11 May 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG

 

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€™ေα€œ ( ၁၁ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ှာ α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›၊ ထိခိုα€€်ဆုံးα€›ှုံးα€™ှုα€›ှိ

 

မင်းတပ်α€™ြို့ပေါ်α€™ှာ α€…α€…်α€€ောင်α€…ီα€€ (α€™ေ ၇) α€œေα€€ြောင်းα€—ုံးα€€ြဲတိုα€€်ခို၊α€€်တာα€€ြောင့် α€‘α€žα€€်ဆုံးα€›ှုံးα€™ှု၊ ထိခိုα€€်ပျα€€်α€…ီးα€™ှုα€›ှိα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€™α€”α€€် ၁ α€”ာα€›ီ α€™ိα€”α€…် ၃၀ ဝန်းα€€ျင်α€™ှာ မင်းတပ်α€™ြို့ထနီး α€—ုံး ၂ α€œုံးα€€ြဲα€€ျ တိုα€€်ခိုα€€်တာα€–ြα€…်ပြီး α€”ေထိα€™်ပျα€€်α€…ီးα€™ှုα€›ှိα€žα€œို α€”ေ့α€œα€š် ၂ α€”ာα€›ီ α€™ိα€”α€…် ၄၀ ဝန်းα€€ျင်α€™ှာ မင်းတပ်α€™ြို့ပေါ် ဂျα€€်α€–ိုα€€်တာα€”ဲ့ ထပ်α€™ံα€—ုံးα€€ြဲတိုα€€်ခိုα€€်α€œို့ ထစိုးရထဆောα€€်ထထုံ၊ ထိခိုα€€်ပျα€€်α€…ီးပြီး၊ ထရပ်α€žားပြα€Š်α€žူ α€‘α€žα€€်ဆုံးα€›ှုံးα€™ှု α€›ှိα€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

 

The Mindat Post α€€ ပြုα€…ုထားတဲ့ α€…ာရင်းထရ ပြီးခဲ့တဲ့ ဧပြီα€œα€ုα€”်းα€€ မင်းတပ်α€™ြို့α€”α€š်ထဲ ၈ α€€ြိα€™်ဝန်းα€€ျင် α€œေα€€ြောင်းα€—ုံးα€€ြဲတို၊α€€်ခိုα€€်ခံα€›α€œို့ ပြα€Š်α€žူ ၆ ဦးα€žေဆုံးပြီး ထိခိုα€€်ဒဏ်α€›ာα€›α€žူ ၁၀ ဦးထက်α€™α€”α€Š်း α€›ှိခဲ့ပါα€α€š်။ α€’ါ့ထပြင် α€˜ုα€›ားα€›ှိခိုးα€€ျောင်း ၂ α€€ျောင်းထပါထဝင် ထဆောα€€်ထထုံ ၃၀ α€€ျော်α€œα€Š်း ပျα€€်α€…ီးခဲ့ရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€˜α€္ဍာα€›α€”်ပုံငွေα€›ဲ့ ၉၄ α€›ာခိုင်α€”ှုα€”်းထထိα€€ို α€…α€…်α€›ေးကဏ္ဍမှာ α€‘α€žုံးပြုα€α€š်α€œို့ NUG ထုတ်ပြα€”်

 

ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› - NUG ထနေα€”ဲ့ α€˜α€္ဍာα€›α€”်ပုံငွေα€›ဲ့ ၉၄ α€›ာခိုင်α€”ှုα€”်းα€€ို α€…α€…်α€›ေးကဏ္ဍမှာ α€‘α€žုံးပြုခဲ့α€α€š်α€œို့ (α€™ေ ၃) ထုတ်ပြα€”်ပါα€α€š်။

 

PDF α€›ဲα€˜ော်တွေထနေα€”ဲ့ α€”ေပြα€Š်တော် ထပါထဝင် ပြα€Š်α€”α€š်၊ တိုင်းထားα€œုံးα€™ှာ တို၊α€€်ပွဲ ဝင်α€œျα€€်α€›ှိα€”ေα€žα€œို ထဲα€’ီα€‘α€žုံးα€…α€›ိတ်တွေα€€ို တနိုင်ငံα€œုံးထတိုင်းထတာα€–ြင့် α€žုံးα€…ွဲခဲ့တာα€œို့ ဆိုပါα€α€š်။

 

α€’ါ့ထပြင် α€™α€Ÿာα€™ိတ်တော်α€œှα€”်α€›ေးထဖွဲ့တွေα€€ို α€™ျှဝေထောα€€်ပံ့တဲ့ α€›α€”်ပုံငွေα€™ျားα€œα€Š်း ပါဝင်α€€ြောင်း ၂၀၂၅ ဧပြီ ၁၆ α€›α€€်α€”ေ့ ထုတ်ပြα€”်တဲ့ NUG α€œေးα€”ှα€…်ပြα€Š့် α€œုပ်ငန်းဆောင်α€›ွα€€်ချα€€် ထစီရင်ခံα€…ာα€™ှာ α€–ော်ပြထားတာပါ။

 

တော်α€œှα€”်α€›ေးα€€ာα€œα€™ှာ α€œα€€်α€”၊α€€်ခဲα€šα€™်း α€™ီးα€€ျောα€€်α€›α€›ှိα€›ေး၊ α€˜α€္ဍာ α€›α€”်ပုံငွေα€›α€›ှိα€›ေးα€€ α€œိုထပ်ချα€€်α€”ဲ့ α€…ိα€”်ခေါ်α€™ှုတွေ α€›ှိပေα€™α€š့် တော်α€œှα€”်α€œူထုα€›ဲ့ ပူးပေါင်းပါဝင် ထောα€€်ပံ့α€™ှု၊ α€™α€Ÿာα€™ိတ်တော်α€œှα€”်α€›ေးထဖွဲ့α€‘α€…α€Š်းတွေα€›ဲ့ ဝန်းα€›ံα€€ူα€Šီα€™ှုα€”ဲ့ ရင်ဆိုင်α€–ြေα€›ှင်း α€€ျော်α€œွှားα€œျα€€်α€›ှိα€α€š်α€œို့α€œα€Š်း NUG α€€ ထုတ်ပြα€”်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ ထမ်း (နပခ α€…α€…်α€Œာနချုပ်) α€™ြို့α€žိ၊α€™်းတိုα€€်ပွဲα€™ှာ AA α€”ဲ့ထတူ α€…α€…်α€€ိုင်း ပကဖ တပ်ရင်း ၁ ရင်းα€…ာ ပါဝင်တိုα€€်ခိုα€€်

 

ရခိုင်ပြα€Š်၊ ထမ်းα€™ြို့ (နပခ) α€žိ၊α€™်း တိုα€€်ပွဲα€™ှာ ထာα€›α€€္ခတပ်တော် - AA α€”ဲ့ထတူ α€…α€…်α€€ိုင်းတိုင်း ပကဖက တပ်ရင်း ၁ ရင်းα€…ာ α€€ူα€Šီတို၊α€€်ခိုα€€်ခဲ့တဲ့ α€›ဲα€˜ော်တွေα€€ို ဂုဏ်ပြုα€€ြိုဆိုပွဲα€€ျင်းα€•α€α€š်α€œို့ α€šα€„်းα€™ာပင်ခရိုင် ပကဖ α€€ (α€™ေ ၉) ထုတ်ပြα€”်ပါα€α€š်။

 

ထမ်းα€™ြို့ α€žိα€™်း၊တိုα€€်ပွဲα€™ှာ α€…α€…်α€€ိုင်းတိုင်း ပကဖ α€›ဲα€˜ော် ၁၅ ဦး α€€ျဆုံးခဲ့ပြီး ၇၀ α€€ျော် ထိခိုα€€်α€’ါဏ်α€›ာα€›α€›ှိα€α€š်α€œို့α€œα€Š်း ပြောပါα€α€š်။

 

ထမ်းα€™ြို့α€”ဲ့ ထနောα€€်ပိုင်းတိုင်းα€…α€…်α€Œာနချုပ် နပခ α€€ို ထာα€›α€€္ခတပ်တော် AA α€”ဲ့ပူးပေါင်းတပ်α€–ွဲ့တွေα€€ ၂၀၂၄ ခုα€”ှα€…်၊ α€’ီဇင်α€˜ာ ၂၀ α€›α€€်α€™ှာ ထပြီးα€žα€်တိုα€€်ခိုα€€်α€žိ၊α€™်းပိုα€€်ခဲ့တာα€–ြα€…်ပြီး α€…α€…်α€€ောင်α€…ီα€›ဲ့ နပခ α€’ုတိုင်းα€™ှူး α€—ိုα€œ်α€™ှူးချုပ်α€”ဲ့ တိုင်းα€…α€…်ဦးα€…ီးချုပ် α€—ိုα€œ်α€™ှူးချုပ်တို့α€€ိုပါ ထရှ၊င်α€–α€™်းα€™ိခဲ့တာ α€–ြα€…်ပါα€α€š်။

 

α€šα€„်းα€™ာပင်ခရိုင်ပကဖ ထနေα€–ြင့် ရခိုင့်α€…α€…်‌α€™ြေပြင်တွင် α€›ဲဝံ့α€…ွာတိုα€€်ပွဲဝင်ခဲ့α€€ြတဲ့ ပကဖရဲα€˜ော်ထားα€œုံးα€€ို ထထူးα€œေးα€…ားဂုဏ်ပြုα€α€š်α€œို့α€œα€Š်း ထုတ်ပြα€”်ထားပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment