20 Jul 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇူα€œိုင်α€œ ( ၂၀ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ Chin CDM Medical Network α€€ ချင်းပြα€Š်α€žူ၊ တော်α€œှα€”်α€›ေးထင်ထားα€…ုα€”ဲ့ α€žα€α€„်းα€™ီα€’ီα€šာတွေα€€ို ပန်α€€ြားချα€€်ထုတ်

 

ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ုတွေထကြား ထချင်းချင်း α€œ၊α€€်α€”α€€်α€€ိုင်α€–ြေα€›ှင်းα€”ေα€€ြတဲ့α€–ြα€…်စဉ်တွေα€”ဲ့ ပတ်α€žα€€်α€œို့ ချင်းပြα€Š်α€”α€š် CDM α€€ျα€”်းα€™ာα€›ေးဝန်ထမ်းα€™ျား - Chin CDM Medical Network α€€ ဇူα€œိုင် ၁၄ α€›α€€်α€”ေ့ α€žα€˜ောထားထုတ်ပြα€”်ပါα€α€š်။

 

၂၀၂၅၊ ဇူα€œိုင်α€œ ၁၂၊ ၁၃ α€›α€€်α€”ေ့ α€œွတ်α€™ြောα€€်α€’ေα€žα€α€”ေα€›ာα€™ှာ ပြုα€œုပ်တဲ့ ချင်းပြα€Š်α€”α€š် CDM α€€ျα€”်းα€™ာα€›ေးဝန်ထမ်းတွေα€›ဲ့ α€‘α€…α€Š်းထဝေးဆုံးα€–ြတ်ချα€€်α€‘α€›α€œို့ ပြောပါα€α€š်။

 

၂၀၂၅ ဇူα€œိုင်α€œ ပထမထပတ်α€œောα€€်α€€ CNO/CNDF, CNF/CNA α€”ဲ့ CDF-Hualngoram စတဲ့ ချင်းတော်α€œှα€”်α€›ေးα€œα€€်α€”၊α€€်α€€ိုင် ၃ α€–ွဲ့ထကြား α€…α€…်α€›ေးတင်းα€™ာα€™ှုα€€ြောင့် ပ၊α€…်ခတ်α€™ှုထထိ α€–ြα€…်ပွားခဲ့α€€ြတာပါ။

 

ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ုထချင်းချင်း α€œα€€်α€”၊α€€်α€€ိုင်α€–ြေα€›ှင်းတာα€€ြားα€žိα€›α€œို့ α€…ိတ်ထိခိုα€€် ဝမ်းα€”α€Š်းα€›α€žα€œို α€’ီα€–ြα€…်စဉ်တွေα€€ြောင့် ပြα€Š်α€žူထချင်းချင်းထကြား ထမုα€”်းတရားα€™ျားတိုးပွားα€œာပြီး ဆိုးα€€ျိုးထနေα€”ဲ့ α€…ိတ်ပိုင်းဆိုင်α€›ာ၊ α€›ုပ်ပိုင်းဆိုင်α€›ာဒဏ်α€›ာ (α€™α€žα€”်α€…ွα€™်းα€œူα€”ာထပါထဝင်) α€›α€›ှိα€žူတွေ တိုးပွားα€œာα€”ိုင်တာ၊ α€€ျα€”်းα€™ာα€›ေးα€”ဲ့ ပြα€”်α€œα€Š်ထူထောင်α€›ေးα€œုပ်ငန်းတွေ α€”ှောင့်α€”ှေးပြီး ပြα€Š်α€žူ့α€€ျα€”်းα€™ာα€›ေးဆိုင်α€›ာ α€”ောα€€်ဆက်တွဲα€’ုα€€္ခတွေ ပြα€Š်α€žူတွေα€™ှာ α€€ြုံတွေ့α€œာα€”ိုင်α€α€š်α€œို့ ချင်းပြα€Š်α€”α€š် CDM α€€ျα€”်းα€™ာα€›ေးဝန်ထမ်းα€™ျား ထဖွဲ့α€‘α€…α€Š်းα€€ ထကြံပြု α€žα€ိပေးပါα€α€š်။

 

α€’ါ့ထပြင် ချင်းပြα€Š်α€žူα€œူထု၊ တော်α€œှα€”်α€›ေးထဖွဲ့α€‘α€…α€Š်း၊ Supporting Team α€”ဲ့ α€žα€α€„်းα€™ီα€’ီα€šာတွေα€€ိုα€œα€Š်း α€œိုα€€်α€”ာပေးα€€ြα€–ို့ဆိုပြီး ပန်α€€ြားချα€€်ထကြံပြုချα€€်တွေ Chin CDM Medical Network α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

ထချင်းချင်းထမုα€”်းပွားα€…ေα€™α€š့် ထပြောထဆိုဆင်ခြင်α€€ြα€–ို့၊ ထချင်းချင်းတိုα€€်ခိုα€€်α€™α€š့်α€”ေα€›ာα€‘α€žုံးပြုα€™α€š့် α€›α€”်ပုံငွေα€›ှာတာα€™ျိုး α€›ှောင်α€›ှားပေးα€€ြα€–ို့၊ α€œူα€™ျိုးα€›ေး ထမုα€”်းပွားα€…ေα€™α€š့် α€€ိα€…္စရပ်တွေ α€›ေးα€žားα€–ြα€”့်ဝေတာ မပြုα€œုပ်α€€ြα€–ို့၊ ထငြင်းပွားα€–ွα€š် α€€ိα€…္စရပ်တွေα€€ို ငြိα€™်းချα€™်းတဲ့α€”α€Š်းα€œα€™်းα€”ဲ့ ထဖြေα€›ှာα€”ိုင်α€›ေးα€€ိုα€žာ ဦးα€…ားပေးα€”ိုင်α€€ြα€–ို့၊ α€™ိα€™ိထဖွဲ့α€‘α€…α€Š်းα€€ို α€€ူα€Šီα€œိုတဲ့ ဆန္ဒတခုα€α€Š်းα€”ဲ့ ပြα€Š်α€žူα€œူထုα€€ို α€žα€α€„်းα€™ှား α€™α€–ြα€”့်ချိα€€ြα€–ို့ထပါထဝင် ချင်းပြα€Š်ထတွင်း α€€ျα€”်းα€™ာα€›ေး၊ α€•α€Šာα€›ေးα€”ဲ့ ပြα€Š်α€žူ့ဝန်ဆောင်α€™ှုα€œုပ်ငန်းတွေα€€ို ထတားထဆီး မပြုα€œုပ်α€€ြα€–ို့ စတဲ့ထချα€€်တွေ ပါဝင်ပါα€α€š်။

 

α€…α€…်α€€ောင်α€…ီထာဏာα€žိα€™်းတဲ့α€”ောα€€် တနိုင်ငံα€œုံးထတိုင်းထတာ ပြုα€œုပ်ထားတဲ့α€…ာရင်းတွေထရ ထကြα€™်းα€™α€–α€€်ထာဏာα€–ီဆန်α€œှုပ်α€›ှားα€™ှု - Civil Disobedience Movement α€™ှာ ချင်းပြα€Š်α€€ ဝန်ထမ်း ၁၅,၀၀၀ ဝန်းα€€ျင် ပါဝင်ခဲ့ပြီး တနိုင်ငံα€œုံးα€™ှာ CDM ပြုα€œုပ်α€™ှု ထများဆုံး ပြα€Š်α€”α€š်တခု α€–ြα€…်ခဲ့ပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ ၂။ α€–α€œα€™်းα€™ှာ α€–ြα€…်ပွားတဲ့ ပဋိပက္ခထတွင်း မပါဝင်α€˜ူးα€œို့ α€‘α€Šာα€Šီα€”ောင် ထုတ်ပြα€”်

 

α€–α€œα€™်းα€™ြို့α€”α€š်ထတွင်း CNO/CNDF, CNF/CNA α€”ဲ့ CDF-Hualngoram တို့α€›ဲ့ α€œα€€်α€”α€€်α€€ို၊င်ပဋိပက္ခဖြα€…်α€…α€₯်ထတွင်း α€‘α€Šာα€Šီα€”ောင် BNRA α€”ဲ့ GZA ထနေα€”ဲ့ ပါဝင်တာ α€œုံးဝ (α€œုံးဝ) α€™α€›ှိα€˜ူးα€œို့ (ဇူα€œိုင် ၁၃) ထုတ်ပြα€”်ပါα€α€š်။

 

ပြီးခဲ့တဲ့ဇူα€œိုင်α€œ ပထမထပတ်α€œောα€€်α€€ ချင်းတော်α€œှα€”်α€›ေးα€œα€€်α€”α€€်α€€ိုင် ၃ α€–ွဲ့α€›ဲ့α€…α€…်α€›ေးတင်းα€™ာα€™ှုα€€ြား α€‘α€Šာα€™ှာα€›ှိα€”ေတဲ့ BNRA α€”ဲ့ GZA ထပါထဝင် တခြားတော်α€œှα€”်α€›ေးထင်ထားα€…ုတွေ ပါဝင်α€α€š်ဆိုတဲ့ α€…ွပ်α€…ွဲချα€€် α€œူα€™ှုα€€ွα€”်α€›α€€်ပေါ် ပျံ့α€”ှံ့ခဲ့တာပါ။

 

BNRA, GZA ထနေα€”ဲ့ CNO/CNDF ထပါထဝင် α€™α€Ÿာα€™ိတ် ၁၇ α€–ွဲ့α€”ဲ့ထတူ α€–α€œα€™်းα€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးα€€ို ၂၀၂၅၊ ဧပြီα€œα€™ှာ α€–ော်ဆောင်ပြီးα€žα€œို ၂၀၂၅၊ ဇွα€”်α€œα€‘α€ွင်း CNO/CNDF α€€ α€€ြီးα€™ှူးα€€ျင်းပတဲ့ α€…α€”ိုα€€်ပါα€žα€„်တန်းα€™ှာ α€‘α€Šာα€Šီα€”ောင် (BNRA, GZA) α€™ှ α€žα€„်တန်းα€žားထချို့ α€…ေα€œွှတ်ခဲ့ပေα€™α€š့် α€œα€်α€α€œောပဋိပက္ခကြောင့် α€…ေα€œွှတ်ထားα€žူတွေα€€ို ပြα€”်α€œα€Š်ခေါ်ဆောင်ခဲ့ပြီးα€–ြα€…်α€α€š်α€œို့ α€‘α€Šာα€Šီα€”ောင်α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ချင်းတော်α€œှα€”်α€›ေးα€Šီထစ်α€€ိုတွေထနေα€”ဲ့ α€œα€€်α€›ှိထခက်ထခဲထကျပ်α€‘α€α€Š်းတွေα€€ို ထကောင်းဆုံးရင်ဆိုင်α€€ျော်α€œွှားα€”ိုင်α€–ို့ α€‘α€Šာα€Šီα€”ောင်α€€ ဆန္ဒပြုတဲ့ထကြောင်းα€œα€Š်း α€–ော်ပြထားပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ ၃။ α€₯α€€α€›α€…်ထစခန်းα€€ို KNLA α€”ဲ့ ပူးပေါင်းတပ်α€žိα€™်းပိုα€€်၊ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၁၀၀ ဝန်းα€€ျင် ထိုင်းα€˜α€€် ထွα€€်ပြေး 

 

ကရင်ပြα€Š်α€”α€š် α€™ြဝတီα€™ြို့တောင်α€˜α€€် ထိုင်းα€”α€š်စပ်ထနီးα€›ှိ α€…α€…်α€€ောင်α€…ီα€›ဲ့ α€₯α€€α€›α€…်ထစခန်းα€€ို ကရင်ထမျိုးα€žားα€œွတ်α€™ြောα€€်α€›ေးတပ်မတော် (KNLA) α€”ဲ့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ် (PDF) ပူးပေါင်းတပ်တွေα€€ ဇူα€œိုင် ၁၂ α€›α€€်α€™α€”α€€်ထစောပိုင်း တို၊α€€်ခိုα€€်တာα€€ြောင့် α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၁၀၀ ဝန်းα€€ျင် ထိုင်းα€”ိုင်ငံထွα€€်ပြေးα€œာα€α€š်α€œို့ The Reporters α€žα€α€„်းα€Œာα€”α€€ ဇူα€œိုင်α€œ ၁၂ α€›α€€်α€”ေ့ α€–ော်ပြပါα€α€š်။

 

ထိုင်းα€”ိုင်ငံα€˜α€€်ထွα€€်ပြေးတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ို ထိုင်းထာဏာပိုင်တွေα€€ α€œူα€žားချင်းဆိုင်α€›ာထကူα€‘α€Šီပေးထားα€α€š်α€œို့ ဆိုပါα€α€š်။

 

ထိုင်းα€”α€š်စပ်ထနီး α€…α€…်α€€ောင်α€…ီထခြေα€…ိုα€€် α€₯α€€α€›α€…်ထစခန်းα€žိα€™်းα€”ှα€…်α€˜α€€်တို၊α€€်ပွဲα€€ြောင့် α€”α€š်စပ်α€›ှိ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူ ၄၆၇ ဦးα€€ို α€œα€€်ခံထားα€žα€œို α€žူတို့ထတွα€€်α€œိုထပ်တဲ့ထကူα€‘α€Šီပေးα€”ေα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment