8th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။⁨⁨⁨ ခွဲခြားဆက်ဆံမှုကင်းတဲ့ ဂျန်ဒါတန်းတူရေးတပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ KNDF ပြော

📌 ⁨⁨⁨⁨⁨⁨၂။မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ ကနေဒါ ကြေညာ 

📌 ⁨⁨⁨⁨⁨⁨၃။ မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာက အိမ်တွေကို စစ်အုပ်စုက စက်ယန္တယားတွေနဲ့အင်အားသုံး ဖျက်ဆီး


========================


၂၀၂၅ ခုနှစ် မတ်လ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨ ဗန်းမော် စကခ - ၂၁ ၊ ခလရ - ၄၇ နဲ့ တက္ကသိုလ်ကျောင်းဝင်းကို KIA နဲ့ပူးပေါင်းတပ်တွေ တပြိုင်တည်းထိုးစစ်ဆင်

🚩၂။ ဝေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက် 

🚩၃⁨။ ရေစကြိုနဲ့မြောင်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသနေပြည်သူတသောင်းခွဲထက်မနည်း ထွက်ပြေးနေရ

🚩၄။ ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၃ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရကာ အိမ် ၈ လုံး ပျက်စီး

🚩၅။⁨⁨ မင်းတပ်မြို့ အတွင်း စစ်တပ်ကထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း ရှင်းလင်းဖယ်ရှား 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။⁨⁨⁨ ခွဲခြားဆက်ဆံမှုကင်းတဲ့ ဂျန်ဒါတန်းတူရေးတပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ KNDF ပြော


မတ်လ ၈ရက်


ခွဲခြားဆက်ဆံမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်ကာ ဂျန်ဒါတန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ် ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ဒီနေ့ မတ်လ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်တွေအတွက် KNDF က သတင်းစကား ပါးလိုက်တာဖြစ်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဏ္ဍအသီးသီးမှာ တော်လှန်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေ ကြတဲ့ အမျိုးသမီးရဲဘော်တွေကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း KNDF ဂျန်ဒါတန်းတူရေးဌာနက အသိပေးထားပါ တယ်။ 

KNDF တော်လှန်ရေးခရီးစဉ်မှာတင်မှဟုတ်ဘဲ ကရင်နီတော်လှန်ရေးသမိုင်းတလျောက်မှာ အမျိုးသမီးရဲဘော်တွေအပြင် ရဲဘော်တွေရဲ့ မိခင်တွေနဲ့ အိမ်ထောင်ဖက်အမျိုးသမီးတွေရဲ့ ပံ့ပိုးကူညီမှုဟာ အရေးပါတဲ့အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နဲ့ဆိုင်တဲ့သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေဟာ တော်လှန်ရေး ကဏ္ဍမှာ တထောင့်တနေရာကနေ ဦးဆောင်ပါဝင်ခဲ့ကြပြီး ဖိဝါဒဆန်ဆန်ဖိနှိပ်ထားတဲ့ လူ့်အဖွဲ့အစည်းကို ခေတ်အဆက်ဆက် ပုံစံမျိုးစုံနဲ့ ဆန့်ကျင်နေတာ ဒီနေ့အထိရှိနေဆဲလို့ KNDF ဂျန်ဒါတန်းတူရေးဌာနက ပြောပါတယ်။

KNDF တပ်တွင်းအမျိုးသမီးတွေဟာလည်း တိုက်ခိုက်ရေးနဲ့စစ်ရေးပဏ္ဍိပက္ခအတွင်းမှာ တတ်စွမ်းတဲ့ဘက်က ပါဝင်နေတဲ့ အပြင် စစ်ပုံကျဖိုဝါဒစနစ်အတွင်းမှာ တန်းတူညီမျှမှုကိုရှာဖွေကာ လူသားချင်းစာနာထောက်ထားရေး၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစုအရေး စတဲ့ကဏ္ဍအသီးသီးမှာ ပါဝင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒါဟာ အမျိုးသမီးထုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တော်လှန်ရေးလက္ခဏာာလို့လည်း အသိပေးပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သစ္စာအဓိဌာန်မှာပါတဲ့ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးဆိုတဲ့နေရာမှာ ဂျန်ဒါတန်းတူရေးမပါဘဲ ရမှာမဟုတ်တဲ့အတွက် ခွဲခြားဆက်ဆံမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်ကာ ဂျန်ဒါတန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်အောင်  ကြိုးပမ်းသွားမယ်လို့ KNDF ဂျန်ဒါတန်းတူရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ ကနေဒါ ကြေညာ 


မတ်လ ၈ရက်


မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ဒီနေ့ မတ်လ ရက်မှာ ကြေညာလိုက်ပါတယ်။ 

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုထိခိုက်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာတွေ အတွက် မြန်မာစစ်အစိုးရက အကြီးတန်း အရာရှိ ၁၃ ဦးနဲ့ အဖွဲ့အစည်း ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာလို့ နိုင်ငံခြားရေး၀န်ကြီး Mélanie Joly က ပြောပါတယ်။

မြန်မာစစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေအပါအဝင် မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်မငြိမ်မှုနဲ့ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အလုံးစုံအကျပ်အတည်းတွေအတွက် တုံ့ပြန်လိုက်တာလို့ ဆိုပါတယ်။

ဒီပဋိပက္ခတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ပိုမိုဆိုးရွားစေခဲ့ပြီး မတည်ငြိမ်မှုတွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာစေတယ်လို့ ထောက်ပြထားပါတယ်။ 

မြန်မာနိုင်ငံက အကြီးတန်း အစိုးရအရာရှိတွေက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေချိန်မှာ ကနေဒါအနေနဲ့ ဘာမှမလုပ်ဘဲနေမှာ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံအနေ နဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ပေးမယ့် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်ပါတယ်လို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက်နေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီအရင်ခံစာအရ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၀၂၄ ခုနှစ် ပထမ လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၆၁ ဦးအပါအဝင် အရပ်သား ၃၅၉ ဦး သေဆုံးခဲ့ပြီး အရပ်သား ၇၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုတွေလုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကနေဒါက တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို စစ်ဆင်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီတွေအားလုံး ရပ်ဆိုင်းဖို့၊ လက်နက်၊စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာအကူအညီတွေ လွှဲပြောင်းပေးနေတာတွေ ရပ်ဆိုင်းဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ကနေဒါအစိုးရက တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ ကနေဒါနိုင်ငံအနေနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကနေဒါအစိုးရက ပြောပါတယ်။  

ကနေဒါနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ မြန်မာစစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ၁၄၉ ဦးနဲ့ အဖွဲ့အစည်း ၉၂ ခုကို အရေးယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာက အိမ်တွေကို စစ်အုပ်စုက စက်ယန္တယားတွေနဲ့အင်အားသုံး ဖျက်ဆီး


မတ်လ ၈ရက်


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာက အိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက လမ်းပိုင်မြေဆိုပြီး မြေကော်စက်၊ ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ MDY Revolution က ပြောပါတယ်။  

ကြာနီကန်ရွာလမ်းမကြီးအရှေ့ဘက်ခြမ်းကို လမ်းနယ်၊ ဆည်မြောင်းနယ်ဆိုပြီး ပေ ၁ဝဝ အထိ ဖျက်ချပြီး လမ်းအနောက်ဘက်ကို လမ်းနယ်ဆိုကာ ၇၅ ပေ အထိ ဖျက်ချသွားတာ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ရဲ၊ စည်ပင်နဲ့ ပြည်သူ့လုံခြုံရေးဆိုတဲ့ အပြာဝတ်တွေပါတဲ့ အင်အား ၅၀ ကျော် နဲ့ မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကအိမ်တွေကို မတ်လ ရက်ကနေ မတ်လ ရက်နေ့အထိ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အဓမ္မဖျက်ဆီးခဲ့ရာမှာ ဒေသနေပြည်သူတွေပိုင်တဲ့ပစ္စည်းတွေ ကို ယူဆောင်ခွင့်မပေးဘဲ ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးမှုများတယ်လို့လည်း သိရပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖျက်ဆီးမှုကြောင့် မန္တလေးနဲ့မတ္တရာ အဝေးပြေးလမ်းမကြီးဘေးက အိမ်ခြေ ၈၀ထက် မနည်း ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

အကြမ်းဖက်စစ်တပ်ရဲ့ အဖျက်လုပ်ငန်းတွေကို လက်တွေ့ခံစားနေကြရပြီဖြစ်တာကြောင့် စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေး တော်လှန်တိုက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ MDY Revolution က တိုက်တွန်းထားပါ တယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩၁။⁨⁨ ဗန်းမော် စကခ - ၂၁ ခလရ - ၄၇ နဲ့ တက္ကသိုလ်ကျောင်းဝင်းကို KIA နဲ့ပူးပေါင်းတပ်တွေ တပြိုင်တည်းထိုးစစ်ဆင်


မတ်လ ၈ရက်


ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ အမှတ် - ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြော ပါတယ်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ရက်က စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ ၃လ ကြာ တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေရာ ဒီနေ့ မတ်လ ၈ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီမနက်မှာ စကခ - ၂၁၊ ဗန်းမော်တက္ကသိုလ်ကျောင်းဝင်းနဲ့ ခမရ ၄၇ နေရာတွေကို တပြိုင်တည်းထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့မကျရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတာကြောင့် တိုက်ပွဲကာလကြာနေနေတာပဲဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဗန်းမော်မြို့မကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့နေရောမှာ မတ်လ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်ထဲက စင်ကုန်းကျေးရွာကို လေကြောင်းကနေ ကြိမ်တိုက်ခိုက်သွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက မတ်လ ရက်နေ့ညပိုင်းမှာ ဖော်ပြသွားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဒေသနေပြည်သူ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ အသိပေးထားပါ တယ်။ 

 စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေရာတွေတင်မဟုတ်ဘဲ တိုက်ပွဲဖြစ်နေရာမဟုတ်တဲ့ မြို့၊ရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လုံခြုံရေးဂရုစိုက်ကြဖို့ဖို့ ကတုတ်ကျင်းတွေတူးထားကြဖို့ KIA ဘက်က တိုက်တွန်းထား ပါတယ်။


========================


⁨⁨🚩🚩၂။ ဝေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက် 


မတ်လ ၈ရက်


ပဲခူးတိုင်း ဝေါမြို့နယ်ကိုဖြတ်သွားတဲ့ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်မှာရှိပြီး စစ်ကောင်စီက X-Ray စက် တပ်ဆင် ထားတဲ့ စစ်ဆေးရေးဂိတ်ကို ဒီနေ့ မတ်လ ၈ရက် မနက်ပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်

ဒီနေ့မနက် အစောပိုင်းမှာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း ညောင်ခါးရှည်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ X-Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ဝေါမြို့ နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။

X-Ray တပ်စင်ထားတဲ့နေရာကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေပြင်သတင်းပို့မှုအရ စက်အနီးမှာ ၂လုံးကျရောက် ပေါက်ကွဲပြီး လယ်ကွင်းအစပ်မှာ တလုံးကျသွားတယ်လို့ သိရပေမယ့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို X-Ray ဂိတ် တိုက်ခိုက်ခံရတာကြောင့် ဝေါမြို့နယ်အတွင်း စစ်ကောင်စီလက်ခံအောက် ပဲခူးခရိုင်ရဲမှူးကိုယ်တိုင် နယ်မြေဆင်းပြီး စစ်ဆေးနေပြီး တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတယ်လို့ သိရပါတယ်။

ဒီဂိတ်ဟာ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေတဲ့ဂိတ်ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်ရာမှာပါတဲ့ တော်လှန်ရေးရဲဘော်တဦးက ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်း ညောင်ခါးရှည်လမ်းဆုံမှာရှိပြီး X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ကုန်တင်ယာဥ်တွေနဲ့ ခရီးသွားယာဥ်တွေကို တားဆီးစစ်ဆေးရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိတ်တခု ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်နိုင်တာလို့လည်း သိရပါတယ်။


========================


🚩🚩 ရေစကြိုနဲ့မြောင်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသနေပြည်သူတသောင်းခွဲထက်မနည်း ထွက်ပြေးနေရ


မတ်လ ၈ရက်


မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်သို့ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီး ရွာတွေ ကို မီးရှို့နေတဲ့အတွက် ဒေသနေပြည်သူ တသောင်းခွဲကျော် ထွက်ပြေးနေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ရေစကြိုမြို့ကထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ရက်နေ့ကစပြီး လက်နက် ကြီးတွေနဲ့ပစ်ခတ်ကာ မြေစွန်းရွာကို စီးနင်းခဲ့ကာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆင်ခြေယာရွာက အိမ် လုံး မီးလောင်ကာ ဆိုင်ကယ် စီးခန့် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ရက်နေ့မှာလည်း မြေစွန်းရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး မတ်လ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က အင်အား ၆၀ ခန့် ထပ်မံဖြည့်တင်းခဲ့ပြီး မြေစွန်းရွာကို တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇရပ်နီရွာကို စီးနင်းပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ မတ်လ ရက်နေ့မှာ သာခေါင်လေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ရေစကြိုနယ် မြေစွန်းရွာက သက်ကြီးရွယ်အို ဦးကိုလည်း သတ်ဖြတ်သွား တယ်လို့ Yesagyo Township Info Committee အဖွဲ့က ပြောထားပါတယ်။

အခုလလို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ရေစကြိုနယ်က မြေစွန်းရွာ၊ ဆင်ခြေယာရွာ၊ မာလကာခြံ ရွာ၊ ရွှေလှန်ရွာ၊ ရွာသစ်ရွာ၊ သာခေါင်ကြီးရွာ၊ ဇရပ်နီရွာ၊ သာခေါင်လေးရွာ၊ ဖြုံဘူးရွာ၊ မြောင်နယ်က မြစ်ဆုံရွာ၊ ငါးရံ့အိုရွာ၊ မင်းလှရွာ၊ ပန်းညိုရွာနဲ့ ညောင်ကားယားရွာတို့က အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၃ ဦး သေဆုံး ပြီး ဦးဒဏ်ရာရကာ အိမ် လုံး ပျက်စီး


မတ်လ ၈ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်တို့မှာ အကြမ်းဖက် စစ်ကောင်စီရဲံ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိကာ အိမ် လုံး ပျက်စီးခဲ့ တယ်လို့ KNU ဗဟိုက ဒီနေ့ မတ်လ ရက်မှာ ထုတ်ပြန်ပါတယ်။ 

တောင်ငူလေတပ်စခန်းကနေတက်လာတဲ့ ဂျက်ဖိုက်တာတစင်းဟာ မတ်လ ရက်နေ့ နေ့လည် နာရီခန့်မှာ မူးမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ဦး ဒဏ်ရာရရှိကာ အိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ နာရီ မိနစ်မှာလည်း မူးမြို့နယ် မကျည်းတောကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က ထပ်မံဗုံးကြဲခဲ့ရာ အသက် ၅၃ နှစ်အရွယ်အမျိုးသမီးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတို့ သေဆုံးခဲ့ပြီး အိမ် လုံးပျက်စီးခဲ့ကာ အိမ်တ လုံး မီးလောင်ပြာကျခဲ့သလို နာရီ ၁၅ မိနစ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရော့ကတ်နဲ့ထပ်မံ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

လယ်ဒိုမြို့နယ်ထဲကို အင်းနက်ကျေးရွာကိုလည်း မတ်လ ရက်နေ့ ညနေ နာရီ ၄၆ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးမှုမရှိခဲ့ပေမယ့် မတ်လ ရက်နေ့ နာရီ ၅၃ မိနစ်အချိန် နရွဲပင်ရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာတော့ အိမ်တလုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။⁨⁨ မင်းတပ်မြို့ အတွင်း စစ်တပ်ကထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း ရှင်းလင်းဖယ်ရှား 


မတ်လ ၈ရက်


ချင်းပြည်နယ် မင်းတပ်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း ရှင်းလင်းထားပြီး ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ 

မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်ခဲ့ချိန်တုန်းက တပ်စခန်းအနီးအဝန်းကျင်အပါအဝင် ပြည်သူလူထုနေထိုင်ရာ နေရာတွေမှာပါ မိုင်းမျိုးစုံထောင်ထားခဲ့တာကြောင့် မိုင်းတွေကို ဖယ်ရှားရှင်းလင်းခဲ့တာလို့ ဆိုပါ တယ်။

လက်ရှိမှာ မိုင်းမျိုးစုံ အလုံး ထောင်ထက်မနည်း ဖယ်ရှားရှင်းလင်းပြီးဖြစ်ပေမယ့် အကြွင်းအကျန်တွေ ရှိနေနိုင်သေးတယ် လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။  

ဒါကြောင့် မင်းတပ်မြို့တွင်းမှာ ပြန်လည်နေထိုင်ကြမယ့် အရပ်သားပြည်သူတွေအနေနဲ့ မိမိတို့နေအိမ် အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်တွေမှာ မသင်္ကာဖွယ်ရာ မိုင်းနဲ့ ပေါက်ကွဲစေတတ်တာတွေတွေ့ရင် ထိတွေ့ကိုင်တွယ်တာမျိုးမလုပ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်- မင်းတပ်နဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ရက်နေ့ကစပြီး ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အပြီးတိုင်ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မင်းတပ်မြို့တွင်းမှာ ပြန်လည်နေထိုင်ကြမယ့် အရပ်သားပြည်သူ တွေ လမ်းပန်းဆက်သွယ်ရေးနဲ့ သောက်သုံးရေ အဆင်ပြေစေဖို့ အဓိကထား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment