၂၀၂၅ ဇွန်လ ၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ကိုရီးယားနိုင်ငံ၊ သမ္မတသစ် လီဂျယ်မြောင်ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

📌 ၂။ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာအတွက် NUGက ထောက်ပံ့ပေးလျက်ရှိ

📌 ၃။ Minnesota ပြည်နယ်ရှိ State Congress Office သို့ ဖိတ်ကြားချက်အရပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်

📌 ၄။ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (113th ILC) တွင် အကြမ်းဖက်စစ်အုပ်စုအား ILO Constitution, Article 33 အရ အရေးယူရန် ဆုံးဖြတ်

📌 ၅။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် မင်းတပ်မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုး


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မင်းပြားမြို့နယ်၊ ဖားပြိုရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ သံသယတရားခံ () ဦးအား ဖမ်းဆီးရမိထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ULA/AAထုတ်ပြန်

🚩၂။ သပြေကုန်းရွာ ထိတွေ့တိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩၃။ ဝက်လူးနယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်

🚩၄။ နောင်ချိုမြို့နယ် ကံကြီးရွာတွင် စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်ရဲ့ လက်နက်ကြီး နောင်ချိုမြို့ပေါ် ကျရောက်ပြီး ဒေသခံ ဦး ဒဏ်ရာရ

🚩၅။ သထုံမြို့နယ်မှာ အရပ်သား တစ်ဦးအား စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

🚩၆။ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်

🚩၇။ မုံရွာမှာ စစ်ကောင်စီ တပ်သား ဦး မြို့နယ် ပလဖထံ လက်နက်နဲ့တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ကိုရီးယားနိုင်ငံ၊ သမ္မတသစ် လီဂျယ်မြောင်ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့


ဇွန်လ ၅ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများကိုယ်စား၊ ကိုရီးယားနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ လီဂျယ်မြောင်အား ဂုဏ်ပြုကြောင်း သဝဏ်လွှာကို  ဇွန်လ ၅ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာတွင် ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချထားသော ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ခဲ့သည့် ကိုရီးယားပြည်သူများ၏ သတ္တိနှင့် သန္နိဋ္ဌာန်ကို လေးလေးနက်နက် ချီးကျူးဂုဏ်ပြုတယ်လို့ ယာယီသမ္မတက ဆိုထားပါတယ်။


သမ္မတသစ်၏ အောင်မြင်မှုသည် ကိုရီးယားနိုင်ငံ သမိုင်းတွင် နက်ရှိုင်းသော နိုင်ငံရေးမငြိမ်မသက်မှုနှင့် မသေချာမရေရာမှုများ ကာလတစ်ခုပြီးနောက် အရေးပါသော အခိုက်အတန့်တွင် ရရှိလာခြင်းဖြစ်ပြီး သမ္မတလီဂျယ်မြောင်ရဲ့ ခေါင်းဆောင်မှုသည် ပြည်တွင်းကွဲပြားမှုများကို ပြန်လည်သင့်မြတ်စေမည်၊ ဒီမိုကရက်တစ်အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကို ပြန်လည်ထူထောင်ပေးမည်၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တာဝန်ယူမှုတန်ဖိုးများကို ပြန်လည်အတည်ပြုမည်၊ နိုင်ငံကို ပိုမိုသန်မာပြီး စည်းလုံးညီညွတ်သော အနာဂတ်ဆီသို့ ဦးဆောင်ပို့ဆောင်ပေးမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် မယိမ်းယိုင်သော ထောက်ခံမှုနှင့် ကိုရီးယားသမ္မတနိုင်ငံအတွင်း နေထိုင်သော မြန်မာနိုင်ငံသားများအတွက် ပြသခဲ့သော ရက်ရောမှုအတွက် ကျေးဇူးတင်မှုကို ဖော်ပြလိုကြောင်း၊ ကိုရီးယားပြည်သူများ၏ စည်းလုံးညီညွတ်မှုသည် မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် ဆက်လက်ရုန်းကန်နေရသော ပြည်သူများအတွက် မျှော်လင့်ချက်ကို ပေးခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။


သမ္မတ လီဂျယ်မြောင်၏ ခေါင်းဆောင်မှုအောက်တွင်၊ ကိုရီးယားသမ္မတနိုင်ငံသည် လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို လိုက်စားရန် မြန်မာပြည်သူများနှင့် ဆက်လက်ရပ်တည်ပေးမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို တက်ကြွစွာ ထောက်ခံအသိအမှတ်ပြုသည့် မူဝါဒများကို ချမှတ်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် နှစ်နိုင်ငံများအကြား ရှည်လျားစွာတည်ရှိခဲ့သော ခင်မင်ရင်းနှီးမှုကို အလေးထားတန်ဖိုးထားပြီး၊ ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်အားကောင်းလာစေရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားကြောင်း ရေးသားဖော်ပြထားပါတယ်။


========================


📌📌 ၂။ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာအတွက် NUGက ထောက်ပံ့ပေးလျက်ရှိ


ဇွန်လ ၅ရက်

Radio NUG


မတ်လအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ တစ်ချို့တွင် မိုးသက်လေပြင်းများကျရောက်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် ရေကြီးခြင်းများ ဖြစ်ပေါ် ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားစာနာ အကူအညီအဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရေဘေးသင့်စစ်ရှောင် (၆၁၁၂)ဦး၊ ချီဖွေမြို့နယ်မှ (၂၅၀၀)ဦး၊ မချမ်းဘောမြို့နယ်မှ (၁၉၂၆) ဦး၊ ဆွမ်ပရာဘွမ်မြို့နယ်မှ (၉၂၀) ဦး၊ နောင်မွန်မြို့နယ်မှ (၁၃၅၇) ဦး၊ ခေါင်လန်ဖူးမြို့နယ်မှ (၁၉၅) ဦးတို့ အတွက် ငွေကျပ် (၂၂၇)သိန်း ကိုလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ရှောင်စခန်း နှစ်ခုမှ ရေဘေးသင့်လူဦးရေ (၆၆၉) ဦးနှင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ ရေဘေးသင့် စစ်ဘေးရှောင်လူဦးရေ (၅၆၀)ဦး အတွက် ငွေကျပ် (၇၉) သိန်းကိုလည်းကောင်း အရေးပေါ် ကူညီထောက်ပံ့ခဲ့ပါတယ်။


 ဆက်လက်ပြီး မိုးရာသီကာလတွင် ပြည်သူများအနေဖြင့် ရေဘေးနှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များကို အသိပေးပန်ကြားခြင်းနှင့် ဒေသအလိုက် မိုးလေဝသသတင်းများကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ Minnesota ပြည်နယ်ရှိ State Congress Office သို့ ဖိတ်ကြားချက်အရပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်


ဇွန်လ ၅ရက်

Radio NUG

အမေရိကန်နိုင်ငံMinnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များမှ သွားရောက်၍ လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့ပါတယ်။


Congress Office မှ Mr. Chao မှ လက်ရှိနိုင်ငံရေး လုပ်ငန်းရပ်များ၊ မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးရေး အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏လုပ်ဆောင်ချက်များ , အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (113th ILC) တွင် အကြမ်းဖက်စစ်အုပ်စုအား ILO Constitution, Article 33 အရ အရေးယူရန် ဆုံးဖြတ်


ဇွန်လ ၅ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်သည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (113th ILC) တွင် ILO က အကြမ်းဖက်စစ်အုပ်စုအား အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တို့ကို ကျူးလွန်ချိုးဖောက်မှုများကြောင့် Article 33 အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


 ယခုကဲ့သို့ စစ်အုပ်စုအား အရေးယူရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ ကိုယ်စား မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA/CTUM) မှ ဦးမောင်မောင်က ညီလာခံတွင် ကနဦးအဖွင့်အမှာစကားတွင် တိုက်တွန်းပြောကြားခဲ့ပြီး တဆက်တည်းမှာပင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်  ဒုတိယကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး (MLA/CTUM) က စစ်အုပ်စု၏ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့် ဖိနှိပ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များအတွက် Article 33 အရ အရေးယူခြင်းသည် လက်စားချေခြင်း မဟုတ်ဘဲ မြန်မာပြည်သူလူထု၏ ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ မြန်မာပြည်သူလူထုများ၏ တိုးတက်ရေး၊ ဘဝပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ကျင်းပလျက်ရှိသည့် ညီလာခံသို့ မြန်မာပြည်သူလူထုအား ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ယခုကဲ့သို့ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်ခြင်းသည် မိမိတို့ မြန်မာပြည်သူလူထုအပေါ် တကမ္ဘာလုံးနှင့် ILO တို့က မျက်ကွယ်ပြုမထားကြောင်းကို မျက်မြင်သက်သေပြလိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ယခု ILO ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်၏ သေနတ်ကျည်ဆံများ၊ နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အရပ်သားပြည်သူလူထုနှင့် စာသင်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကလေးငယ်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကြားထဲတွင် ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်းမှ ရရှိခဲ့သည့် ပြည်သူ့အောင်ပွဲဖြစ်ကာ မြန်မာပြည်သူများအပေါ်တွင် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာ့အလယ်တွင် ဖော်ထုတ် ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။


မြန်မာပြည်သူလူထုနှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံတကာတွင် ရှိနေသည့် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ခေါင်းဆောင်များက မြန်မာပြည်သူလူထုနှင့်အတူ တသားတည်း ရပ်တည်ကြောင်း ပြသခဲ့ခြင်းလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ယခုကဲ့သို့ စစ်အုပ်စုအား Article 33 အရ အရေးယူမည့်ကိစ္စကို အဆိုတင်သွင်းသည့်အခါတွင် မြန်မာစစ်အုပ်စုနှင့် တကမ္ဘာလုံးကို နိုင်ထက်စီးနင်းပြု၊ အနိုင်ကျင့်ရန် ကြိုးစားနေသည့် ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။


 သို့သော် ယခုညီလာခံသို့ တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ တက်ရောက်လာကြသည့် စီးပွားရေး ကိုယ်စားလှယ်များမှ တခဲနက် ထောက်ခံခဲ့တယ်လို့ သိရပါတယ်။


Article 33 ဆုံးဖြတ်ချက်အောင်ပွဲသည် တကမ္ဘာလုံးတွင် ရှိနေကြသည့် စစ်အုပ်စုနှင့် စစ်အုပ်စု၏ အပေါင်းပါများကို လက်နက်ရှိတိုင်း နိုင်ထက်စီးနင်း လုပ်ဆောင်၍ မရကြောင်းကို သက်သေပြခြင်းလည်း ဖြစ်ကြောင်း၊ မြန်မာပြည်သူများအတွက် နိုင်ငံတကာထံ အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့သော်လည်း တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းပါဝင်မှု နှေးကွေးနေခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီစနစ်ကို အပြည့်အဝ လက်ခံကျင့်သုံးသည့် ILO သုံးပွင့်ဆိုင်ယန္တရားတွင် တည်ရှိနေသည့် နိုင်ငံတကာ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ အနေဖြင့် မြန်မာပြည်သူလူထု၏ ဘဝကို မျက်ကွယ်ပြုမထားဘဲ တသားတည်း ရပ်တည်ပြီး စစ်အုပ်စုအနေဖြင့် နိုင်ထက်စီးနင်း ပြုနေမှုများကို မည်သူကမျှ လက်မခံနိုင်ကြောင်းကို ပြတ်ပြတ် သားသား ပြသနိုင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။


ယခု ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံသို့ သွားရောက်တိုက်ပွဲဝင်နေသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ် အဖွဲ့ဝင် အခွင့်အရေးချိုးဖောက်ခံနေရသည့် အဖိနှိပ်ခံ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် မင်းတပ်မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုး


ဇွန်လ ၅ရက် 

Radio NUG 


ကြားကာလမင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူအုပ်ချုပ်ရေး ရုံးအဖွဲ့ဝင်များ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) - တပ်ရင်းအမှတ် () မှ ရဲဘော်များနှင့် ပြည်သူအချို့ပူးပေါင်းပါဝင်မှုဖြင့် မင်းတပ်မြို့ဝင်မုခ်ဦးအနီးတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြင့် သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မင်းတပ်မြို့နယ်အတွင်းရှိ ရေမြေသဘာဝတောတောင်များကို ထိန်းသိမ်းခြင်းအားဖြင့် ရေဝေရေလဲ တောတောင်သဘာဝနှင့်တကွ ရှားပါး တိရစ္ဆာန်မျိုးစိတ်များ၊ အပင်မျိုးစိတ်များကို ထိန်းသိမ်းခြင်းအားဖြင့် ရှေးဘိုးဘေးများထံမှ လက်ခံရရှိသော ဤတောတောင်သဘာဝအလှများကို နောက်မျိုးဆက်တွင် ပိုမိုတိုးတက် သာယာဝပြောစေရန် လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်  ရှားပါး အပင်မျိုးစိတ်များ၊ သားရဲတိရစ္ဆာန်နှင့် ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို စနစ်တကျ အချိန်ယူ အရှိန်မြှင့် လုပ်ဆောင်သွားရန် စီစဉ်ထားရှိပြီး ယင်းမှတဆင့် သဘာဝခရီးသွားလုပ်ငန်းများ တိုးတက်လာပြီး ဒေသခံများ၏ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ပေါ်ပေါက်တိုးတက်လာစေရန် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================




========================




🚩🚩၁။ မင်းပြားမြို့နယ်၊ ဖားပြိုရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ သံသယတရားခံ () ဦးအား ဖမ်းဆီးရမိထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ULA/AAထုတ်ပြန်


ဇွန်လ ၅ရက်

Radio NUG

မင်းပြားမြို့မစခန်း၏ () ၆၀/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ဖားပြိုရွာမှ မအိအိဆန်းအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှုဖြစ်စဉ်အတွက်  ပြစ်မှုကျူးလွန်သူ သံသယတရားခံ () ဦးအား တရားဥပဒေစိုးမိုး‌ရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) မှ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်တယ်လို့ ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ပါတယ်။


တရားစွဲတင် ပြစ်ဒဏ်‌ပေးနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဖော်ပြပါတယ်။


ဤကဲ့သို့ကျူးလွန်သူများကို DLEPS တပ်ဖွဲ့မှ ဖမ်းဆီးရမိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့တဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနဲ့ ဒေသခံပြည်သူလူထုများအား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြပါတယ်။


========================


🚩🚩၂။ သပြေကုန်းရွာ ထိတွေ့တိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဇွန်လ ၅ရက်

Radio NUG

KNDF  တပ်ရင်း အမှတ် (14) နှင့် မဟာမိတ် တပ်ပေါင်းစုတို့မှ ဇွန်လ ရက်နေ့ နံနက် နာရီ အချိန်ခန့်တွင်  သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်တိုက်ခဲ့တယ်လို့ KNDF B-14က အတည်ပြုပါတယ်။


စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်နေစဉ်အတွင်း  စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းအား လက်ဦးမှုအနေဖြင့်  တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲတွင်းမှ MA-1 () လက်၊ AK-47 () လက်၊ MA-4 () လက်၊ RPG () လက်နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဘက်မှ ရဲဘော် ၂ဦး (မပြင်းထန်) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


🚩🚩၃။ ဝက်လူးနယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်


ဇွန်လ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝက်လူးနယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲကို စစ်ကူအဖြစ် ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ၎င်းစစ်ကူစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အလောင်း လောင်းနဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ၎င်းစစ်ကြောင်းမှ ထွက်ပြေးလာတဲ့ အဓမ္မ ပေါ်တာဆွဲ စစ်မှုထမ်း စုဆောင်းခံထားရသူ လူငယ် ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စနိုက်ဘာ တစ်ဦးနဲ့ တပ်သား တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို “9/A Nyar Myae Operation” အဖြစ် မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း တို့နဲ့အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၄။ နောင်ချိုမြို့နယ် ကံကြီးရွာတွင် စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်ရဲ့ လက်နက်ကြီး နောင်ချိုမြို့ပေါ် ကျရောက်ပြီး ဒေသခံ ဦး ဒဏ်ရာရ


ဇွန်လ ၅ရက် 

Radio NUG 


ဇွန်လ ရက်မှာ နောင်ချိုမြို့အနီး ကံကြီးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းက တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ရွှေမု‌ဋ္ဌောရွာကနေ နောင်ချိုမြို့ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ဇွန်လ ရက် နေ့လယ်ပိုင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ဒဏ်ရာရတဲ့ ဒေသခံတွေဟာ ဦးမြင့်အောင်၊ ဒေါ်ထွေး၊ ဦးကျော်ဝင်းနဲ့ ဒေါ်မူမူအောင်ဖြစ်ပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဟာ နောင်ချိုမြို့အနီး ရောက်လာတာကြောင့် နောင်ချိုမြို့ခံနဲ့ နောင်ချိုမြို့အနီးရှိ ကံကြီး၊ ရွှေမုဌော၊ ရှောက်ခြုံနဲ့ နောင်လိတ် စတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ သထုံမြို့နယ်မှာ အရပ်သား တစ်ဦးအား စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်


ဇွန်လ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ KNU အုပ်ချုပ်နယ်မြေ၊ ဒူးသထူ (သထုံ) မြို့နယ်၊ ပိန္နဲတော ကျေးရွာမှာ အရပ်သား ပြည်သူ တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


မေလ ၂၉ ရက်နေ့မှာ ပိန္နဲတော ကျေးရွာက အသက် (၅၂) နှစ်အရွယ် တီးစောလားထု ဆိုသူဟာ အင်ဥ ရှာဖွေရန် တောထဲသွားစဉ်မှာ စစ်ကောင်စီတပ်နဲ့ တိုးပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ လမ်းခုလတ်မှာ ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။


တီးစောလားထုကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ မေလ ၂၈ ရက်နေ့က ပိန္နဲတောရွာရှိ စကခ () တပ်စခန်းမှာ တစ်ညနားကာ ၂၉ ရက်နေ့မှာ ဝင်းတာပန်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တပ်ချိန်းရန် ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်


ဇွန်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်၊ နောင်ကုန်း ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ ခမရ (၅၈၄) မှ တပ်သား ဦး လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ Spring Warriors Column က ထုတ်ပြန်ထားပါတယ်။


မေလ ၁၆ ရက်နေ့မှာ အဆိုပါ စစ်ကြောင်းမှ လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်ကောင်စီ တပ်သား ဦးဟာ MA 1 သေနတ် လက်၊ MA 3 သေနတ် လက်တို့ကို ယူဆောင်လာခဲ့ပြီး အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။


၎င်းတပ်သား ဦးလုံးဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲပြီး ဖမ်းဆီးထားတဲ့ လူငယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။


၎င်းတို့ ဦး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၇။ မုံရွာမှာ စစ်ကောင်စီ တပ်သား ဦး မြို့နယ် ပလဖထံ လက်နက်နဲ့တကွ အလင်းဝင်


ဇွန်လ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး လက်နက်နဲ့တကွ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) ထံ အလင်းဝင် ခဲ့တယ်လို့ ဇွန်လ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


အလင်းဝင်ရောက်လာသူ ဦးဟာ နေမျိုးဦး (ရန်ကုန်) ချစ်မိုးသူ (ပုသိမ်) နဲ့ ညီညီ (ရှမ်းမြောက်) တို့ ဖြစ်ကြပြီး MA 1  တစ်လက်၊ MA 13 တစ်လက် နဲ့ G3 တစ်လက်တို့ကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်နဲ့တကွ အလင်းဝင်လာသူ ဦးကို မုံရွာ .. က လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံခဲ့ပြီး ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ စီ ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန် မထမ်းဆောင်လိုတာကြောင့် လက်နက်ချကာ ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီ တပ်သားများကို အမြဲကြိုဆိုနေမှာဖြစ်ပြီး လူအခွင့်အရေး အပြည့်အဝ ရရှိစေကာ လက်နက်နဲ့တကွ အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment