၂၀၂၅ မေလ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ်စိုးမိုးထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ဖို့ အာဆီယံကို NUG တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နော်ဝေနိုင်ငံအော်စလိုမြို့က နော်ဝေပါလီမန်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ လူထုလှုပ်ရှားမှုနဲ့ ဓာတ်ပုံကမ်ပိန်းလုပ် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ ကော်ရည်ကျို စက်ရုံမှ အလုပ်သမား ၁၉  ဉီး အလုပ်ထုတ်ခံရ သည့်ကိစ္စပြေလည်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းNUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စာသင်ကျောင်းများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းနှင့် တိုက်ခိုက်ခြင်းများ ပိုမိုများပြားလာတယ်လို့နော်ဝေသံရုံးထုတ်ပြန်


========================


၂၀၂၅ ခုနှစ် မေလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ကို အရေးယူပေးဖို့ အိန္ဒိယ ဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆို 

🚩 ၂။ ၂၀၂၄ တနှစ်တည်းမှာ တိုက်ပွဲအတွင်းကျဆုံး တဲ့ပကဖ ရဲဘော်၂၀၀ ကျော်ရှိသလို၊ နှစ်အတွင်း  ၁၀၀၀ကျော်ပြီ လို့ဆို

🚩 ⁨⁨၃။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တပ်ရင်း အပတ်စဉ် သတင်တန်းဆင်းပွဲပြုလုပ်

🚩 ၄။ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကနဲလေးစစ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်

🚩 ၅။ ရွှေကူမြို့မှာ အရေးပေါ်ဆင်းခဲ့တဲ့ ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်

🚩၆။ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ်စိုးမိုးထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ဖို့ အာဆီယံကို NUG တိုက်တွန်း


မေလ၂၉ရက်


နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ်စိုးမိုးထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ လက်တွေ့ အုပ်ချုပ်နေတဲ့ နေရာတွေမှာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အာဆီယံကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံရေး အခြေအနေတွေကို ကူညီဖြေရှင်းနိုင်ရေး အာဆီယံခေါင်းဆောင်တွေရဲ့ သီးသန့် သဘောထားကြေညာချက်  အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားလိုက်တာဖြစ်ပါတယ်။


အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မဆင်မခြင်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့အပါ အဝင် အရပ်သားပြည်သူအားလုံး ဘေးကင်းလုံခြုံမှု သေချာစေရေး တိကျသေချာတဲ့ အရေးယူဆောင်ရွက်ဖို့ဆိုတဲ့ အာဆီယံ ရဲ့ တိုက်တွန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုထားပါတယ်။


ငလျင်ဘေးဒဏ်ခံရတဲ့နေရာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယာယီ အပစ်အခတ်ရပ်စဲထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီဟာ အဲဒီကာလမှာပဲ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ သာလွန်အင်အားသုံးပြီး အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတာ အရပ်သားပြည်သူတွေကို တရားမဲ့ သတ်ဖြတ်တာတွေ နေ့စဥ်နဲ့အမျှ ကျူးလွန်နေဆဲလို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားပါတယ်။


အရပ်သားပြည်သူအားလုံး ဘေးကင်းလုံခြုံမှုသေချာစေဖို့ဆိုရင် အာဆီယံရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံတကာပါဝင်တဲ့ စနစ်ကျတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားမျိုး မရှိဘဲ ထိထိရောက်ရောက် ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရက ယုံကြည်ထားပါတယ်။


ASEAN-ERAT ရဲ့ လတ်တလောလိုအပ်ချက်များ အကဲဖြတ်မှုအစီရင်ခံစာနဲ့ AHA Centre တို့ရဲ့ အကဲဖြတ်ချက်ကို အခြေခံ တဲ့ အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဘေးကင်း၊ အချိန်မီ၊ ထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းချက်ဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုထားပါတယ်။ 


ဒီလိုဆောင်ရွက်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ အခြေအနေအကဲဖြတ်ချက် အစီရင်ခံစာတွေကိုလည်း အသုံးပြုဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။ 


ဒါ့အပြင် မြန်မာနိုင်ငံနဲ့ဆက်စပ်ဖြစ်ပေါ်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အထူးသဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန် ကူးမှုနဲ့ အွန်လိုင်းလှည့်ဖြားမှုတွေ တိုးပွားလာတာကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာမှာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အာဆီယံနဲ့ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နော်ဝေနိုင်ငံအော်စလိုမြို့က နော်ဝေပါလီမန်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပမည်


မေလ၂၉ရက်


နော်ဝေနိုင်ငံအော်စလိုမြို့က နော်ဝေပါလီမန်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပမယ်လို့သတင်းရရှိပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို နော်ဝေမှာ နှစ်နေရာ ခွဲပြီး ကျင်းပမှာ ဖြစ်ပါတယ်။ 


"ပါလီမန်အဆောက်အဦးရှေ့ မြက်ခင်းပြင်မှာ ပြုလုပ်မယ့် ပထမအခန်းအနားကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ နော်ဝေအချိန် ညနေ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူကရိန်းနိုင်ငံက လူ့အခွင့်အရေး တောင်းဆိုတဲ့ အသင်းအဖွဲ့များပါ ပါဝင်ပြီး ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲရဲ့ အဓိကတောင်းဆိုမူကတော့ မတရား အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာစေရေးအတွက် စကစကို နိုင်ငံတကာက အခုထက် ပိုမိုပြင်းထန်စွာ ဖိအားပေးကြဖို့ ဖြစ်ပါတယ်"လို့ CRPH Support Groups နော်ဝေကအသိပေးဆိုပါတယ်။


မြန်မာနဲ့ နော်ဝေကြားမှာ ဆက်ဆံရေး မြှင့်တင်ပေးခဲ့တဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik က ဆန္ဒပြပွဲကို လူကိုယ်တိုင် လာရောက် တောင်းဆိုမှာ ဖြစ်သလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတကြီး ဒူဝါးလရှီးလနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ကလည်း ဗီဒီယိုနဲ့ တောင်းဆိုကြမှာ ဖြစ်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းကတော့မိခင်လွတ်မြောက်ရေးအတွက် အဝေးကနေ video နဲ့ ဆန္ဒပြု တောင်းဆိုမှာ ဖြစ်ပါတယ်။ 


ဒီအခမ်းအနားမှာ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နဲ့ နော်ဝေဗုဒ္ဓဘာသာအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Gunaketu Kjønstad တို့ကလည်း ပါဝင်တောင်းဆို ဆုတောင်းကြမှာ ဖြစ်တယ်လို့သိရပါတယ်။


ဒီအခမ်းအနားကို CRPH Support Group - Norway အဖွဲ့နဲ့ တချိန်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ World Freedom Fund အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ လူထုလှုပ်ရှားမှုနဲ့ ဓာတ်ပုံကမ်ပိန်းလုပ် 


မေလ၂၉ရက်


စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေက  လူထုလှုပ်ရှားမှုနဲ့ ဓာတ်ပုံကမ်ပိန်းတခု ပြုလုပ်ကာ တောင်းဆိုလိုက်ပါတယ်။ 


ဇွန်လ၂နဲ့၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ့် ILO အစည်းအဝေးကနေ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ဖို့နဲ့ လူ့အသက်တွေကို ကယ်တင်ဖို့ ILO Article 33 ကိုမဲပေးစို့ဆိုတဲ့ လှုပ်ရှားမှုကို မေလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတာလို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ပြောပါတယ်။ 


လူငယ့်အားမာန်သပိတ်စစ်ကြောင်းက ယင်းမာပင်မြို့နယ်အတွင်းက ပြည်သူတွေနဲ့အတူ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူး‌‌နေလွန်တဲ့ အကြမ်းဖက်စစ်ကောင်စီကိုအရေးယူပေးရး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထို့အတူ ရွှေဗန့်ဂျီလူထုသပိတ်ကဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။  


ဒါ့အပြင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးလူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေအတူ Vote ILO Article 33 to save LIVES စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။


အလားတူ ယင်းမာပင်မြို့နယ် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းကလည်း စစ်တပ်က ပြုလုပ်နေတဲ့ ရာဇဝတ်မှုတွေ အဓမ္မစစ်သားအဖြစ် ခိုင်းစေမှုတွေ စတဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့အရာတွေကို အရေးယူ အပစ်ပေးနိုင်ရေး ILOရဲ့ Articale 33ကို မဲပေးကြဖို့ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ ကော်ရည်ကျို စက်ရုံမှ အလုပ်သမား ၁၉  ဉီး အလုပ်ထုတ်ခံရ သည့်ကိစ္စပြေလည်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းNUGအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်


မေလ၂၉ရက်


ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ ကော်ရည်ကျို စက်ရုံမှ အလုပ်သမား ၁၉  ဉီး အလုပ်ထုတ်ခံရ သည့်ကိစ္စပြေလည်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းNUGအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ ကော်အရည်ကျိုပြန်ထုတ်လုပ်သည့်စက်ရုံမှ အလုပ်သမား (၁၉)ဦး အလုပ်မှ ထုတ်ပယ်ခံရသည့်အတွက် အဆိုပါအလုပ်သမားများမှတိုင်ကြားအကူအညီတောင်း ခံလာတယ်လို့NUGအလုပ်သမားဝန်ကြီးဌာနတိုင်ကြားရေးယန္တရားကဖော်ပြပါတယ်။


အဆိုပါဖြစ်စဥ်အားမေလနောက်ဆုံးပတ်တွင် ချာချင်ဆောင်မြို့နယ်၊ ဆဝါဒီကန်ရုံး တွင် အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူနှင့် MHAC အဖွဲ့တို့ အတူ သွားရောက်၍ အမှုဖွင့်တိုင် ကြားဖြေရှင်းပေးခဲ့ရာ  လုပ်အားခကျန်ငွေများနှင့် နစ်နာကြေးများကို ဆဝါဒီကန်ရုံး တွင် အလုပ်ရှင်မှ အလုပ် သမားများလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး အလုပ်သမားများ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကိုလည်းရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအား အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားဖော်ပြပါဖုန်း၊ Email နှင့်   Social App တို့မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စာသင်ကျောင်းများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းနှင့် တိုက်ခိုက်ခြင်းများ ပိုမိုများပြားလာတယ်လို့နော်ဝေသံရုံးထုတ်ပြန်


မေလ၂၉ရက်


စစ်အာဏာသိမ်းပြီးချိန်မှစ၍ စာသင်ကျောင်းများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းနှင့် တိုက်ခိုက်ခြင်းများ ပိုမိုများပြားလာတယ်လို့နော်ဝေသံရုံးရန်ကုန်ကထုတ်ပြန်ပါတယ်။


ယနေ့ မေလ ၂၉ ရက်နေ့သည်  အော်စလိုညီလာခံ-၂၀၁၅ တွင် Safe Schools Declaration ကိုစတင်မိတ်ဆက်ခဲ့ခြင်း (၁၀) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ နော်ဝေးနှင့် အာဂျင်တီးနားနိုင်ငံတို့မှ စတင်အဆိုပြုခဲ့ပြီး ယခုအခါတွင် နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှ သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်သော ဤကြေညာစာတမ်းသည် စစ်ရေးပဋိပက္ခများအတွင်း ပညာရေးကိုကာကွယ်ရန်နှင့် စာသင်ကျောင်းများကိုစစ်ရေးအတွက် အသုံးပြုခြင်းကို တားဆီးရန် ရည်ရွယ်ပါတယ်။ 

Global Coalition to Protect Education from Attack (GCPEA) ၏အဆိုအရ ဤကြေညာစာတမ်းတွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများတွင် ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးရည်ရွယ်ချက်ဖြင့်အသုံးပြုမှု ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းလာသည်ကိုတွေ့ရပါတယ်။သို့သော်  မြန်မာနိုင်ငံ၏အခြေအနေမှာမူ ဆိုးရွားနေဆဲဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စာသင်ကျောင်းများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းနှင့် တိုက်ခိုက်ခြင်းများ ပိုမိုများပြားလာကာ ကလေးများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများသည် ခွဲခြားမှုမရှိဘဲတိုက်ခိုက်မှုများကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားလျက်ရှိတယ်လို့နော်ဝေသံရုံးရန်ကုန်ကဖော်ပြပါတယ်။


မြန်မာနိုင်ငံတွင် မကြာသေးမီက စာသင်ကျောင်းကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည်မှာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။⁨⁨ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ကို အရေးယူပေးဖို့ အိန္ဒိယ ဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆို 


မေလ၂၉ရက်


တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ကို အရေးယူပေးဖို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာရှိတဲ့ တော်လှန်ရေူအင်အားစု ခုက အိန္ဒိယ ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါ တယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသက တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး၊ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစု များကွန်ရက်တို့က မြန်မာ၊ အိင်္ဂလိပ် ဟင်ဒီ ဘာသာနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။


မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင် ကမ္မကြီးကျေးရွာအနီးကို ယာယီစခန်းပြောင်းရွှေ့လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တမူးခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲဘော် ၁၀ ဦးဟာ မေလ ၁၄ ရက်နေ့က အာသံရိုင်ဖယ်တပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး မေလ ၁၆ ရက်နေ့မှာ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အာသံရိုင်ဖယ်တပ်ထံကနေ အသတ်ခံရတဲ့ ရဲဘော် ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လွှဲပြောင်းရရှိခဲ့တာကို လွတ်လပ်တဲ့မီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ မျက်မြင်သက်သေဖြစ်တဲ့ ဒေသခံ အဆက်အသွယ် များတွေဆီကတဆင့် သိရှိခဲ့ရတယ်လို့ အိတ်ဖွင့်စာပေးပို့ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အမှတ် /၂၀၁၅ အတိုင်း မိမိတို့အင်အားစုတွေ တသားတည်းရပ်တည်နေတယ်လို့လည်း အသိပေးထားပါ တယ်။ 


ဒါ့ကြောင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦး အသတ်ခံရတဲ့ဖြစ်စဉ် အဖြစ်မှန်ပေါ် ပေါက်ရေး ဘက်လိုက်မှု ကင်းပြီး ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူတွေကို အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း တည်ဆဲဥပဒေတွေ အပါအဝင် နိုင်ငံတကာဥပဒေတွေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ အချက်အပါအယင် အချက် ချက်ကို တော်လှန်ရေးအင်အားစုတွေက အိန္ဒိယအစိုးရထံ အလေးအနက် တောင်းဆိုထားပါတယ်။


အခုလိုတောင်းဆိုရတာဟာ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံတဲ့ တရားမျှတမှုနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အပြန်အလှန် တန်ဖိုး ထားစေလိုတာကြောင့် တောင်းဆိုရတာဖြစ်ပြီး အပြန်အလှန်လေးစားမှုနဲ့ စံတန်ဖိုးတွေကိုအခြေခံ ဆောင်ရွက်မှသာ နယ်စပ်ဒေသတလျောက် တည်ငြိမ်အေးချမ်းစွာ လူ့ဂုဏ်သိက္ခာနှင့်အညီ အတူတကွနေထိုင်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း လည်း ထုတ်ပြန်တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

 

ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အရေးတကြီး စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ် ချိန်မှာ ကိုယ်ချင်းစာမှု၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံဖြစ်ကြောင်းပြသတဲ့အနေနဲ့ မိမိတို့တောင်းဆိုချက်တွေနဲ့ အရေးကိစ္စတွေအပေါ် အလေးအနက်ထား တုံ့ပြန်ဖြေရှင်းနိုင်လိမ့်တယ်လို့ ယုံကြည်မျှော်လင့်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ၂၀၂၄ တနှစ်တည်းမှာ တိုက်ပွဲအတွင်းကျဆုံး တဲ့ပကဖ ရဲဘော်၂၀၀ ကျော်ရှိသလို၊ နှစ်အတွင်း  ၁၀၀၀ကျော်ပြီ လို့ဆို


မေလ၂၉ရက်


၂၀၂၄ တနှစ်တည်းမှာ တိုက်ပွဲအတွင်းကျဆုံး တဲ့ပကဖ ရဲဘော်၂၀၀ ကျော်ရှိသလို၊ နှစ်အတွင်း  ၁၀၀၀ကျော်ပြီ လို့မေလ၂၉ရက်သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဝန်ကြီးဒေါက်တာတူးခေါင်ကအသိပေးဆိုပါတယ်။


"အွန်လိုင်းပေါ်မှာတော့ ပကဖ တွေ ဆိုးတဲ့အကြောင်း၊ သုံးလုံးတွေရဲ့ မကောင်းသတင်းပဲ များသောအားဖြင့် တွေ့ရပါလိမ့်မယ်။မြေပြင်မှာ အသက်ပေးလှူနေကြတဲ့ သူတို့ ဘဝ တွေ လွယ်ကူမနေဘူး။ ၂၀၂၄ တနှစ်တည်းမှာ တိုက်ပွဲအတွင်းကျဆုံး ပကဖ ၂၀၀ ကျော်ရှိသလို၊ နှစ်အတွင်း ထောင်ကျော်ပြီ လို့ စစ်ရုံး အစီရင်ခံစာအရ သိရပါတယ်။ ဒီနေ့ထိလဲ နေ့စဉ်ရက်ဆက် မြေပြင်မှာ ရန်သူနဲ့ ဘေးချင်းကပ် ရင်ဆိုင်နေရတာ သူတို့ပါပဲ"လို့ဆိုပါတယ်။


လက်ရှိမှာမြို့သိမ်းတိုက်ပွဲနဲ့စခန်းသိမ်းတိုက်ပွဲများဆင်နွှဲရာမှာပကဖရဲဘော်များလည်းပါဝင်တယ်လို့သိရပါတယ်။


"နေ့စဉ် လေယဉ်ဗုံး အန္တရာယ်ကြားမှာ အသက်ကိုဖက် နဲ့ ထုပ်ပြီး သွားလာလှုပ်ရှားနေရတာဖြစ်လို့ မချေမငံ ဆက်ဆံနေရတဲ့ အနေအထားမျိုးလဲရှိကောင်းရှိမှာပါ။ တော်လှန်ရေးရံပုံငွေလိုအပ်ချက်ပြည့်မှီဖို့ အပူတပြင်း လုပ်နေရတဲ့အချိန်လဲရှိတယ်။ အားလုံးနားလည်ခွင့်လွတ်ပေးမယ်လို့ မျော်လင့်ပါတယ်"လို့ဝန်ကြီးဒေါက်တူးခေါင်ကထပ်မံဆိုပါတယ်။


========================


🚩🚩 ⁨⁨၃။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တပ်ရင်း အပတ်စဉ် သတင်တန်းဆင်းပွဲပြုလုပ်


မေလ၂၉ရက်

 

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တပ်ရင်း ရဲ့ အပတ်စဉ် သင်တန်းဆင်းပွဲကို မေလ ၂၅ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ဒီနေ့ မေ ၂၉ မှာ ထုတ်ပြန်လာပါတယ်။ 

သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တပ်ရင်း က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောကျော်ထွန်း အပါအဝင် ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးတွေနဲ့ အခြား တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ဒီထုတ်ပြန်ချက်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်အနေနဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်အနေနဲ့ ဒေသတွင်းဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို အများပြည်သူ သိရှိနိုင်စေဖို့ တရားဝင်ဖွင့်ထားတဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ထုတ်ပြန်ပေးသွားမယ်လို့ KNU ဗဟိုကလည်း ဒီနေ့မှာ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကနဲလေးစစ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်


မေလ၂၉ရက်


ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို KNAL နဲ့ ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစစ်စခန်းကို မေလ ၂၁ ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး မနေ့ မေလ ၂၈ ရက်နေ့ ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မနေ့မနက်ပိုင်းက DKBA ဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်ရွာကို ရောက်လာတဲ့ အင်အား ၇၂ ဦးပါ စစ်တပ်စစ်ကြောင်းတခုလုံး ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ညပိုင်းမှာ ကနဲလေးစစ်စခန်းကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

ကနဲလေးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်သားတွေ ထိုငိးနိုင်ငံဘက် ထွက်ပြေးသွားခဲ့တာကြောင့် ၁၂ဝ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

KNU KNLA တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လကစပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိ တဲ့ စစ်ကောင်စီတပ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ ဘလက်ဒိုနဲ့ ကနဲလေး စတဲ့ စစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်စခန်း ခုခန့် သိမ်းပိုက်ဖို့ ကျန်သေးတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။ 

လက်ရှိမှာလည်း ကရင်ပြည်နယ်ထဲက မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ် ၊ကျုံဒိုး၊ဖာပွန်၊သံတောင် စတဲ့ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA ဦးဆောင်တဲ့မဟာမိတ်တပ်တွေကြား တိုက်ပွဲတွေေဖြစ်ပွားနေပြီး စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောဆိုနေကြပါတယ်။


========================


🚩🚩 ၅။ ရွှေကူမြို့မှာ အရေးပေါ်ဆင်းခဲ့တဲ့ ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်


မေလ၂၉ရက်


ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ စကခ ၂၁ ကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေလာပို့တဲ့ ရဟတ်ယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ရွှေကူမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့တဲ့ ရဟတ်ယာဉ်တစင်းကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို KIA ဘက်က ထုတ်ပြန်လာပါတယ်။

မေလ ၂၀ ရက်နေ့ ဗန်းမော်ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် စင်းအနက် စင်းကို KIA နဲ့ပူးပေါင်းတပ်တွေ ပစ်ခတ်ခဲ့ရာမှာ တစင်းက ရွှေကူမြို့နယ်ထဲက တောတွင်းတနေရာမှာ ပျက်ကျခဲ့ပြီး တစင်းက ရွှေကူမြို့မှာရှိတဲ့ ခလရ ၅၆ မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို မေလ ၂၁ ရက်နေ့မှာ KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်အပြင် ရဟတ်ယာဉ်အတွက် လုံခြုံရေးယူထားတဲ့ စစ်ကား တွေပါ ပျက်စီးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ယာဉ်ဟာ သုံးလို့မရတော့အောင် ပျက်စီးသွားတယ်လို့လည်း ရှင်းပြပါတယ်။ 

KIA နဲ့ KPDF တပ်ပေါင်းစုတွေဟာ ရတဲ့လက်နက်နဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ ပျက်ကျ‌အောင် ဝိုင်းဝန်းပစ်ခတ်ခဲ့တာ ဖြစ်ပြီး Mi17 ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက အသေခံဒရုန်းတစင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတခုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါသေးတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ နောက်ပိုင်း စစ်ရဟတ်ယာဉ် စင်းနဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၆။ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် 


မေလ၂၉ရက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရွှေဘိုကနေ တံခွန်တိုင်၊ ကြောင်မန်းကန်နဲ့ သစ်ချိုပင်ကျေးတွေဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကို မေလ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးခန့်သေဆုံးသွားတယ်လို့ နယ်မြေမှာရှိတဲ့တော်လှန်ရေးအင်အားစု တွေက အသိပေးပါတယ်။   

အဲဒီစစ်ကြောင်းဟာ ရွှေဘိုမြို့တွင်းကို မေလ ၁၈ ရက်နေ့က ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့ - Phoenix Wings BLACK WOLF-ARMY Dragon Urban Guerrilla ပြည့်သူ့ အစေခံအဖွဲ့၊ လှတောတိုက်နယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်  ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment