၂၀၂၅ ဇွန်လ ၁၀ ရက်နေ့ Radio NUG မနက်ခင်းတင်ဆက်မှု

 

၂၀၂၅ ဇွန်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာ နေအိမ်စာသင်ကျောင်းကို ဗုံးကြဲခဲ့လို့ ကလေးများအပါအဝင် ၅ဦးသေဆုံး

📌 ၂။ ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့နေထိုင်သူများကို ပြန်ပို့သင့်၊ မပို့သင့် နိုင်ငံခြားသား ကာကွယ်ရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှာဖြစ်၍ သက်သေအထောက်အထားများ စုထားရန်အသိပေး

📌 ၃။ နေပြည်တော်တွင် ပြည်သူ့စစ်မှုထမ်းကို သန္ဓေစစ်သားက ကတ်ကြေးဖြင့် ထိုးသတ်

📌 ၄။ အမေစုရဲ့ နှစ် (၈၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ SDB ဖြင့် 8 ဂဏန်း အသုံးပြုပြီး ပြည်သူ့အင်အား ပြသကြရင်း ဆုလက်ဆောင် 800 USD နဲ့ 800,000 Pollen ဝေမျှနိုင်မည့် နွေဦးဘဏ်ကမ်ပိန်းမှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်

📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ကမ္ဘာ့လူထုကို ဗီဒီယိုဆုတောင်းမှတ်တမ်းဖြင့် စည်းလုံးမှု ပြသရန် ဖိတ်ခေါ်

📌 ၆။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲတွင် တော်လှန်အနုပညာရှင် ခါရာက စစ်ကောင်စီထောက်ခံမှု ရပ်ရန် တရုတ်အစိုးရကို တောင်းဆို


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တအာင်းပြည်ကောင်စီ (Ta'ang Land Council-TLC) ဖွဲ့စည်းခြင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထောက်ခံကြိုဆို

🚩၂။ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေ

🚩၃။ မြို့သာမြို့က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့

🚩၄။ ကြို့ပင်ကောက်မှာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ပျူခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း

🚩၅။ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းထဲကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ကျဲချခဲ့

🚩၆။ ရေးပြောက်ကျားတပ်ထံသို့ ပြည်သူ့စစ်မှုထမ်း ၂ဦး လက်နက်နဲ့တကွ အလင်းဝင် 

🚩၇။ ပခုက္ကူခရိုင် Local တပ်ရင်း (Earthquake PDF) က သင်တန်းသားသစ်များ ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာ နေအိမ်စာသင်ကျောင်းကို ဗုံးကြဲခဲ့လို့ ကလေးများအပါအဝင် ၅ဦးသေဆုံး


ဇွန်လ ၉ရက်

Radio NUG

ဇွန်လ ၉ရက်နေ့ နေ့လယ် ၂နာရီခန့်တွင် ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာရှိ နေအိမ်စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ဦး ဆရာမ ဦး လူကြီး ဦး စုစုပေါင်း ဦး သေဆုံးပြီး ၃၅ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အသိပေးထားပါတယ်။


ဗုံးကြဲခံရတဲ့ စာသင်ကျောင်းက ကိုယ်ထူကိုယ်ထ နေအိမ်စာသင်ကျောင်းဖြစ်တယ်လို့ သိရပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ကာ နေအိမ် လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စုပုံ (၇နှစ်) ဝေယံအောင် (၇နှစ်) လရိပ်ချို (၈နှစ်) ဦးကုလား (၆၆နှစ်) နဲ့ ဆရာမ မိုးသူဇာ (၂၄နှစ်) တို့ သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့မိဇင် အသက် (၄၀)နှစ် (ဗိုက်ထိ အရေးပေါ်) လော်ချမ်း အသက် ()နှစ် (လက်ဖျံထိ) မိုးစန္ဒာထွန်း အသက် () နှစ် (ပေါင်ထိ) ထွန်းရတနာ အသက် ()နှစ် (ခြေထောက်ထိ) အောင်ကျော်သူ အသက်()နှစ် (ခေါင်းထိ) သွန်းသွန်းအိမ်စည်လင်း အသက်()နှစ် (ဗိုက်ထိ) စောစံမြင့်‌အောင် အသက်()နှစ် (မျက်ခွံထိ) တို့ဖြစ်တယ်လို့ MLAထံမှ သိရပါတယ်။ 


"အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေ အထူးသဖြင့် ကျောင်းတွေ၊ ဆေးရုံတွေ၊ စျေးဆိုင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်တယ်။ မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်ပွဲကို လေကြောင်းကိုအသုံးပြုပြီး စစ်ဗျူဟာတရပ်တရပ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခကာလအတွင်းမှာ ကျင့်သုံးတယ်။ ဒါတွေဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ထားပါတယ်" လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားတဲ့အတွက် နောက်ဆက်တွဲ သေဆုံးသူ အရေအတွက် ထပ်မံတိုးမြှင့်လာနိုင်တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၂။ ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့နေထိုင်သူများကို ပြန်ပို့သင့်၊ မပို့သင့် နိုင်ငံခြားသား ကာကွယ်ရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှာဖြစ်၍ သက်သေအထောက်အထားများ စုထားရန်အသိပေး


ဇွန်လ ၉ရက်

Radio NUG

ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့နေထိုင်သူများကို ပြန်ပို့သင့်၊ မပို့သင့် နိုင်ငံခြားသား ကာကွယ်ရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှာဖြစ်၍ သက်သေအထောက်အထားများ စုထားရန် NUGအလုပ်သမားရေးရာ ကိုယ်စားလှယ် ကိုရီးယားPageက အသိပေးဖော်ပြပါတယ်။


 "ယနေ့ ဆိုးလ်တောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပါတယ်။  Over Stay (visa မဲ့ နေထိုင်သူများအတွက် ဇွန်လ၁ရက်မှ စပြီး ဥပဒေ အသစ် ထွက်ရှိထားပါတယ်။ သက်တမ်းတိုး စာရွက် ကိုင်ဆောင်ထားသူများ ထိန်းသိမ်းရေး စခန်းမှ ယာယီလွှတ်ပေးရန် လျှောက်လွှာနှင့် မိမိတို့ စတင် လျှောက်ထားချိန်က တင်ပြခဲ့သည့် စာရွက်စာတမ်းအတိုင်း ပြန်တင်ရပါ့မယ် ပြောပါတယ်"လို့ဖော်ပြပါတယ်။

 

ဖမ်းမိသူများကို ပြန်ပို့သင့် မပို့သင့်ကို  လဝက အရာရှိများမှ ဆုံးဖြတ်မည် မဟုတ်ပဲ နိုင်ငံခြားသား ကာကွယ်ရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


သက်သေ မခိုင်လုံပါက ပြန်ပို့မည်ဖြစ်ပြီး သက်တမ်း လာတိုးသည့် အချိန်အတိုင်း Update နိုင်ငံရေး လှုပ်ရှားမှုအထောက်အထား သက်သေများ၊ ပြန်လို့မဖြစ်ကြောင်း သက်သေများ ယူဆောင်လာပြီး တင်ပြရမှာ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ နေပြည်တော်တွင် ပြည်သူ့စစ်မှုထမ်းကို သန္ဓေစစ်သားက ကတ်ကြေးဖြင့် ထိုးသတ်


ဇွန်လ ၉ရက် 

Radio NUG


နေပြည်တော်ရှိ အမှတ်() စစ်ကြောရေးနှင့် တည်းခိုရေးတပ်တွင် ဇွန်လ ရက်၊ ၁၂ နာရီကျော်ခန့်က ပြည်သူ့စစ်မှုထမ်းစစ်သား ကိုနန်းစောင်ဆိုသူအား တပ်တူ သန္ဓေစစ်သားတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ရင်ခွင်ဆီမှ သိရပါတယ်။


ထိုနေ့ ညနေပိုင်းတွင် ကိုနန်းစောင်နှင့် တပ်တူ သန္ဓေစစ်သားတစ်ဦးသည် ထမင်းစားချိန်အတွင်း ကျွေးမွေးရေးကိစ္စများအတွက် စကားများခဲ့ပြီး၊ နာရီခန့် တန်းစီချိန်တွင်လည်း ထပ်မံရန်ဖြစ်ခဲ့ကာ ၁၂ နာရီခန့်တွင် အရက်မူးနေသည့် သန္ဓေစစ်သားက အိပ်ဆောင်() အပြင်တွင် စောင့်ဆိုင်းနေပြီး၊ ကိုနန်းစောင်သည် အိမ်သာသို့ ထွက်လာစဉ် အနောက်မှ လိုက်လာကာ ကတ်ကြေးဖြင့် လည်ပင်းကို အကြိမ်များစွာ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသူ ကိုနန်းစောင်မှာ လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ အိမ်သာအနီး မြက်ခင်းပြင်တွင် ပစ်ထားခံရပြီး၊ ထိုအချိန်ထိ အသက်ရှိနေသေးတယ်လို့ သိရပါတယ်။


တပ်ဆေးခန်းသို့ ပို့ဆောင်ပြီး ကုတင်-၁၀၀၀ ဆေးရုံသို့ လွှဲပြောင်းစဉ် လမ်းခုလတ်တွင် ၎င်းမှာ သေဆုံးသွားခဲ့ကာ လူသတ်မှုကျူးလွန်သူ သန္ဓေစစ်သားကို အချုပ်ချထားတယ်လို့ သိရပါတယ်။


သေဆုံးသူနှင့် ကျူးလွန်သူ နှစ်ဦးစလုံးမှာ တပ်တူ ထောက်ပို့တပ်မှ ဖြစ်ကြပြီး ဖြစ်စဉ်အပြီး ကကပံ့ - ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးမှာ အခင်းဖြစ်ပွားရာတပ်သို့ ရောက်ရှိလာကာ စစ်သားများကို ဆဲဆိုခဲ့သလို အိပ်ငိုက်နေသည့် စစ်သားတစ်ဦးကို ထိုးနှက်ခဲ့တယ်လို့ သိရပါတယ်။


အထက်ကို သတင်းတင်ပြရာတွင် ရှေ့ပိုင်း ပြဿနာများကို ဖုံးကွယ်ကာ၊ အိမ်သာသို့ ရောက်ချိန်တွင် စကားများရန်ဖြစ်ပြီး မတော်တဆ လက်လွန်သွားသယောင် သတင်းလွှင့်ထားကြောင်း နေပြည်တော် စစ်ဆေးနှင့် ထောက်ပို့တပ် အသိုင်းအဝိုင်းမှ အရင်းအမြစ်များအရ သိရပါတယ်။


========================


📌📌 ၄။ အမေစုရဲ့ နှစ် (၈၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ SDB ဖြင့် 8 ဂဏန်း အသုံးပြုပြီး ပြည်သူ့အင်အား ပြသကြရင်း ဆုလက်ဆောင် 800 USD နဲ့ 800,000 Pollen ဝေမျှနိုင်မည့် နွေဦးဘဏ်ကမ်ပိန်းမှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်


ဇွန်လ ၉ရက်

Radio NUG

အမေစုရဲ့ နှစ် (၈၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ SDB ဖြင့် 8 ဂဏန်း အသုံးပြုပြီး ပြည်သူ့အင်အား ပြသကြရင်း ဆုလက်ဆောင် 800 USD နဲ့ 800,000 Pollen ဝေမျှနိုင်မည့် နွေဦးဘဏ်ကမ်ပိန်းမှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 


ဒါ့အပြင်  Campaign facebook post အား  Public share ပေးသူ ကျပန်း ၁၀၀ ဦး အတွက်လည်း အမေစု မွေးနေ့ အမှတ်တရ NOH Gift Card ၂၀၀၀ ကျပ်တန် လက်ဆောင် ရဦးမှာဖြစ်ပါတယ်။


အမေ့ ကိုယ်စား မွေးနေ့ လက်ဆောင်အဖြစ် ဆုတောင်းမေတ္တာပို့သရင်း "ပြည်သူသာလျှင် အဓိက" ဖြစ်ကြောင်း SDB နဲ့ ဘယ်လိုပါဝင်နိုင်မလဲ အသေးစိတ်ကို ဖော်ပြပါ တစ်ပုံချင်းစီကို နှိပ်ပြီး ဖတ်ရှုပါဝင် ကြဖို့နှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ကမ္ဘာ့လူထုကို ဗီဒီယိုဆုတောင်းမှတ်တမ်းဖြင့် စည်းလုံးမှု ပြသရန် ဖိတ်ခေါ်


ဇွန်လ ရက်

Radio NUG 


ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့အတွက် ကမ္ဘာ့လူထုအား ဗီဒီယိုဆုတောင်းများဖြင့် ချစ်ခြင်း၊ စည်းလုံးမှုနှင့် ခံနိုင်ရည်ကို ပြသသည့် သမိုင်းဝင် အမူအရာတွင် ပါဝင်ရန် တော်လှန်အနုပညာရှင် ခါရာမှ ဖိတ်ခေါ်ထားပါတယ်။


ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဦးဆောင်မှုနှင့် ဆယ်စုနှစ်များစွာ ပြသခဲ့သည့် အားမာန်ကို ဂုဏ်ပြုရန် ရည်ရွယ်ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖြစ် တင်သွင်းရန် ဗီဒီယိုဆုတောင်းများ စုစည်းမည်ဖြစ်ကာ ပါဝင်သူများအနေဖြင့် ၁၀ မှ ၂၀ စက္ကန့်ကြာ "Happy Birthday, Daw Aung San Suu Kyi!" ဟု ဆိုကာ အားပေးမှု သို့မဟုတ် စည်းလုံးမှု မက်ဆေ့ချ်များ ထည့်သွင်းနိုင်တယ်လို့ အသိပေးထားပါတယ်။


"သူမရဲ့ စွန့်လွှတ်အနစ်နာခံမှုနှင့် စိတ်ဓာတ်ကို ကမ္ဘာက မမေ့လျော့ကြောင်း ပြသပြီး သင်၏ အသံကို သမိုင်းတွင် ပါဝင်စေပါ" ဟု ဖိတ်ခေါ်ချက်တွင် ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲတွင် တော်လှန်အနုပညာရှင် ခါရာက စစ်ကောင်စီထောက်ခံမှု ရပ်ရန် တရုတ်အစိုးရကို တောင်းဆို


ဇွန်လ ရက်

Radio NUG 


မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို တရုတ်နိုင်ငံက ထောက်ခံအားပေးနေမှုကို ရပ်တန်းကရပ်ရန် တော်လှန်အနုပညာရှင် ခါရာက ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် တောင်းဆိုခဲ့တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့က မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ရာ ခါရာက တရုတ်ဘာသာစကားဖြင့် "ဒီနေ့ ကျွန်တော့် နှလုံးသား ကျွန်တော့်တို့ရဲ့ နှလုံးသားတွေဟာ  အစိတ်စိတ်အမွှာမွှာ ဖျက်‌ဆီးခံလိုက်ရတယ်။" လို့ ပြောခဲ့ပါတယ်။


တရုတ်နိုင်ငံကို ချစ်မြတ်နိုးသော်လည်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် ဖိနှိပ်ခြိမ်းခြောက်မှုများကို တရုတ်အစိုးရက မသိကျိုးကျွန်ပြုနေသည်ဟု ဝေဖန်ခဲ့ပါတယ်။


"အာဏာရှင်တွေနဲ့ မရပ်တည်ပါနဲ့ ရပ်တန်းကရပ် ငါတို့ပြည်သူတွေ အသက်တွေပေးနေရတာ လုံလောက်ပြီ။ ငါတို့ပြည်သူတွေကို မျှော်လင့်ချက်တွေ ငြိမ်းချမ်းမှုတွေနဲ့ အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ။ China Communist Party ဝင်ရောက်စွက်ဖက်မှုတွေ အခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်" လို့ ခါရာက တရုတ်အစိုးရအား တိုက်တွန်းခဲ့ပြီး သရုပ်ဆောင်တစ်ဦးအနေဖြင့် ၎င်းက ပြည်သူများ၏ ခံစားမှုကို နားလည်သောအားဖြင့် ဤဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ တအာင်းပြည်ကောင်စီ (Ta'ang Land Council-TLC) ဖွဲ့စည်းခြင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထောက်ခံကြိုဆို


ဇွန်လ ရက်

Radio NUG 


တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးတွင်တအာင်းပြည်နယ်တော်လှန်ရေးကာလအစိုးရအစီအမံ" အား တစ်ညီတစ်ညွတ်တည်း အတည်ပြုနိုင်ခဲ့ပြီး ထိုတော်လှန်ရးကာလ အစိုးရအစီအမံအား ဦးဆောင်အကောင်အထည်ဖော်မည့်တအာင်းပြည်ကောင်စီ" (Ta'ang Land Coucil-TLC)ကိုပါ အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ခြင်းသည် တအာင်းပြည်နယ် အတွက် အလွန်အရေးပါသော နိုင်ငံရေးအရွေ့တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တအာင်းပြည်ကောင်စီ (Ta'ang Land Council-TLC)သည် တအာင်းပြည်နယ်၏ တော်လှန်ရေးကာလ အစီအမံအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး တအာင်းလူထုမှ မျှော်လင့်တောင့်တနေသော နိုင်ငံရေး စစ်ရေးရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန် ဦးဆောင်လမ်းပြနိုင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အကြွင်းမဲ့ ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်အင်အားစုများ၏ "၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူရရှိထားသည့် နယ်မြေဒေသများတွင် တအာင်းပြည်ကောင်စီမှ ဦးဆောင်၍ ပြည်သူ့အစိုးရတရပ် ဖွဲ့စည်းမည့် အစီအစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည့် တအာင်းပြည်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အား ထောက်ခံကြိုဆိုပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)အနေဖြင့်လည်း လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေ


ဇွန်လ ရက်၊ 

Radio NUG


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာ ဇွန်လ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ နဲ့ KIA KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


လုံးခင်း ကျေးရွာအုပ်စုမှ နေရာအချို့၊ မဇွန်ယာန်နဲ့ ဆန်ခါကျေးရွာ၊ ကုဠေ မှော်လုပ်ကွက် နေရာများမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။


မေလ ၂၉ ရက်နေ့မှာ ဖားကန့်ဒေသကို ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက KIA တပ်စွဲထားတဲ့ နေရာများကို ဖယ်ရှားရန် ဖိအားပေးခဲ့ပြီး ကျောက်စိမ်းလုပ်ကွက် အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာထဲက ဒေသခံ တချို့က ဖားကန့် မြို့ကနေ စွန့်ခွာသွားခဲ့ပေမယ့် အများစုကတော့ မြို့ပေါ်မှာ ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။


ဇွန်လ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မှော်စီစာ ကျေးရွာက တင်အောင်ကြိုင် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ရှိ ယမ်းဂိုဒေါင်အား စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ဦး သေဆုံး၊ ၁၀ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။


ထို့ပြင် ဇွန်လ ရက်နေ့ ညကလည်း လုံးခင်းဒေသ၊ ခွန်ဆာကုန်း အနီးရှိ ယမ်းနဲ့ ဓါတ်မြေဩဇာ ဂိုဒေါင်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေး ဦး အပါအဝင် ဦးထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ခန့်မှာလည်း ဆိုင်းတောင်ဒေသ နမ့်မှော်အုပ်စု၊ မှောလကင်းရွာမှာ ယမ်းတင်ထားတဲ့ ကား စီးနဲ့ ဆီဘောက်ဆာ ကားတို့ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။


စစ်ကောင်စီက ဒေသတွင်း ကျောက်တူးဖော်ရေးလုပ်ငန်းများမှာ အသုံးပြုဖို့ ယမ်းနဲ့ ဓါတ်မြေဩဇာများ သိုလှောင်ထားရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေဖြင့် ကိုယ်ထူ- ကိုယ်ထ စနစ်ဖြင့် ဂိုထောင်များကို ရှင်းလင်းနေရတယ်လို့ သိရပါတယ်။


လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေအရ နာရီကနေ မနက် နာရီအတွင်း အပြင်မထွက်ကြဖို့ ဒေသခံတွေကို KIA, KPDF တွေက အသိပေးထားပါတယ်။


========================


🚩🚩၃။ မြို့သာမြို့က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့


ဇွန်လ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့က စစ်ကောင်စီတပ်အထိုင် ရဲစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ စစ်ကောင်စီ တပ်နဲ့ ရဲ အင်အား ၅၀ ခန့်ရှိ ရဲစခန်း အတွင်းကို 60mm လုံး၊ 40mm လုံးတို့ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ကာ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်း တပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ် နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Sagaing Revolution Force-SRF နဲ့ ငါးဇွန်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ခရီးသွား ပြည်သူများ အနေဖြင့် မန္တလေး - မြင်းခြံ လမ်းပိုင်းနဲ့ ငါးဇွန် - မြို့သာ လမ်းပိုင်းတွင် နာရီ အချိန်မှ မနက် နာရီအတွင်း လုံးဝ သွားလာခြင်း မပြုလုပ်ဖို့ကိုလည်း အသိပေးထားပါတယ်။


========================


🚩🚩၄။ ကြို့ပင်ကောက်မှာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ပျူခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း


ဇွန်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ အရှေ့ ဗောဓိကုန်းကျေးရွာက ပျူ ခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ (BTZM GBK PDF) ပဲခူးရိုးမ အခြေပြု တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီခွဲ အချိန်မှာ ဗောဓိကုန်း အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် မောင်ညိမ်း ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီး လယ်ထဲ စပါးကျဲနေချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။


ပစ်ခတ်မှုအတွင်း ပျူခေါင်းဆောင် မောင်ညိမ်းဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းရဲ့ လွယ်အိတ်ထဲမှ လက်ပစ်ဗုံး လုံးကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။


ပျူခေါင်းဆောင် မောင်ညိမ်း ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး သူနဲ့ အဆင်မပြေတဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ ငွေကြေး အဆင်ပြေတဲ့သူတွေကို သိန်း ၁၅၀ ကနေ ၂၀၀ အထိ တောင်းပြီး လိုက်ထုတ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ထို့အပြင် ကုန်းရွာကွင်းချောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီး တပ်ဖွဲ့တွေကို ထောက်ပို့ ပေးနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းထဲကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ကျဲချခဲ့


ဇွန်လ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းထဲ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၃၁ မိနစ်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဆေးရုံဝင်း အတွင်းကို ပေါင် ၂၅၀ ဗုံး တစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ တစ်ဦး လက်ဖြတ်ခဲ့ရပြီး ဦး ပေါင်မှာ ထိမှန် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဆေးရုံ အဆောက်အဦး တစ်လုံးလည်း ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ရေးပြောက်ကျားတပ်ထံသို့ ပြည်သူ့စစ်မှုထမ်း ၂ဦး လက်နက်နဲ့တကွ အလင်းဝင် 


ဇွန်လ ရက်

Radio NUG 


ဒေါနစစ်ကြောင်း ( ) ရေးပြောက်ကျားတပ် ( YGF)  ထံသို့ မွန်ပြည်နယ်၊ ရေးမြို့နယ် ( ခလရ ၂၉၉ ) တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း ၂ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဗိုလ်ကျန်ရစ်မှ သတင်းထုတ်ပြန်ထားပါတယ်။ 


ဇေဇေအောင် - ပစ / 136361နှင့် ညီညီသက်  - ပစ / 136359 တပ်သားနှစ်ဦးတို့သည် ဇွန်လ ၃ရက်နေ့က စထွက်ပြေးလာပြီး MA - 1 တစ်လက် ကျည်ဘောက် ဘောက်၊ ကျည် ၁၂၃ တောင့်တို့နှင့် အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ ပခုက္ကူခရိုင် Local တပ်ရင်း (Earthquake PDF) က သင်တန်းသားသစ်များ ခေါ်ယူနေ


ဇွန်လ ရက်၊ 

Radio NUG


ပခုက္ကူခရိုင် Local တပ်ရင်း (Earthquake PDF) က စိတ်အား ထက်သန်ပြီး၊ တော်လှန်ရေး ခံယူချက်ရှိသော၊ အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်သော ရဲဘော်/ရဲမေ သင်တန်းသားသစ်များကို ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


တပ်ဖွဲ့ဝင်ရောက်မယ့် သင်တန်းသား အသစ်များအနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမိန့်နာခံနိုင်ပြီး ရဲဘော်ရဲဘက် အချင်းချင်း အပြန်အလှန် လေးစားနိုင်သူ၊ တပ်ဖွဲ့မှ ချမှတ်ထားတဲ့ စည်းကမ်းများကို တိကျစွာ လိုက်နာနိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


ထို့ပြင် ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မထားဘဲ အဖိနှိပ်ခံ ပြည်သူလူအတွက်၊ တော်လှန်ရေး အောင်မြင်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ၊ သင်တန်းဆင်းပြီးချိန်မှစ၍ အနည်းဆုံး နှစ် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။


စနစ်တကျ စုဖွဲ့လေ့ကျင့်ပြီး၊ စစ်ကိုစစ်နဲ့ တူအောင်တိုက်မယ့် ရဲဘော်များ အနေဖြင့် တာဝန်ထမ်းဆောင် လိုပါက Telegram  မှာ ဆက်သွယ်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်  မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment