၂၀၂၅ မေလ ၂၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ လုကာဆေးရုံ ()နှစ်ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရောမမြို့ အီတလီဆီးနိတ်ပြည်ထောင်စုလွှတ်တော် Palazzo Carpegna ခန်းမတွင်ကျင်းပတဲ့ မြန်မာ့အရေးညီလာခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း()Kim Aris တက်ရောက်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းဘီလီယံနာသူဌေးကြီး ဒါနင်းချီယာရာဘန်နော့ JusticeForMyanmarကထုတ်ဖော်တဲ့ အာဆီယံအမည်ပျက်သူဌေးစာရင်းတွင် ပါဝင်လာ


========================


၂၀၂၅ ခုနှစ် မေလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြိုင်နယ် ဗဟင်းရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF ဦးအပါအဝင် ဦး သေဆုံး

🚩 ၂။ညောင်ဦးမြို့ကထွက်လာတဲ့ အင်အား ၉ဝ ပါ စစ်တပ်စစ်ကြောင်းနဲ့ထိတွေတိုက်ပွဲမှာ စစ်သား ဦးထက်မနည်းသေဆုံး 

🚩 ၃။ပေါင်းတည်မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းအချို့က စစ်သားတွေ စခန်းစွန်ခွာထွက်ပြေးသွားတာကြောင့် လေကြောင်း အန္တရာယ် အထူးဂရုပြုဖို့ ပြည်သူလူထုကို တိုက်တွန်း

🚩 ၄။နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္မဏီကို စစ်တပ်က ပေါင် ၅ဝဝ ဗုံးနဲ့ တိုက်ခိုက်မှု ယွမ် တသန်းခွဲကျော်ဖိုး ပျက်စီးဆုံးရှုံး

🚩 ၅။ ချင်းညီနောင်ကဖွင့်မယ့် စနိုက်ပါသင်တန်းကို လာတက်ဖို့ ဖိတ်ခေါ်

🚩 ၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းသင်တန်းကို  ရပ်ရွာရှိပြည်သူလူထုအား ပို့ချခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ လုကာဆေးရုံ ()နှစ်ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့


  မေလ ၂၁ရက်


 ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ လုကာဆေးရုံ ()နှစ်ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


လုကာဆေးရုံကို ၂၀၂၂ ခုနှစ် မေလ၁၇ရက်တွင် ကရင်နီပြည်တနေရာတွင် ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ အကြိမ်ကြိမ်နှောင့်ယှက်ဖျက်ဆီးမှုများကိုကြံ့ကြံ့ခံ၍ မိမိတို့၏အသက်ကိုပင် ပဓာနမထားပဲ ဒေသနှင့်နွေဦးတော်လှန်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ၃နှစ်တိုင်တိုင် ပေးအပ်လျက်ရှိသော လုကာဆေးရုံမှ တော်လှန်ကျန်းမာရေးဝန်ထမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အထူးဂုဏ်ယူလေးစားပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရောမမြို့ အီတလီဆီးနိတ်ပြည်ထောင်စုလွှတ်တော် Palazzo Carpegna ခန်းမတွင်ကျင်းပတဲ့ မြန်မာ့အရေးညီလာခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း()Kim Aris တက်ရောက်ခဲ့


 မေလ ၂၁ရက်


ရောမမြို့ အီတလီဆီးနိတ်ပြည်ထောင်စုလွှတ်တော် Palazzo Carpegna ခန်းမတွင်ကျင်းပတဲ့ မြန်မာ့အရေးညီလာခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ()Kim Aris တက်ရောက်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့ အင်္ဂါနေ့တွင် ရောမမြို့ အီတလီဆီးနိတ်ပြည်ထောင်စုလွှတ်တော် Palazzo Carpegnaခန်းမတွင် ကြံ့ခိုင်တော်လှန်ဆဲ မြန်မာပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေး ခေါင်းစဥ်ဖြင့် မြန်မာ့အရေးညီလာခံကို ကျင်းပခဲ့ပါတယ်။


ထိုညီလာခံကို အီတလီဆီးနိတ်လွှတ်တော်  အပြည်ပြည်ဆိုင်ရာ ပါလီမန်အမတ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  မှ စီစဥ်ခဲ့ခြင်းဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်ဖြစ်သူ Kim Aris လွှတ်တော်အမတ်များ၊ လူမှုရေးအဖွဲ့စည်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim Aris မှ "မြန်မာပြည်သူများ၏ ကြံ့ကြံ့ခိုင်တော်လှန်ရပ်တည်မှု၊ လေးနှစ်တာကာလအတွင်း မိခင်ထံမှစာတစောင်အပြင် မည်သည့်ဆက်သွယ်မှုမှ မရှိအောင် ကန့်သန့်ထားမှု၊ ရှေ့နေများ၊ နိုင်ငံတကာနှင့် မည်သည့်အဖွဲ့စည်းနှင့်မျှ တွေ့ဆုံခွင့်မရသည့် အခြေနေ၊ အကျဥ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုပျက်ကွက်မှုများကြောင့် နိုင်ငံရေးအကျဥ်းသားများ သေဆုံးရမှုများတွင် မိခင်အတွက် စိုးရိမ်ပူပန်ရပုံ၊ နိုင်ငံတကာနှင့် မည်သည့်ဥပဒေကိုမှ ဂရုမစိုက်ဘဲ ဗုံးကျဲသတ်ဖြတ်မှုများ၊ မတရားရက်စက်ကြမ်းကြုတ်မှုများကြား မြန်မာပြည်မှ လက်ရှိအခြေနေသည် ဒီမိုကရေစီလွတ်လပ်ခွင့်အပြင် လူသားများအသက်နှင့် သက်ဆိုင်နေကြောင်း "ပြောကြားခဲ့ပါတယ်။


ထို့နောက်အီတလီမြန်မာအတူတကွ အဖွဲ့အစည်းဥက္ကဌ Vincenzo Scotti မှ  စစ်အုပ်စု၏ သဘာဝဘေးအန္တရာယ်ဖြစ်သော ငလျင်ကိုအသုံးချကာ နိုင်ငံတကာတွင် အဝင်ဆံ့ရန်ကြိုးစားမှု၊ အာဆီယံ၏ မတရားအာဏာသိမ်း စစ်အုပ်စုကို အခွင့်ရေးပေးနေမှုများ၊ ကုလသမဂ္ဂ၏ ပြည်သူဘက်မှ ပြတ်သားရပ်တည်ရန် လိုအပ်ချက်များနှင့် နိုင်ငံထက်ဝက်ကျော်နယ်မြေစိုးမိုးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားအဖွဲ့များပေါ် အီတလီအစိုးရအနေဖြင့် တိုက်ရိုက်ဆက်သွယ်ပံ့ပိုးရန် တိုက်တွန်းသွားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ထိုင်းဘီလီယံနာသူဌေးကြီး ဒါနင်းချီယာရာဘန်နော့ JusticeForMyanmarကထုတ်ဖော်တဲ့ အာဆီယံအမည်ပျက်သူဌေးစာရင်းတွင် ပါဝင်လာ


 မေလ ၂၁ရက်


ထိုင်းဘီလီယံနာသူဌေးကြီး ဒါနင်းချီယာရာဘန်နော့ JusticeForMyanmarကထုတ်ဖော်တဲ့ အာဆီယံအမည်ပျက်သူဌေးစာရင်းတွင်ပါဝင်လာတယ်လို့ သိရပါတယ်။


ယင်းသူဌေးကြီးမိသားစု၏ ကျိကျိတက်ချမ်းသာမှုသည် ၎င်းတို့၏ ကိုယ်ကျင့်တရား အစွန်းထင်းခံပြီးမှ ရရှိလာခြင်းဖြစ်ကာCharoen Pokphand Group CP Group သည် မြန်မာနိုင်ငံ၊ အာရကန်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အငြင်းပွားဖွယ် အထူးစီးပွားရေးဇုန်နှင့် ရေနံဆိပ်ကမ်းစီမံကိန်းအား ဖော်ဆောင်နေသည့် အကျိုးတူပူးပေါင်းကုမ္ပဏီစုကြီးနှစ်ခု၏ အစိတ်အပိုင်း ဖြစ်တယ်လို့သိရပါတယ်။


ယင်းစီမံကိန်းကြီးသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုလုပ်ဆောင်ထားသော  မြန်မာစစ်အုပ်စုနှင့် မိတ်ဖက်ဆောင်ရွက်ရန် ဆွေးနွေးလုပ်ဆောင်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။


၂၀၂၃ ခုနှစ်တွင် ရေနက်ဆိပ်ကမ်းအတွက် နောက်ဆက်တွဲသဘောတူညီချက်ကို ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်အုပ်စုဝန်ကြီး အောင်နိုင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်သည့်အခမ်းအနားတစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မီဒီယာများနှင့် အရပ်ဘက်အဖွဲ့များ၏ ဝေဖန်မေးခွန်းထုတ်မှုများကို ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအငြင်းပွားဖွယ်စီမံကိန်းအား မြန်မာစစ်အုပ်စု အာဏာသိမ်းကြိုးပမ်းမှုကာလအတွင်းပင် တက်သုတ်ရိုက် လုပ်ဆောင်လာခဲ့ပါတယ်။


CP Group သည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင်လည်း စီးပွားရေးလုပ်ကိုင်ပြီး၂၀၁၄ ခုနှစ်တွင် ယင်းကုမ္ပဏီသည် ရေလုပ်သားများကို ကျွန်အဖြစ် ခိုင်းစေအသုံးပြုခဲ့သည့် အရောင်းဒိုင်များဆီမှ ငါးစာများ ဝယ်ယူသည့်ကုမ္ပဏီအဖြစ် ဖော်ထုတ်ခံထားရပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ မြိုင်နယ် ဗဟင်းရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF ဦးအပါအဝင် ဦး သေဆုံး


  မေလ ၂၁ရက်


မကွေးတိုင်း မြိုင်မြို့နယ်က ဗဟင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် PDF ရဲဘော် ဦး အပါအဝင် ဦး သေဆုံးခဲ့ရတယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။

တံတားဦးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစင်းဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မေလ ၂၀ ရက် ညနေ နာရီ ၂၅ မိနစ်ခန့်အချိန်မှာ ဗဟင်းရွာ စာသင်ကျောင်းအနီးက ထမင်းဆိုင်တဆိုင်ကို လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်  

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းဆိုင်ထဲမှာ ထမင်းဝင်စားနေတဲ့ PDF ရဲဘော် ဦးနဲ့ ဆိုင်ရှင် သားအမိ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ ရှင်းပြပါတယ်။

လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေဟာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ TRIPLE-R တပ်ဖွဲ့က တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်းနဲ့ ရဲဘော်လင်းယုန်တို့ဖြစ်တယ်လို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။

မေလ ၁၉ ရက် နာရီခွဲခန့်တုန်းကလည်း မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဖျသီးရွာအနီးကို အကြမ်းဖက်စစ်တပ် က ဂျက်ဖိုက်တာတစင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အခုလို အရပ်သားပြည်သူတွေကို ရန်သူလိုသဘောထားပြီး ကမ်းကုန်အောင်ယုတ်မာနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း ရန်ကို သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၂။ညောင်ဦးမြို့ကထွက်လာတဲ့ အင်အား ၉ဝ ပါ စစ်တပ်စစ်ကြောင်းနဲ့ထိတွေတိုက်ပွဲမှာ စစ်သား ဦးထက်မနည်းသေဆုံး 


  မေလ ၂၁ရက်


မန္တလေးတိုင်း ညောင်ဦးမြို့ကထွက်လာတဲ့ အင်အား ၉၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်သား ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA က ပြောပါတယ်။ 

မနေ့ မေလ ၂ဝ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်အုပ်စုဘက်က ဒရုန်းတစင်း ချို့ယွင်းပျက်စီးသွားသလို အနည်းဆုံး ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီစစ်ကြောင်းဟာ ညပိုင်းမှာ ဂျိုးကန်ကျေးရွာကို၀င်ရောက်သွားခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသွားတယ်လို့လည်း အသိပေးထားပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ဂျိုးကန်ကျေးရွာအပါအဝင် ဘေးပတ်လည်ကျေးရွာတွေက ဒေသနေ ပြည်သူ ထောင်ခန့် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA အနေနဲ့ တော်လှန်ရေးကာလ နှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဟန်ချက်ညီညီ ပန်တိုင်ဆီ ဆိုတဲ့ ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း PDA က တောင်းဆိုထားပါတယ်။


========================


🚩🚩 ၃။ပေါင်းတည်မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းအချို့က စစ်သားတွေ စခန်းစွန်ခွာထွက်ပြေးသွားတာကြောင့် လေကြောင်း အန္တရာယ် အထူးဂရုပြုဖို့ ပြည်သူလူထုကို တိုက်တွန်း


  မေလ ၂၁ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း တပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို မခံနိုင်တော့တဲ့ ပေါင်းတည်မြို့နယ် ထဲမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းအချို့က စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွာတာကြောင့် ဒေသနေပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုနေထိုင်ကြဖို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက တိုက်တွန်းလိုက်ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ပေါင်းတည်မြို့နယ်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းအချို့က စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းပိုက် ရရှိခဲ့တာနဲ့ပတ်သက်လို့ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။


ပေါင်းတည်မြို့နယ်ထဲက စစ်ကောင်စီရဲ့ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့လာတဲ့ အင်အား ၇ဝ ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း၃၆၀၂ တပ်ရင်း ၃၆၀၁၊ ပြည်ခရိုင် ပကဖအဖွဲ့တို့ မေလ ၁၇ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတာကြောင့် သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းကို ထွက်‌ပြေးသွားတယ်လို့ ဆိုပါတယ်။


သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းကို ထွက်‌ပြေးသွားတဲ့ အဲဒီစစ်သားတွေကို ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့တွေ ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မေလ ၁၈ ရက်နေ့ညမှာ တာဝါတိုင်အထိုင်စခန်းက စစ်သားတွေအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတာ ကြောင့် မေလ ၁၉ ရက်နေ့မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့တွေ စစ်ကောင်စီအထိုင်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးပါတယ်။


သိမ်းကုန်းတာဝါတိုင်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ပေါ်တာဆွဲလေ့ရှိပြီးအနီးမှာရှိတဲ့ ကျေးရွာတွေ ကို မီးရှိုဖျက်စီးတာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့ရှိခဲ့တယ်လို့ သိရပါတယ်။


စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကြောင်းတွေက စစ်သားတွေကို ပြည်မြို့ကနေတဆင့် ဒီနေ့မနက်ပိုင်းမှာ ရခိုင်ရိုးမက ရှေ့တန်းနေရာတွေနဲ့ မကွေးတိုင်းက တော်လှန်ရေးနယ်မြေတွေက်ု ပို့ဆောင်နေတာကြောင့် အဲဒီဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက အသိပေးတိုက်တွန်း ထားပါ တယ်။


========================


🚩🚩 ၄။နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္မဏီကို စစ်တပ်က ပေါင် ၅ဝဝ ဗုံးနဲ့ တိုက်ခိုက်မှု ယွမ် တသန်းခွဲကျော်ဖိုး ပျက်စီးဆုံးရှုံး


  မေလ ၂၁ရက်


တအာင်းပြည် တပ်မဟာ နယ်မြေ နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ ရှဲဆန်သတ္တုကုမ္မဏီကို အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ယွမ် တသန်းခွဲကျော်ဖိုး ပျက်စီး ဆုံးရှုံးသွားတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

မေလ ၁၁ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က ရှဲဆန်သတ္တုကုမ္မဏီကို လေကြောင်းကနေတိုက်ခိုက်ခဲ့ တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုမ္မဏီမှာအသုံးပြုနေတဲ့ ဘတ်ဖိုးတစီး၊ သတ္တုထုတ်စက်တလုံး၊ စက်ပစ္စည်းတွေ ထားတဲ့ ဂိုထောင်တလုံးနဲ့ အခြားပစ္စည်းတွေ အများအပြားထိမှန်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး တရုတ်ယွမ်ငွေ ,၆၈ဝ,ဝဝဝ ဖိုး  ဆုံးရှုံးခဲ့တယ်လို့ ပါတယ်။

ထို့အတူ မေလ ၁၈ ရက် ညနေ နာရီခွဲခန့်အချိန်မှာလည်း စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ နောင်ချိုမြို့နယ်ထဲက ဒိုးပင်ကျေးရွာအုပ်စု ရတနာသင်္ဂီကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅ဝ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဟာ မေလ ၃၁ ရက်နေ့အထိ အပစ်ထားမယ်လို့ ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေဘက်ကို မြေပြင်ကနေ ထိုးစစ်ဆင်နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာ ဒရုန်းအပါအဝင် လေယာဉ်တွေနဲ့ လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ရန်ကနေ ရှောင်ရှားနိုင်ဖို့ဆိုရင် စစ်ရေးသတိ အမြဲရှိနေဖို့လိုတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ ချင်းညီနောင်ကဖွင့်မယ့် စနိုက်ပါသင်တန်းကို လာတက်ဖို့ ဖိတ်ခေါ်


  မေလ ၂၁ရက်


ချင်းညီနောင်ကဖွင့်မယ့် စနိုက်ပါသင်တန်းကို တက်ရောက်လိုသူတွေ ဆက်သွယ်နိုင်တယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က ဒီနေ့ မေလ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။

အဲဒီသင်တန်းကို ချင်းအမျိုးသားအဖွဲချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ CNO/CNDF စိုးမိုးနယ်မြေတနေရာမှာ ဇွန်လ ရက်ကနေ သြဂုတ် ရက်အထိ လကြာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

CNO/CNDF ကဖွင့်မယ့် စနိုက်ပါသင်တန်းကို ချင်းညီနောင်အဖွဲ့ဝင်တွေတင်မဟုတ်ဘဲ တော်လှန်ရေးမှာပါဝင်နေသူတိုင်း တက်ရောက်ခွင့်ရှိပြီး ချင်းညီနောင်ရဲဘော်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ ဒရုန်းသင်တန်းတွေလည်း ထပ်မံဖွင့်လှစ်နိုင်ဖို့ ချင်းညီနောင်က စီစဉ်ထားပါတယ်။

ချင်းညီနောင်က ဖွင့်လှစ်မယ့် စနိုက်ပါသင်တန်းကို တက်ရောက်လိုသူတွေအနေနဲ့ စစ်ဂနယ်နံပါတ် +918798798312 ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ချင်းညီနောင်အဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်တွေဟာ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေး စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းသင်တန်းကို  ရပ်ရွာရှိပြည်သူလူထုအား ပို့ချခဲ့


မေလ ၂၁ရက်


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းသင်တန်းကို လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံကဦးဆောင်၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ရပ်ရွာရှိ ပြည်သူလူထုအား ပို့ချခဲ့ပါတယ်။

 အဆိုပါ သင်တန်းတွင် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်အလက် များ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ နှင့် ပြည်သူလူထုအပေါ် ကျင့်ဝတ်နှင့်အညီ  ကာကွယ်စောင့်ရှောက်ရ မည့် အကြောင်းအရာများကို အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) ပါအချက်အလက်များ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ စသည် တို့ကို ကိုးကား၍ ပို့ချခဲ့တယ်လို့သိရပါတယ်။


သင်တန်းတွင် ပို့ချပေးမှုများအား လက်တွေ့ လိုက်နာကျင့်သုံးသင့်သည့် အသိပညာကိုရရှိခဲ့ကြောင်းကိုလည်း သင်တန်းသားတဦးကပြောပြရာ "အရင်ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြားဖူးနားဝတော့ရှိခဲ့ပါတယ်၊ အခုလိုသေချာရှင်းလင်းပြောကြားပေးတော့ လက်နက် ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ် အပြင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေအပေါ်ကို ဆက်ဆံတဲ့ အခါမှာ လည်း ဘယ်လိုအရာတွေကို လိုက်နာပြီး ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမယ်ဆိုတာတွေ ကို ပိုပြီး သိရှိလာတယ်"လို့ပြောပါတယ်။


အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းများ ကို ဝက်လက်မြို့နယ်အတွင်း ()ကြိမ်ပြုလုပ်ခဲ့ပြီး ရပ်ရွာ ဒေသရှိ ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများ အပါအဝင် သင်တန်းသား အယောက်(၅၀) တက်ရောက်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment