၂၀၂၅ ဇူလိုင်လ ၂၂ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် နိုင်ကျဉ်းသူ မဝတ်ရည်အောင်ရဲ့ဈာပနကို ရေဝေးသုဿန်တွင်ပြုလုပ်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ခရိုင်တွေမှာ WIPHA မုန်တိုင်းသက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီးလေပြင်းတိုက်ခတ်နိုင်တဲ့သတိပေးချက်များ ဖုန်းနဲ့မက်ဆေ့ချ်ပေးပို့ရာမြန်မာရွှေ့ပြောင်းနေထိုင်သူများပါရရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရောင်နီ U.S Tour ရဲ့  ပွဲမြောက် ရောင်နီ Live in Texas ပွဲမှအမေရိကန် ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်ရရှိခဲ့


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ကစယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရီးသည် ၅ဦးဒဏ်ရာရရှိပြီး၊ ကားမောင်းသူတစ်ဦးသေဆုံး

🚩၂။ သပိတ်ကျင်းမြို့နယ်၊ကျောက်ဖျာရွာအနီးမှ ထွက်ခွါလာသော စကစသင်္ဘော ၁၂ စီးဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ဆန်တက်နေပြီး ကျေးရွာများအားရမ်းသမ်းပစ်ခတ်

🚩၃။ မြန်မာနိုင်ငံတွင် ၂၀၂၃ မှ၂၀၂၅ ခုနှစ် ဇွန်လအထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေသုံးထောင်ကျော်တွင် သေဆုံးသူ သုံးထောင့်နှစ်ရာကျော်ရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် နိုင်ကျဉ်းသူ မဝတ်ရည်အောင်ရဲ့ဈာပနကို ရေဝေးသုဿန်တွင်ပြုလုပ်ခဲ့


ဇူလိုင် ၂၂ရက်


သေရင်မြေကြီး ရှင်ရင်ရွှေထီပဲ ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ ငါတို့မျိုးဆက် ရွှေထီးဆောင်းရစေမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနှင့်အတူ  စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်သည် အင်းစိန်အကျဉ်းထောင်အတွင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့က ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ မဝတ်ရည်အောင်ရဲ့ စျာပနအခမ်းအနားကို ရေဝေးသုဿန်မှာ ဒီကနေ့ ဇူလိုင်လ ၂၂ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ၏ထုတ်ပြန်ချက်မှာတော့ မဝတ်ရည်အောင်(၂၀၀၀- ၂၀၂၅)သည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်  ၂၀၀၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် အဖ ဦးသန်းမောင် (ကွယ်လွန်) အမိ ဒေါ်လှလှအေးတို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။မွေးချင်း ငါးဦးအနက် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်မည် မီးမီး၊အပြုံး။


..က.(သုဝဏ္ဏ) တွင် ဆယ်တန်းအောင်မြင်ပြီး ၂၀၁၇ ခုနှစ်တွင် ဒဂုံတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်အထူးပြုဖြင့် ပညာသင်ယူခဲ့သည်။


၂၀၁၈ ခုနှစ်တွင် Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ဒဂုံတက္ကသိုလ် Cheer leaders အဖွဲ့တွင်လည်းပါဝင်ခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂသို့ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စများတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။


၂၀၂၀ ပြည့်နှစ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်းသားများအစည်းအရုံး ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။


၂၀၂၀ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်၊ကုသရေးအတွက် Quaratine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင်သာမက ရခိုင်ပြည်နယ်အထိသွားရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။


၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။


၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ဦးနှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်။ စစ်ကြောရေး၏ ပြင်းထန်သော နှိပ်စက်မှုများကြောင့် ဖမ်းဆီးခံရပြီး သုံးလအကြာတွင် လေဖြန်းဝေဒနါခံစားရသည်။


၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရသည်။ ဧပြီလတွင် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည်။ ထို့နောက် ကျန်းမာရေးဆိုးရွားလာသဖြင့် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံရသည်။


၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၄နှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၇နှစ်ဖြစ်လာသည်။


အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားသော အကျဉ်းထောင်စနစ်များကြောင့် ဆေးကုသမှူလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံကြောင့် မကြာခဏတက်ခြင်း၊ သတိလစ်ခြင်း နှလုံးရပ်ခြင်းများ ဖြစ်ပွားခဲ့သည်။


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက် () နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ခရိုင်တွေမှာ WIPHA မုန်တိုင်းသက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီးလေပြင်းတိုက်ခတ်နိုင်တဲ့သတိပေးချက်များ ဖုန်းနဲ့မက်ဆေ့ချ်ပေးပို့ရာမြန်မာရွှေ့ပြောင်းနေထိုင်သူများပါရရှိ


ဇူလိုင် (၂၂)ရက်


ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ခရိုင်တွေမှာ WIPHA မုန်တိုင်းသက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီးလေပြင်းတိုက်ခတ်နိုင်တဲ့သတိပေးချက်များ ဖုန်းနဲ့မက်ဆေ့ချ်ပေးပို့ရာမြန်မာရွှေ့ပြောင်းနေထိုင်သူများပါရရှိခဲ့ပါတယ်။


ထိုင်းနိုင်ငံမှာသဘာဝဘေးအန္တရာယ်သတိပေးချက်နဲ့ ရာသီဥတုအခြေအနေကို တယ်လီဖုန်းမက်ဆေ့ချ်မှတဆင့်သတိပေးချက်များပေးပို့တဲ့စနစ်ကိုကျင့်သုံးလျက်ရှိပါတယ်။


"မုန်တိုင်းသတိပေးချက် alert ဖုန်းထဲဝင်တာကိုတွေ့ပါတယ်။မြေနိမ့်ပိုင်းတွေ၊ မြစ်ကမ်းပါးတွေ၊ တောင်စောင်းတွေမှာ ရုတ်တရက်ရေကြီးတာ၊ မြစ်ရေလျှံတာ၊ သစ်တောတွေက ရေစီးဆင်းတာ၊ မြေပြိုတာတွေ ဖြစ်နိုင်ခြေရှိလို့ သတိထားဖို့လိုပါတယ်။အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်သူတွေက ပစ္စည်းတွေကို ပိုမြင့်တဲ့နေရာကို ရွှေ့ပြောင်းထားဖို့၊ ထိခိုက်လွယ်တဲ့ လူတွေကို လုံခြုံတဲ့နေရာတွေဆီ ရွှေ့ပြောင်းဖို့၊ လိုအပ်ရင် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်"လို့မြန်မာရွှေ့ပြောင်းနေထိုင်သူတဦးကဆိုထားပါတယ်။


"WIPHA" လို့ခေါ်တဲ့ မုန်တိုင်းဟာ မြောက်ဗီယက်နမ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ကုန်းတွင်းကို ဝင်ရောက်ပြီး အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။


မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ခရိုင်တွေဖြစ်တဲ့ Nan, Phayao, Chiang Rai, Lamphun, Lampang, Phrae, Uttaradit, Chiang Mai, Mae Hong Son, Tak, Nong Khai, Bueng Kan, Nakhon Phanom, Sakon Nakhon, Nong Bua Lamphu, Loei, Udon Thani, Kanchanaburi, Ratchaburi, Uthai Thani, Chanthaburi, Trat စတဲ့ ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရောင်နီ U.S Tour ရဲ့  ပွဲမြောက် ရောင်နီ Live in Texas ပွဲမှအမေရိကန် ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်ရရှိခဲ့


ဇူလိုင် (၂၂)ရက်


ရောင်နီ U.S Tour ရဲ့  ပွဲမြောက် ရောင်နီ Live in Texas ပွဲမှ အမေရိကန် ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင် ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရောင်နီဖျော်ဖြေပွဲကိုကျင်းပခဲ့ပါတယ်။ဖျော်ဖြေပွဲမှာ အဆိုတော်လင်းလင်းနဲ့ချစ်သုဝေတို့က ဖျော်ဖြေသီဆိုခဲ့ကြပါတယ်။


USD 112,578 အမြတ် ရရှိခဲ့တဲ့ ပွဲဦးထွက် ရောင်နီ Live in Maryland ပွဲအပါအဝင် ရောင်နီ Live in Bostonမှ  USD 44,177၊ရောင်နီ Live in Florida မှ USD 64,750၊ရောင်နီ Live in San Franciscoမှ USD 107,706 ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတို့ကနေကို ခေါင်းစဉ် ခုနဲ့ မြန်မာကျပ်ငွေ (သိန်း တစ်သောင်း တစ်ထောင့် လေးရာကျော် ) ပြည်တွင်းကို စီးဆင်းခဲ့ပြီး ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ကစယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရီးသည် ၅ဦးဒဏ်ရာရရှိပြီး၊ ကားမောင်းသူတစ်ဦးသေဆုံး


ဇူလိုင် (၂၂)ရက်


ကစယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသည် ၅ဦးဒဏ်ရာရရှိပြီး၊ ကားမောင်းသူတစ်ဦးသေဆုံးခဲ့တယ်လို့ကေအဲန်ယူမြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကစယ်ဒိုမြို့နယ်၊ဟိန္ဒူးချောင်းအနီး၊ ၂၀၂၅ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ တွင် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၂)နှင့်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီ၏မေတ္တာစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသည်()ဦး ဒဏ်ရာရရှိပြီး ကားမောင်းသူအမျိုးသား ဦးရန်နိုင်(၃၉)နှစ်သေဆုံးခဲ့ပါတယ်။


========================


🚩🚩၂။ သပိတ်ကျင်းမြို့နယ်၊ကျောက်ဖျာရွာအနီးမှ ထွက်ခွါလာသော စကစသင်္ဘော ၁၂ စီးဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ဆန်တက်နေပြီး ကျေးရွာများအားရမ်းသမ်းပစ်ခတ်


ဇူလိုင် (၂၂)ရက်


သပိတ်ကျင်းမြို့နယ်၊ကျောက်ဖျာရွာအနီးမှ ထွက်ခွါလာသော စကစသင်္ဘော ၁၂ စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ဆန်တက်နေပြီး ကျေးရွာများအား ရမ်းသမ်းပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်၂၂ရက် မနက်၇နာရီ သပိတ်ကျင်းမြို့နယ်၊ကျောက်ဖျာရွာအနီးမှ ထွက်ခွါလာသော စကစသင်္ဘော ၁၂ စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ဆန်တက်နေပြီး မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာများအား စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် မြစ်ကမ်းဘေးရှိကျေးရွာနေပြည်သူများ ရှောင်တိမ်းနေရတယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုထားပါတယ်။


သပိတ်ကျင်းနယ်၊ ပန်းပင်ရွာမှ ဆန်တက်လာသော စကစသင်္ဘောများသည် အင်းတော်နယ် မအူကုန်းသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေတယ်လို့Thevoiceofwetletmadayarကလည်း အသိပေးဆိုထားပါတယ်။


========================


🚩🚩၃။ မြန်မာနိုင်ငံတွင် ၂၀၂၃ မှ၂၀၂၅ ခုနှစ် ဇွန်လအထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေသုံးထောင်ကျော်တွင် သေဆုံးသူ သုံးထောင့်နှစ်ရာကျော်ရှိခဲ့


ဇူလိုင် (၂၂)ရက်


မြန်မာနိုင်ငံတွင် ၂၀၂၃ မှ၂၀၂၅ ခုနှစ် ဇွန်လအထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြိမ်ရေသုံးထောင်ကျော်တွင် သေဆုံးသူ သုံးထောင့်နှစ်ရာကျော်ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


 လေကြောင်းတိုက်ခိုက်ခံရမှုများမှတ်တမ်းကို ဇူလိုင်လအတွင်း NUGပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


"အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူမြောက်များစွာနှင့် တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့ရပါတယ်။စာရင်းအချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ အကြိမ်ရေ ပိုမိုစိပ်များပြားလာသည်ကို တွေ့ရှိနေရပါတယ်။ယခု ၂၀၂၅ နှစ်၀က်အတွင်းကာလတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်သည်  ယခင် ၂၀၂၄ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေနှင့် မတိမ်းမယိမ်းအရေအတွက်သို့ မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်းကို ၀မ်နည်းစွာအသိပေးဖော်ပြအပ်တယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ထို့အတူ စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများသည်လည်း အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဆရာများ၊ ကျောင်းသားများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်ခဲ့ရတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment