၂၀၂၅ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။  ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းအတွက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး တိုက်တွန်းနှိုးဆော်

📌 ၂။ Gender Task Force Team ပထမအကြိမ် အစည်းအဝေး ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်

📌 ၃။ မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာပေးပို့

📌 ၄။ မွန်-ထားဝယ် အင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့ပြီး အနာဂတ်တွင်  အချင်းချင်း လက်တွဲလုပ်ဆောင်နိုင်မှု အားကောင်းလာစေရန် သဘောတူညီခဲ့

📌 ၅။ လှတောကျေးရွာ ဓါးပြမှု တရားခံများကို ဖမ်းဆီးရမိထားပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေ

📌 ၆။ "တော်လှန်ရေးမှာပါဝင်နေတဲ့  ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လေးစားဂုဏ်ပြုတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းပြော

📌 ၇။ ရွှေညဝါဆရာတော်ရဲ့ အန္တိမဈာပန အခမ်းအနား ကျင်းပ


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ နောင်ချိုမြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး PSLF/TNLA အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့တွေ မြို့ကိုစွန့်ခွာ

🚩၂။ ပခုက္ကူလေယာဉ်ကွင်း အနောက်ဘက် ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦး အပါအဝင် ဦး သေဆုံး

🚩၃။ မြင်းခြံမှာ မူးယစ်ဆေး သုံးစွဲနေတဲ့ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ ပျူ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ

🚩၄။ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့ဆုံးကနေတိုက်ပွဲဝင်ခိုင်းတာလို KNLA ထံ အလင်းဝင်လာတဲ့ စစ်သားသစ်တွေ ပြော

🚩၅။ ပေါက်ခေါင်းမြို့ ခလရ ၅၃ က စစ်ကောင်စီ တပ်သား ဦး လက်နက်ဖြင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းအတွက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး တိုက်တွန်းနှိုးဆော်


ဇူလိုင်လ ၁၆ရက် 

Radio NUG 


ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေးကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒေါက်တာဇော်ဝေစိုး

"ကျွန်တော်တို့ ဝန်ကြီးဌာန ခုပေါင်းပြီး လုံခြုံသောပညာရေး လုံခြုံသောကျောင်းဖြစ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ခဲ့တယ်၊ ဒါပေမယ့် ဖက်ဆစ်စစ်တပ်က ဒီကျောင်းတွေနဲ့ ကလေးတွေနဲ့ ဆရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့် ခုချိန်မှာ ကျွန်တော်တို့ ပိုမိုပြီးတော့ စိတ်ချလုံခြုံဘေးကင်းအောင် ဆောင်ရွက်ဖို့လိုလာတယ်။ ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့ early warning system ကြိုတင်သတိပေးစနစ် ဗုံးခိုကျင်း ခိုင်မာသော ကောင်းမွန်သော ဗုံးခိုကျင်း ကျောင်းတိုင်းမှာရှိအောင် ဒဏ်ရာရခဲ့ရင် ပြုစုစောင့်ရှောက်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ခု ဘေးကင်းလုံခြုံသောကျောင်း ဘေးကင်းလုံခြုံသောပညာရေး safe school safe education ကမ်ပိန်းကို ပြုလုပ်ပြီးတော့ ကျွန်တော်တို့ ပညာရေး ကလေးများ ကျောင်းသူ ကျောင်းသားများ ကျွန်တော်တို့ရဲ့ အနာဂတ်ကလေးတွေ ကျောင်းသူ ကျောင်းသားတွေ  အသက်မဆုံးရှုံးရအောင် ဆရာ ဆရာမတွေ စိတ်ချလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့အတွက် အခု fandraising campaign ကို လုပ်ရခြင်းဖြစ်ပါတယ်။ အားလုံးပါဝင်ကြဖို့ ကျွန်တော့အနေနဲ့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ မြေပြင်မှာ ကျောင်းပေါင်း ၆၀၀၀ကျော်ရှိတယ်။ ကျောင်းသားပေါင်း ၉သိန်းကျော်ရှိတယ်။ သူတို့အတွက် ကျွန်တော်တို့ ခုချိန်မှာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပမြန်မာပြည်သူ ပြည်သားများ နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားများအနေနဲ့ ကျွန်တော်တို့ကို အခုလိုမျိုး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ကျောင်းသူ ကျောင်းသားလေးများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ပါဝင်ကြပါလို့ ကျွန်တော်ဒီနေရာကနေတိုက်တွန်းပါတယ်။"


အမေရိကန်ဒေါ်လာ () သိန်း ရည်မှန်ထားတဲ့ အဆိုပါကမ်ပိန်းကာလသည် ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ ဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့် ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက်ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၂။ Gender Task Force Team ပထမအကြိမ် အစည်းအဝေး ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်


ဇူလိုင်လ ၁၆ရက် 

Radio NUG 


ဇူလိုင်လ (၁၆)ရက် မနက် (၁၀)နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဂျဲန်ဒါတန်းတူညီမျှရေးမူဝါဒအရ  ဖွဲ့စည်းသည့် ဂျဲန်ဒါတန်းတူညီမျှရေးဆိုင်ရာ ဌာနပေါင်းစုပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


Gender Task Force Team ပထမအကြိမ် အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးဆုံးဖြတ်ချက်များအရ ဂျဲန် ဒါဆန်းစစ်ချက်သင်တန်းပြုလုပ်ရန်၊ ဝန်ကြီးဌာန အချို့ထုတ်ပြန်ထားသည့် မူဝါဒများကို ဂျဲန်ဒါဆန်းစစ်ချက် ပြန်လည်ပြုလုပ်ရန်တို့ ပါဝင်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာပေးပို့


ဇူလိုင်လ ၁၆ ရက်

Radio NUG 


မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့ပြီးနောက် ၅၃ လကျော်ကြာလာသော်လည်း ပြည်သူများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကြောင့် လူပေါင်း ,၉၆၂ ဦး သေဆုံးခဲ့ပြီး၊ သောင်းနှင့်ချီသော ပြည်သူများ ဖမ်းဆီးခံရကာ ညှဉ်းပန်းနှိပ်စက်ခံရသည့်အပြင် လူပေါင်း . သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူပေါင်း ၂၀ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာပေးပို့ခဲ့ပါတယ်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၂၃၅ ဦး၊ အမျိုးသား ၁၉၃ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ကလေးငယ် ၁၀၅ ဦးလည်း ပါဝင်ကာ  စစ်ကိုင်းတိုင်းသည် လူ ၁၃၀ ဦး သေဆုံးမှုဖြင့် ထိခိုက်မှု အဆိုးရွားဆုံး ဒေသဖြစ်သလို ရခိုင်ပြည်နယ်တွင် ၆၈ ဦး သေဆုံးခဲ့တယ်လို့ ပေးပို့သည့်စာတွင် ဖော်ပြထားပါတယ်။


 ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူ ၈၈ ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းတွင် ၁၆ ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။


မေလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀၃ ဦး၊ ကလေးငယ် ၄၇ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ၁၂၈ မှု၊ မန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၇၁ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၅၄ ကြိမ် ဖြစ်ပွားခဲ့ကာ နေအိမ် ၃၄၁ လုံး၊ ကျောင်း ၁၇ ကျောင်း၊ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံ ၁၂ ခုနှင့် ဆေးခန်း ခုကို ဖျက်ဆီးခံခဲ့တယ်လို့ ဆိုထားပါတယ်။


လူ့အခွင့်အရေးချိုးဖောက်မှုများအနက် တရားလွန်သတ်ဖြတ်မှု (၁၂၂ မှု) သည် ထိပ်ဆုံးတွင် ရှိနေပြီး အိမ်ခြံမြေ ဖျက်ဆီးမှု (၁၁၉ မှု) အတင်းအဓမ္မ အလုပ်ခိုင်းစေမှု (၅၀ မှု) အတင်းအဓမ္မ နေရပ်စွန့်ခွာရမှု (၃၈ မှု) နှင့် အကြောင်းမဲ့ ဖမ်းဆီးမှု (၃၃ မှု) တို့လည်း ပါဝင်တယ်လို့ ရေးသားထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ သတင်းထောက် ၂၂၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၁ ဦးမှာ ယခုအချိန်ထိ အကျဉ်းချခံထားရသလို နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် သိသာထင်ရှားသည့် ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။


အခြားတစ်ဖက်တွင် ခုခံတော်လှန်ရေး အင်အားစုများ၏ နယ်မြေများ သိမ်းပိုက်မှု၊ ဂျက်ဖိုက်တာ ပစ်ချခံရမှု၊  ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် စစ်တပ်၏ စခန်းလေးခုကို သိမ်းပိုက်ခဲ့မှုများလည်း ရေးသားထားပါတယ်။


မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်  ပြတ်သားသည့် လုပ်ဆောင်ချက်များ ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ပြီး စစ်တပ်အား လက်နက်၊ လေယာဉ်ဆီနှင့် ရန်ပုံငွေများ ဖြတ်တောက်ခြင်းဖြင့်သာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းသော အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ရေးသားပေးပို့ခဲ့ပါတယ်။


========================


📌📌 ၄။ မွန်-ထားဝယ် အင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့ပြီး အနာဂတ်တွင်  အချင်းချင်း လက်တွဲလုပ်ဆောင်နိုင်မှု အားကောင်းလာစေရန် သဘောတူညီခဲ့


ဇူလိုင်လ ၁၆ရက် 

Radio NUG 


ရာမညဖက်ဒရယ်အင်အားစုသစ် NRFF မှ ဦးဆောင်ပြီး မွန်-ထားဝယ်တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁-၁၂ ရက်နေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဘက်မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပြီး ထားဝယ်ဘက်မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နှစ်ရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲအတွင်း မွန်နှင့် ထားဝယ် ဒေသတွင်း တွေ့ကြုံလျက်ရှိသော နိုင်ငံရေး စစ်ရေးဆိုင်ရာ အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင်  အချင်းချင်း လက်တွဲလုပ်ဆောင်နိုင်မှု အားကောင်းလာစေရန် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။


၂၀၂၄ ခုနှစ်အတွင်း၌လည်း မွန်-တနင်္သာရီ လူငယ်တွေ့ဆုံပွဲတစ်ခုကို ရာမညဖက်ဒရယ်အင်အားစုသစ် NRFF မှ တနင်္သာရီအင်အားစုများနှင့် လက်တွဲကာ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ လှတောကျေးရွာ ဓါးပြမှု တရားခံများကို ဖမ်းဆီးရမိထားပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေ


ဇူလိုင်လ ၁၆ ရက် 

Radio NUG


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာ ဓါးပြတိုက်မှု တရားခံ ၁၁ ဦးကို ဖမ်းဆီးရမိထားပြီး ရပ်ကျေး ပကဖ အဖွဲ့ဝင် ဦးလည်း ပါဝင်နေကာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဝက်လက်မြို့နယ် ပကဖ က သတင်း ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၃ ရက်နေ့ ၁၁ နာရီခွဲ အချိန်မှာ လှတောကျေးရွာရှိ နေအိမ်တစ်လုံးကို လက်နက်ကိုင် အစုအဖွဲ့တစ်ခုမှ ဓါးပြတိုက်ခဲ့ပြီး ကျူးလွန်သူထဲက ဦးဟာ အိမ်ရှင်ဖြစ်သူ ကိုညောင်ပင်ကြီးကို ဓါးဖြင့် ချက် ထိုးခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ 


ယင်းဓါးပြတိုက်မှုကို ညတွင်းချင်းသတင်းရတာကြောင့် ရပ်ကျေး ပကဖ၊ ပအဖ များကို ဖမ်းဆီးဖို့ သတင်းဖြန့်ဝေခဲ့ကာ မနက် နာရီတွင် ဥယျဉ်မရွာ ပကဖ/ပအဖ က အဓိကတရားခံ ပူတူးမ၊ ဂျမ်းဂျမ်းနဲ့ ဘယ်လေးတို့ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် မြို့နယ် ပကဖနဲ့ ဒွန်တဲကုန်း ပကဖ တို့က တရားခံ သီဟ၊ မန်းလေး၊ ကြောင်နက်နဲ့ အောင်မျိုး တို့ ဦး၊ ကျောက်တိုင် ပကဖ/ပအဖ က တရားခံ မှတ်ကြီး၊ တွတ်ပီ (သခွတ္တော ပကဖ အဖွဲ့ဝင်) တို့ ဦးနဲ့ ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာ ပကဖ က တရားခံ ပေါက်စ၊ လေပွေ(ကျီးကန် ပကဖ အဖွဲ့ဝင်) တို့ ဦးကို ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။


တရားခံများနှင့်အတူ ဖုန်း ၁၃ လုံး၊ MA 1 တစ်လက်၊ AK47 တစ်လက်၊ လက်လုပ်အတို () လက်၊ 7.62 ကျည် ၁၆ တောင့်၊ 5.56 ကျည် ၁၅ တောင့်၊ 9mm ကျည် တောင့်၊ ဓါး အတို လက်၊ ဆိုင်ကယ် စီး၊ ငွေသား စုစုပေါင်း ,၆၁၅,၀၀၀ (ကိုးဆယ့်ခြောက်သိန်းတစ်သောင်းငါးထောင်) ကျပ်၊ MAB Bank Card ခု၊ ဖုန်းဘေ ,၀၀၀ တန် ၃၅ ကဒ်နဲ့ ,၀၀၀ တန် တစ်ကဒ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တရားခံများကို ဝက်လက်မြို့နယ် ပကဖ ထံ သက်သေခံ ပစ္စည်းများနှင့်အတူ အပ်နှံခဲ့ပြီး ဝက်လက်မြို့နယ် ပကဖ သတင်းတာဝန်ခံနဲ့ ရွှေဘိုခရိုင် တပ်ရင်း () IO တို့က စစ်ဆေးမေးမြန်းခဲ့ရာ ကျူးလွန်သူများက အသီးသီး ဝန်ခံ ထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။


တရားခံများထဲမှာ ရပ်ကျေး ပကဖ အဖွဲ့ဝင် ဦး၊ မိတ္ထီလာတပ်ရင်း ဒုန်းတပ်ဖွဲ့မှ ဦး၊ အဖွဲ့အစည်း စိစစ်ဆဲ ဦး၊ အရပ်သား ဦးနဲ့ အဖွဲ့အစည်း အတည်တကျမရှိတဲ့ တရားမဝင် လက်နက်ကိုင်ဆောင်သူ ဦးတို့ ပါဝင်နေပြီး တရားစွဲဆိုနိုင်ရေးအတွက် ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ "တော်လှန်ရေးမှာပါဝင်နေတဲ့  ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လေးစားဂုဏ်ပြုတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းပြော


ဇူလိုင်လ ၁၆ရက်

Radio NUG

"တော်လှန်ရေးမှာပါဝင်နေတဲ့  ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လေးစားဂုဏ်ပြုတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။


"မေမေရဲ့ နှစ် ၈၀ ပြည့်မွေးနေ့ အစီအစဉ်တွေ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့နောက်မှာတော့ Social Media ကနေ ခဏအနားယူပြီး လုပ်ခဲ့သမျှ အရာတွေအတွက် ပြန်ဆင်ခြင်သုံးသပ်မိပါတယ်။ မေမေ မတရားဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နှစ်ကျော် နှစ်အတွင်းမှာ ကျွန်တော်ရော မေမေကိုချစ်သူတွေ မေမေ့အတွက် ကြိုးစားနေကြတယ်"လို့ ပြောပါတယ်။


တော်လှန်ရေးကာလ နှစ်ထဲဝင်လာတဲ့ အချိန်မှာ ပါဝင်နေတဲ့လူတွေအတွက် ခရီးလမ်းက ကြာရှည်ပြီး လွယ်ကူမနေဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။


"ကျွန်‌တော်တို့ ပင်ပန်းကြပါတယ်။ အားတင်းထားပါ။ ပြီးရင် အတူတူ ဆက်ပြေးကြမယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားကြမယ်" လို့ ကိုထိန်လင်းမှ အားပေးစကား ပြောခဲ့ပါတယ်။


========================


📌📌 ၇။ ရွှေညဝါဆရာတော်ရဲ့ အန္တိမဈာပန အခမ်းအနား ကျင်းပ


ဇူလိုင်လ ၁၆ရက်

Radio NUG

ရွှေညဝါ ဆရာတော်ရဲ့အန္တိမစျာပနအခမ်းနားကို ဇူလိုင်လ ၁၆ရက်နေ့ ညနေ လေးနာရီခွဲအချိန်မှာ ဆရာတော်သီတင်းသုံးရာ မှော်ဘီမြိုရှိ ရွှေညဝါကျောင်းမှာ ကျင်းပခဲ့ပါတယ်။

သာသနာ့အကျိုး၊ မြန်မာပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက် နှစ်ပေါင်းလေးဆယ်ကျော် သယ်ပိုးဆောင်ရွက်ခဲ့ပြီးနောက် ဆရာတော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် အသည်းရောဂါကို ပြည့်ပြည့်စုံစုံကုသခွင့်မရခဲ့ဘဲ အချိန်မတိုင်ခင် ဘဝနတ်ထံပျံလွန်တော် မူခဲ့ရတာဖြစ်ပါတယ်။ ဆရာတော်ရဲ့ နောက်ဆုံးခရီးကို ရပ်ဝေးရပ်နီးက ဒါယိကာ၊ ဒါယိကာမတွေ အများအပြားလာရောက်ပိုဆောင်ခဲ့ကြပြီး ကြက်ပျံမကျစည်ကားခဲ့ပါတယ်။ ဆရာတော်ရဲ့ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို  ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၇နာရီမှာ ရန်ကုန်မြစ်ထဲကို မျှောချပူဇော်သွားမှာဖြစ်ပါတယ်။

ဆရာတော်ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့အတွက် အမေရိကန်သံရုံး၊ နွေဦးတော်လှန်ရေးအဖွဲဝင်များက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကို ပေးပိုခဲ့ကြပြီး နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းအသီးသီးက လွမ်းသူ့ ပန်းခြင်းများ၊ ပန်းခွေများကိုပို့ဆောင်ပေးခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မကြေးမုံနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ နောင်ချိုမြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး PSLF/TNLA အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့တွေ မြို့ကိုစွန့်ခွာ


ဇူလိုင်လ ၁၆ ရက် 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့စီမံ အုပ်ချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာတဲ့အတွက် အရပ်ဘက် စီမံအုပ်ချုပ်မှု ရုံးတွေကို အခြားလုံခြုံတဲ့ နေရာသို့ ပြောင်းရွှေ့ထားကြောင်း PSLF/TNLA က အသိပေး ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ မေလက စတင်ကာ နောင်ချိုမြို့တွင်းနဲ့ အနီးနား ကျေးရွာများကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်ခြင်းများ နေ့စဉ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအပြင် တိုက်ပွဲမရှိတဲ့ နေရာများတွင် အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် မိဘပြည်သူ လူထုများ နီးစပ်ရာ မြို့များကို ပြောင်းရွှေ့ကာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


၂၀၂၅ မေလမှ ဇူလိုင်လ ၁၅ ရက်နေ့ထိ စစ်ကောင်စီရဲ့ အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ တိုက်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့ မြို့တွေရှိ ပြည်သူ ၂၃ ဦး သေဆုံးကာ ၈၈ ဦး ဒဏ်ရာရခဲ့ပြီး ဘာသာရေးအဆောက်အအုံ ခု၊ စာသင်ကျောင်း ကျောင်းနဲ့ နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နောင်ချိုမှာ မေလမှ ဇူလိုင် ၁၅ ရက်နေ့အထိ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲ ၃၉၁ ကြိမ်ထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ လေကြောင်း တိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၆၂ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ,၆၉၂ ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် ၁၈၆ ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


ပြည်သူလူထု အနေဖြင့် တိုက်ပွဲများကြား ညှပ်မပိတ်မိစေအောင် နေထိုင်သွားလာကြဖို့နဲ့ လေကြောင်းအန္တရာယ် ကာကွယ်‌ရေး လမ်းညွှန်ချက်များကို လိုက်နာကြဖို့ လိုအပ်သလို ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့ မြို့တို့မှာလည်း လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေတာကြောင့် သတိဝီရိယဖြင့် သွားလာနေထိုင်ကြဖို့ကို TNLA က အသိပေးထားပါတယ်။


========================


🚩🚩၂။ ပခုက္ကူလေယာဉ်ကွင်း အနောက်ဘက် ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦး အပါအဝင် ဦး သေဆုံး


ဇူလိုင်လ ၁၆ ရက် 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့က လေယာဉ်ကွင်း အနောက်ဘက်မှာ ပတ်ကင်း ပတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၅ ရက်နေ့ ညနေ နာရီခန့်မှာ လေယာဉ်ကွင်း အနောက်ဘက်ကို ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဟာ ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်နေတဲ့ Southern Yesagyo Local ပင်မစစ်ကြောင်းနဲ့ ထိပ်တိုက်မတိုးဘဲ အရံ ကင်းအဖွဲ့နဲ့ ပစ်ခတ်တိုက်ပွဲ ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ခလရ ၂၅၄ တပ်ရင်းမှ အရာရှိ တစ်ဦး အပါအဝင် ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်းများကို ဇူလိုင်လ ၁၆ ရက်‌ နေ့လယ်ပိုင်းမှာ သုံးဘီး အစိမ်းရောင် တစ်စီးဖြင့် ပခုက္ကူမြို့ကို သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။ 


အဆိုပါ တိုက်ခိုက်မှုကို  Southern Yesagyo Local တပ်ပေါင်းစု Southern YSO PDF ပြည်သူ့အားမာန် PDF ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG) နဲ့ King Cobra တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၃။ မြင်းခြံမှာ မူးယစ်ဆေး သုံးစွဲနေတဲ့ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ ပျူ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ


ဇူလိုင်လ ၁၆ ရက် 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာက ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်မိုက်ခဲ က သတင်းထုတ်ပြန်ထားပါတယ်။


ပျူစောထီး အထိုင်စခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ပျူစောထီး ၁၀ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး အပြန်လှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ပျူစောထီး ဦး သေဆုံးကာ လက်ပစ်ဗုံး လုံး၊ ကျည်ဘောက် ဘောက်နဲ့ ရိက္ခာပစ္စည်းပုံး ပုံး တို့ကို သိမ်းဆည်းရရှိခဲ့ကာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း မြင်းခြံမြို့ ဘက်ကနေ ရိက္ခာပို့ဖို့ ထွက်ခွာလာတဲ့ ကားတစ်စီးကိုပါ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


ယခု စစ်ဆင်ရေးကိုပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဇွန်လ ရက်နေ့က တူးရွင်းဘိုရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အတွက် လက်စားချေ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။


========================


🚩🚩၄။ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့ဆုံးကနေတိုက်ပွဲဝင်ခိုင်းတာလို KNLA ထံ အလင်းဝင်လာတဲ့ စစ်သားသစ်တွေ ပြော


ဇူလိုင်လ ၁၆ရက်

Radio NUG

ပြည်သူ့အစိုးရဆီကနေ အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်မှုထမ်းတပ်သားသစ်တွေကို စစ်မြေပြင်မှာ ရှေ့ဆုံးကနေ တိုက်ပွဲဝင်ခိုင်းနေတယ်လို့ ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ဆင်ရေးကနေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်‌ - KNLA ထံ အလင်းဝင်လာတဲ့ တပ်သားသစ်တွေက ပြောပါတယ်။

KNLA ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ ထွက်ဆိုချက်ကို KNLA ဗဟို ဌာနချုပ်က ဇူလိုင် ၁၅ နဲ့ ၁၆ မှာ ထုတ်ပြန်ခဲ့တာမှာ အလင်းဝင်စစ်သားတွေက အခုလို ထွက်ဆိုထားတာဖြစ်ပါတယ်။

KNLA ဗဟိုဌာနချုပ်က ဇူလိုင် ၁၅ နဲ့ ၁၆ မှာ အောင်ဇေယျစစ်ဆင်ရေးကနေ အလင်းဝင်လာတဲ့ စကခ ၁၂ လက်အောက်ခံ ခမရ - ၃၅၅ က တပ်သား ကောင်းထက်အောင်၊ ခမရ - ၃၅၅ က တပ်သားအောင်နိုင်လေး၊ ခမရ - ၁၁၇ က တပ်သား နှောင်ဖြိုးဝေတို့ရဲ့ ထွက်ဆိုချက်ရုပ်သံကို ထုတ်ပြန် ဖော်ပြထားပါတယ်။

"ကျနော်တို့ကို မဖြစ်နိုင်တဲ့ဟာတွေ လုပ်ခိုင်းတာ အရှေ့ကနေလွှတ်ပြီးတော့ ထိုးကျွေးသလိုဖြစ်လာတဲ့အတွက် ထွက်လာတာ"လို့ တပ်သားသစ် ကောင်းထက်အောင်က ပြောပါတယ်။

ခမရ - ၃၅၅ တပ်က တပ်သားအောင်နိုင်လေးကလည်း စစ်တပ်က မဖြစ်နိုင်တာတွေ အမိန့်ပေးခိုင်းစေနေတာကြောင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။

တပ်ထဲမှာ ညှင်းပမ်းနှိပ်စက်တာတွေရှိသလို တိုက်ပွဲဖြစ်နေချိန်မှာလည်း အနောက်ကိုပြန်ဆုတ်တာနဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေရှိတယ်လို့ အလင်းဝင်တပ်သား အောင်နိုင်လေးက ပြောပါတယ်။

တပ်သားနှောင်ဖြိုးဝေဟာ စစ်သားစုဆောင်းခံရပြီး သင်တန်းကို ရောက်ချိန်ကတည်းက စစ်တပ်ကနေ ထွက်ပြေးခဲ့တာမှာ ပြန်ပြီး အဖမ်းခံရတဲ့အတွက် နှိပ်စက်ခံရကြောင်းနဲ့ သင်တန်းပြီးချိန်မှာ ဟဲဟိုးမြို့က ခမရ ၁၁၇ တပ်ရင်းကနေ ရှေ့တန်းကို အပို့ခံရတယ်လို့ သိရပါတယ်

 စစ်မှုထမ်းတပ်သားသစ် နှောင်ဖြိုးဝေဟာ အာဏာသိမ်း စစ်ကောင်စီကို အရင်ကတည်းက မုန်းတီးနေသူတစ်ဦး ဖြစ်ပါတယ်။

လူငယ်တွေကို စစ်မှုထမ်းခိုင်းတာကို ကာယကံရှင်တွေအပြင် မိဘတွေက မလိုလားဘူးလို့လည်း တပ်သားသစ် နှောင်ဖြိုးဝေ က ပြောပါတယ်။

အောင်ဇေယျစစ်ဆင်ရေးကနေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်‌ - KNLA ထံ အလင်းဝင်လာတဲ့ တပ်သားသစ်တွေဟာ တပ်ထဲမှာကျန်နေတဲ့ စစ်သားတွေ စစ်ကောင်စီအတွက် လက်နက်မကိုင်ဘဲ တော်လှန်ရေးဘက်ကို ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ ပေါက်ခေါင်းမြို့ ခလရ ၅၃ က စစ်ကောင်စီ တပ်သား ဦး လက်နက်ဖြင့် အလင်းဝင်


ဇူလိုင်လ ၁၆ ရက် 

Radio NUG


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ခလရ (၅၃) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်က (၃၆၀၁) တပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့က ခလရ (၅၃) တပ်မှ စစ်သား ဦးဟာ MA-4 တလက်၊ MA-3 တလက်၊ 5.56 ကျည် ၃၈၄ တောင့်၊ 40mm ဗုံးသီး ၁၆ လုံး၊ လက်ပစ်ဗုံး လုံးနဲ့ ကျည်ဘောက် ခုကို ယူဆောင်လာခဲ့ကာ အလင်းဝင် ခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။ 


အလင်းဝင် တပ်သား ဦးအား (၃၆၀၁) တပ်ရင်းမှ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးခဲ့ကာ ဂုဏ်ပြုငွေ ကျပ်သိန်း ၇၀ ချီးမြှင့်ပေးခဲ့ပြီး ပြည်သူများမှလည်း ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ် အမှားအမှန် သိမြင်ကာ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြိုဆိုလျက်ရှိပြီး ဂုဏ်ပြုဆုငွေ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment