၂၀၂၅ ဇွန်လ ၁၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ HIV ကူးစက်ခံထားရသူများအနေဖြင့် သောက်ဆေး၊ ထိုးဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့် ရရှိရေး အတွက် အလွန်အမင်း ရုန်းကန်နေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၂။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

📌 ၃။ ၂၀၂၅ ခုနှစ် မြန်မာအတွက် လူသားချင်းစာနာမှု တုံ့ပြန်ရေးလိုအပ်တဲ့ အမေရိကန်ဒေါ်လာ .၁၄ ဘီလျံမှာ ရာခိုင်နှုန်းအောက်သာ ရရှိထားပြီး၊ မြေငလျင်အရေးပေါ်အကူအညီအတွက် တောင်းဆိုချက်မှာလည်း ၁၆ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်

📌 ၄။ ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုများ စစ်တပ်က ကန့်သတ်

📌 ၅။ Auctioned with Heart for Amay Suu (မျှော်လင့်ချက် နှလုံးသားဖြင့် အမေစု ပန်းချီကား) လေလံရရှိငွေအားလုံး နိုင်ငံရေးအကျဉ်းသားများနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးဒေသများသို့ တိုက်ရိုက်ပေးအပ်မည်

📌 ၆။ ရွှေဘို .က. က မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။ ကယန်းပြည်သစ် အမှတ်တံဆိပ် အလံပါ ကားတစ်စီးအား (၃၅၀၄) တပ်ရင်းက စစ်ဆေးဖမ်းဆီးခဲ့။ ယာဉ်နှင့် ယာဉ်ပေါ်ပါသူ ဦးအား KNU တပ်မဟာ () မှ လွှဲပြောင်းယူခဲ့

🚩 ⁨၂။ ဖားကန့်၊ မှော်ဆီစာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအဆင့် အပါအဝင် ၂၀ ကျော် သေဆုံးခဲ့

🚩 ⁨၃။ ကျုံဒိုးကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့

🚩 ⁨၄။ မင်းလှမြို့နယ်တိုက်ပွဲများအတွင်း ခရိုင်ရဲမှူး၊ မြို့မရဲစခန်းမှူးနှင့် ဗိုလ်မှူးအဆင့်အပါ ရန်သူ (၂၀)ဦးခန့် သေဆုံးပြီး ပြည်သူ ၃ဦး သေဆုံး

🚩 ⁨၅။ နောင်ချိုတွင် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ()လုံး ထိမှန်ပျက်စီး

🚩 ⁨၆။ စစ်ကိုင်းမြို့၊ အနောက်တာ ရေဝင်ရပ်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ပစ်ခတ်ရာ သလွန်ဖြူရွာမှ အမျိုးသမီး ၁ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ 

🚩၇။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း () နှစ်ပြည့် အခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ HIV ကူးစက်ခံထားရသူများအနေဖြင့် သောက်ဆေး၊ ထိုးဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့် ရရှိရေး အတွက် အလွန်အမင်း ရုန်းကန်နေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


ဇွန်လ ၁၇ရက်

Radio NUG

HIV ကူးစက်ခံထားရသူများအနေဖြင့် သောက်ဆေး၊ ထိုးဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့် ရရှိရေးအတွက် အလွန်အမင်း ရုန်းကန်နေကြရတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ Declaration of Commitment on HIV/AIDS အကောင်အထည်ဖော်ဆောင်မှုနှင့် HIV/AIDS နိုင်ငံရေးကြေညာစာတမ်းအား ဆွေးနွေးရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခွံမျှသာ ဖြစ်နေခဲ့ရပြီး HIV ကူးစက်ခံထားရသူများအနေဖြင့် သောက်ဆေး၊ ထိုးဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့် ရရှိရေးအတွက် အလွန်အမင်း ရုန်းကန်နေကြရကြောင်း၊ စစ်အုပ်စုမှ မတရားသဖြင့် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ မြန်မာပြည်သူများ ကြုံတွေ့လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး၊ စီးပွားရေးနှင့် လူမှုရေးဆုတ်ယုတ်မှုများမှာ ယခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့်လည်း ပိုမို ဆိုးရွားလာကြောင်း" သံအမတ်ကြီးက ပြောပါတယ်။


မြန်မာနိုင်ငံတွင် HIV/AIDS အား ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုဖြစ်နေခြင်းမှ ရပ်တန့်ရန် မိမိတို့အနေဖြင့် စစ်အုပ်စုမှ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများနှင့် ဆေးဝါး အထောက်အကူများအား စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းကို ဦးစား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထို့နည်းတူစွာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့က မြန်မာ့အကျပ်အတည်း၏ အဓိကဇစ်မြစ်ပြဿနာဖြစ်သောကြောင့် အဆိုပါ စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့အား လုံးဝ အပြီးသတ်ချုပ်ငြိမ်းစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အခြားသော သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းလျက် အများပြည်သူ အသိပညာပေးရေးအား မြှင့်တင်သည့် လှုပ်ရှားမှုများ အပါအဝင် မြန်မာနိုင်ငံတွင် HIV/AIDS ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးခဲ့ပါတယ်။


========================


📌📌 ၂။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ


ဇွန်လ ၁၇ရက်

Radio NUG

တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေကြောင်း ဇွန်လ ၁၇ရက် အသိပေးကြေညာပါတယ်။


ကြေညာချက်အရ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ ၊ကျန်းမာရေးမှူးများ ၊အမျိုးသမီးကျန်းမာရေးဆရာမများ (LHV) ပြည်သူ့ကျန်းမာရေးကြီးကြပ်- များ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်- များ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။


လျှောက်ထားသူသည် -ပြည်ထောင်စုမြန်မာနိုင်ငံဖွား ကျန်းမာရေးကောင်းမွန်သူ ၊နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


လျှောက်ထားလိုသူများအနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ () နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။


အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ကြောင်း သိရပါတယ်။


တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ၂၀၂၅ ခုနှစ် မြန်မာအတွက် လူသားချင်းစာနာမှု တုံ့ပြန်ရေးလိုအပ်တဲ့ အမေရိကန်ဒေါ်လာ .၁၄ ဘီလျံမှာ ရာခိုင်နှုန်းအောက်သာ ရရှိထားပြီး၊ မြေငလျင်အရေးပေါ်အကူအညီအတွက် တောင်းဆိုချက်မှာလည်း ၁၆ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်


ဇွန်လ ၁၇ရက်

Radio NUG

စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ .၁၄ ဘီလျံမှာ မေလ အစောပိုင်းအထိ ရာခိုင်နှုန်းအောက်သာ ရရှိထားပြီး၊ မြေငလျင်အရေးပေါ်အကူအညီအတွက် တောင်းဆိုချက်မှာလည်း ၁၆ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့  UN Myanmarက ထုတ်ပြန်ပါတယ်။


" မြန်မာနိုင်ငံ ဒေသအချို့  ရေကြီးမှုများ စတင်ဖြစ်ပွားလာတဲ့အချိန်မှာ၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းတွေဟာ ငလျင်ဒဏ်ခံရပ်ရွာများသို့ အရေးကြီးသော အထောက်အပံ့များကို ဆက်လက် ပေးပို့နေပါတယ်။ ရခိုင်က နေရပ်စွန့်ခွာရသူတွေဟာ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရရှိကြပါတယ်။ စစ်ကိုင်းမှာတော့ စာသင်ကျောင်းပေါင်း ,၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် ပညာမသင်ကြားနိုင်တော့တဲ့ ကလေးများစွာထဲမှ ယာယီခိုလှုံတဲ့ စခန်းမှာနေနေရတဲ့ အသက် ၁၂ နှစ်အရွယ် နေနေ ဟာ ဆရာဝန်ဖြစ်ရန် စိတ်ကူး အိပ်မက်တွေ ရှိနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ မန္တလေး မြို့ ဟင်းလင်းပြင်တွင် နေထိုင်နေသော မိသားစုတွေဟာ မိုးရာသီတွင် ရေသန့်နှင့် အိမ်သာအခက်အခဲများရှိနေပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း အကန့်အသတ်ရှိနေတဲ့အတွက် ရောဂါဖြစ်ပွားမှုများ တိုးလာနိုင်ပါတယ်"လို့ UN Myanmarက ဖော်ပြပါတယ်။


လူသားချင်းစာနာတုံ့ပြန်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများ၊ ခိုင်မာတဲ့ စနစ်နဲ့ ခံနိုင်ရည်မြှင့်တင်ရန် စတဲ့ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဦးစားပေးလုပ်ငန်းများ အတွက် ကုလသမဂ္ဂအဖွဲ့မှာ ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိပြီးတော့ အရေးပေါ်နဲ့ ရေရှည်ပံ့ပိုးမှုများ မရရှိပါက သန်းနှင့်ချီသော ထိခိုက်လွယ်သူ အများစုအတွက် လိုအပ်တဲ့အကူအညီများ မရရှိနိုင်ဘူးလို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုများ စစ်တပ်က ကန့်သတ်


ဇွန်လ ၁၇ရက် 

Radio NUG 


ရန်ကုန်တိုင်းအတွင်း စစ်တပ်ကွပ်ကဲတဲ့ နယ်မြေများတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရန် စစ်တပ်ထံ ကြိုတင်အကြောင်းကြားရမည်ဟု ဇွန်လ ၁၅ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း  Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ရန်ကုန်တိုင်းအခြေစိုက် တိုင်းအရန်တပ်မက နည်းဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများထံ ထပ်ဆင့်ညွှန်ကြားထားသည့် စာတွင်၊ ဖမ်းဆီးမှုများ မပြုလုပ်မီ မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်ရင်း သို့မဟုတ် နည်းဗျူဟာထံ သတင်းပို့ရမည်ဟု ဖော်ပြထားပါတယ်။


ညွှန်ကြားချက်အရ၊ ကြိုတင်အကြောင်းမကြားဘဲ ဖမ်းဆီးမှုပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က ယာယီထိန်းသိမ်းထားရမည်ဖြစ်ပြီး၊ တိုင်းအရန်တပ်မထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်ဟု ဆိုပါတယ်။


ထို့ပြင် စစ်ဆေးရေးဂိတ်များ၊ မြို့အဝင်အထွက်ဂိတ်များနှင့် လမ်းပိတ်စစ်ဆေးမှုများတွင် လုံခြုံရေးတပ်ဖွဲ့များက ငွေတောင်းခံခြင်းမပြုရန်လည်း ညွှန်ကြားစာတွင် ပါရှိတယ်လို့ သိရပါတယ်။


ရန်ကုန်တိုင်း လသာမြို့နယ်တွင် အွန်လိုင်းဂိမ်းလုပ်ငန်းများနှင့် မှော်ဘီမြို့တွင် ကြက်တိုက်လောင်းကစားဝိုင်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့မှုများနှင့် ပတ်သက်ပြီး စစ်တပ်က ကန့်ကွက်ခဲ့ခြင်းကြောင့် ယခုညွှန်ကြားချက် ထွက်ပေါ်လာဖွယ်ရှိသည်ဟု သုံးသပ်ထားပြီး ထိုဖြစ်ရပ်များအပြီး ရန်ကုန်တိုင်းစစ်တိုင်းမှူးက နယ်မြေခံစစ်တပ်များကို ဆူပူကြိမ်းမောင်းခဲ့သည်ဟုလည်း သိရပါတယ်။


ရန်ကုန်တိုင်းရှိ နိုက်ကလပ်များနှင့် ကေတီဗီဆိုင်အချို့ ဥပမာအားဖြင့်၊ Arena နှင့် A4 နိုက်ကလပ်များသည် စစ်တပ်အရာရှိဟောင်းများ၏ လုပ်ငန်းများဖြစ်ပြီး၊ ထိုနေရာများတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုများကို ကန့်သတ်ရန် စစ်တပ်က လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။


ရန်ကုန်တိုင်းအခြေစိုက် တိုင်းအရန်တပ်မတွင် တပ်ရင်း ၁၀ ရင်းရှိပြီး၊ စစ်အင်အား ၁၀၀၀ ခန့်ရှိနိုင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပြီး ရန်ကုန်အခြေစိုက် ခြေမြန်တပ်မ (၁၁) နှင့် စကခ () တို့ကို ရှေ့တန်းသို့ စေလွှတ်ထားရသဖြင့် နောက်တန်းလုံခြုံရေးအတွက် တိုင်းအရန်တပ်မကို အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည်ဟု ၎င်းက ဆိုထားပါတယ်။


========================


📌📌 ၅။ Auctioned with Heart for Amay Suu (မျှော်လင့်ချက် နှလုံးသားဖြင့် အမေစု ပန်းချီကား) လေလံရရှိငွေအားလုံး နိုင်ငံရေးအကျဉ်းသားများနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးဒေသများသို့ တိုက်ရိုက်ပေးအပ်မည်


ဇွန်လ ၁၇ရက်

Radio NUG

ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနှင့် မြန်မာ-ဩစတြေးလျ အနုပညာရှင် ပန်းချီဆရာမ ဒေါက်တာ ခင်ဆွေဥုန် (Royal Botanic Garden Sydney မှ ဆီဆေးပန်းချီဖြင့် တင်ဆက်ရေးဆွဲခဲ့ပြီး ပန်းချီလက်ရာကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အခမ်းအနားတွင် မြန်မာ့နိုင်ငံရေးအကျဉ်းသားများအတွက် ရန်ပုံငွေလေလံတင်ခဲ့တယ်လို့ သိရပါတယ်။


ပန်းချီလက်ရာကို Asian Hub Myanmar Grocery Sydney ပိုင်ရှင် ကိုသန့်ဇင်မှ AUD $3,300 ဖြင့် ငွေလှူဝယ်ယူခဲ့ပြီး ငွေလှူပေးမှုအားလုံးကို နိုင်ငံရေးအကျဉ်းသားများနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးဒေသများသို့ တိုက်ရိုက်ပေးအပ်မယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ရွှေဘို .က. က မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့


ဇွန်လ ၁၇ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ရွှေဘို ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၇ ရက်နေ့က ရွှေဘိုမြို့နယ် (ပကဖ) ကျန်းမာရေးအဖွဲ့မှ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ ရှိရာကို သွားရောက်ပြီး ကျန်းမာရေး အသိပညာ မျှဝေခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း မြို့နယ်အတွင်းရှိ စစ်ရှောင် ပြည်သူများနဲ့ သွားရောက်တွေ့ဆုံကာ အရေးပေါ် အခြေအနေ ကြုံလာပါက ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များနှင့်အတူ စိတ်ခွန်အားပေးစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ရှောင် ပြည်သူများကို ဆန်၊ ရိက္ခာနဲ့ စားသောက်ကုန် သီးနှံတို့ကို မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨၁။ ကယန်းပြည်သစ် အမှတ်တံဆိပ် အလံပါ ကားတစ်စီးအား (၃၅၀၄) တပ်ရင်းက စစ်ဆေးဖမ်းဆီးခဲ့။ ယာဉ်နှင့် ယာဉ်ပေါ်ပါသူ ဦးအား KNU တပ်မဟာ () မှ လွှဲပြောင်းယူခဲ့


ဇွန်လ ၁၇ ရက်၊ 

Radio NUG


စစ်ကောင်စီ ဂိတ်စခန်းများကို ဖြတ်သန်း မောင်းနှင်လာတဲ့ ကယန်းပြည်သစ်ပါတီ အမှတ်တံဆိပ် အလံပါ ကားတစ်စီးကို စစ်ဆေးဖမ်းဆီးခဲ့ပြီး ယာဉ်နဲ့ ယာဉ်ပေါ်ပါသူ ဦးအား KNU တပ်မဟာ - မှ လွှဲပြောင်းယူခဲ့တယ်လို့ (၃၅၀၄) တပ်ရင်း တပ်ခွဲ () က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်အချိန်မှာ ပြည်သူများရဲ့ သတင်းပေးချက်အရ အဆိုပါ ကားကို တားဆီး စစ်ဆေးခဲ့ရာ ဆန်အိတ် (၁၂၅) လုံး၊ အခြား စားသောက်ကုန် ပစ္စည်းများ၊ ယာဥ်မောင်း တစ်ဦးနဲ့ ယာဥ်နောက်လိုက် တစ်ဦး၊ ကယန်းပြည်သစ်ပါတီ ယူနီဖောင်း (အောက်) မာဖလာ တစ်ခု၊ ဦးထုပ် တစ်လုံး၊ ကယန်း ပြည်သစ်ပါတီ ထောက်ခံချက်၊ ဖြတ်သန်းသွားလာခွင့် ပြေစာများနဲ့ စတီယာရင် ရှေ့တည့်တည့်မှာ ကျည်ဖောက်ဝင်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။


အခုလို ကယန်းပြည်သစ် အမှတ်တံဆိပ်ပါ ကားနဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များအား လွယ်ကူစွာ ဖြတ်သန်းသွားလာနေခြင်းကို သံသယရှိတာကြောင့် (၃၅၀၄) တပ်ရင်း တပ်ခွဲ () က ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ ဖမ်းဆီးထားစဉ် KNU တပ်မဟာ () သံတောင်ကြီးမြို့နယ်၊ အမြဲတမ်း ကော်မတီဝင် တာဝန်ရှိသူ တစ်ဦးနဲ့ နယ်မြေ တာဝန်ခံတို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဇွန်လ ရက်နေ့မှာ လွှဲပြောင်းယူခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ ကျန်ရှိတဲ့ ယာဉ်ပေါ်ပါ ပစ္စည်းများကို နောက်ဆက်တွဲ ပြဿနာများကို အလုံးစုံ တာဝန်ယူပါမယ်ဆိုတဲ့ ကတိခံဝန်ချက် ရယူပြီး (၃၅၀၄) တပ်ရင်းက ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ⁨၂။ ဖားကန့်၊ မှော်ဆီစာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအဆင့် အပါအဝင် ၂၀ ကျော် သေဆုံးခဲ့


ဇွန်လ ၁၇ ရက်၊ 

Radio NUG


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းအုပ်စုနဲ့ မှော်ဆီစာ ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့် အပါအဝင် တပ်သား ၂၀ကျော် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ သိရပါတယ်။


ဇွန်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ မှော်ဆီစာကျေးရွာထဲ ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA , PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး G-2 အဆင့်ရှိ ဗိုလ်မှူးဖြိုးဇော်သက် အပါအဝင် တပ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဖားကန့် ဗျူကာကုန်းကနေ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ လုံးခင်းအုပ်စု၊ ကုဋေမှော်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး တစ်ဦး အပါအဝင် မိသားစုဝင် ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဟာ မှော်ဆီစာ ကျေးရွာထဲကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှာ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်ကို တချို့တဝက် ဦးတည်ထွက်ခွာသွားပေမယ့် ကျန်ရှိနေတဲ့ စစ်ကြောင်း တချို့နဲ့ KIA, PDF တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။


လက်ရှိ မှော်ဝမ်းလေး ကျေးရွာက ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် တပ်စွဲထားပြီး KIA, PDF တွေအနေနဲ့ လာရောက် ပစ်ခတ်တာမျိုး မလုပ်ကြဖို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၃။ ကျုံဒိုးကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့


ဇွန်လ ၁၇ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ မှတဆင့် နွားခြံကုန်း ရွာနဲ့ အင်းကြီး ရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်ဦးမှု ရယူကာ ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၄ ရက်နေ့က တပ်မ (၄၄) နှင့် တပ်မ (၅၅) ပူးပေါင်းအင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီး ဒရုန်းများဖြင့် ထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပျံလွှားစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ခန့် သေဆုံးခဲ့ကာ ဦး ဒဏ်ရာရရှိခဲ့ကာ လာရာလမ်းအတိုင်း ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူများအနေနဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨၄။ မင်းလှမြို့နယ်တိုက်ပွဲများအတွင်း ခရိုင်ရဲမှူး၊ မြို့မရဲစခန်းမှူးနှင့် ဗိုလ်မှူးအဆင့်အပါ ရန်သူ (၂၀)ဦးခန့် သေဆုံးပြီး ပြည်သူ ၃ဦး သေဆုံး


ဇွန်လ ၁၇ရက် 

Radio NUG 


မင်းလှမြို့နယ် တိုက်ခိုက်မှုများအတွင်း ခရိုင်ရဲမှူးအဆင့် ()ဦး၊ မြို့မရဲစခန်းမှူး ()ဦး၊ ဗိုလ်မှူးအဆင့် ()ဦးအပါ ရန်သူ (၂၀)ဦးခန့် သေဆုံးကြောင်း သာယာဝတီခရိုင် အမှတ် ()တပ်ရင်း၊ P2 3803 ဗျူဟာ (၂၂)မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ခုနှစ်၊ ဇွန်လ (၁၆)ရက် ညနေ (၄နာရီ ၂၀မိနစ်)ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား (၆၀)ခန့်ပါ ခလရ ()လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ (၂၂) လက်အောက်ခံ တပ်ရင်းများဖြစ်တဲ့ သာယာဝတီခရိုင် အမှတ် ()တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် ()တပ်ရင်း၏ တပ်ခွဲ()/ ဧရာညီနောင် PDF MDF (Special Force) နှင့် Asho Chin Defense Force (ACDF) တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲကြာချိန် (၄၅)မိနစ်ခန့် ကြာမြင့်ကာ ရန်သူ စစ်ကောင်စီ စစ်ကြောင်းမှာ အထိနာ၍ နောက်ပြန်ဆုတ်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ရဲဘော်များလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အတူ ဇွန်လ (၁၆)ရက် ညနေ ()နာရီ ခန့်တွင်လည်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှ ရန်ကုန်-ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်အနီးရှိ စစ်ကွင်းတာဆုံတွင် အထိုင်ချကာ ငွေကြေးကောက်ခံခြင်း၊ ဒေသတွင်းပြည်သူများအား ပေါ်တာဆွဲခြင်း ဆောင်ရွက်လျက်ရှိသည့် စစ်ကွင်းတာဆုံ ရဲကင်းစခန်းအား ဝင်ရောက် တိုက်ခိုက်ရာ ရန်သူ ()ယောက် သေဆုံးကာ ဒဏ်ရာ ရရှိသူများရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မိနစ်(၃၀)ခန့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညနေ ()နာရီ မိနစ်(၃၀)ခန့်တွင် ဆင်အိုင်ချောင်းပေါက်မှ တဆင့် စစ်ကူလာသော အင်အား (၂၅)ယောက်ခန့်ပါ ဖောကား ၁စီးအား ရှမ်းတောကျေးရွာအနီးတွင်  မဟာမိတ်ပူးပေါင်းတပ်များမှ ပိတ်ဆို့တိုက်ခိုက်ရာ ကား ၁စီးလုံး ပျက်ဆီးသွားပြီး ရန်သူ တပ်သား (၁၅)ယောက်ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကား ၁စီးသည် တော်လှန်ရေးပူးပေါင်းတပ်မှ ကားတားဆီးခြင်း၊ ပြည်ဘက်မှလာသည့် ခရီးသွားကားများအား လုံခြုံရေးအတွက် သတိပေးခြင်း၊ အကျိုးအကြောင်း ရှင်းပြခြင်းများ ဆောင်ရွက်ပေးနေသည်ကို သတိမမူမိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံရကာ ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။


ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၇)ရက် ၊နံနက်()နာရီခန့်တွင် စစ်ကောင်စီ စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဖားလေးကွင်းကျေးရွာ၊ မြောက်စုရှိ ပြည်သူနေအိမ်ပေါ် သို့  ကျရောက်ပေါက်ကွဲသဖြင့် အသက် (၈၀)အရွယ် အဖွား ဒေါ်တင်ရီ သေဆုံးခဲ့ရပြီး တခြား အမျိုးသမီး ၁ဦးလည်း ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ပြည်သူနှင့် စစ်ဘက်အရင်းအမြစ်၊ ဆေးဘက်အရင်းအမြစ်များ၏ အဆိုအရ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ()နေရာတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းနှင့် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတို့လည်း သေဆုံးကြောင်း သိရှိရပြီး ထိုကိန်းဂဏန်း၊ အချက်အလက်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲများအတွင်း ရန်သူထံမှ ခဲယမ်း၊ ဖုန်း ()လုံး နှင့် စကားပြောစက်တို့ သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော် ()ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊ လမ်းပိုင်းကင်းစခန်းများအနီး ဆိုင်ခန်းဖွင့် ဈေးရောင်းခြင်း၊ အိမ်ဆောက်နေထိုင်ခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့် စကားပြောခြင်းများ မပြုလုပ်ကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ နယ်မြေလုံခြုံရေးအတွက် လိုအပ်၍ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို နားလည်ပေး၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ပန်ကြားထားပါတယ်။


========================


🚩🚩 ⁨၅။ နောင်ချိုတွင် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ()လုံး ထိမှန်ပျက်စီး


ဇွန်လ ၁၇ရက် 

Radio NUG 


ဇွန်လ ၁၆ရက်နေ့ ညနေ (၅း၀၈)နာရီက နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ()လုံး ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နေအိမ် ()လုံး ထိမှန်ပျက် စီးဆုံးရှုံးသွားကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါ လက်နက်ကြီး ()လုံးသည် ဘူတာရပ်ကွက်ဘက်တွင် ()လုံးကျရောက် ပေါက်ကွဲပြီး ကျန် ()လုံးသည် ကျောက်ဂူဘုန်း ကြီးကျောင်း အောက်ဘက် တောတွင် ကျရောက်ပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၆။ စစ်ကိုင်းမြို့၊ အနောက်တာ ရေဝင်ရပ်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ပစ်ခတ်ရာ သလွန်ဖြူရွာမှ အမျိုးသမီး ၁ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ 


ဇွန်လ ၁၇ရက် 

Radio NUG 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းအနောက်တာ ရေဝင်ရပ်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ သလွန်ဖြူရွာမှ အမျိုးသမီး ၁ဦး သေဆုံးပြီး၊ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြည်သူ့ဘက်တော်သားသို့ ပြောပါတယ်။

ဇွန်လ ၁၆ရက် နေ့လည် ၂နာရီ ၃၀မိနစ်အချိန် သလွန်ဖြူမှ မထွက်သေးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၆၀မမနှင့် စက်လက်နက်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သလွန်ဖြူရွာနေ အသက် ၄၀နှစ်အရွယ် ပြည်သူ အမျိုသမီးတစ်ဦး ထိမှန်ကာ နေရာမှာပင် သေဆုံးသွားခဲ့ပြီး၊ အသက် ၄၀နှစ်အရွယ် အမျိုးသမီး ၁ဦးပါ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထိုစစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရွာများကို ငါးထပ်ကြီးဘုရား စခအထိုင်နှင့် တပ်မ ၃၃မှ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ၊ ပသစများ ပူးပေါင်းပြီး အင်အား ၄၀၀ခန့်ဖြင့် မေလ ၃၀ရက်မှ စတင်ကာ ဇွန်လ ၁၇ရက်ထိ စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေတဲ့ စစ်ကြောင်းဖြစ်ပြီး၊ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ကာ နေအိမ်များအတွင်း မွှေနှောက်စားသောက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်နေသော စစ်ကြောင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၇။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း () နှစ်ပြည့် အခမ်းအနား ပြုလုပ်


ဇွန်လ ၁၇ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဒေသ၊ ဗျူဟာ (၁၄) ကွက်ကဲမှုအောက်က အမှတ် (၁၀၀၁) မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် () နှစ်ပြည့် အခမ်းအနားကို တိုက်ပွဲ အခြေအနေကြောင့် အကျဉ်းချုံး ပြုလုပ်ခဲ့ရပြီး ကြွရောက်ပေးခဲ့တဲ့ မဟာမိတ်အင်အားစုများကို အထူးကျေးဇူးတင်တယ်လို့  ဖော်ပြထားပါတယ်။


စတင်ဖွဲ့စည်းချိန်မှစ နှစ်တာ ကာလအတွင်း ဆိုးတူကောင်းဖက် လက်တွဲ တိုက်ပွဲဝင်ကာ အသက်စွန့် ခဲ့ရတဲ့ အာဇာနည် ၄၂ ဦးအား ဦးညွှတ် အလေးပြုခဲ့ကြပြီး အသက်မသေသော်ငြား ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်များကိုလည်း အထူးအလေးပြုအပ်တယ်လို့ ဆိုပါတယ်။


ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကြောင့်သာ ယနေ့ထိ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့တွေနှင့်အတူ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်အောင် ဆက်လက် တိုက်ခိုက်ချေမှုန်း သွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment