၂၀၂၅ မေလ ၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အလုပ်သမားထုကြီးနှင့်အတူ အောင်ပွဲရသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ NUG ဟာ သာမန်အစိုးရလို မဟုတ်ပဲ တော်လှန်ရေး အစိုးရတစ်ရပ်အနေနဲ့ ယန္တရားသစ်ကို တည်ဆောက်နေရတာဖြစ်တယ်လို့ဆို

📌 ၃။ မလေးရှားက မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန် တောင်းဆို

📌 ၄။ လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ စီးပွားရေး စနစ်တခု တည်‌ဆောက်သွားမယ်လို့ KNU ကတိပြု

📌 ၅။ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများအတွက် လူ့အခွင့်အရေးနည်းပြသင်တန်းအောင်မြင်စွာကျင်းပပြီးစီး

📌 ၆။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ပြည်ထဲရေး ဌာနက အခြေခံ အမှုစစ်သင်တန်း ပြုလုပ်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် () သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် () ဖွဲ့ထုတ်ပြန်ကြေညာ

🚩၂။ KPLA တပ်ရင်း အမှတ် (၆၂၆) အနေဖြင့် ဖားဆောင်းမြို့နယ်တွင် အခြားမဟာမိတ်ညီနှောင်များနှင့်အတူ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိ

🚩၃။ ဆီမီးခုံမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်

🚩၄။ အညာကတင်းကျေးရွာ စာသင်ကျောင်း အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ အမျိုးသမီး ဦး သေဆုံး

🚩၅။ မင်းလှမြို့နယ်တွင် စစ်တပ်က ကျေးရွာ ရွာကို မီးရှို့ဖျက်ဆီးနေ

🚩၆။ သပိတ်ကျင်းမြို့နယ်ရွာများရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအား ထောက်ပံ့ကြေးပေးအပ်

🚩၇။ ဧပြီလအတွင်း တအောင်းဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၆၅ ဦးကို ဖမ်းဆီးခဲ့၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး လုံး ကျဲချတိုက်ခိုက်

🚩၈။ တောကျီးကန်း () ကောင်တပ်ရင်းမှ ရှေ့တန်းရဲဘော်များအား အရေးပေါ်ဆေးကုသမှု လက်တွေ့သင်တန်းပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အလုပ်သမားထုကြီးနှင့်အတူ အောင်ပွဲရသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော


မေလ ၁ရက်

Radio NUG

အလုပ်သမားထုကြီးနှင့်အတူ အောင်ပွဲရသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ အမှတ်တရ ကတိစကားမှာ ထည့်သွင်းပြောပါတယ်။


"ဖိနှိပ်မှုအောက်မှ ရုန်းထွက်ကာ နွေဦးတော်လှန်ရေး၏ အင်အားစုအဖြစ် ပြည်သူနှင့်အတူ တစ်သားတည်း ပါဝင်တိုက်ပွဲဝင်နေသော မြန်မာအလုပ်သမားထုကြီးကို အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ မိမိတို့အခွင့်အရေးနှင့် တရားမျှတမှုအတွက် အသက်၊ သွေး၊ ချွေးရင်းနှီးလျက် မဆုတ်မနစ်သော ဇွဲဖြင့် ကြံ့ကြံ့ခံနေသည့် အလုပ်သမားသူရဲကောင်းများ၏ စွန့်လွှတ်အနစ်နာခံမှုကို အစဉ်အမှတ်ရနေမည်ဖြစ်ပါတယ်။ တော်လှန်ရေး၏ မဏ္ဍိုင်ဖြစ်သကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်မည့် အလုပ်သမားထုကြီးနှင့်အတူ အောင်ပွဲရသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု အခိုင်အမာ ကတိသစ္စာပြုပါတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်ဟာ အလုပ်သမားများကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းနဲ့ ဖိနှိပ်မှုများ လက်ရှိမှာကျူးလွန်လျက် ရှိပါတယ်။


========================


📌📌 ၂။ NUG ဟာ သာမန်အစိုးရလို မဟုတ်ပဲ တော်လှန်ရေး အစိုးရတစ်ရပ်အနေနဲ့ ယန္တရားသစ်ကို တည်ဆောက်နေရတာဖြစ်တယ်လို့ဆို


မေလ ၁ရက်

Radio NUG

NUG ဟာ သာမန်အစိုးရလို မဟုတ်ပဲ တော်လှန်ရေး အစိုးရတစ်ရပ်အနေနဲ့ ယန္တရားသစ်ကို တည်ဆောက်နေရတာဖြစ်တယ်လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်က ဆိုပါတယ်။


"စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်လက်ထဲမှာ အစိုးရ ယန္တရား တစ်ခုလုံး ရောက်ရှိသွားခဲ့တာကြောင့် NUG ဟာ သာမန်အစိုးရလို မဟုတ်ပဲ တော်လှန်ရေး အစိုးရတစ်ရပ်အနေနဲ့ ယန္တရားသစ်ကို တည်ဆောက်နေရပြန်တာလည်းဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့ အခါ အခက်အခဲ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြရပါတယ်။ ဒီရင်ဆိုင်မှုတွေကို တဆင့်ချင်း ကျော်လွှားနေကြတာ အခုဆိုအတော်ခရီးရောက်လာပြီလို့ ပြောနိုင်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အချိန် နှစ်တာအတွင်း အခုလို တော်လှန်ရေး အောင်မြင်မှုမျိုးရှိနေတဲ့ မြန်မာ့တော်လှန်ရေးလို တစ်ခုမျှ ရှိမနေတာကိုတော့ သတိပြုမိကြမယ်ထင်ပါတယ်။ ဒါတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ပါ၀င်နေကြသူတိုင်းရဲ့ ကြိုးစားအားထုတ်မှုဆိုတာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ဖက်ဒရယ် ပြည်ထောင်စုအတွက် အသွင် ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိုလည်း လုပ်ဆောင်နေရပြီး နိုင်ငံရေးအရ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်လည်းဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ မလေးရှားက မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန် တောင်းဆို


မေလ ၁ရက် 

Radio NUG 


မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီ အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်သူများ ကြေညာထားသည့် လက်ရှိအပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတစ်ဝန်းသို့ ချဲ့ထွင်ရန် အလေးအနက် တောင်းဆိုလိုက်ပါတယ်။


ဧပြီလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည့် စစ်ကိုင်းနှင့် မန္တလေးတို့၏ ငလျင်ဒဏ်ခံဒေသများတွင် အကန့်အသတ်ဖြင့် ထားရှိသည့် အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အနှောင့်အယှက်ကင်းစွာ ပေးပို့နိုင်ရန် ချဲ့ထွင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားပါတယ်။


ဤအပစ်အခတ်ရပ်စဲရေးသည် မြန်မာနိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ဘေးကင်းစွာ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံရန် မရှိမဖြစ် လိုအပ်သည်ဟု မလေးရှားက ထောက်ပြထားပါတယ်။


========================


📌📌 ၄။ လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ စီးပွားရေး စနစ်တခု တည်‌ဆောက်သွားမယ်လို့ KNU ကတိပြု


မေလ ရက်၊ 

Radio NUG


မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ထုတ်ပြန်ချက်မှာ လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ စီးပွားရေး စနစ်တခု တည်‌ဆောက်သွားမယ်လို့ KNU ကတိပြုခဲ့ပါတယ်။


မေလ ရက်နေ့ဟာ အလုပ်သမားများရဲ့ အခွင့်အရေး ရရှိရန် ဆန္ဒပြ တောင်းဆိုခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်တဲ့အပြင် ယနေ့အထိ ထိုကြိုးပမ်းမှုများကို ပြန်အောင့်မေ့ ဂုဏ်ပြုအပ်တဲ့ တန်ဖိုးရှိတဲ့ နေ့တစ်နေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။


ကရင့်အမျိုးသားအစည်းအရုံးက လူတိုင်းအတွက် လုံခြုံမှုရှိသော၊ တရားမျှတသော၊ တန်းတူညီမျှသော လုပ်ငန်းခွင် ရရှိစေရန် ကြိုးစားနေကြသူ အားလုံးနှင့်အတူ ရပ်တည် ထောက်ခံပြီး လုပ်ငန်းခွင်တိုင်းမှာဂုဏ်သိက္ခာ၊ လေးစားမှုနှင့် တရားမျှတမှုရှိဖို့ဟာ အခြေခံ အခွင့်အရေး ဖြစ်တယ်လို့ လက်ခံယုံကြည်ကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင်လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို အသားပေးပြီး အလုပ်သမားများရဲ့ အနစ်နာခံ ပေးဆပ်မှုကို အထူး တန်ဖိုးထားတဲ့ စီးပွားရေး စနစ်တစ်ခု တည်ဆောက်သွားမယ်လို့လည်း KNU က ကတိပြုထားတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများအတွက် လူ့အခွင့်အရေးနည်းပြသင်တန်းအောင်မြင်စွာကျင်းပပြီးစီး


မေလ ရက် 

Radio NUG

လူ့အခွင့်အရေးဝန်ကြီးဌာန၏ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံများအတွက် ဖွင့်လှစ်ပို့ချခဲ့သော  လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းပွဲကို  ဧပြီလ (၃၀) ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။


သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ မှ ဧပြီလ (၃၀)ရက်နေ့ အထိ () ရက်တာကျင်းပ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ညီမျှခြင်းမြန်မာအဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ပြီး သင်တန်းသား (၁၇)ဦး၊ သင်တန်းသူ (၁၀) ဦး စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပါတယ်။


သင်တန်းတွင် လူ့အအခွင့်အရေးအဓိပ္ပါယ်နဲ့ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စာတမ်းပါအခွင့်အရေးများ၊ မြေပြင်အခြေအနေများနှင့် ဆက်စပ်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရန် နည်းလမ်းများ၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေများ၊ ဆင့်ပွားသင်တန်းပို့ချရန် သင်ကြားမှု အထောက်အကူပြု ပစ္စည်းအသုံးပြုပုံများစသည်တို့ကို သင်ကြားပို့ချခဲ့ပြီး မြေပြင်လူ့အခွင့်အရေးသင်တန်း ပြန်လည် ပို့ချနိုင်မည့် အစီအစဉ်များကို ရေးဆွဲချမှတ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ပြည်ထဲရေး ဌာနက အခြေခံ အမှုစစ်သင်တန်း ပြုလုပ်ခဲ့


မေလ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းက လွတ်မြောက်နယ်မြေ တနေရာမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြည်ထဲရေးဌာနမှ ဦးဆောင်ပြီး အခြေခံ အမှုစစ် သင်တန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်နေ့က စတင် ပြုလုပ်ခဲ့တာဖြစ်ပြီး မှုခင်းမှတ်တမ်း ကောက်ယူခြင်း၊ ထိန်းသိမ်းခြင်းနဲ့ အမှုစစ်နည်းများကို သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။


သင်တန်းကို ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်တာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံလာရတဲ့ ရာဇဝတ်သားတွေကို စနစ်တကျ စစ်ဆေးနိုင်အောင် တချိန်တည်းမှာပဲ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ တော်လှန်ရေးဆိုင်ရာ မှုခင်းတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရတာလို့ MSFC, ပြည်ထဲရေးဌာနမှူး နိုင်ပညာမာန်က လဂွန်းအိမ် စာစဉ်မှာ ဖြေဆိုထားပါတယ်။


မွန်ပြည်ဖက်ဒရယ် ကောင်စီကို ဥပဒေပြုရေး၊ တရားရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ရပ်ဖြင့် ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး ကော်မတီအောက်မှာ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေး ဌာန၊ လူငယ် အမျိုးသမီး ကလေးနှင့် ဂျန်တာတန်းတူရေးဌာန၊ ပြင်ပဆက်ဆံရေးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ဌာနစတဲ့ ဌာန ခု ဖွဲ့စည်းထားပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



========================



🚩🚩၁။ ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် () သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် () ဖွဲ့ထုတ်ပြန်ကြေညာ


မေလ ၁ရက် 

Radio NUG 


ငလျင်နောက်ဆက်တွဲ လုပ်ငန်း များနှင့် ဆက်စပ်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံ လိုအပ်နေမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ () ရက်နေ့မှ (၃၁) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ နောက်ထပ် () သက်တမ်း တိုးလိုက်ကြောင်း ညီနောင်မဟာမိတ် () ဖွဲ့၏ ထုတ်ပြန်ကြေညာပါတယ်။


အင်အားပြင်းငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် () လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရတာကြောင့်လို့ ဆိုထားပါတယ်။


ထို့ကြောင့် ထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ် () ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ KPLA တပ်ရင်း အမှတ် (၆၂၆) အနေဖြင့် ဖားဆောင်းမြို့နယ်တွင် အခြားမဟာမိတ်ညီနှောင်များနှင့်အတူ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိ


မေလ ၁ရက် 

Radio NUG 


ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီး၊ တပ်ရင်း အမှတ် (၆၂၆) အနေဖြင့် ဖားဆောင်းမြို့နယ်တွင် အခြားမဟာမိတ်ညီနှောင်များနှင့်အတူ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိတွေ့တိုက်ပွဲ ပုံမှန်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူများရှိကာ ကျဆုံးသူတစ်ချို့လည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီအနေဖြင့်မူ ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ကင်းထောက်ဒရုန်းနှင့်လည်း ထောက်လှမ်းကာ လက်နက်ကြီးများ နေ့စဥ်ရက်ဆက်ပစ်ခတ်လျက်ရှိသည့်အပြင်  Drop bomb ချခြင်းတို့ကိုလည်း ပြုလုပ်နေကာ တိုက်လေယာဥ်ဖြင့် စစ်မြေပြင်မဟုတ်သည့် အရပ်သားနေရာများသို့လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။


 KPLA B-626 တပ်ဖွဲ့အပြင် မဟာမိတ်တပ်များသည်လည်း  လက်နက်ခဲယမ်း၊ ရိက္ခာလောင်စာဆီ၊ ကားပြုပြင်စရိတ်တို့လည်း လိုအပ်ချက်ရှိနေပါသဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၃။ ဆီမီးခုံမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်


မေလ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦး အပါအဝင် ပြည်သူ့စစ် ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၃၀ ရက်နေ့ နာရီ ခန့်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပြောက်ကျား နည်းဗျူဟာ အသုံးပြုပြီး အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ပြည်သူ့စစ် ဦး သေဆုံးခဲ့ကာ G-3 သေနတ် လက်နဲ့ ကျည် ၁၈ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေနဲ့ မြို့တွင်းစစ်ဆင်ရေး မစ်ရှင်များကို အချိန်နဲ့ တပြေးညီ ဖော်ဆောင်နေတာကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနဲ့ နီးကပ်စွာ သွားလာ နေထိုင်ခြင်း မပြုကြဖို့ အသိပေးထားပါတယ်။


========================


🚩🚩၄။ အညာကတင်းကျေးရွာ စာသင်ကျောင်း အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ အမျိုးသမီး ဦး သေဆုံး


မေလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာကတင်း ကျေးရွာ၊ စာသင်ကျောင်းအနီးကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးခဲ့တယ်လို့ယော အလင်းတန်းက ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ မနက် ၁၀ နာရီ ၅၂ မိနစ်နှင့် ၅၇ မိနစ်တို့မှာ တံတားဦး လေတပ်က တက်လာတဲ့ Jet Fighter တစ်စီးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အညာတကင်း ကျေးရွာကို ပေါင် ၂၅၀ ဗုံး () လုံး ကျဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်နဲ့ ၃၈ နှစ်အရွယ် ဒေါ်ပြားသာတို့ () ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရကာ အသက် () နှစ်အရွယ်ရှိ မခွန်းဆက်ချိုဟာလည်း ဆေးရုံကို ပို့ဆောင်နေစဉ် လမ်းမှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် ကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ် လုံးခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ မင်းလှမြို့နယ်တွင် စစ်တပ်က ကျေးရွာ ရွာကို မီးရှို့ဖျက်ဆီးနေ


မေလ ၁ရက် 

Radio NUG 


မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က မေလ ရက် နံနက် နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ငမိုးရိပ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။


ငမိုးရိပ်ကျေးရွာတွင် နေအိမ်များကို မီးရှို့ပြီးနောက် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။


ထို့အပြင် ဧပြီလ ၃၀ ရက်တွင်လည်း စစ်တပ်က မင်းလှမြို့နယ်ရှိ ဇရစ်မျှောင်ရွာ အရှေ့ကုန်းနှင့် ရွှေပေါက်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


ဧပြီလ ၂၈ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ တာကလေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးကျည် လုံးဖြင့် ငလှစမ်းရွာသို့ ပစ်ခတ်ခဲ့ရာ နေအိမ် လုံး ပျက်စီးသွားပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ သပိတ်ကျင်းမြို့နယ်ရွာများရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအား ထောက်ပံ့ကြေးပေးအပ်


မေလ ၁ရက် 

Radio NUG 


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် ထိခိုက်နစ်နာခဲ့ရသည့် အိမ်ထောင်စုများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံကာ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါကျေးရွာနှစ်ရွာတွင် အပြစ်မဲ့ပြည်သူ ၅၀ ဦးခန့် အသက်ဆုံးရှုံးခဲ့ပြီး ၈၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩၇။ ဧပြီလအတွင်း တအောင်းဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၆၅ ဦးကို ဖမ်းဆီးခဲ့၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး လုံး ကျဲချတိုက်ခိုက်


မေလ ရက်၊ 

Radio NUG


ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေမှာ ဧပြီလ တစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၆၅ ဦးကို တအောင်းပြည်၊ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ကျောက်မဲမြို့နယ်မှာ မူးယစ်ဆေး ရောင်းဝယ်သူ အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး နှင့်အတူ ဘိန်းဖြူ ၃၆ ခွက်၊ ဘိန်းဖြူထည့်ထားတဲ့  တစ်လက်မခန့် ဗူး ဗူး၊ WY စာတန်းပါ စိတ်ကြွဆေးပြား ,၄၁၄ ပြား၊ ဖုန်း လုံး၊ ငွေသား ၉၂ သိန်းကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် နောင်ချိုမြို့နယ်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဦးကို ယာမဆေးပြားများ၊ ဘိန်းဖြူ ထည့်ထားတဲ့ M-150 ပုလင်း ပုလင်း၊ ပုလင်းသေး ပုလင်း နှင့်အတူ ဖမ်းဆီးရမိ ခဲ့ပါတယ်။


အလားတူ ကွတ်ခိုင်မြို့နယ်မှာလည်း ရောင်းဝယ်သူ ဦးနဲ့ သုံးစွဲသူ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ထည့်ထားတဲ့ ခွက်၊ ဘိန်းဖြူ ၂၅ ဂရမ်၊ ယာမဆေးပြား အလုံး (,၀၀၀) ဖုန်း လုံးနဲ့ ဆက်စပ်ပစ္စည်း အများအပြားကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


မန်တုံ မြို့နယ်မှာလည်း မူးယစ်‌ဆေးဝါး ရောင်းဝယ်သူ ဦးနဲ့ သုံးစွဲသူ ၅၀ ဦး၊ နမ္မတူ မြို့နယ်မှာ ရောင်းဝယ်သူ ဦးနဲ့ သုံးစွဲသူ ဦး၊ သီပေါမြို့နယ်မှာ သုံးစွဲသူ ဦးတို့ကို (PSLF/TNLA) မြို့နယ် ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ဧပြီလ ၃၀ ရက်နေ့ နာရီခွ်ခန့်မှာ မိုးကုတ်မြို့ အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ် ကျေးရွာကြားကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၈။ တောကျီးကန်း () ကောင်တပ်ရင်းမှ ရှေ့တန်းရဲဘော်များအား အရေးပေါ်ဆေးကုသမှု လက်တွေ့သင်တန်းပေးအပ်


မေလ ၁ရက် 

Radio NUG 


ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသည့် တောကျီးကန်း () ကောင်တပ်ရင်းမှ ရဲဘော်များအား စစ်မြေပြင်တွင် ကျည်ထိမှန်ခြင်း သို့မဟုတ် အခြားဒဏ်ရာများရရှိပါက အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် အရေးပေါ်ဆေးကုသမှုနည်းလမ်းများကို လက်တွေ့သင်ကြားပေးသည့် သင်တန်းတစ်ရပ်ကို တပ်ရင်းဆေးတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


သင်တန်းတွင် ရဲဘော်များအနေဖြင့် နောက်တန်းဆေးကုသမှုနေရာသို့ မပို့ဆောင်နိုင်မီ သွေးထွက်လွန်ကဲမှုကို ထိန်းချုပ်ရန်နှင့် အရေးပေါ်ပြုစုနည်းများကို အချင်းချင်း လက်တွေ့လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။


တောကျီးကန်းတပ်ရင်းအနေဖြင့် စစ်ရေးတာဝန်များအားလပ်ချိန်များတွင် ရဲဘော်များအား စစ်မြေပြင်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ပုံမှန်လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment