၂၀၂၅ ဇွန်လ ၁၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာအရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးတွေက အရေးမကြီးဘဲ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင် ရေး လုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ အရေးယူမှုကသာ အရေးကြီတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အမည်းစက်၊ ခွဲခြား ဆက်ဆံ ခံရခြင်းအပါအဝင်စိန်ခေါ်မှုများကို အချိန် ကြာမြင့်စွာ ရင်ဆိုင်နေရ"

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊သူများအပါအဝင် အကျဉ်းသားအကျဉ်းသူ အယောက်၂၀၀ ဝန်းကျင်ကိုထောင်ပြောင်းရွှေ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ PNO ခေါင်းဆောင်တို့သည်  ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကြောင့် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင်ဆုများနှင့် သတ္တုတူးဖော်ခွင့်လိုင်စင်များ ဆုချီးမြှင့်ခြင်းခံရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တော်လှန်ရေးလေးနှစ်တာကာလအတွင်း လုပ်ဆောင်မှု၈မျိုးကို လူမှုကွန်ရက်ပေါ်တင်၍ ရီအက် ၈၀ ရရှိပါက ထောင်ပို့ထီလက်မှတ်၂စောင်အခမဲ့ရရှိမည်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၈)မွမ်းမံသင်တန်း အမှတ်စဉ်(/၂၀၂၅)သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပပြီးစီး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။သံတောင်ကြီး တိုက်ခိုက်ရေးသင်တန်းကျောင်းက တပ်ခွဲမှူးအဆင့် အရာရှိသင်တန်းဆင်းတွေပါတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု တပ်ခွဲမှူး ဦး အပါအဝင် ဦးသေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရေဦးမြို့ပေါ် က စစ်တပ် တပ်စွဲရာနေရာနဲ့ စစ်ဆေးရေးဂိတ်တွေကို ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဆင်တဲဝချောင်းအနီးဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုလာတဲ့ အရပ်သား ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သားတဦး လက်ရဖမ်းမိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။⁨⁨ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ထက်မနည်းသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာအရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးတွေက အရေးမကြီးဘဲ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင် ရေး လုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ အရေးယူမှုကသာ အရေးကြီတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော


ဇွန်လ ၁၃ရက်


မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ တံခါးပိတ်အစည်းအဝေး အရေအတွက်တွေက အရေးမကြီးဘဲ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ရေး လုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့အရေးယူမှုတွေကသာ အရေးကြီးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအရင်ခံစာကိုဆွေးနွေးတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကုလပဋိညာဉ်စာတမ်း အပိုဒ် ၂၄ အရ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့နဲ့ လျင်မြန်ထိရောက်တဲ့ အရေးယူ မှုတွေ လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လုံခြုံရေးကောင်စီကို တာဝန်ပေးအပ်ထားပေမယ့် ကောင်စီအနေနဲ့ နှစ်ပေါင်းများစွာ သဘောထားကွဲလွဲနေပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာမရှိသလို အရေးယူဆောင်ရွက်တာလည်းမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ စည်းလုံးညီညွတ်မှုကင်းမဲ့နေတယ်ဆိုတာကို အခုနှစ်အတွင်းကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေး တွေက ဆုံးဖြတ်ချက်တွေအပေါ် ဗီတိုအာဏာသုံးစွဲမှုတွေနဲ့ တံခါးပိတ်အစည်းအဝေးတွေက ဆုံးဖြတ်ချက် မူကြမ်းတွေ အပေါ် ဗီတိုအသုံးပြုဖို့ ခြိမ်းခြောက်မှုတွေက ထင်ဟပ်နေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေက လုံခြုံရေးကောင်စီကလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ လေးနက်တဲ့ ဆန်းစစ် ဝေဖန်မှုတွေလုပ်ဖို့ တောင်းဆိုနေပေမယ့် အစီရင်ခံစာထွက်လာချိန်မှာ အချက်အလက်ပံ့ပိုးမှုပုံစံ တင်ပြမှုသာရှိနေတာကို တွေ့ရတယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်ဆိုတာ လုံခြုံရေး ကောင်စီအနေနဲ့ လက်ခံစဉ်းစားဖို့လိုအပ်နေပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ရင် လုံခြုံရေးကောင်စီဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၃၁ ကို အလိုရှိတဲ့အခါမှ အသုံးချနေတာကို စိတ်မကောင်းဖွယ်တွေ့မြင်ရတယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။


မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဗဟိုမပြုတဲ့ ဖြေရှင်းနည်းတွေဟာ ခဏတာကုစားမှုသာဖြစ်ပြီး ရေရှည်မှာ ကျရှုံးမှုဘက်ကို ဦးတည်သွားနိုင်တာကြောင့် လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ အခြားသော ကုလသမဂ္ဂအေဂျင်စီ တွေအနေနဲ့ ဟန်ချက်ညီညီ ညှိနှိုင်းမှုရှိရှိ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီလို့လည်း သတိပေးပြောကြားခဲ့ပါတယ်။


ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေနဲ့ ဆောင်ရွက် နိုင်စွမ်းကို အမှန်တကယ်ဗဟိုပြုပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေး မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ပံ့ပိုးပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အမည်းစက်၊ ခွဲခြား ဆက်ဆံ ခံရခြင်းအပါအဝင်စိန်ခေါ်မှုများကို အချိန် ကြာမြင့်စွာ ရင်ဆိုင်နေရ"


ဇွန်လ ၁၃ရက်



"မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အမည်းစက်၊ ခွဲခြား ဆက်ဆံ ခံရခြင်းအပါအဝင်စိန်ခေါ်မှုများကို အချိန် ကြာမြင့်စွာ ရင်ဆိုင်နေရ"ကြောင်းသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၁၈) ကြိမ်မြောက် ကွန်းဖရင့်၌ ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

"မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အမည်းစက်၊ ခွဲခြား ဆက်ဆံ ခံရခြင်း၊ ပြည့်သူ့အဆောက်အဦများအား လွယ်လင့်တကူသွားရောက်နိုင်ခြင်း မရှိခြင်း၊ ထိုက်သင့် သော ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှုများ မရရှိခြင်း နှင့် သင့်လျော်သည့် ဥပဒေမူဘောင် လုံလောက်စွာ မရှိခြင်း ကဲ့သို့သော စိန်ခေါ်မှုများကို အချိန် ကြာမြင့်စွာ ရင်ဆိုင်နေရကြောင်း၊၎င်းတို့အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားစာနာအကျပ်အတည်းများကြောင့် လည်း အချိုးမညီမျှစွာ ဆိုးကျိုးခံစားနေသည့်အပြင် စစ်ကောင်စီမှ ကျူးလွန်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများ၏ နစ်နာသူများလည်းဖြစ်နေကြောင်း"သံအမတ်ကြီးကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ရှိ မသန်စွမ်းသူများအား ကူညီပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေး မိတ်ဖက်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ဒေသခံ အသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းသူများအား ခြေလက်အင်္ဂါအတုများ တပ်ဆင်ပေးခြင်းနှင့် အခြားသော လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်ခြင်း လုပ်ငန်းစဉ်များတွင် သိသာမြင်သာသည့် တိုးတက်မှုများ ဖော်ဆောင်နေနိုင်ပြီလို့သံအမတ်ကြီးကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊သူများအပါအဝင် အကျဉ်းသားအကျဉ်းသူ အယောက်၂၀၀ ဝန်းကျင်ကိုထောင်ပြောင်းရွှေ့


ဇွန်လ ၁၃ရက်


မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊သူများအပါအဝင် အကျဉ်းသားအကျဉ်းသူ အယောက်၂၀၀ ဝန်းကျင်ကိုထောင်ပြောင်းရွှေ့လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ၁၂ရက်မနက် ၅နာရီကျော်အချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ)မှ သံပြားကာကား ()စီး၊ အိမ်စီးကား()စီး၊ ဆယ့်နှစ်ဘီးကား ()စီးတို့ဖြင့်  မုံရွာထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရန် လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါလူများအားမန္တလေး အိုးဘိုအကျဉ်းထောင်၊မြင်းခြံထောင်နှင့် မကွေးထောင်တို့ကို ပို့ဆောင်မယ်လို့သိရှိရကြောင်း PPNMကဆိုပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ်မှ  ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ  မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉,၂၇၂) ဦးရှိပြီး ထိုအထဲမှ (၂၂,၁၂၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၈၂၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPPကလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ PNO ခေါင်းဆောင်တို့သည်  ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကြောင့် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင်ဆုများနှင့် သတ္တုတူးဖော်ခွင့်လိုင်စင်များ ဆုချီးမြှင့်ခြင်းခံရ


ဇွန်လ ၁၃ရက်


PNO ခေါင်းဆောင်တို့သည်  ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကြောင့် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင်ဆုများနှင့် သတ္တုတူးဖော်ခွင့်လိုင်စင်များ ဆုချီးမြှင့်ခြင်းခံရတယ်လို့ JusticeForMyanmarက ထုတ်ဖော်လိုက်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် မဟာမိတ်ဖွဲ့ထားသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) သည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ဆက်လက်ကြံရာပါပတ်သက်နေမှုများအတွက် တာဝန်ခံရမှာ ဖြစ်တယ်လို့ထောက်ပြထားပါတယ်။


 PNO သည် အရပ်သားများကိုတိုက်ခိုက်ခြင်း၊ အတင်းအကြပ် စစ်မှုထမ်းခြင်းတို့ကို လုပ်ဆောင်ပြီး ၎င်း၏ စီးပွားရေးကွန်ရက်မှ ဝင်ငွေများဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေတယ်လို့ JusticeForMyanmarက ထုတ်ဖော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တော်လှန်ရေးလေးနှစ်တာကာလအတွင်း လုပ်ဆောင်မှု၈မျိုးကို လူမှုကွန်ရက်ပေါ်တင်၍ ရီအက် ၈၀ ရရှိပါက ထောင်ပို့ထီလက်မှတ်၂စောင်အခမဲ့ရရှိမည်


ဇွန်လ ၁၃ရက်


တော်လှန်ရေးလေးနှစ်တာကာလအတွင်း လုပ်ဆောင်မှု၈မျိုးကို လူမှုကွန်ရက်ပေါ်တင်၍ ရီအက် ၈၀ရရှိပါက ထောင်ပို့ထီလက်မှတ်၂စောင် အခမဲ့ရရှိမည်ဖြစ်ကြောင်း ထောက်ပို့ထီက အသိပေးကြေညာထားပါတယ်။


ဒီ၄နှစ်ကျော်မှာ ကိုယ်အများဆုံး လုပ်ဖြစ်တဲ့ "တော်လှန်အားထုတ်မှု" ၈မျိုးကိုချရေးအခုအောက်ကပုံလေးနဲ့ ကိုယ့် fb မှာတွဲတင်ထောက်ပို့ထီ ၊အမေစုမွေးနေ့ HerBirthday လို့ ထည့်ပေး ရီအက် ၈၀ ရအောင်လုပ်ကိုယ့်ပို့စ်က ရီအက်၈၀ ရသွားတာနဲ့ ထောက်ပို့ထီ ၂စောင် လက်ဆောင်ရမှာပါ။ထီလေး၂စောင်များ ဘာလုပ်ရမှာလဲဆို ဒီ တစ်စောင် ၂၀၀၀ တန် ထီလေး၂စောင်ကနေ သိန်း၁၀၀၀ အပါအဝင် ဆုပေါင်းများစွာ ဖြစ်လာမှာပါလို့ဆိုထားပါတယ်။


ရီအက် ၈၀ရတဲ့ ပထမဆုံး အယောက်၈၀၀ ကိုပဲ ပေးမှာမလို့ မြန်မြန်သွက်သွက် လှုပ်ရှားကြဖို့တော့လိုအပ်မယ်လို့သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ၁၉ရက် ဇွန်လက ပါဝင်နိုင်တဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၈)မွမ်းမံသင်တန်း အမှတ်စဉ်(/၂၀၂၅)သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပပြီးစီး


ဇွန်လ ၁၃ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၈)မွမ်းမံသင်တန်း အမှတ်စဉ်(/၂၀၂၅)သင်တန်းဆင်းပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။


ဇွန်လတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန  တပ်ရင်းအမှတ်(၈၀၈)မွမ်းမံသင်တန်းအမှတ်စဉ်(/၂၀၂၅)သင်တန်းဆင်းပွဲကိုသင်တန်းသား(၆၀)ဖြင့် မိမိတို့စိုးမိုးနယ်မြေတစ်နေရာမှာကျင်းပခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါသင်တန်းဆင်းပွဲသို့  နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးဗိုလ်လက်ျာနှင့်တပ်ရင်းတပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။သံတောင်ကြီး တိုက်ခိုက်ရေးသင်တန်းကျောင်းက တပ်ခွဲမှူးအဆင့် အရာရှိသင်တန်းဆင်းတွေပါတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု တပ်ခွဲမှူး ဦး အပါအဝင် ဦးသေဆုံး


ဇွန်လ ၁၃ရက်


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့မှာရှိတဲ့ တပ်မတော် - ကြည်း တိုက်ခိုက်ရေးသင်တန်းကျောင်းက သင်တန်းဆင်း တပ်ခွဲမှူးတွေပါတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က တပ်ခွဲမှူး ဦး အပါအဝင် ဦးသေဆုံး သွားတယ်လို့ People Defense Force Thandaung က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ မှာရှိတဲ့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ စစ်ယာဉ်တန်း ကို တောင်ငူ-သံတောင်လမ်းပိုင်း မိုင် စစ်တပ်စခန်းကုန်းအနီးမှာ ဇွန်လ ရက်နေ့ ညနေ နာရီခွဲအချိန်က တိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ သင်တန်းဆင်း တပ်ခွဲမှူး ဗိုလ်ကြီး ဦးနဲ့ ယာဉ်မောင်း တပ်ကြပ် တဦးသေဆုံးကာ ဦး ဒဏ်ရာရသွားတယ် လို့ အသိပေးပါတယ်။ 

ဒါ့အပြင် မေလ ၂၇ ရက်နေ့ကလည်း ကရင်ပြည်နယ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထုံးဘိုကြီးတပ်စခန်း ကိုလည်း တော်လှန်ရေးတပ်တွေ သွားရောက်ခိုက်ခဲ့တာရှိပြီး ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က အထိနာသွားတယ်လို့ သိရပေမယ့် ထိခိုက်ကျဆုံးမှုအခြေအနေကို စုံစမ်းလို့မရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးတွေကို တောင်ငူခရိုင် တပ်မဟာ တပ်ရင်း လက်အောက်ခံ People Defense Force Thandaung MLB စစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရေဦးမြို့ပေါ် က စစ်တပ် တပ်စွဲရာနေရာနဲ့ စစ်ဆေးရေးဂိတ်တွေကို ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


ဇွန်လ ၁၃ရက်


စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲရာနေရာနဲ့ စစ်ဆေးဂိတ်တွေကို ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ YE-U Freedom Comrades - YFC က ထုတ်ပြန်ပါတယ်။

ရေဦးမြို့တောင်ဖက်အထွက်မျာရှိတဲ့ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်သား ၃၂ ယောက်ကို ဇွန်လ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ Fixed Wings ဒရုန်းနဲ့ ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့ပြီး ညနေ နာရီ ၂၀ မိနစ်ခန့်မှာ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာ ကြာဖူးအဝိုင်းဂိတ်နဲ့ တိုင်းရင်းဆေးရုံကို ဗုံးသီး လုံးချ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ရက်နေ့မနက်ပိုင်းမှာလည်း ရေဦးမြို့ အနောက်ဘက် ဂါဝီပန်းခြံစစ်ဆေးရေးဂိတ်ကို ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၅ ဦးခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သလို ဇွန်လ ရက်နေ့ မနက်ပိုင်းမှာလည်း ရေဦးမြို့ မကြီးတောစာသင်ကျောင်းမှာ စစ်မှုထမ်းအတွက် အစည်းအဝေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး လုံး ပြန်လည်ပစ်ခတ်ခဲ့တာရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်း လှုပ်ရှားယူနစ်တွေဖြစ်တဲ့ Ye-U Freedom Comrades – YFC ဝံပုလွေအဖွဲ့တို့နဲ့အတူ / မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဆင်တဲဝချောင်းအနီးဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုလာတဲ့ အရပ်သား ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သားတဦး လက်ရဖမ်းမိ


ဇွန်လ ၁၃ရက်


တောင်သာမြို့နယ် ဆင်တဲဝချောင်းအနီးမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုလာတဲ့ အရပ်သား ဦး ကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သားတဦး လက်ရဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ပါတယ်။


တောင်သာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ ဝဏ္ဏဌေးဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ထနောင်းကုန်းရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ထောက်ပို့လမ်းကြောင်းအတွက် ချိတ်ဆက်သွားလာနေတယ်လို့ သတင်းရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ကရဲဘော်တွေက မနေ့ ဇွန်လ ၁၂ ရက် မနက်ပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


အခုလို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တောင်သာမြို့ အနောက်ဘက် ဆင်တဲဝချောင်း အနောက်ဘက်ကမ်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။


ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူအမျိုးသား ဦးကို လူသားဒိုင်းအဖြစ် ရှေ့ကနေသွားခိုင်းခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ အရပ်သားပြည်သူတွေကို အထိအခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။


အရပ်သားပြည်သူ ဦးကို ကယ်ထုတ်ခဲ့ပြီးတဲ့နောက် တိုက်ပွဲဆက်ဖြစ်ရာမှာ စစ်သား ဦးသေဆုံးပြီး အမှတ် ၉၂၈ ထောက်ပံ့ပို့ဆောင်ရေးတပ် ထပရ-၉၂၈ က တပ်သား ကျော်နိုင်ဝင်း ကို လက်ရဖမ်းဆီးနိုင်ကာ ကျန်စစ်သားတွေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအသုံးပြုတဲ့ G4 တလက်၊ MA3 တလက်၊ RPG အဖူး ၁၀ ဖူး၊ ကျည်ဘောက် ခု၊

ကျည် ၁၁၈ တောင့်၊ Drone Jammer တခုနဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလာတဲ့ စစ်အုပ်စုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။⁨⁨ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ထက်မနည်းသေဆုံး


ဇွန်လ ၁၃ရက်


တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဧကနိကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ် အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ထက်မနည်းသေဆုံးသွားတယ်လို့ ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။


မေလ ၂၉ ရက်နဲ့ ၃ဝ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကြား ရက်ကြာ ထိတွေ့တိုက်ပွဲ နဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ အထိနာသွားတဲ့အတွက် ကျန်တဲ့စစ်သားတွေဟာ တိုက်ပွဲဖြစ် နေရာကနေက ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။


ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဖြူပကဖ၊ ထားဝယ်ခရိုင် အမှတ် - တပ်ရင်း T1 ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF သာဂရစစ်ကြောင်း၊ ဒေါနတပ်ရင်း တပ်ခွဲ - (ဝေဟင်) တပ်ခွဲ- (LPF) နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေဘီလုံးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့အနေနဲ့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ အကြမ်းဖက်စစ်‌ကောင်စီတပ်တွေကို တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment