၂၀၂၅ ဇွန်လ ၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်စစ်တပ်က တရားလက်လွန် ဖမ်းဆီးသတ်ဖြတ် နေတာတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြောင်း CRPH ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်အုပ်စုကို ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေး ပူးပေါင်းဆောင်ရွက်သူတွေကို ကျေးဇူးတင်တယ်လို့ NUG ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် အလှူရှင်တဦးက ကျပ်သိန်း ၈ဝဝ လှူဒါန်း


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 စစ်ကောင်စီအနေနဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦး လုပ်ကြံခံရတဲ့ကိစ္စမှာတောင် သက်သေ သေချာမတည်ဆောက်နိုင်ဘူးလို့ဆို

🚩 ၂။⁨⁨ တောင်ဒဂုံတရားရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၇၉ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် 

🚩 ၃။⁨⁨ သရက်ချောင်းမြို့နယ်မှာ စစ်ကြာင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

🚩 ၄။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားကို ထားဝယ်ခရိုင် အမှတ် တပ်ရင်းက ကျပ်သိန်း ၅ဝ ချီးမြင့် 

🚩၅။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မိုးဗြဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိပိတ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်စစ်တပ်က တရားလက်လွန် ဖမ်းဆီးသတ်ဖြတ် နေတာတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြောင်း CRPH ဆို


ဇွန်လ ၈ရက်


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ  တရားလက်လွန်ဖမ်းဆီးသတ်ဖြတ်နေတာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာနဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေနေမှုတွေကို ဟန့်တားနိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာအရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းကဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံတွေကြား ညီညွတ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ဖြစ်စေ မြန်ဆန်ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ CRPH က တိုက်တွန်းထားပါတယ်။

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခမျိုးစုံကို ကုစားပေးနိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စာနာနားလည်မှုနဲ့ လက်တွေ့ကျကျ ကူညီပေးမယ့် ခြေလှမ်းအဖြစ်မှတ်ယူထားပြီး နောက်ဆက်တွဲ ကြိုးပမ်းအားထုတ်မှုတွေ အချိန်တိုအတွင်း ရှိလာမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မျှော်လင့်ထားပါတယ်။ 


မြန်မာနိုင်ငံမှာ တရားမဝင် အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေး အမြန်ဆုံး အဆုံးသတ်စေပြီး ဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးနဲ့ အရပ်သားအုပ်ချုပ်ရေးတရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် မှန်ကန်တဲ့ ပံ့ပိုးကူညီမှုတခုလို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

 

ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်စစ်အုပ်ချုပ်ရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူတွေ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေ ရရှိခံစားနိုင်ရေးအတွက် နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ပေးဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုထားပါတယ်။

 

 ဥပဒေမဲ့အာဏာသိမ်းယူထားပြီး မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ ၃၃ နဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမယ့် ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထောက်ခံကြိုဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်အုပ်စုကို ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေး ပူးပေါင်းဆောင်ရွက်သူတွေကို ကျေးဇူးတင်တယ်လို့ NUG ပြော


ဇွန်လ ၈ရက်


အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ ILO ရဲ့ Article 33 နဲ့ စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆုံးဖြတ် ချက် ချမှတ်နိုင်အောင် ပူးပေါင်းဆောင်ရွက်သူတိုင်းကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ဇွန်လ ၈ရက် မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့၊ မြန်မာနိုင်ငံ လုပ်ငန်းရှင် များ အဖွဲ့ချုပ်၊ စစ်အုပ်စုရဲ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှု အထောက်အထားအချက်အလက်များ ကောက်ယူစုစည်း ပေးပို့ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ အဝေးရောက် ဧရာဝတီအသင်း၊ Mondiaal FNV သုံးပွင့်ဆိုင်ကိုယ်စားလှယ် များ ညီလာခံ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်က ပံ့ပိုးကူညီပေးတဲ့ International Trade Union Confederation – ITUC International Union of Food Agricultural Hotel Restaurant Catering Tobacco and Allied Workers’ Association – IUF Building and Wood Workers’ International – BWI နဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ မဲခွဲဆုံးဖြတ်ရန် မလိုအပ်အောင် မတရားမှုကို တော်လှန်ရာ မှာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေအနဲ့ အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေးစတဲ့ တော်လှန် စစ်မျက်နှာပေါင်းစုံကနေ တိုက်ပွဲဝင်လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ ILO အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းပြီး ILO ယန္တရားကတဆင့် အကြမ်းဖက်စစ်အုပ်စုကို အပြစ်ပေးအရေးယူရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ILO က စတင်အသိအမှတ်ပြုမှုရရှိဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတွေအပါအဝင် အလုပ်သမားထုတရပ်လုံးအပေါ် အခြေခံအခွင့်အရေးချိုးဖောက်ခံရမှု အထောက်အထား တွေ ပြည့်စုံစွာရအောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့် ၂၀၂၃ သြဂုတ်မှာ စစ်အုပ်စုက ချက်ချင်းလိုက်နာဆောင်ရွက်ရ မယ့် တိုက်တွန်းချက်များပါဝင်တဲ့ COI ရဲ့ အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ အဲဒီတိုက်တွန်းချက်တွေကို မလိုက်နာတဲ့အပြင် ပိုမိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ဆက်လုပ်နေကြောင်း သက်သေအထောက်အထား အချက်အလက်တွေ၊ အထူးသဖြင့် စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ အရပ်သားပြည်သူ အပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု သက်သေအထောက်အထားတွေကို သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့ ILO ထံ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသက်သေအချက်အလက်တွေဟာ စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ အထောက်အကူဖြစ်စေခဲ့ တယ်လို့လည်း ဆိုပါတယ်။

ILO က Article 33 အရအရေးယူမှုဆုံးဖြတ်ချက်မှာ အဓိကအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ဖို့၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်အကြမ်းဖက်မှု ဖြစ်စေမယ့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုတွေ မပြုလုပ်ဖို့ စတဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ဘဏ္ဍာရေးစစ်မျက်နှာမှာ စစ်အုပ်စုကို ထိခိုက်စေမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် အကျိုးသက်ရောက်စေမှာဖြစ်တာကြောင့် ပြည်သူတွေရဲ့အောင်ပွဲတစ်ရပ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် အလှူရှင်တဦးက ကျပ်သိန်း ၈ဝဝ လှူဒါန်း


ဇွန်လ ၈ရက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် အလှူရှင်တဦးက ကျပ်သိန်း ၈ဝဝ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအိစုးရ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ဇွန် ရက်မှာ ထုတ်ပြန်ပါတယ်။


ဇွန်လ ၁၉ ရက်မှာ ပြည့်မြောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် အလှူရှင် "ဖိုးအံ့ကူ ဘိုမ" က Spring CrowdFund - နွေဦးလူထုရန်ပုံငွေကတဆင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက် နေတဲ့ Safe Hospital, Safe Healthcare ကမ်ပိန်းကို ကျပ်သိန်း ၇၂၀၊ Project The Wheel ကမ်ပိန်းကို ကျပ်သိန်း ၈၀ စုစုပေါင်း မြန်မာ‌ငွေ ကျပ်သိန်း ၈၀၀ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။


အခုလို အမေစုမွေးနေ့ အမှတ်တရအဖြစ် မြန်မာငွေ ကျပ် သိန်း ၈၀၀ တိတိကို ယုံကြည်ရက်ရောစွာ ပါဝင်အားဖြည့်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ နွေဦးလူထုရန်ပုံငွေအဖွဲ့ကလည်း အသိပေးထားပါတယ်။

 

အလှူရှင် ဖိုးအံ့ကူ ဘိုမဟာ မတ်လ ၂၈ရက်ကနေ ဧပြီ ၁၁ အတွင်း ပြုလုပ်ခဲ့တဲ့ မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာ ကူညီပေးကမ်ပိန်းမှာလည်း စာနာရက်ရောစွာနဲ့ ကျပ်သိန်း ၁၀၀ တိတိ ပါဝင်အားဖြည့်ပေးခဲ့သူလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 စစ်ကောင်စီအနေနဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦး လုပ်ကြံခံရတဲ့ကိစ္စမှာတောင် သက်သေ သေချာမတည်ဆောက်နိုင်ဘူးလို့ဆို


ဇွန်လ ၈ရက်


စစ်ကောင်စီအနေနဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦး လုပ်ကြံခံရတဲ့ကိစ္စမှာတောင် သက်သေကို သေချာမတည်ဆောက်နိုင်ဘူးလို့ စစ်လက်နက်ပစ္စည်းတွေအကြောင်းနဲ့ စစ်လက်နက်တွေအသုံးပြုပုံအကြောင်းဖော်ပြနေတဲ့ Technical Raptor အဖွဲ့က ပြောဆိုလိုက်ပါတယ်။  


နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖျက်တိုက်ဖျက်ရေးဘာသာ သင်ကြားနေတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုနဲ့ပတ်သက်လို့ ဖမ်းဆီးရရှိမှု အခြေအနေဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ သက်သေခံပစ္စည်းတွေကို ဖော်ပြရာမှာ ကစားစရာသေနတ်ပုံကို ပြထားတယ်လို့ဆိုပါတယ်။


ကစားစရာသေနတ်နဲ့ လုပ်ကြံခံရတဲ့ ချိုထွန်းအောင်ဆိုပြီး စစ်လက်နက်ပစ္စည်းတွေအကြောင်းနဲ့ စစ်လက်နက်တွေအသုံးပြုပုံ အကြောင်းဖော်ပြနေတဲ့ Technical Raptor အဖွဲ့က ထောက်ပြလိုက်တာဖြစ်ပါတယ်။ 


စစ်ကောင်စီဘက်က ခပ်တည်တည်နဲ့ ဓာတ်ပုံအဖြစ်ဖော်ပြထားတဲ့ပစ္စတိုဟာ အရုပ်သေနတ်ဖြစ်တယ်ဆိုတာကို ကျည်ကဒ် magazine ကို ကြည့်ပြီး သိနိုင်ပါတယ်လို့ ဆိုပါတယ်။


ကျည်ကဒ်မှာ သတ္တုရောင် cylinder လေးတခုပါနေတာ တွေ့ရမှာဖြစ်ပြီး ဒါဟာ CO2 catridge တခုဖြစ်ကာ CO2 gas ထည့်ပစ်ရတဲ့ airsoft ကစားစရာသေနတ်တွေမှာ သုံးတာလို့ ရှင်းပြထားပါတယ်။


ကျည်ကဒ်ထဲမှာ ကော်စေ့လေးတွေထည့်ရပြီး Cylinder ထဲမှာထည့်ထားတဲ့ CO2 gas တွန်းအားနဲ့ ကော်စေ့ကို ပစ်ကာ မောင်းပြန်စေပါတယ်လို့လည်း အသိပေးထားပါတယ်။


Airsoft gun တွေဟာ ကစားစရာအရုပ်‌သေနတ်ဆိုပေမယ့် လူကြီးတွေအနေနဲ့ ဝါသနာအဖြစ် စုဆောင်းတာ ကစားပွဲတွေ လုပ်တာအပြင် အချို့ စစ်တပ်တွေမှာ လေ့ကျင့်ရေးမှာလည်း သုံးကြတယ်လို့ သိရပါတယ်။


အဓိကအားဖြင့် battery ထည့်ပစ်ရတဲ့ Automatic Electric Gun (AEG) gas ထည့်ပစ်ရတဲ့ Gas Blow Back (GBB) ဆိုပြီး operation mechanism ပေါ်မူတည်ကာ airsoft gun တွေကို အမျိုးအစားခွဲထားတာရှိတယ်လို့လည်း သိရပါတယ်။


နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖျက်တိုက်ဖျက်ရေးဘာသာ သင်ကြားနေတဲ့ ချိုထွန်းအောင်တယောက် သူ့ကိုပစ်သွားတဲ့ လက်နက်ဆိုတာ CO2 gas gun လို့ သက်သေဓာတ်ပုံပြထားတာကိုသိရင် ငရဲကနေ မင်းအောင်လှိုင်တို့အဖွဲ့ကို လှမ်းဆဲနေပါလိမ့်မယ်လို့ Technical Raptor အဖွဲ့က မှတ်ချက်ပြုထားပါတယ်။


စစ်ကောင်စီအနေနဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦး လုပ်ကြံခံရတဲ့ကိစ္စမှာ သက်သေ သေချာမတည်ဆောက်နိုင်ဘဲ အသက် နှစ်အရွယ် ကလေးငယ်ကိုဖမ်းလိုက်တဲ့အ‌ပေါ် နိုင်ငံတကာသတင်းတွေမှာလည်း ထိပ်တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။


========================


🚩🚩 ၂။⁨⁨ တောင်ဒဂုံတရားရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၇၉ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် 


ဇွန်လ ၈ရက်


ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၇၉ မမ လောင်ချာနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army – YA တပ်ဖွဲ့က ပြောပါတယ်။


အကြမ်းဖက်စစ်တပ်လက်အောက်ခံ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တပ်စွဲပြီး လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဇွန်လ ရက် ၁၀ နာရီခွဲခန့်အချိန်မှာ ၇၉ မမ လောင်ချာကိုအသုံးပြုပြီး ၄၀ မမ ဗုံးသီး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ရာမှာ ပစ်မှတ်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးပါတယ်။


ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေကိုသိရအောင် ဆက်လက်စုံစမ်းနေ တယ်လို့ Yangon Army – YA တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။


ဒီတိုက်ခိုက်မှုကို Yangon Army – YA နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။⁨⁨ သရက်ချောင်းမြို့နယ်မှာ စစ်ကြာင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


ဇွန်လ ၈ရက်


တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲကို စစ်ကြာင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကြိမ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့ ဇွန်လ ရက်မှာ ထုတ်ပြန်ပါ တယ်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းအနီးကို စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ မေလ ၂၈ ရက်နေ့က ကြိမ်တိုင် တိုက်ပွဲဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့တို့ မေလ ၂၈ ရက်နေ့ မနက် နာရီ ၁၅ မိနစ်ခန့်အချိန်က တိုက်ပွဲဖြစ်ခဲ့ရာမှာ ၃၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မနက် ၁၁ နာရီခွဲခန့်မှာလည်း ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်ဖြစ် ခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။  

စစ်ကောင်စီတပ်ဘက်က အင်အား ၇ဝ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တန်းစခန်းကိုတော့ စွန့်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားကို ထားဝယ်ခရိုင် အမှတ် တပ်ရင်းက ကျပ်သိန်း ၅ဝ ချီးမြင့် 


ဇွန်လ ၈ရက်

 

စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ဥပဒေမဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်သားဖြစ်လာတဲ့သူက လက်နက်ခဲယမ်း တွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၅ဝ ချီးမြင့်ပေးလိုက်တယ်လို့ ထားဝယ်ခရိုင် အမှတ် တပ်ရင်းက ပြောပါတယ်။


စစ်မှုထမ်းတပ်သားအဖြစ် မတရားသွတ်သွင်းခြင်းခံခဲ့ရတဲ့ ပြည်သူတဦးဟာ ထားဝယ်ခရိုင် အမှတ် တပ်ရင်းကို ဆက်သွယ်ပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။


အလင်းဝင်လာချိန်မှာ MA1 တလက်၊ကျည်ဘောက် ခု၊ ကျည်ဆံ ၁၅၀ တောင့်၊ ၁၄ မိုင်း တလုံး ယူ‌ဆောင်လာခဲ့ပြီး ထားဝယ်ခရိုင် အမှတ် တပ်ရင်းထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ထားဝယ်ခရိုင် အမှတ် တပ်ရင်းအနေနဲ့ အလင်းဝင်လာသူကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖေးမကူညီခဲ့ပြီး ငွေကျပ် သိန်း ၅ဝ တိတိ ပေးအပ်ချီးမြင့်ခဲ့တာပဲဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတွေနဲ့ ဥပဒေမဲ့ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် မတရား သွတ်သွင်းခံနေရတဲ့ ပြည်သူတွေအနေနဲ့ အလင်းဝင်ချင်တယ်ဆိုရင် ထားဝယ်ခရိုင် အမှတ် - တပ်ရင်းရဲ့ လူမှုကွန်ယက်စာမျက်နှာနဲ့ ဝိုင်းတွန်းဇို့ ဆိုတဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်တယ်လို့ ထားဝယ်ခရိုင် အမှတ် - တပ်ရင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။


========================


🚩🚩၅။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မိုးဗြဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိပိတ် 


ဇွန်လ ၈ရက်

 

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် မိုးဗြဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီဟာ သူတို့ဆုံးရှုံးထားတဲ့ မိုးဗြဲမြို့ကို ပြန်ရအောင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။


လက်ရှိမြေပြင်မှာဖြစ်နေတဲ့ စစ်ရေးအခြေအနေဟာ မိုးဗြဲလမ်းမကြီးကိုအသုံးပြု သွားလာနေသူတွေအတွက် အန္တရာယ် များတဲ့အခြေနေမှာ ရှိနေတာကြောင့် ဒီလမ်းမကြီးပေါ်ဖြတ်သန်းသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရတာလို့ ဖယ်ခုံ PDF က အသိပေးပါတယ်။ 


ဒါကြောင့် ဖယ်ခုံအင်းအရှေ့ကမ်းမှာရှိတဲ့ ဒေသနေပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းသွားလာတာမျိုးမလုပ်ကြဖို့ အမှတ် ၁၀၀၆ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။


ပြည်သူလူထုအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေလုပ်ဆောင်နေတဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။


မိုးဗြဲမြို့ဟာ စစ်ရေးအရအရေးပါတဲ့ မြို့ဖြစ်ပြီး မိုးဗြဲမြို့ကို စစ်ကောင်စီဘက်က ပြန်ရသွားမယ်ဆိုရင် ကရင်နီပြည်က နယ်မြေဒေသအချို့ကိုပါ စစ်ကောင်စီဘက်က ဝင်ရောက်လာနိုင်တဲ့အတွက် အဲဒီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်တွေက အပြင်းအထန် ခုခံကာကွယ်နေတာပဲဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment