၂၀၂၅ ဇွန်လ ၁၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်တ်" စတင် ထုတ်လွှင့်

📌 ၂။ ကရင်နီပြည်၏ ဂျန်ဒါမူဝါဒ မူဘောင် အတည်ပြုပြဋ္ဌာန်း

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့် မွေးနေ့အကြိုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းပွဲ NUG Japan ကိုယ်စားလှယ် ပါဝင်ဆုတောင်းခဲ့

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲနှင့် ချီတက်ပွဲ NUG ကိုရီးယားကိုယ်စားလှယ် တက်ရောက်ခဲ့

📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်  သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပ


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကျောက်ကြီးမြို့နယ် အုန်ပင်စုရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩၂။ ချောက်မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩၃။ သန်းနုတောရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ

🚩၄။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ()ဦးသေဆုံးပြီး ()ဦး ထိခိုက်ကာ နေအိမ် ()လုံးနှင့် ကား ()စီး ပျက်စီးခဲ့ရ

🚩၅။ အရှိုချင်း ကာကွယ်ရေးတပ် (ACDF) အခြေခံ စစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်

🚩၆။ SNA တပ်မဟာ (၆၁၄) မှ ရဲဘော်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ "နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်တ်" စတင် ထုတ်လွှင့်


ဇွန်လ ၁၅ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ တရားဝင် ဝက်ဘ်ဆိုက်တ်ကို အများပြည်သူ ဝင်ရောက် ကြည့်ရှုနိုင်ရန် ဇွန်လ ၁၅ရက်နေ့မှစတင်၍ ထုတ်လွှင့်ထားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


NUG နိုင်ငံတော်သမ္မတရုံး၏ တရားဝင် ဝက်ဘ်ဆိုက်တ်တွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၏ လုပ်ဆောင်ချက်များ၊ မိန့်ခွန်းများ၊ သဝဏ်လွှာများ၊ ထုတ်ပြန်ချက်များ စသည်တို့ကို တနေရာတည်းတွင် တစုတစည်းတည်း ကြည့်ရှုလေ့လာနိုင်ရန်၊ သမိုင်းမှတ်တမ်းအဖြစ် ခိုင်မာစွာ ကျန်ရှိစေရန်၊ မြန်မာလူထုနှင့်သာမက တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီတို့အတွက် မိမိတို့နှင့်အတူတကွ ရပ်တည် တိုက်ပွဲဝင်နေသော ကမ္ဘာတဝန်းမှ အားပေး ထောက်ခံသူများနှင့်ပါ ချိတ်ဆက် ထိစပ်နိုင်ရန် ရည်ရွယ်၍ အခုလို အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ထားခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၂။ ကရင်နီပြည်၏ ဂျန်ဒါမူဝါဒ မူဘောင် အတည်ပြုပြဋ္ဌာန်း


ဇွန်လ ၁၅ ရက်

Radio NUG 


ကရင်နီပြည်၏ ဂျန်ဒါမူဝါဒ မူဘောင်အား ၂၀၂၅ ခုနှစ်၊ ဇွန်လ () နေ့တွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ အတည်ပြုပြဌာန်းလိုက်ကြောင်း ဇွန်လ ၁၅ရက်နေ့တွင် KSCC မှ သတင်းထုတ်ပြန်ပါတယ်။


ကရင်နီပြည်၏ ဂျန်ဒါမူဝါဒ မူဘောင်တွင် နိဒါန်း၊ စိန်ခေါ်မှုများနှင့် လတ်တလောပြဿနာများ၊ တန်းတူရေး အလေးထားမှု၊ ကရင်နီပြည်အတွင်းရှိ ဂျဲန်ဒါအာဏာအခြေအနေအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ ဥပဒေမူဘောင်၊ ဂျဲန်ဒါနှင့်ပတ်သက်သည့် ပကတိအနေအထား၊ အခြေအနေနှင့် စိန်ခေါ်မှုများကို ကျော်လွှားခြင်း၊ အလေးထားစဉ်းစားရမည့် ဥပဒေအမျိုးအစားများ၊ ဂျဲန်ဒါမူဝါဒ မူဘောင်၊ ဂျဲန်ဒါဆိုင်ရာမူဘောင်၏ ရည်မှန်းချက်နှင့်အခြေခံမူ၊ မျှော်ရည်ချက်နှင့် တာဝန်၊ အခြေခံမူများ၊ နိုင်ငံရေးယန္တရားအဆောက်အုံများဆိုင်ရာမူဘောင်၊ အဆောက်အအုံဆိုင်ရာမူဘောင်နှင့် ယန္တရားများ၊ ကရင်နီပြည်တစ်ခုလုံးဆိုင်ရာ ဂျဲန်ဒါမူဝါဒ၏ နိုင်ငံရေးအဆောက်အအုံ ယန္တရားများ ဆိုင်ရာမူဘောင်၊ ကရင်နီပြည်တွင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်ကို မြှင့်တင်ခြင်း၊ အလွှာပေါင်းစုံမှ ခွဲခြားဖိနှိပ်မှုများ ဆုံနေသောအခြေအနေတွင် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ရမည့် မူဘောင်နှင့် ဂျဲန်ဒါကို အစဉ်တစိုက်အလေးထားသည့် အလေ့အထ တည်ဆောက်ခြင်း၊  အရင်းအမြစ်လျာထားချက်နှင့် သတ်မှတ်ချက်၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ တိုင်ကြားခြင်းနှင့် အယူခံဝင်ခြင်း ယန္တရားများနှင့် နိဂုန်းစတဲ့ ကဏ္ဍများပါဝင်တဲ့ အခန်း ၉ခန်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့် မွေးနေ့အကြိုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းပွဲ NUG Japan ကိုယ်စားလှယ် ပါဝင်ဆုတောင်းခဲ့


ဇွန်လ ၁၅ ရက်

Radio NUG 


မတရားဖမ်းဆီး အကျဉ်းကျခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့် မွေးနေ့အကြိုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် Shizuokaခရိုင်၊ Gotenbaမြို့ရှိ ငြိမ်းချမ်းရေးစေတီမှာ ဇွန်လ ၁၅ရက်နေ့တွင် ဆုတောင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ ဆုတောင်းပွဲကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB (Japan)မှ ဦးဆောင်ပြုလုပ်တာဖြစ်ပြီး NUG Japan ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် အဖွဲ့အသီးသီးရဲ့တာဝန်ခံများမှလည်း အမှတ်တရ ဆုတောင်းစကား ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲနှင့် ချီတက်ပွဲ NUG ကိုရီးယားကိုယ်စားလှယ် တက်ရောက်ခဲ့


ဇွန်လ ၁၅ရက် 

Radio NUG 


ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀-ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲနှင့် ချီတက်ပွဲကို  ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီမှ ဦးစီးကျင်းပတဲ့ ဆန္ဒပြပွဲနှင့် ချီတက်ပွဲသို့ အဖွဲ့အစည်းအသီးသီးမှ အင်အား ၃၀၀ ခန့် လာရောက်ကြပြီး ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပန်းခြံမှ မြောင်ဒုံဘူတာအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။


ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်၍ တော်လှန်ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကို NLD-OC ကိုရီးယားဌာနခွဲမှ ဖတ်ကြားခဲ့ပါတယ်။


ဆန္ဒပြချီတက်ပွဲ တလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၏ မွေးနေ့ ဆုတောင်းစကား အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံမှတ်တမ်းများ၊ ဂုဏ်ပြုတေးသီချင်းများကို ကိုရီးယား အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့တယ်လို့ အသိပေးထားပါတယ်။


ဆန္ဒပြပွဲပါဝင်သူများက လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးသည့်အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းများလည်း ကိုင်ဆောင်ကြကာ ဆန္ဒပြ ချီတက်ပွဲအတွင်း မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။


ထို့နောက်ခွန်အားဖြည့်မိငယ်” “ကြယ်သီချင်းများဖြင့် ဂုဏ်ပြုကြပြီးသွေးသစ္စာသီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်  သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပ


ဇွန်လ ၁၅ရက် 

Radio NUG 


ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ Granville Centre ဇွန်လ ၁၅ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓါတ်၊ ပညာ သမာဓိ ဂုဏ်သတ္တိ အရည်အချင်းနဲ့ စွမ်းအင်တွေကို၊ လေးစားစွာ၊ ဂုဏ်ပြုရင်း၊ အမေစု၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးနှိပ်စက်ခံနေကြရတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး ဖျော်ဖြေမှုတွေ၊ မြန်မာအစားအစာတွေနဲ့ ဧည့်ခံခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ကျောက်ကြီးမြို့နယ် အုန်ပင်စုရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဇွန်လ ၁၅ရက် 

RadioNUG 


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် အထိုင်ချတပ်စွဲထားသော အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီများနှင့် ၂၀၂၅ ဇွန်လ ၆ရက်နေ့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အုန်းပင်စုကျေးရွာအား ထိန်းချုပ်နိုင်ခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း -P29914မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားနေစဉ် နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ရှိ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ရန်သူအလောင်း ()လောင်း (မျက်မြင်) တွေ့ရှိခဲ့ကာ ဒဏ်ရာရရှိသူအများအပြားရှိနိုင်ပြီး အထူးကွန်မန်ဒိုတပ်ရင်းမှ ရဲဘော် ()ဦး၊ ပူးပေါင်းအဖွဲ့မှ ()ဦး စုစုပေါင်း ()ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ G3   ကျည် - ၅၈၀ တောင့်၊ ၄၀မမ -၁၀လုံး၊ RPG ပို့ယမ်း - ၁၁ ခု၊ RPG အသီး - လုံး၊ MA ခွင်းဗုံး - လုံး၊ RPG 7 - ၁လက်၊  MA11 - လက်၊ လက်ပစ်ဗုံး - ၅လုံး၊ ၁၄မိုင်း - ၇လုံး၊ ရှေ့ထွက်မိုင်း - လုံး၊ MA ကျည်ဘောက် ၃ဘောက်၊ မိုင်းရှာစက် - ()လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အုန်းပင်စုကျေးရွာတိုက်ပွဲကို အထူးကွန်မန်ဒိုတပ်ရင်း (P29914) KNLA ရင်း၈ ရင်း၉ အာဠာဝကစစ်ကြောင်း ၃၇၀၂တပ်ရင်း ရန်ကုန်ပကဖနှင့် ဧရာဝတီပကဖတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ ချောက်မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


ဇွန်လ ၁၅ရက်၊ 

Radio NUG


မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန် ရွာနဲ့ အနီးနား ကျေးရွာများကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်းခုခံ တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့က ဇွန်လ ၁၅ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။


မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များရဲ့ ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းဟာ လမ်းပြအဖြစ် ဖမ်းဆီးသွားတဲ့ လူငယ်တစ်ဦးကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အပြင် ကားတစ်စီးနဲ့ ပြည်သူ့နေအိမ် တချို့ကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ တပ်ခွဲ () အာဠာဝက မြို့ပြ ပြောက်ကျား တပ်ဖွဲ့၊ မကွေးတိုင်း တပ်ရင်း () ချောက်မြို့နယ် ပကဖနဲ့ ချောက်မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ သန်းနုတောရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရ


ဇွန်လ ၁၅ ရက်၊ 

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ We Love Myaing က ဇွန်လ ၁၅ရက်မှာ ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၅ ရက်နေ့ နေ့လည် နာရီ ၁၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ် လေထီး စီးနဲ့ အကြောင်းမဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း သန်းနုတောရွာမှ အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အမျိုးသမီး ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။


ထို့အပြင် နွား ကောင် သေဆုံးခဲ့ကာ လူနေအိမ် လုံးနဲ့ စပါးကျည် တစ်လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ()ဦးသေဆုံးပြီး ()ဦး ထိခိုက်ကာ နေအိမ် ()လုံးနှင့် ကား ()စီး ပျက်စီးခဲ့ရ


ဇွန်လ ၁၅ရက် 

Radio NUG 


ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်၊ အလူးကြီးကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ (ခမရ၃)တပ်ရင်းစခန်းမှ ဇွန်လ( ၁၁)ရက်နေ့ ညနေ (၅း၃၀) အချိန်တွင် လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ()လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စောငွေလာ (၃၄) နှစ် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ဇွန်လ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


ထို့ပေါက်ကွဲမှုအတွင်း စောအောင်ဘိုဘို အပါအဝင် ()ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စောစိုးကြီးနေအိမ်၊ စောထွန်းလှိုင် နေအိမ်နှင့် ကား ()စီး တို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ကျိုက်ထိုမြို့နယ်၊ မဲလံကျေးနယ်၊ ဘုရားရွာရှိ အရပ်သားပြည်သူလူထုများ နေထိုင်ရာ နေရာများအတွင်းသို့လည်း ဘီးလင်းမြို့နယ်၊ ဘုရားရွာ အနီးတပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခမရ၃ တပ်ရင်းစခန်းမှ မကြာခနရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ အရှိုချင်း ကာကွယ်ရေးတပ် (ACDF) အခြေခံ စစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်


ဇွန်လ၁၅ ရက်၊ 

Radio NUG


အရှိုချင်း ကာကွယ်ရေးတပ်ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက် အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဇွန်လ ၁၅ရက်မှာ အရှိုချင်းကာကွယ်ရေးတပ်(ACDF)က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၀ ရက်နေ့က အရှိုချင်း ကာကွယ်ရေးတပ် (ACDF) နောက်တန်း လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ACDF ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ၊ တပ်မှူးများ နဲ့ ဖိတ်ကြားထားတဲ့ မဟာမိတ် ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩၆။ SNA တပ်မဟာ (၆၁၄) မှ ရဲဘော်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်


ဇွန်လ ၁၅ရက်၊ 

Radio NUG


စစ်ကောင်စီ လက်ဝေခံ SNA (ပြည်သူ့စစ်) တပ်မဟာ (၆၁၄) မှ ရဲဘော်တစ်ဦး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကသာခရိုင် အမှတ် () တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အလင်းဝင် SNA ရဲဘော်ဟာ M23 သေနတ် တစ်လက်နဲ့ ခဲယမ်းများကို တပါတည်း ယူဆောင်လာခဲ့ကာ ပူးပေါင်းခဲ့တာကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေကို ကသာခရိုင် တပ်ရင်း () နဲ့ ဗန်းမောက်မြို့နယ် ဌာနဆိုင်ရာများ၊ ထောက်ပို့ ပြည်သူများက ချီးမြှင့်ပေးခဲ့တာလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment