၂၀၂၅ ဇူလိုင်လ ၂၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေးမှာ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကျဆုံးခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ရန်ကုန်မှာ ကတိပြု ရှပ်အင်္ကျီချိတ်ဆွဲ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမယ့် ဥပဒေကြမ်း ခုကို အမေရိကန်လွှတ်တော်ကော်မတီတွေ အတည်ပြု 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပြင်သစ်နိုင်ငံဆိုင်ရာNUGဆက်ဆံရေးရုံးက သုံးနှစ်တာကာလတွင်းNUG Pay/SDB top up အပါအဝင် PRF ကမ်ပိန်းတွေကနေယူရိုရှစ်သိန်းရှာဖွေပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုင်းပေါက်မြို့မှာ ရေစီးနဲ့မျောပါသူတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိ နေစီးနဲ့ မျောပါသေဆုံး


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ စစ်‌ကောင်စီက ညသန်းခေါင်အချိန်မှာ သီပေါမြို့ကို ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ 

🚩၂။ ရွှေဘို ညောင်ပင်သာစိုက်ပျိုးရေးကျောင်းက စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ 

🚩၃။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်း ရှေ့စစ်ကောင်စီ၏ ကင်းပုန်းနေရာကိုပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား()ဦး သေဆုံးခဲ့

🚩၄။ကညုံကျွန်းကျေးရွာက ပြည်သူပိုင်လှေတွေကို ဝင်ခိုးတဲ့ စစ်သင်္ဘောတွေကို ထားဝယ်မြစ်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

🚩၅။စစ်သင်္ဘောအုပ် ထီးချိုင့်မြို့ဘက် ဆန်တက်နေတာကြောင့် ပြည်သူတွေသတိနဲ့နေကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး 

🚩၆။ Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်KIAမှဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့ဆုံခဲ့

🚩၇။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၆) ဦးအထိရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေးမှာ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်


  ဇူလိုင် ၂၃ရက်


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ပါတယ်။


သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြကာ တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။


ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပါတယ်။


အစည်းအဝေးသို့ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကျဆုံးခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ရန်ကုန်မှာ ကတိပြု ရှပ်အင်္ကျီချိတ်ဆွဲ


  ဇူလိုင် ၂၃ရက်


ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကျဆုံးခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ရန်ကုန်မှာ ကတိပြု ရှပ်အင်္ကျီချိတ်ဆွဲခဲ့ပါတယ်။


ထိုရှပ်အင်္ကျီကို ရန်ကုန်မြို့လည်ရှိ ပန်းခြံတခုတွင် ချိတ်ဆွဲခဲ့တယ်လို့ဇူလိုင်၂၃ရက်လူငယ်များသမဂ္ဂ - ဗဟိုမှအသိပေးဖော်ပြပါတယ်။


"ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့သည် အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်၏ ကြိုးပေးအသတ်ခံခဲ့ရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မြင့်မြတ်စွာကျဆုံးခြင်း နှစ်တိုင်သော နေ့ဖြစ်ပါတယ်။ကျွန်ုပ်တို့ကျောင်းသား၊ လူငယ်များသည် အတွေးအသစ်၊ ကမ္ဘာအသစ်ဆီသို့ ချီတက်ရန် ယခုချိန်ထိ အားမလျှော့ မာန်မပေါ့ဘဲ ရုန်းကန် ကြိုးစားလျက်ရှိသည်ကို လွန်ခဲ့သော နှစ်က ကျဆုံးခဲ့သော ရဲဘော်ညီနောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နှင့်အတူ ဤနွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အညတရရဲဘော်များအား ကျောင်းသားလူငယ်တဦး၏ တိုက်ပွဲဝင်သွေးစွန်း ရှပ်အင်္ကျီတွင် ဥဒါန်းတစ်ရပ်ရေးထိုးကာ ကတိပြုလိုက်ရပါတယ်"လို့ဖော်ပြအသိပေးဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမယ့် ဥပဒေကြမ်း ခုကို အမေရိကန်လွှတ်တော်ကော်မတီတွေ အတည်ပြု 


  ဇူလိုင် ၂၃ရက်


အကြမ်းဖက်စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမယ့် ဥပဒေကြမ်း ခုကို အမေရိကန်လွှတ်တော်ကော်မတီတွေက အတည်ပြုလိုက်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။  

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်ပြည်ထောင်စုနဲ့ပြေလည်ဖို့ ကြိုးစားနေချိန်မှာပဲ အမေရိကန် စံတော်ချိန် ဇူလိုင် ၂၂ ရက် မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက်နေ့မှာ မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားပိတ်ဆို့ အရေးယူ မယ့် ဥပဒေကြမ်း ခုကို အမေရိကန်လွှတ်တော်ရေးရာကော်မတီတွေက အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီထံ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေးဥပဒေကြမ်း No Funds for Burma Act (H.R.4423) အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူ မယ့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ အတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မယ့် Burma Genocide Accountability and Protection Act (Burma GAP Act) စတဲ့ ဥပဒေကြမ်းတွေကို အမေရိကန်အောက်လွှတ်တော်ရေးရာ ကော်မတီတွေက အတည်ပြုလိုက်တာလို့ ဆိုပါတယ်။

ဒီဥပဒေကြမ်း ခု ဥပဒေအဖြစ် အသက်ဝင်လာရေး အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ကို တင်သွင်းပြီး အတည်ပြု ရမှာဖြစ်ပေမယ့် လွှတ်တော်ရေးရာကော်မတီတွေမှာ ကန့်ကွက်သူမရှိတဲ့အတွက် ဥပဒေအဖြစ် အသက်ဝင်ဖို့ အလားအလာ ကောင်းနေတယ်လို့ မြန်မာ့အရေးလေ့လာနေသူတွေက ခန့်မှန်းထားပါတယ်။  

ဒါဟာ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို မမေ့ဘူးဆိုတာပြသရာရောက်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ တရားမျှတမှု၊ လူသားချင်းစာနာမှုနဲ့ စစ်အုပ်စုက လွတ်မြောက်ရေးအတွက် အရေးပါတဲ့ ထောက်ခံမှု အသစ်တွေဖြစ်တယ် လို့လည်း အမေရိကန်ရောက် မြန်မာ့အရေးကျွမ်းကျင်သူတချို့က သုံးသပ်နေကြပါတယ်။

 အမေရိကန်ပြည်ထောင်ဟု မစ်ချီဂန်ပြည်နယ်က လွှတ်တော်အမတ် Huizenga ကလည်း Brave Burma Act ကို ၅၄ - မဲနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကော်မတီကို အတည်ပြုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

ဒီဥပဒေဟာ မြန်မာစစ်အစိုးရအတွက် ရန်ပုံငွေရှာပေးနေတဲ့ အဓိကရင်းမြစ်တွေကို ဖြတ်တောက်ဖို့နဲ့ အရပ်သားတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့စွမ်းရည်တွေကို ကျဆင်းစေဖို့ လှုံ့ဆော်ပေးတာလည်း ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

အမေရိကန်လွှတ်တော်ရေးရာကော်မတီတွေက အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေက  BRAVE Burma Act (H.R.3190) ဟာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီ တွေကို ပိတ်ဆို့မှုတွေ တိုးမြှင့်တာ၊ စစ်တပ် အာဏာသိမ်းထားသမျှကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေး အရင်းအမြစ်ရုံး - IMF မဲပေးပိုင်ခွင့်တိုးမြှင့်မှုကို တားဆီးခြင်းနဲ့ စစ်ကောင်စီအတွက် စီးပွားရေးပံ့ပိုးသူတွေအပေါ် အမေရိကန်ဘက်က တိုးမြှင့်အရေးယူတာတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

Burma Genocide Accountability and Protection Act (Burma GAP Act) ဥပဒေကြမ်းကတော့ ရိုဟင်ဂျာ ဒုက္ခသည် တွေနဲ့ နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးတာ၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးတာပါဝင်ပြီး လူမျိုးစုအားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပံ့ပိုးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ 

No Funds for Burma Act (H.R.4423) ဥပဒေကြမ်းကလည်း စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့တာတွေ ပိတ်ပင်တာ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက စစ်ကောင်စီထံ ငွေလွှဲပြောင်းတာတွေကို ပိတ်ဆို့အရေးယူတာမျိုး တွေ ပါဝင်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပြင်သစ်နိုင်ငံဆိုင်ရာNUGဆက်ဆံရေးရုံးက သုံးနှစ်တာကာလတွင်းNUG Pay/SDB top up အပါအဝင် PRF ကမ်ပိန်းတွေကနေယူရိုရှစ်သိန်းရှာဖွေပေးနိုင်ခဲ့


ဇူလိုင် ၂၃ရက်


ပြင်သစ်နိုင်ငံဆိုင်ရာNUGဆက်ဆံရေးရုံးက သုံးနှစ်တာကာလတွင်းNUG Pay/SDB top up အပါအဝင် PRF ကမ်ပိန်းတွေကနေယူရိုရှစ်သိန်းရှာဖွေပေးနိုင်ခဲ့တယ်လို့သိရပါတယ်။


"ပြင်သစ်ရုံး နှစ်တွင်း NUG Pay/SDB top up အပါအဝင် PRF ကမ်ပိန်းတွေ၊ ရန်ပုံငွေပရောဂျက်တွေအားလုံးကနေ စုစုပေါင်း ယူရို ရှစ်သိန်းရှိပါပြီ။ကျပ် သိန်းပေါင်း လေးသောင်းကျော် ပါ"လို့ ပြင်သစ်နိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်မနန်းဆုမွန်အောင်က အသိပေးဆိုထားပါတယ်။


နွေဦးဖွံဖြိုးရေးSDBဘဏ်ဆောင်ရွက်ရာတွင်RM ကတဆင့် Top up ထားတဲ့ပမာဏ ၂နှစ်တွင်း ယူရို တစ်သိန်းကိုးသောင်းကျော်ရှိခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုင်းပေါက်မြို့မှာ ရေစီးနဲ့မျောပါသူတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိ နေစီးနဲ့ မျောပါသေဆုံး


  ဇူလိုင် ၂၃ရက်


ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့မှာ ရေစီးနဲ့မျောပါနေသူတွေကိုကယ်တင်ဖို့ ကြိုးစားခဲ့ တဲ့ ကယ်ဆယ်ရေးသမား ရဲအရာရှိတဦး ရေစီးနဲ့အတူ မျောပါသေဆုံးသွားတယ်လို့  ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်ပါတယ်။

မိုင်းပေါက်မြို့မှာ ဇူလိုင် ၂၀ ရက်ကစပြီး မိုးသည်းထန်ခဲ့တာကြောင့် ဇူလိုင် ၂၁ ရက်နေ့မှာ တောင်ကျရေတွေ ကျလာပြီး ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၂ ရက် မနက် နာရီခန့်မှာ မြို့တွင်းအထိ တောင်ကျရေတွေ ဆင်းလာတဲ့အတွက် ကားတွေပါ မျောပါသွားခဲ့ရာ အဖြူရောင် ကားတစီးပေါ် ပါသွားတဲ့သူတွေကို ရဲအရာရှိတဦးက ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် ကယ်ဆယ်တဲ့ ရဲအရာရှိ ကိုယ်တိုင်နဲ့ ကားပေါ်ပါသူတွေ သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

ရေစီးနဲ့အတူ မျောပါသွားတဲ့ ကားပေါ်ကလူတွေကို လိုက်ကယ်ခဲ့သူဟာ မိုင်းပေါက် ရဲဌာန တရားရေးကော်မတီက အသက် ၂၇ နှစ်အရွယ် ရဲအရာရှိ ရဲဘော် အိုက်ချင်ဟွာ ဆိုသူဖြစ်တယ်လို့ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲဘော် အိုက်ချင်ဟွာ Qin Hua ဟာ ပြည်သူတွေရဲ့ အသက်နဲ့ ဥစ္စာပစ္စည်းတွေကို ကာကွယ်ဖို့ ကြိုးစားရင်း သူရဲ့ အဖိုးတန် အသက်ကို စတေးခဲ့တာလို့လည်း UWSA က ထပ်ပြီး အသိပေးပါတယ်။

အလွန်အန္တရာယ်များတဲ့ ရေအခြေအနေကြောင့် ပိတ်မိနေသူတွေ ကံမကောင်းစွာနဲ့ သေဆုံးခဲ့ရတာဟာ စိတ်မကောင်းစရာ ပဲလို့ UWSA က ထုတ်ပြန်ထားပါတယ်။

ဒေသနေပြည်သူတွေကတော့ သေဆုံးသူ ဦးစာရင်းရထားပြီး ဒီပမာဏထက်များနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါ တယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩⁨⁨ စစ်‌ကောင်စီက ညသန်းခေါင်အချိန်မှာ သီပေါမြို့ကို ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ 


ဇူလိုင် ၂၃ရက်


တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံအချိန်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး တလုံး ထပ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇူလိုင် ၂၂ သန်းခေါင်ယံ ၁၂ နာရီ မိနစ်မှာ စစ်ကောင်စီတပ်စခန်းဟောင်း ခလရ - ၂၃ တပ်စခန်းအတွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး တလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသတွင်းသတင်းတွေအရ စစ်ကောင်စီဟာ သူတို့ရဲ့တပ်စခန်းဟောင်းမှာရှိတဲ့ ခန်းမကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျက်စီးမှုတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၁၉ ရက်နေ့ကလည်း အခု ဗုံးကြဲသွားတဲ့ တပ်စခန်း ခလရ - ၂၃ အတွင်းကိုပဲ ဂျက်ဖိုက်တာ နဲ့ ပေါင် ၂၅၀ ဗုံး တလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ ဇူလိုင်လ ရက်၊ ဇူလိုင် ၁၄ နဲ့ ဇူလိုင် ၁၉ ရက်တို့မှာ သီပေါမြို့က အရပ်သားပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့ ကာ အိမ် ၁၃ လုံး၊ အဆောက်အအုံ ခု၊ အမက ကျောင်းက ကျောင်းဆောင်တွေ ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာကြောင့် မိဘပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA ဘက်က မကြာခဏ သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။


========================


🚩🚩၂။ ရွှေဘို ညောင်ပင်သာစိုက်ပျိုးရေးကျောင်းက စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ 


ဇူလိုင် ၂၃ရက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှာ အထိုင်ချနေတဲ့ စစ်သားတွေ ဆိုင်ကယ်နဲ့ ထွက်လာ ချိန် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးခန့်သေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် တပ်ရင်းက ပြောပါတယ်။

ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှာတပ်စွဲထားတဲ့ အကြမ်းဖက် စစ်သား ဦး မနေ့ ဇူလိုင် ၂၂ ရက်နေ့ မနက် နာရီခွဲခန့်မှာ ဆိုင်ကယ် စီးနဲ့ ရွှေဘို - ရေဦးလမ်းပိုင်းအတိုင်း ထွက်လာတာကို ရွှေဘိုခရိုင် အမှတ် တပ်ရင်းက ရဲဘော် တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သား ဦးခန့်သေဆု့းပြီး G-3 သေနတ်တလက်၊ ကျည်ဘောက် ခု၊ ကျည် ၁၆၈ တောင့်၊ လက်ပစ်ဗုံးတလုံးနဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တာလို့ အသိပေးပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကူလာတဲ့ အကြမ်းဖက် စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးခန့်  ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်း ရှေ့စစ်ကောင်စီ၏ ကင်းပုန်းနေရာကိုပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား()ဦး သေဆုံးခဲ့


ဇူလိုင်၂၃ရက်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ ကင်းပုန်းနေရာကို မွန်

ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ်(MSRF)  ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့နှင့် စစ်ရေးမဟာမိတ်ဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ()တို့မှ ဇူလိုင်လ၂၂ ရက်နေ့တိုက်ခိုက်ခဲ့ပါတယ်။


အဆိုပါရဲစခန်းအနီးရှိ ကင်းပုန်းနေရာကို ဇူလိုင်လ၂၂ ရက်နေ့  နံနက် ၁၁ နာရီ ၂၀ မိနစ်မှ

စတင်ဝင်ရောက်ပစ်ခတ်ရာနံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တစုံတရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်။


အဆိုပါတိုက်ပွဲတွင် ရန်သူ့စစ်ကောင်စီဘက်မှ ရဲ()ဦး၊ စစ်ကောင်စီတပ်သား()ဦး သေဆုံးခဲ့ပြီး ()ဦးထက်မနည်းပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။


တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် 

မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) KNLA တပ်ရင်း (၂၇) တပ်ခွဲ()တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


🚩🚩၄။ကညုံကျွန်းကျေးရွာက ပြည်သူပိုင်လှေတွေကို ဝင်ခိုးတဲ့ စစ်သင်္ဘောတွေကို ထားဝယ်မြစ်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


ဇူလိုင် ၂၃ရက်


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ကညုံကျွန်းကျေးရွာမှာ ပြည်သူပိုင်လှေတွေကို ဝင်ခိုးတဲ့ စစ်တပ်သင်္ဘောတွေကို ထားဝယ်မြစ်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်က ထားဝယ်မြစ်ကြောင်းအတိုင်း ဝင်လာတဲ့ စစ်သင်္ဘော စင်းနဲ့ Speed Boat ကမ်းတက်ယာဉ်ငယ်တစင်းဟာ ကညိုကျွန်းရွာအရှေ့ကို ရောက်ရှိလာပြီး ရွာထဲကို လက်နက်ကြီးတွေ ပွိုင့်ဖွိုက် စက်သေနတ်တွေ 20 mm စက်လက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ကမ်းမှာကပ်ထားတဲ့ ပြည်သူပိုင်လှေငယ်တွေကို Speed Boat ကမ်းတက်ယာဉ်ငယ် တစီးနဲ့ လာရောက် ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူပိုင်လှေတွေကို လာရောက်ခိုးယူနေတာကို တော်လှန်ရေးရဲဘော်တွေ တွေ့ရှိခဲ့တာကြောင့် လက်ဦးမှုရယူပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ Speed Boat ကမ်းတက်ယာဉ်ငယ် ကျည်ထိမှန်ပျက်စီးသွားခဲ့ပြီး စစ်သား ဦး သေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေ ပွိုင့်ဖိုက်စက်သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ပြန်လည်ဆုပ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ လောင်းလုံး - ပကဖ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ဒေါနတပ်ခွဲ - တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။စစ်သင်္ဘောအုပ် ထီးချိုင့်မြို့ဘက် ဆန်တက်နေတာကြောင့် ပြည်သူတွေသတိနဲ့နေကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး 


ဇူလိုင် ၂၃ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ငါးချောင်းဒေါင့်ရွာအနီးမှာ ညအိပ်ရပ်နားခဲ့တဲ့ စစ်သင်္ဘောအုပ်စုဟာ အထက်ကို ဆက်လက် ဆန်တက်နေပြီး ထီးချိုင့်မြို့ဘက် ဦးတည်နေတာကြောင့် ဒေသနေပြည်သူတွေ သတိနဲ့နေကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဒီနေ့ ဇူလိုင်လ ၂၃ ရက်မှာ ထီးချိုင့်ကိုရောက်နိုင်တဲ့အတွက် ဒေသနေပြည်သူတွေ ရှောင်ရှား နိုင်အောင် တော်လှန်ရေးအင်အားစုတွေက အခုလို သတိပေးလိုက်တာပါတယ်။

ဒီစစ်သင်္ဘောအုပ်ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်သွားနေတဲ့ စစ်ရေယာဉ်အုပ်လို့ ထီးချိုင့်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၇ စင်းပါတဲ့ စစ်ရေယာဉ်အုပ် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေက သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်တောက်တိုက်ခိုက်ခဲ့ပေမယ့် ဆက်လက်ဆန်တက်နေတာပဲဖြစ်ပါတယ်။ 

စစ်သင်္ဘောအုပ်ကို ပကဖတွေနဲ့ PDF တပ်ရင်းတွေပါတဲ့ ဧရာဝတီ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘော တစင်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး သင်္ဘောအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ကတော့ စစ်သင်္ဘောတွေ ထီးချိုင့်မြို့နယ်အတွင်း ရောက်လာ ပြီဖြစ်တာကြောင့် ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေ ပြောင်းရွှေ့နေထိုင်ကြဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

စစ်သင်္ဘောတွေတက်လာတာနဲ့အတူ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ မြစ်ကမ်းနားဘက်သွားလာတာ ပွဲလမ်းသဘင်တွေနဲ့ လူစုလူဝေးရှိတဲ့နေရာကို မသွားကြဖို့ ဗန်းမော် PDF က နှိုးဆော်ထားပါတယ်။


========================


🚩🚩၆။ Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်KIAမှဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့ဆုံခဲ့


ဇူလိုင် ၂၃ရက်


KIAမှဗိုလ်ချုပ်ဂွမ်မော်နှင် Zeroပြောက်ကျားတပ်ဖွဲ့ခေါင်း ဆောင်ကိုသက်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့  Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ၎င်း၏ Facebookစာမျက်နှာမှတဆင့်  ဇူလိုင်လ ၂၂ရက်နေ့မှာ အသိပေးဆိုထားပါတယ်။


"ဗိုလ်ချုပ် ဂွမ်မော် နဲ့ တွေ့ဆုံခဲ့ခြင်း အမှတ်တရ၊ကျနော့်ကိုလက်ခံတွေ့ဆုံခဲ့ခြင်းဟာ -မြင်းခြံသားတွေရဲ့နွေဦးတော်လှန်ရေးပါဝင်မူကို အသိမှတ်ပြုတယ်လို့မှတ်ယူခဲ့သလို မြင်းခြံကိုယ်စား ဂုဏ်ယူမိခဲ့ပါတယ်။နိုင်ငံရေးဆိုတာ အလောတကြီး ပြောလို့မရဘူးအစပြုတဲ့  သိမ့်မွေ့စွာပြောပြခဲ့သောစကားများကိုလည်း မှတ်သားခဲ့ရသလို - အရာအားလုံးအတွက်လည်း ကျေးဇူးပါ ခင်ဗျာလို့ အသိပေးဆိုထားပါတယ်။


Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


========================


🚩🚩၇။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၆) ဦးအထိရှိလာ


ဇူလိုင်၂၃ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၆) ဦးအထိရှိလာပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇူလိုင် ၂၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၇၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၁၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment