၂၀၂၅ ဇွန်လ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များက ပူးတွဲသဘောထား ထုတ်ပြန်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့ကို Phil Twyford, (Member of the New Zealand Parliament) နှင့် Lieutenant General (ret) Dan Leaf, former Deputy Commander of US Pacific Command တို့ကဆုမွန်ကောင်းများတောင်းပေး
📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ကကြီးမှူးကျင်းပမည်
📌 ၄။ ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများသို့ အမျိုးသမီး မဟာမိတ်အင်အားစု WABနှင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ထောက်ပံ့ငွေများပေးအပ်
📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၀၇) ဦး ရှိခဲ့ပြီဖြစ်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ငါန်းဇွန်မြို့နယ် မြို့သာဆေးရုံအနီးတွင် စကစ(၂၅)ဦး ခန့်ကို တော်လှန်ရေးတပ်များ မိုင်းဆွဲ တိုက်ခိုက်ရာနေရာတင်၃ဦးသေဆုံး
🚩 ၂။ နောင်ချိုမြို့နယ် အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်
🚩 ၃။ မိုးဗြဲတိုက်ပွဲကြောင့် လူဦးရေလေးသောင်းခန့် စစ်ရှောင်နေရ
🚩 ၄။ ခိုင်ကမ်းစစ်ဆင်ရေးအတွက် ချင်းပြည်(Chinland)အစိုးရ ၏ ကာကွယ်ရေးဌာနမှ ကျပ်ငွေသိန်းတစ်ရာတိတိထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များက ပူးတွဲသဘောထား ထုတ်ပြန်
ဇွန်လ ၁၇ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များက ဇွန်လ၁၇ရက်ပူးတွဲသဘောထား ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၈၀)ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ ပူးတွဲသဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်တယ်လို့ဖော်ပြပါတယ်။
ထုတ်ပြန်ချက်အရအာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စပြု နေသော နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများသည် တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြမကျန် နေရာဒေသ အစုံ၌ အထွေထွေအကြပ်အတည်းများကို အဆိုးဝါးဆုံး ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ထောင်စု၏ အနာဂတ်မှာလည်း မရေရာ၊ မသေချာမှုများဖြင့် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေတယ်လို့ဖော်ပြပါတယ်။
မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ လိုလားတောင့်တချက် သဘောထားဆန္ဒဖြစ်သော ဒီမိုကရေစီ ရှင်သန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ပြည်ထောင်စု၏ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်ဟု အလေးအနက် ယုံကြည်လက်ခံတယ်လို့ဖော်ပြပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် Key Stakeholders အားလုံး သဘောတူသည့် နိုင်ငံရေးအခင်းအကျင်းကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ပြီး ဖော်ပြပါ နိုင်ငံရေးအခင်းအကျင်းများကို ဖော်ဆောင်နိုင်ရန်အတွက် အခြေခံအကျဆုံး ဖြစ်သော ပြည်သူလူထု လေးစားယုံကြည် ကိုးစားမှုရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များက ပူးတွဲသဘောထား ထုတ်ပြန်၍ တညီတညွတ်တည်း တောင်းဆိုအပ်တယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့ကို Phil Twyford, (Member of the New Zealand Parliament) နှင့် Lieutenant General (ret) Dan Leaf, former Deputy Commander of US Pacific Command တို့ကဆုမွန်ကောင်းများတောင်းပေး
ဇွန်လ ၁၇ရက်
ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့ကို Phil Twyford, (Member of the New Zealand Parliament) နှင့် Lieutenant General (ret) Dan Leaf, former Deputy Commander of US Pacific Command တို့ကဆုမွန်ကောင်းများတောင်းပေးခဲ့ပါတယ်။
Phil Twyford, (Member of the New Zealand Parliament) နှင့် Lieutenant General (ret) Dan Leaf, former Deputy Commander of US Pacific Command တို့ရဲ့ အမေ့ ၈၀ ပြည့်မွေးနေ့အတွက်ဆုတောင်းစကားလေးတွေပါလို့ SU 80ကမ်ပိန်းကရုပ်သံနဲ့တကွဖော်ပြပါတယ်။
အလားတူ NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် က အမေစုမွေးနေ့အတွက် ၈ မိုင်လမ်းလျှောက်သည့် challenge လေးနှင့် မွေးနေ့ဆုတောင်းလေးအပြင် ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့အမေ့မွေးနေ့ကဗျာနှင့် မွေးနေ့ဆုတောင်းကိုပါ SU 80ကမ်ပိန်းကဖော်ပြခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ကကြီးမှူးကျင်းပမည်
ဇွန်လ ၁၇ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ် မွေးနေ့ပွဲအခမ်းအနားကိုအဖွဲ့ချုပ်ကကြီးမှူးကျင်းပမည်ဖြစ်ကြောင်း ဇွန်လ၁၇ရက်မှာ အသိပေးကြေညာပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ် မွေးနေ့ပွဲအခမ်းအနားကို
-မတရားဖမ်းဆီးခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုတိုက်ပွဲဝင်သွားမယ်လို့ဖော်ပြပါတယ်။
စစ်ကောင်စီက ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်၍ ပြည်သူလူထုဆန္ဒနှင့်အညီ ရပ်တည်မည် ဆိုသည့် အဓိဋ္ဌာန်ပြုချက်များနှင့် အညီ မြန်မာစံတော်ချိန် နံနက်(၀၉:၀၀) နာရီတွင် Zoom မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပပြုလုပ်သွားမယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ဆင့်လွှဲအာဏာဖြစ်သော ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲလျက် နွေဦးတော်လှန်ရေးကြီး အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
========================
📌📌 ၄။ ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများသို့ အမျိုးသမီး မဟာမိတ်အင်အားစု WABနှင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ထောက်ပံ့ငွေများပေးအပ်
ဇွန်လ ၁၇ရက်
ဝက်လက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ပြည်သူများသို့ အမျိုးသမီး မဟာမိတ်အင်အားစု WAB နှင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တို့ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့သိရပါတယ်။အသက်ဆုံးရှုံးခဲ့ရသော ပြည်သူသူများသို့ တစ်ဦးလျှင် ၂ သိန်းကျပ်၊ ထိခိုက်ဒဏ်ရာရ ပြည်သူများနှင့် အိုးအိမ်ပျက်စီး သွားသောပြည်သူများသို့ တစ်ဦးလျှင် ၁ သိန်းကျပ်၊သေဆုံးပြည်သူ ၈ ဦး၊ထိခိုက်ဒဏ်ရာရပြည်သူ ၂၂ ဦး ၊အိုးအိမ်ပျက်စီးဆုံးရှုံး ၈ ဦး သို့ သွားရောက် ထောက်ပံ့ပေးအပ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၀၇) ဦး ရှိခဲ့ပြီဖြစ်
ဇွန်လ ၁၇ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၀၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၈၃) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၄၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ငါန်းဇွန်မြို့နယ် မြို့သာဆေးရုံအနီးတွင် စကစ(၂၅)ဦး ခန့်ကို တော်လှန်ရေးတပ်များ မိုင်းဆွဲ တိုက်ခိုက်ရာနေရာတင်၃ဦးသေဆုံး
ဇွန်လ ၁၇ရက်
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာဆေးရုံအနီးတွင် ဂိတ်ကြေးကောက်ရန် ရောက်ရှိလာသော စကစ(၂၅)ဦး ခန့်ကို တော်လှန်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်ရာ နေရာတင်၃ဦးသေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာ ဆေးရုံအနီးတွင် စကစများ ဂိတ်ချပြီး ခရီးသွားပြည်သူများအား နေ့စဉ် ကြိမ်းမောင်းဆဲဆိုပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံနေတယ်လို့ သတင်းရရှိခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါဖြစ်ရပ်အား မြင်းခြံမြို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဇွန်လ(၁၆)ရက်နေ့ နံနက် (၅)နာရီ (၅၀)မိနစ် အချိန်ခန့်တွင် ဂိတ်ကြေးကောက်ရန် ရောက်ရှိလာသော စကစ(၂၅)ဦး ခန့်ကိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ (၃)ဦးနေရာမှာတွင် ခြေပျက် လက်ပျက်ဖြင့် သေဆုံးပြီး(၄)ဦးမှာ အပြင်းအထန် ဒဏ်ရာရှိကာ မြို့သာဆေးရုံမှ မနိူင်သဖြင့် မန္တလေးဆေးရုံသို့ Light Truck ကားများဖြင့် သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ နောင်ချိုမြို့နယ် အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်
ဇွန်လ ၁၇ရက်
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဇွန်လ၁၇ရက်မှာ TNLAကအတည်ပြုသတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်တွင် ယမန်နေ့ ဇွန်လ (၁၆)ရက်နေ့၌ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထိုအပြင် လက်ပန်ကုန်းကျေးရွာဘက်ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်တပ်သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့၌ လက်ပန်ကုန်းကျေးရွာ၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၉)လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ ဗုံး (၃၇)လုံးနှင့် ဗုံး (၃၅)လုံးကိုလည်း လာရောက်ကြဲချခဲ့ပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိတယ်လို့TNLAကဆိုပါတယ်။
========================
🚩🚩 ၃။ မိုးဗြဲတိုက်ပွဲကြောင့် လူဦးရေလေးသောင်းခန့် စစ်ရှောင်နေရ
ဇွန်လ ၁၇ရက်
မိုးဗြဲတိုက်ပွဲတွင် စကစနဲ့တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး လူဦးရေလေးသောင်းခန့်စစ်ရှောင်နေရတယ်လို့ ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ရင်း ၉၄၂၁က ဆိုပါတယ်။
"မိုးဗြဲ ဖက်တွင် နေ့စဉ်နဲ့အမျှ စကစတပ်နဲ့PNOက ဖယ်ခုံ မိုးဗြဲ ဒီးမော့ဆိုသို့ စစ်ကြောင်းအပြင်းထိုးမှုကြောင့် ကျွန်တော်တို့ ကလလတ ၉၄၂၁တပ်ရင်းအနေဖြင့်လည်း တပ်ရင်းမှူးဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်ပေါင်းစုနှင့်အတူ ပြည်သူများအထိအခိုက်မရှိစေရေးအတွက် တက်ကာနေခြင်းဖြစ်ပါတယ်"လို့ အတည်ပြုဆိုပါတယ်။
နေ့စဉ်နှင့်အမျှလည်း ထိတွေ့မှုရှိပြီး ပြည်သူများလည်း ဘေးလွတ်ရာသို့ရှောင်တမ်းနေရသည်မှာလူ ဦးရေ၄သောင်းကျော်ခန့်ရှိမယ်လို့ဆိုပါတယ်။
ခဲယမ်းများလည်းများစွာလိုအပ်နေ၍ တပ်ရင်းpageမှာ လာရောက်ဆက်သွယ်ပါဝင်ထောက်ပို့ကူပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၄။ ခိုင်ကမ်းစစ်ဆင်ရေးအတွက် ချင်းပြည်(Chinland)အစိုးရ ၏ ကာကွယ်ရေးဌာနမှ ကျပ်ငွေသိန်းတစ်ရာတိတိထောက်ပံ့
ဇွန်လ ၁၇ရက်
ခိုင်ကမ်းစစ်ဆင်ရေး အတွက် ချင်းပြည်(Chinland)အစိုးရ ၏ ကာကွယ်ရေးဌာန မှ ကျပ်ငွေသိန်းတစ်ရာတိတိထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"ခိုင်ကမ်းစစ်ဆင်ရေး အတွက် ချင်းပြည်(Chinland)အစိုးရ ၏ ကာကွယ်ရေးဌာန မှ ကျပ်ငွေသိန်းတစ်ရာတိတိ ထုတ်ပေး၊ထောက်ပံ့ မှုအား အထူးပင်ကျေးဇူးတင်ရှိပါတယ်"လို့ဇွန်လအတွင်း Civic Defense Militiaကဆိုထားပါတယ်။မဝေးတော့တဲ့ နေ့ရက်တွေမှာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ငြိမ်းချမ်းဖို့အတွက် လူငယ်တွေ မိုးထဲ လေထဲမှာ မရပ်မနား တိုက်ပွဲတွေဆက်ပြီး ဆင်နွဲနေရတယ်လို့လည်းCivic Defense Militiaက အသိပေးဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment