20th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အာဆီယံအဖွဲ့အနေဖြင့် ဘုံသဘောတူညီချက် () ချက်ကို ကျော်လွန်ကာ  တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း NUG ထုတ်ပြန်

📌 ၂။ အကြမ်းဖက်စစ်တပ်က အမြောက်များ၊ လက်နက်ကြီးများနှင့် အရပ်သားနေရာများကို ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် NUG လူသား/စာနာဝန်ကြီးဌာနက အကြံပြုချက်များထုတ်ပြန်

📌 ၃။ ယူကေနိုင်ငံ၊ လန်ဒန်မြို့၊ ရုရှားသံရုံးရှေ့တွင် မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဆက်ဆံထောက်ပံ့မှု ရပ်တန့်ရန် မြန်မာများ ဆန္ဒပြ

📌 ၄။ အာဏာရှင်စနစ်ကို တွန်းလှန်ရတာ နောက်ဆုံးမျိုးဆက် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ တော်လှန်ရေးကို ဆက်လက်ချီတက်ကြဖို့ ဒေါက်တာတေဇာဆန်း နှိုးဆော်

📌 ၅။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ လယ်တော () စစ်ရှောင်စာသင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ နှင့် ကျောင်းဆင်းပွဲ ပြုလုပ် 


========================


၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျဆုံးခဲ့ရတဲ့ အာဇာနည်များအား () နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ရှမ်းတောင် PDF ပြုလုပ်

🚩 ၂။ ရေစကြို၊ ငတရော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့

🚩 ၃။ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲကား () စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ () ဦးထက်မနည်း သေဆုံး

🚩 ၄။ ဝေါမြို့နယ်၊ လက်ပံရွာနေ ပျူစောထီးခေါင်းဆောင်နေအိမ်အား ဒရုန်းဖြင့် တိုက်ခိုက်

🚩 ၅။ BPLA က တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်

🚩 ၆။ တစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ စစ်မှုထမ်းအရွယ် လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖိအားပေးပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်း (၉၀၀) ကျော် ဖြစ်ပွား

🚩 ၇။ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၅၀) ဦး သေဆုံးခဲ့ပြီးလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အာဆီယံအဖွဲ့အနေဖြင့် ဘုံသဘောတူညီချက် () ချက်ကို ကျော်လွန်ကာ  တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း NUG ထုတ်ပြန်


အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်လာမှုနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ (၁၉) ရက်မှာ အခုလို ထုတ်ပြန်ထားပါတယ်။

အာဆီယံအဖွဲ့အနေဖြင့် ယခုအချိန်တွင် ဘုံသဘောတူညီချက် ()ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထု၏ ဆန္ဒများနှင့်ကိုက်ညီသော မြန်မာပိုင်၊ မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ရန် တိကျပြတ်သားသည့် ဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေပါတယ်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရှိစေရန်အတွက် တရားဝင်ဒီမိုကရေစီအင်အားစုများ ပြန်လည်ထူထောင်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်ပါတယ်။ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ရဲရင့်ပြီး ထိရောက်သည့် ဆောင်ရွက်ချက်များကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် မလေးရှားနိုင်ငံ၏ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်တွင် အာဆီယံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒေသတွင်းလုံခြုံရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို ဆက်လက် စောင့်ထိန်းရန် တိုက်တွန်းအပ်ပါတယ်" လို့ ဖော်ပြပါရှိပါတယ်။

မြန်မာပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ ကြီးမားလှသည့် ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေရသည်ဖြစ်ရာ တိကျပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို အရေးတကြီး လိုအပ်လျက်ရှိပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းအား မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုနှင့် နိုင်ငံအနှံ့ကျေးရွာများကို ဖျက်ဆီးမှုများကဲ့သို့သော အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုမှာ နေအိမ်များမှ အတင်းအကျပ် စွန့်ခွါထွက်ပြေးနေကြရပြီး၊ စာသင်ကျောင်းနှင့် ဆေးရုံကဲ့သို့သော အရေးကြီးအဆောက်အဦများ ဖျက်ဆီးခံရကြရကာ အကြီးအကျယ် ဒုက္ခရောက်ကြရတယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်က အမြောက်များ၊ လက်နက်ကြီးများနှင့် အရပ်သားနေရာများကို ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် NUG လူသား/စာနာဝန်ကြီးဌာနက အကြံပြုချက်များထုတ်ပြန်


အကြမ်းဖက်စစ်တပ်က အမြောက်များ၊ လက်နက်ကြီးများနှင့် အရပ်သားနေရာများကို ပစ်ခတ် ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက မတ်လ (၁၉) ရက်မှာ တရားဝင်အသိပေးကြေညာပါတယ်။

ဝန်ကြီးဌာနမှ ကောက်ယူရရှိသော စာရင်းဇယားများအရ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့သည့် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မြေမြှုပ်မိုင်းအပါအဝင် အမြောက်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်ပေါင်း (,၅၀၀) ကျော်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်က လူအများ အိပ်စက်အနားယူသည့် ညအချိန်များတွင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်လေ့ရှိသဖြင့် အရပ်သားပြည်သူထိခိုက်မှုများ ပိုမိုများပြားရပြီး ယင်းသို့ဖြစ်စဉ်များသည် အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အဆိုးဆုံး ဖြစ်ပွားလျက်ရှိတယ်လို့ ဖော်ပြပါတယ်။

အကြံပြုချက်များအနေနဲ့လက်နက်ကြီးအမျိုးအစားအလိုက် ပစ်ခတ်နိုင်သည့် အကွာအဝေးကို ဆန်းစစ်ရန်နဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲနိုင်သည့် နေရာဒေသများကို မြေပုံများဖြင့် ရေးဆွဲထားပြီး အများပြည်သူ သိရှိနိုင်အောင် အသိပေးခြင်းများ ဆောင်ရွက်ဖို့ ဆိုထားပါတယ်။

ဒါ့အပြင် မိမိတို့ဒေသများသို့ ပစ်ခတ်လေ့ရှိသည့် လက်နက်ကြီးအမျိုးအစားအရ ကျေးရွာများ၊ အများပိုင်အဆောက်အအုံများနှင့် နေအိမ်များသည် လက်နက်ကြီးကျ ရောက်နိုင်သည့် အကွာအဝေးအတွင်း ရှိနေပါက ပြောင်းရွေ့နေရာချထားပေးဖို့နဲ့လတ်တလော ပြောင်းရွှေ့နေရာချထား မပေးနိုင်ပါက အများပိုင် အဆောက်အအုံများနှင့် နေအိမ်တိုင်းတွင် ခိုလှုံရာ ဗုံးခိုကျင်းများနှင့် ကတုတ်ကျင်းများ တူးဖော်ထားပြီး ပစ်ခတ်သံ စတင်ကြားသည်နှင့်တပြိုင်နက် အဆိုပါ နေရာများတွင် ပုန်းအောင်းဖို့၊ အိပ်စက်မည့်နေရာများတွင် သဲအိတ်အကာအကွယ်များ ပြုလုပ်ထားဖို့ စတဲ့ အချက်များကိုအကြံပြုထားပါတယ်။


========================


📌📌 ၃။ ယူကေနိုင်ငံ၊ လန်ဒန်မြို့၊ ရုရှားသံရုံးရှေ့တွင် မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဆက်ဆံထောက်ပံ့မှု ရပ်တန့်ရန် မြန်မာများ ဆန္ဒပြ


မတ်လ (၁၉) ရက်နေ့တွင် ယူကေနိုင်ငံ၊ လန်ဒန်မြို့၊ ရုရှားသံရုံးရှေ့တွင် မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဆက်ဆံထောက်ပံ့မှု ရပ်တန့်ရန် ရုရှားအစိုးရကို မြန်မာများက သံရုံးရှေ့ ဆန္ဒပြဟစ်ကြွေးခဲ့ပြီး တောင်းဆိုခဲ့ကြပါတယ်။

အပြစ်မဲ့တဲ့ပြည်သူတွေကို နေ့စဥ်ရက်ဆက် ညှဥ်းပမ်းနှိပ်စက် ဇီဝိန်ချွေနေတဲ့ စကစရဲ့ လုပ်ရပ်တွေကို  တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနေသော ရုရှားနိုင်ငံ၏ လုပ်ရပ်ကို ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြဖို့ စုရုံးတဲ့ Myanmar Eventsin UK က ဖော်ပြထားပါတယ်။


========================


📌📌 ၄။ အာဏာရှင်စနစ်ကို တွန်းလှန်ရတာ နောက်ဆုံးမျိုးဆက် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ တော်လှန်ရေးကို ဆက်လက်ချီတက်ကြဖို့ ဒေါက်တာတေဇာဆန်း နှိုးဆော်


မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "ခက်ခဲကြမ်းတမ်းလို့လည်း တော်လှန်ရေးခရီးလို့ ခေါ်ကြတာပေါ့ဗျာ။ လွယ်ကူရိုးရှင်းနေရင်တော့ ပျော်ပွဲစားခရီးလို့ ခေါ်မှာပေါ့။ ဒီတိုင်းပြည်မှာ အာဏာရှင်စနစ်ကို ကြုံတွေ့ရတာ၊ အာဏာရှင်စနစ်ကို တွန်းလှန်ရတာ ကျနော်တို့ မျိုးဆက်က နောက်ဆုံးမျိုးဆက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ဒီတော်လှန်ရေးကို ဆက်လက်ချီတက်ကြမယ်ဗျာ။ဖက်ဆစ်ကတော့ ဖက်ဆစ်အလုပ် လုပ်မှာပဲ။ ကျနော်တို့က ကျနော်တို့အလုပ်ကို သေသေချာချာ ထိထိမိမိ လုပ်ကြဖို့ပါပဲ" လို့ လူထုကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

လက်ရှိမှာ နွေဦးတော်လှန်ရေးတွင် ပါဝင်သောတော်လှန်ရေးတက်များမှာ ရန်ကုန်မန္တလေးအမြန်လမ်းမအထိ စစ်မျက်နှာဖွင့်တိုက်ခိုက်နိုင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ လယ်တော () စစ်ရှောင်စာသင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ နှင့် ကျောင်းဆင်းပွဲ ပြုလုပ် 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ လယ်တော () စစ်ရှောင်စာသင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ နှင့် ကျောင်းဆင်းပွဲ အခမ်းအနားကို မတ်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဆိုပါ အခမ်းအနားတွင် လိုဘာခိုအုပ်စု ပညာရေးတာဝန်ခံ နှင့် လယ်တော () စစ်ရှောင်စာသင်ကျောင်း တာဝန်ခံတို့က အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကာ ပညာရည်ချွန်ဆုရသည့် ကျောင်းသား/ကျောင်းသူများကို ဆုချီးမြှင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လယ်တော () စစ်ရှောင်စာသင်ကျောင်းတွင်  KG (Kid Garden) မှ သတ္တမတန်းအထိ ကျောင်းသားဦးရေ (၅၀) ကျော်ကို ဆရာ၊ ဆရာမ () ဦးဖြင့် ပညာသင်ကြားပေးပြီး မိခင်ဘာသာစကားဖြစ်သည့် ကယန်းဘာသာစကားကိုပါ သင်ကြားပေးတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩 ၁။ ကျဆုံးခဲ့ရတဲ့ အာဇာနည်များအား () နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ရှမ်းတောင် PDF ပြုလုပ်


ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ ဆန္ဒဖော်ထုတ်နေသူများကို စစ်ကောင်စီက လူမဆန်စွာ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်များအား () နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင် အထူးတပ်ဖွဲ့ P.3-9702 က ထုတ်ပြန်ထားပါတယ်။

ကျဆုံး အာဇာနည်များအား () နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနဲ့ နွေဦးတော်လှန်ရေးမှာ အသက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး တရားမျှတ လွတ်လပ်တဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်၊ သူရဲကောင်းများအား ဂုဏ်ပြုအခမ်းအနားကို မတ်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီတွင် ရှမ်းတောင် အထူးတပ်ဖွဲ့ P.3-9702 ရဲ့ စခန်းတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဇာနည် ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် အလံတဝက်လွှင့်တင် အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များနဲ့ ဆက်လက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်များကို လေးစားစွာ အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ကြပြီး GRST တာဝန်ခံ ကဗျာဆရာ သောကချို မှ ကဗျာရွတ်ဖတ် ဂုဏ်ပြုခဲ့ကာ အခမ်းအနားမှတ်တမ်း အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ရှမ်းတောင် အထူးတပ်ဖွဲ့ဝင်များ၊ အောင်ပန်းမြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များ၊ အထူး လှုပ်ရှားတပ်မှ တပ်ဖွဲ့ဝင်များ၊ SSLRU တပ်ဖွဲ့ဝင်များ၊ KNSA Scorpion စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူ ဆရာအောင်သိန်း၊ GRST မှ တာဝန်ခံနှင့် သင်တန်း နည်းပြ ကိုတောခိုကြီး၊ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ (မြန်မာနိုင်ငံ) တာဝန်ခံ ကိုသားသခင် နှင့်တကွ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

(၂၀၂၁) ခုနှစ် မတ်လ (၁၉) ရက်နေ့က အောင်ပန်းမြို့နေ လူထုအလွှာ အသီးသီး၊ လူတန်းစား ပေါင်းစုံ၊ ဘာသာ ပေါင်းစုံတို့ကို စစ်ကောင်စီက ရက်ရက်စက်စက် နှိမ်နှင်းပစ်ခတ် ဖြိုခွင်းခဲ့လို့ ပြည်သူများ ကျဆုံးခဲ့ရတာ () နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရေစကြို၊ ငတရော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ငတရော်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များ နဲ့ ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့က ဘိစပ်ကုန်းရွာကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ မတ်လ (၁၉) ရက်နေ့ မနက် (၆း၃၀) နာရီခန့်မှာ ငတရော်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ကြတာပါ။

ထို့နောက် မနက် (၈း၃၀) နာရီခန့်မှာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေနတ်များဖြင့်လည်း ရမ်းသမ်း ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများက ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲကား () စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ () ဦးထက်မနည်း သေဆုံး


မန္တလေးဘက်ကနေ မိတ္ထီလာဘက်ကို မောင်းနှင်လာတဲ့ ရဲကား () စီးကို ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ () ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (-၁၀) ထံက သိရပါတယ်။

မတ်လ (၁၉) ရက်နေ့ မနက် (၁၁) နာရီခန့်မှာ ရဲကား () စီး၊ အိမ်စီးကား () စီးနဲ့ ရဲတွေ လိုက်ပါလာတဲ့ ကား () စီးကို မိုင်တိုင် - ၃၁၉ မှာ မြင်းခြံခရိုင် တပ်ရင်း () တပ်ရင်း (၁၀) နဲ့ မြစ်သားမြို့နယ် .က.  တို့က အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲကားတွေနဲ့ လုံခြုံရေးကင်းတွေကလည်း ပြန်လည်တိုက်ခိုက်ခဲ့ရာ မိနစ် (၄၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရဲ () ဦးထပ်မနည်း သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေခဲ့သူတွေထံက သိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က အကျအဆုံးမရှိခဲ့ဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲဖြစ်ပွားနေချိန်မှာ () နာရီခန့် လမ်းပိတ်ဆို့နေတာကြောင့် ခရီးသွားကားတချို့ နောက်ပြန် လှည့်သွားခဲ့ရတယ်လို့ သိရပါတယ်။

ခရီးသွား ပြည်သူတွေအနေနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ အချိန်မတော် ခရီးမသွားကြဖို့၊ တိုက်ပွဲ ဖြစ်နေချိန်မှာလည်း ရှေ့ဆက်မသွားကြဘဲ ရောက်ရာနေရာမှာ ကား ရပ်တန့်ထားပြီး နီးစပ်ရာ၊ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ Natogyi People Defence Force မြင်းခြံခရိုင်၊ အမှတ် (-၁၀) တပ်ရင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဝေါမြို့နယ်၊ လက်ပံရွာနေ ပျူစောထီးခေါင်းဆောင်နေအိမ်အား ဒရုန်းဖြင့် တိုက်ခိုက်


မတ်လ (၁၈) ရက်နေ့ ညနေ (၆း၃၀) နာရီတွင် တောင်ညို တပ်ရင်းနှင့် .က. ပူးပေါင်းအဖွဲ့တို့သည် ဝေါမြို့နယ်၊ လက်ပံရွာရွာရှိ စစ်သားများ ၀င်ရောက်နားနေသော ပျူစောထီးခေါင်းဆောင် အောင်ကြီးရဲ့ အိမ်အား ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သား () ဦး သေဆုံးပြီး () ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့  သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ BPLA က တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

"အရင်ကတော့ ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေနဲ့ ချိန်ပြီး တနှစ်ကို သင်တန်းအပတ်စဉ် သုံးခုပဲ ပေးဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲအသစ်များအတွက် လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်များကို ဆက်တိုက်လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် လေ့ကျင့်ရေးသင်တန်းများအတွက် ကုန်ကျစရိတ်များ ပိုမိုလိုအပ်လာပါတယ်" လို့ ဆိုထားပါတယ်။

လတ်တလော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း () နှစ်ပြည့်မှာ သင်တန်းတခုစာ လူဦးရေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကမ်ပိန်း စတင်ထားတယ်လို့လည်း သိရပါတယ်။

"စစ်သင်တန်းတခု ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတွေ များစွာ လုပ်ဆောင်ရပါတယ်။ သင်တန်းတက်မယ့် ရဲဘော်တွေကို ကျနော်တို့ဆီ ခေါ်ယူရတဲ့စရိတ်၊ သင်တန်းကာလတခုစာ ကြိုတင်ရိက္ခာစုဆောင်းတာ၊ သင်တန်းသားနဲ့သင်တန်းဆရာတွေကို ဖြည့်ဆည့်ပေးရတဲ့ စစ်သုံး၊အရပ်သုံး ပစ္စည်းတွေ၊ သင်တန်းကွင်းအတွက် လက်ရုံးတပ်တွေကို သေချာပြင်ဆင်ပေးရတာတွေ စသဖြင့် ကဏ္ဍပေါင်းများစွာ ပြင်ဆင်ရပါတယ်။ ဒါကြောင့် ဒီနှစ် ဘားပလက်တို့မွေးနေ့မှာ လေ့ကျင့်ရေးသင်တန်းများပြင်ဆင်မှုအပိုင်းအတွက် ထောက်ပို့ပြည်သူများအနေနဲ့ ကိုယ်နိုင်တဲ့အခန်းကဏ္ဍကနေ မေတ္တာလက်ဆောင် ပေးပို့ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်" လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ တစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ စစ်မှုထမ်းအရွယ် လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖိအားပေးပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်း (၉၀၀) ကျော် ဖြစ်ပွား


တစ်နှစ်အတွင်း မြန်မာနိုင်ငံအနှံ့ရှိ လူငယ်၊ လူလတ်နှင့် ဆယ်ကျော်သက်များ အပါအဝင် (၁၇,၀၀၀) ကျော်ကို စစ်မှုထမ်းဥပဒေအားဖြင့် ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖိအားပေးပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းများ အဖြစ်အပျက်ပေါင်း (၉၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း National Youths Congress - Myanmar မှ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့အတူ အခြားသော ပြည်သူ့စစ်အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့တစ်ချို့များကလည်း တပ်အင်အား ဖြည့်ဆည်းရန်အတွက် လူငယ်များကို နည်းမျိုးစုံဖြင့် အတင်းအကျပ် ဖိအားပေး၊ ပေါ်တာဆွဲမှုများကို လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ပြင်ပမှ ရရှိထားတဲ့ အချက်အလက်များထက် အဖြစ်အပျက်များက ပိုမိုများပြားနိုင်တာကြောင့် ရပ်ရွာအသီးသီးရှိ လူငယ်များအနေဖြင့်လည်း မိမိဒေသမှာ ဖြစ်ပွားနေသော အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းနဲ့ ပတ်သက်ပြီး သတင်းပေး၊ ပြောဆိုရန်လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၅၀) ဦး သေဆုံးခဲ့ပြီးလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ မတ်လ (၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၅၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်။

အဆိုပါအရေအတွက်တွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၃၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။

မတ်လ (၁၆) ရက်နေ့၊ (၁၀) နာရီကျော်ခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် သက်ကြီးသူနှစ်ဦးဖြစ်သော ဦးမြသောင်းနှင့် ဒေါ်ကြည်ကြည်တို့နှင့်အတူ အမည်စုံစမ်းဆဲ လူငယ်အမျိုးသမီးတဦးနှင့် လသားအရွယ် ကလေးငယ်တဦး စုစုပေါင်းလေးဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment