၂၀၂၅ ဇွန်လ ၂၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တအာင်းပြည်မှာကျင်းပတဲ့ BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ TNLA က ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် တော်လှန်ခေါင်းဆောင်တွေတက်ရောက် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ပြည်သူလူထုလက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်ကြဖို့ ကရင်နီပြည်အတိုင်ခံကောင်စီ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨ ဒေါနတပ်ရင်းက သင်တန်းသား ဦး သေဆုံးခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်လို့ သင်တန်းဆရာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်ချမှတ်ထားတယ်လို့ နည်းဗျူဟာ ၃၃ ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နမ္မတူမြို့နယ်အတွင်း ပျက်စီးနေ့တဲ့လမ်းတွေကို PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် 


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းမှတ်ကျောက်ကို စိုက်ထူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ KNDF ပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ နောင်ချိုမြိုနယ်က ကျေးရွာ ရွာမှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ ရေငံရွာမှာ တပ်ဆွဲဖနတဲ့ စစ်စခန်းကိုတိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းကိုတိုက်ခိုက်မှုမှာ စစ်သားတဦးသေပြီး တဦး အရှင် ဖမ်းမိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ဆောနယ်မှာ စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယာယီတဲတလုံးနဲ့ ဓာတ်ဆီပေပါ ၈ဝ မီးလောင်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တအာင်းပြည်မှာကျင်းပတဲ့ BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ TNLA က ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် တော်လှန်ခေါင်းဆောင်တွေတက်ရောက် 


ဇွန်လ ၂၁ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်တနေရာမှာကျင်းပတဲ့ BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်း ဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA က အထွေထွေအတွင်းရေးမှူး  ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် တော်လှန်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ BPLA က ဒီနေ့မှာထုတ်ပြန်လာ ပါတယ်။  

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ရက်နေ့က တအာင်းပြည်တနေရာမှာ ကျင်းပခဲ့တာကို ဒီနေ့ ဇွန်လ ၂၁ မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒီအခမ်းအနားကို NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော် - AA က တပ်မှူး တဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF ဒုဥက္ကဋ္ဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

မဟာမိတ်ခေါင်းဆောင်တွေက တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် မတူညီတဲ့ အင်အားစုတွေကြား ညီညွတ်ဖို့လိုကြောင်းနဲ့  ဟန်ချက်ညီမယ်ဆိုရင် စစ်အာဏာရှင်စနစ် အမြန် အဆုံးသတ်မှာဖြစ်ကြောင်း အဓိကထားပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီအခမ်းအနားမှာ သင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေ ပေးအပ်တပ်ဆင်ပြီး အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ်တခု တိုးချဲ့ဖွဲစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ပြည်သူလူထုလက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်ကြဖို့ ကရင်နီပြည်အတိုင်ခံကောင်စီ တိုက်တွန်း


ဇွန်လ ၂၁ရက်


ပြည်သူလူထုလက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ပြည်သူ့အချုပ်အခြာ အာဏာကို ထုတ်ဖော်ပြသကာ စည်းလုံးညီညွန်စွာနဲ့ တော်လှန်တိုက်ပွဲဝင်ကြဖို့ ကရင်နီပြည်အတိုင်ခံကောင်စီ တိုက်တွန်းလိုက်ပါတယ်။ 

ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ကျရောက်တဲ့ နှစ်ပေါင်း ၁၅ဝ ပြည့် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်အတိုင်ခံ ကောင်စီက တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ပြည်တွင်းပြည်ပကျူးကျော်လာမှုတွေကို ရပ်တန့်စေခဲ့ပြီး ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ပြည်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကရင်နီအမျိုးသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရေချိန်နဲ့ သံတမန်ဆက်ဆက်ရေးစွမ်းရည်ကို လည်း ကရင်နီပြည်အတိုင်ခံကောင်စီက မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း ကရင်နီအမျိုးသားတွေဟာ ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစု အားလုံးနဲ့သာမက နိုင်ငံတဝှမ်း ညီညွတ်စွာ တိုက်ပွဲဝင်နေကြတဲ့ အင်အာစုတွေနဲ့အတူ နိုင်ငံရေးဘုံရည်မှန်းချက် ရအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ 

ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုလက်ထဲမှာသာရှိတာဖြစ်တဲ့အတွက် မိမိတို့ရည်မှန်းချက်ဖြစ် တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး အတူတက်လက်တွဲပြီး တိုက်ပွဲဝင် သွားကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဒီလိုတိုက်ပွဲဝင်ရာမှာ စစ်အာဏာရှင်နဲ့အာဏာရှင်စနစ်မှန်သမျှကနေ လွတ်မြောက်ပြီး ပြည်နယ်များ အားကောင်း ရေးမှသည် ပြည်ထောင်စုအား‌ကောင်းရေး ချဉ်းကမ်းမှုနည်းလမ်းနဲ့ တိုက်ပွဲဝင်သွားကြဖို့ ကရင်နီပြည်အတိုင်ခံ ကောင်စီက တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨ ဒေါနတပ်ရင်းက သင်တန်းသား ဦး သေဆုံးခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်လို့ သင်တန်းဆရာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်ချမှတ်ထားတယ်လို့ နည်းဗျူဟာ ၃၃ ဆို


ဇွန်လ ၂၁ရက်


နည်းဗျူဟာ ၃၃ လက်အောက်ခံ ဒေါနတပ်ရင်း စစ်ကြောင်း ကဖွင့်တဲ့ အခြေခံနဲ့အထူးချေမှုန်းရေး အပတ်စဉ် က သင်တန်းသား ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာ စည်းကမ်းဖောက်ဖျက်တဲ့ သတင်တန်းဆရာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်ချမှတ်ထားတယ်လို့ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာနက ဗျူဟာမှူးကိုယ်တိုင်ဦးစီးပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ကော်မတီရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သင်တန်းသားတဦးဟာ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားတာ ကြောင့် သေဆုံးရတာဖြစ်ပြီး အခြားတဦးကတော့ အဆုတ်ထဲ ပိုးဝင်တာရယ် ချောင်းဆိုးသွေးပါအခံရှိတာရယ် ကြောင့် သေဆုံးရတာလို့ အသိပေးပါတယ်။

ကျန်းမာရေးမကောင်းတဲ့သင်တန်းသားတွေကို အချိန်မီ ဆေးကုသခွင့်မပေးတာ၊ အချိန်မီ သတင်းပေးပို့ဖို့ ပျက်ကွက်ခဲ့တာ သင်တန်းဆရာတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ဖောက်ဖျက်ခဲတဲ့ သင်တန်းဆရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ လုပ်ထုံးနဲ့အညီ စစ်ဆေးပြီး ဇွန်လ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်ချမှတ်ခဲ့တဲ့အပြင် သင်တန်းဆရာအဖြစ်ကနေ ရာသက်ပန် ထုတ်ပယ်လိုက် တယ်လို့ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ သင်တန်းသား ဦးရဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားပြီး ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသားရဲဘော် ဦး ကျဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့  စိတ်အမြင်ဝေဝါးစေခဲ့တာ စိတ်ထိခိုက်နာကျင် စေခဲ့တာတွေအတွက် ဒေါနတပ်ရင်းကလည်း စိတ်နှလုံးညှိုးငယ်စွာနဲ့ မိဘပြည်သူတွေကို အသိပေး တောင်းပန်ထားပါတယ်။

ဒေါနတပ်ရင်းဟာ KNU/KNLA တပ်တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းလိုတဲ့ စစ်သားတွေနဲ့ စစ်မှုထမ်းတပ်သားသစ်တွေ မကြာခဏ အလင်းဝင်လာလေ့ရှိတာကို လက်ခံပေးနေတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နမ္မတူမြို့နယ်အတွင်း ပျက်စီးနေ့တဲ့လမ်းတွေကို PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် 


ဇွန်လ ၂၁ရက်


တအာင်းပြည် တပ်မဟာ - နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နမ္မတူမြို့နယ်မှာ ပျက်စီးနေ့တဲ့လမ်းတွေကို PSLF/TNLA  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကတ္တရာလမ်းအဖြစ် အဆင့်မြင့်ပေးနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ပြောပါတယ်။

နမ္မတူမြို့တွင်း ရပ်ကွက် မှာရှိတဲ့ လမ်းတွေ ပျက်စီးနေတာကြောင့် ဒေသနေပြည်သူတွေ လာသွားရေးအဆင်ပြေစေဖို့ ဇွန်လ ၁၅ ရက်နေ့ကစပြီး ကတ္တရာလမ်းအဖြစ် ပြုလုပ်ပေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် မြို့တွင်းနဲ့ မြို့ပြင်လမ်းတွေ သန့်ရှင်းစေဖို့ လမ်းဘေးရေးမြောင်းတူးဖော်တာ၊ ခြုံရှင်းတာ၊ အမှိုက်သိမ်းတာတွေ လည်း PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပေးနေတယ်လို့ အသိပေးပါတယ်။

PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ ဇွန်လ ရက်နေ့ကလည်း နမ္မတူမြို့တွင်း ရပ်ကွက် က ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ပန်းခြံဥယျာဥ်အတွင်းက ခြုံပင်တွေကို ရှင်းလင်းပေးခဲ့သလို သီပေါမြို့နယ်ထဲက မန်လွယ်ရွာနဲ့ တော့ဖယ်ရွာကြားမှာ PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး တံတားတစင်းပြုလုပ်ပေးခဲ့တယ် လို့ သိရပါတယ်။  

ဒါ့အပြင် မေလတုန်းကလည်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တို့မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်သာယာ ဖွံ့ဖြိုး ရေးအတွက် လမ်းတွေပြုပြင်တာ တံတားတည်ဆောက်ပေးတာ သောက်သုံးရေ အခက်အခဲမရှိအောင် ရေသွယ်ပေးတာ တွေ လုပ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းမှတ်ကျောက်ကို စိုက်ထူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ KNDF ပြော


ဇွန်လ ၂၁ရက်


ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းမှတ်ကျောက်ကို ဂုဏ်ရှိန်ဝင့်ဝါစွာ စိုက်ထူးနိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ကျရောက်တဲ့ နှစ်ပေါင်း ၁၅ဝ ပြည့် ကရင်နီအမျိုးသားနေ့မှာ KNDF က အခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ခေတ်စနစ်ဆိုးနဲ့ စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် အုပ်ချုပ်လွှမ်းမိုးဖို့ ကြိုးစားနေချိန်မှာ အခက်အခဲတွေ ကြားက လက်ရှိအချိန်ထိ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ရဲဝံ့စွာ တိုက်ပွဲဝင်နေတာကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ စစ်အာဏာသိမ်းမှုကြောင့် ကရင်နီလူထုဟာ အသက် အိုးအိမ် စည်းစိမ်တွေ စွန့်လွှတ်ခဲ့ရပြီး ဒုက္ခပေါင်း များစွာ ခါးစည်းခံပြီး တော်လှန်ရေးလှိုင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေသလို တဖက်မှာလည်း ကရင်နီအမျိုးသား များ စည်းလုံးညီညွတ်ရေး လူထုကိုအခြေပြုတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး စတာတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

ဒီလို တည်ဆောက်နေတာဟာ ကရင်နီအမျိုးသားတို့ရဲ့ မြင့်မြတ်တဲ့ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်း မညိုးနွမ်းစေဖို့ ပြန်ပြီး သက်သေထူနေတာလို့ အသိပေးပါတယ်။

ခုခံတော်လှန်ရေးအင်အားစုတွေဘက်က ကရင်နီနယ်မြေနဲ့ ကရင်နီလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်း နေချိန်မှာ ပြည်တွင်းပြည်ပမှာရှိကြတဲ့ ကရင်နီလူထုက ပူးပေါင်းပါဝင်ပေးခဲ့တာတွေအတွက်လည်း KNDF က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

ဒါကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့ ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းမှတ်ကျောက် ကို ဂုဏ်ရှိန်ဝင့်ဝါစွာ စိုက်ထူးနိုင်ဖို့ ကြိုးစားရင်း ကရင်နီလူထုနဲ့ တသားတည်း ရပ်တည်သွားမယ်လို့ ကတိစကား ပါးထားပါတယ်။

၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်မှာဗြိတိသျှအင်ပါယာနဲ့ ကင်းဝန်မင်းတို့ အသိအမှတ်ပြုချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဒီနေ့ဟာ နှစ်ပေါင်း ၁၅ဝ ပြည့်တဲ့ ကရင်နီအမျိုးသားနေ့ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ နောင်ချိုမြိုနယ်က ကျေးရွာ ရွာမှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက် 


ဇွန်လ ၂၁ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ်က ကျေးရွာ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ် နေပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးတွေသုံးပြီး ထပ်မံတိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ဇွန်လ ၂၁ မှာ  ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ 

TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြိုနယ်ထဲက လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးနဲ့ ဆမ္မဆယ်‌ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား ဇွန်လ ၂ဝ ရက်နေ့က တိုက်ပွဲတွေဖြစ်တွေပြီး တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လက်နက်ကြီး ၁၄၄ လုံးနဲ့ ဒရုန်း ဗုံး ၃၁ လုံး ကြဲချခဲ့တယ်လို့ အသိပေးပါတယ်။ 

ရေမောင်းတန်းနဲ့ ရွှေညောင်ပင်ကျေးရွာကြားမှာ ဇွန်လ ၁၉ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က လက်နက်ကြီးတွေအပြင် အဆိပ်ငွေ့ဗုံး လုံး အသုံးပြုခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

စစ်ကောင်စီဘက်က ဇွန်လ တလလုံး အပစ်ရပ်ထားမယ်လို့ ကြေညာထားပေမယ့် နောင်ချိုမြို့နယ်ထဲကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။  

ညီနောင်မဟာမိတ် ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ် နိုင်ဖို့ အပစ်ရပ်ကြေညာထားချိန်မှာ စစ်တပ်ဘက်က သူတို့ကြေညာထားတဲ့ အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်နေတဲ့ အတွက် တိုက်ပွဲတွေ ဖြစ်နေရတာလို့ TNLA ဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ ရေငံရွာမှာ တပ်ဆွဲဖနတဲ့ စစ်စခန်းကိုတိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံး


ဇွန်လ ၂၁ရက်


ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ ရေငံရွာမှာ အင်အား ၃၀ ကျော် နဲ့ အထိုင်ချတပ်ဆွဲနေတဲ့ စစ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ  က ထုတ်ပြန်ပါတယ်။

အဲဒီစစ်စခန်းကို ဇွန်လ ၁၉ ရက်နေ့ မနက် နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ နဲ့ သာယာဝတီ ခရိုင် ပကဖ အမှတ် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတာကြောင့် တိုက်ပွဲဟာ နာရီနဲ့ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့တယ် လို့ သိရပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ဦးသေပြီး ဒဏ်ရာရသူများနေတာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ ဆက်တိုက် ပစ်ခတ်ပေးလာသလို စစ်ကူတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တွေ ထိခိုက်မှု မရှိအောင် ပြန်ဆုတ်လာခဲ့ရတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ လုပ်နေတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်၀လာနိုင်တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ရှိတဲ့နေရာတွေအနီးတဝိုက် သွားလာနေထိုင်တာ တွေ မပြုလုပ်ကြဖို့နဲ့ သတိထားပြီး သွားလာနေထိုင်ကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးတိုက်တွန်းထား ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းကိုတိုက်ခိုက်မှုမှာ စစ်သားတဦးသေပြီး တဦး အရှင် ဖမ်းမိ


ဇွန်လ ၂၁ရက်


နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းရဲ့ ကာကင်းစန်းကိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား တဦးသေဆုံးပြီး တဦး အရှင် ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အရှိုချင်း ကာကွယ်ရေးတပ်က ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်လမ်းဟောင်းဖြစ်တဲ့ ခွန်ဇူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို မနေ့ ဇွန်လ ၂ဝ ရက် မနက် နာရီခွဲအချိန်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို CDF -Asho လူ့ဘောင်သစ်တပ်မတော် - NSA နဲ့ အရှိုချင်း ကာကွယ်ရေးတပ် ACDF တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဟာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ အသိပေးပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်သားတဦးသေဆုံးပြီး တဦးကို အရှင်ဖမ်းမိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး CDF -Asho က ရဲဘော်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစခန်းကနေ MA အမျိုးအစား သေနတ် လက်၊ BA 100 စိန်ပြောင်းတလက်နဲ့ ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။ 

ဒေသတွင်းတော်လှန်ရေးတပ်တွေဟာ နတ်ရေကန်လမ်းဟောင်းမှာ စစ်ကောင်စီတပ်တွေကို ဖြတ်တောက် တိုက်ခိုက်နေတာရှိပြီး နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်သား ၁၄ ဦးကိုလည်း ဇွန်လ ဒုတိယပတ် အတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ဆောနယ်မှာ စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယာယီတဲတလုံးနဲ့ ဓာတ်ဆီပေပါ ၈ဝ မီးလောင်ပျက်စီး


ဇွန်လ ၂၁ရက်


မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက‌ ဆောမြို့နယ်မှာ စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယာယီတဲတလုံးနဲ့ ဓာတ်ဆီ ပေပါ ၈ဝ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၁ ရက် မနက် နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီက Y-12 ‌‌ထောက်ပို့လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ‌လို့ ဆိုပါတယ်။

တံတားဦးကတက်လာတဲ့ စစ်လေယာဉ် Y-12 ဟာ ဒေသအခေါ် ပြင်ခြောက်နေရာတဝိုက်ကို ဗုံးသီး လုံး ကြဲချခဲ့တာ ကြောင့် ဆော - ဆိတ်ဖြူကားလမ်းဘေးက ခြံတခြံမှာ သိုလှောင်ထားတဲ့ ဆီပေပါတွေကို ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ် လို့ သိရပါတယ်။ 

အခြားသတင်းရင်းမြစ်တဦးကတော့ ဆောနဲ့မင်းလယ်ကြားက ခြံတခြံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဓာတ်ဆီဆိုင် မီးလောင်သွားတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်မှုမရှိပေ မယ့် ယာယီတဲတလုံးနဲ့ ဆီပေပါ အလုံး‌ ၈၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့တုန်းကလည်း ဆောမြို့နယ်ထဲက ညောင်ကန်ရွာကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရပြီး ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

 အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ယောနယ်တဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်တာတွေ မကြာခဏ လုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ လေကြောင်းဒဏ်ခံနိုင်မယ့် ကတုတ်ကျင်းတွေ မဖြစ်မနေ ပြုလုပ်ထားကြပါဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက အသိပေးတိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment