသုံးစွဲသူ ၃၈ ဦးနဲ့ မူယစ်ဆေးဝါးရောင်း၀ယ်သူ ဦးကို ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး ၁၂၇၆ ထုပ် ဖမ်းဆီးနိုင်ခဲ့ပြီး မိုးကုတ်ခရိုင်ထဲက မူးယစ်ဆေးဝါးသုံးစွဲသူ ၁၁ ဦးနဲ့ မူယစ်ဆေးဝါး ရောင်း၀ယ်သူ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ကွတ်ခိုင်ခရိုင်ကနေ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၅ ဦးနဲ့ မူယစ်ဆေးဝါးရောင်း၀ယ်သူတဦး၊ နမ့်ဆန်ခရိုင်ကနေ မူးယစ်ဆေးဝါး သုံးစွဲသူ ဦး၊ နမ့်ခမ်းခရိုင်က မူးယစ်ဆေးဝါးသုံးစွဲသူ ၅၄ ဦးနဲ့ မူယစ်ဆေးဝါးရောင်း၀ယ်သူ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို ပို့ဆောင်ပေးထားပြီး ပြစ်မှုကြီးတဲ့သူတွေကို ထောင်အတွင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေနဲ့ ၂၀၂၄ ခုနှစ် တနှစ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၉၂၃ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment