၂၀၂၅ ဇူလိုင်လ ၂၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းတွင်ပါဝင်ရန် NUGပညာရေး ဒုတိယဝန်ကြီး တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩၂။ စစ်အုပ်စုရဲ့ အကြမ်းဖက် ဖျက်ဆီးရေးယန္တရားတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးမှာ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍လဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကို အောက်မေ့သတိရနေတယ်လို့ ဗြိတိန်ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်အရောင်း ကမ်ပိန်း ပိတ်သိမ်းရန်ရက်ပိုင်းသာလို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အရှေ့ဘက်၁၂၄ကီလိုမီတာအကွာ၊လင်းခေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩အုတ်ဖိုမြို့နယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက် 

🚩၂။ကမ္မမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတဦးသေပြီး ဦးဒဏ်ရာရ

🚩၃။သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်ကင်းပုန်းနေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦးထက် မနည်း ဒဏ်ရာရ 

🚩၄။ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်က ထီးချိုင့်မြို့နယ်က မောင်းကုန်းကျေးရွာကို လက်နက်ကြီး တွေနဲ့ ပစ်ခတ် 

🚩၅။ စစ်ကောင်စီတပ်သည် လစဉ် စစ်မှုထမ်းတပ်သား ၅၀၀၀ ဝန်းကျင်ကို စုဆောင်းလေ့ကျင့်ပေး၊စစ်မှုထမ်းအပတ်စဉ် (၁၀)ထိ သင်တန်းဆင်းတပ်သား ၅၀၀၀၀ ကျော်အထိရှိလာ

🚩၆။ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဝင်ရောက်တာဝန်ထမ်းဆောင်ရန် သင်တန်းသားများ ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းတွင်ပါဝင်ရန် NUGပညာရေး ဒုတိယဝန်ကြီး တိုက်တွန်း


ဇူလိုင် ၂၄ရက်


ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းတွင်ပါဝင်ရန် NUပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က တိုက်တွန်းလိုက်ပါတယ်။

ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းအတွက်အမေရိကန်ဒေါ်လာ () သိန်း ရည်မှန်းချက်ထားရှိပြီး ကမ်ပိန်းကာလမှာ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ သတ်မှတ်ထားပါတယ်။

"အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထူးသဖြင့် ကျမတို့ရဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေဟာ ပညာကိုလွတ်လပ်စွာသင်ယူခွင့်ဆုံးရှုံးလျက်ရှိပါတယ်။တိုင်းပြည်ရဲ့လူသားအရင်းအမြစ်များကို စစ်အုပ်စုကရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ဖျက်ဆီးနေတာဖြစ်ပါတယ်။ဒီတိုင်းပြည်ရဲ့ကလေးတွေ ဘေးကင်းလုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက်၊ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေအရေးပေါ်လိုအပ်သလို၊ခိုင်မာတဲ့ဗုံးခိုကျင်းတွေ ၊လေကြောင်းအချက်ပေးစနစ်တွေလည်း မရှိမဖြစ်လိုအပ်နေပါတယ်။ဒီအတွက်ကြောင့်လည်း ကျမတို့ပညာရေးဝန်ကြီးဌာနက Safe Schools, Safe Education campaignကို ဆောင်ရွက်ရတာဖြစ်တယ်"လို့ ဒုဝန်ကြီးကပြောပါတယ်။


မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြရန် ပညာရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩၂။ စစ်အုပ်စုရဲ့ အကြမ်းဖက် ဖျက်ဆီးရေးယန္တရားတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးပြော 


ဇူလိုင် ၂၄ရက်


အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ အကြမ်းဖက် ဖျက်ဆီးရေး ယန္တရားတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် ဖြေရှင်းနည်းမဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ အခုနှစ် စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ် အဆင့်မြင့်အရာရှိများအစည်းအဝေးရဲ့ အထွေထွေဆွေးနွေးမှုကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ အခုလို အစည်းအဝေးတွေကနေ စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တွေ အကောင်အထည်ဖော်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ပြန်လည် သုံးသပ်နိုင်တဲ့ အခွင့်အလမ်း ဖန်တီးပေးခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်ကစပြီး မြန်မာနိုင်ငံဟာ အရင်က ရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးအောင်မြင်မှုတွေ ဆုတ်ယုတ်လာတာနဲ့ ကြုံတွေ့နေရတယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို တဆက် တည်း အသိပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို စီးနင်းတိုက်ခိုက်တာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလုပ်ပြီး ကျန်းမာရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဖိနှိပ်ဖို့ သူတို့ အသုံးပြုနေကျ နည်းလမ်းတခုဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ နယ်ပယ် ခုစလုံးမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့နှင့် ကျားမအခြေပြုအကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တယ်လို့လည်း ထပ်ပြီး အသိပေးခဲ့ပါတယ်။


စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားဥပဒေစိုးမိုးမှု ပြိုလဲသွားတာနဲ့အတူ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့လာပြီး လူငယ်ယောက်ျားလေးတွေကို ပစ်မှတ်ထားတဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတာကြောင့် လူငယ်အများ အပြား နိုင်ငံစွန့်ခွာလာခဲ့မှုဟာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိလာပြီလို့လည်း ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မနေ့က ပြောကြားခဲ့သလို မြန်မာနိုင်ငံက အနိဋ္ဌာရုံတွေနဲ့ သွေးထွက်သံယိုမှု တွေ အဆုံးသတ်ဖို့ လိုအပ်နေပြီလို့လည်း ပြောခဲ့ပါတယ်။

ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးဆိုတာဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ပြည်သူ့ ဗဟိုပြုအုပ်ချုပ်ရေး၊ အားလုံးပါဝင်တဲ့ တရားမျှတပြီး တာဝန်ယူမှု ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၃၀ မျှော်မှန်းချက်အောင်မြင်ရေး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။


လူမဆန်တဲ့ စစ်အုပ်စု ရှိနေသ၍ ဒီအချက်တွေ မဖြစ်နိုင်သလို စစ်ကောင်စီက သူတို့ လုပ်ဖို့ စီစဉ်နေတဲ့ အလိမ်အညာ ရွေးကောက်ပွဲဟာလည်း ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါသေးတယ်။ 


ဒါကြောင့်လည်း မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ လိမ်လည်လှည်ဖြားမှုလုပ်ငန်းစဉ်တွေကို ကြိုတင်တားဆီးနိုင်ဖို့ မြေပြင် မှာ ရှိသမျှ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်နေကြတာလို့ အစည်းအဝေးတက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 


အခုလို မြန်မာပြည်သူတွေဘက်က စစ်အာဏာရှင်စနစ် အပြီးတိုင်ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းနေတာကို ထိရောက်စွာ ကူညီပံ့ပိုးကြဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးမှာ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍လဆွေးနွေး


ဇူလိုင် ၂၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်မန္တလေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး(၁၅/၂၀၂၅)ကိုဇူလိုင်၂၃ရက်နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကို အောက်မေ့သတိရနေတယ်လို့ ဗြိတိန်ဆို


ဇူလိုင် ၂၄ရက်


လွန်ခဲ့တဲ့ နှစ်တုန်းက အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကို အောက်မေ့သတိရနေဆဲလို့ ဗြိတိန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ပြည်သူ့အစိုးရဆီကနေ အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်ချမှတ်ပြီး ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက် မှာ ကြိုးပေးကွပ်မျက်ခဲ့တာနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရက ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 


ယူကေအစိုးရနေနဲ့ လွန်ခဲ့တဲ့ နှစ်က မြန်မာစစ်အစိုးရရဲ့ မတရားကွပ်မျက်ခြင်းခံခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦး ကို အောက်မေ့သတိရနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံမှာ ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူတွေအားလုံးနဲ့ အခုချိန်ထိ မတရားဖမ်းဆီးချုပ်နှောင် ခံနေရသူတွေ အားလုံးကိုလည်း အောက်မေ့သတိရနေတယ်လို့လည်း ပါဝင်ပါတယ်။


သူတို့ဟာ အကြမ်းဖက်စစ်ဆေးမှုတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ ကြုံတွေ့ရတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှု ရရှိပိုင်ခွင့်တွေ ငြင်းပယ်ခံရတာတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၂သောင်း ထောင်ကျော် ဖမ်းဆီး ချုပ်နှောင် ခံထားရဆဲဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၇ထောင်နီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရတယ်လို့လည်း UK in Myanmar က ထုတ်ပြန်ထားပါတယ်။


 အခုတပတ်ထဲမှာပဲ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်အဖြစ် တက်ကြွလှုပ်ရှားသူ မဝတ်ရည်အောင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအဖွဲ့ဝင် နိုင်ငံရေးလှုပ်ရှားသူ ကိုပြည့်စုံအောင်တို့ ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရတဲ့ သတင်း အစီရင်ခံစာတွေ ဝမ်းနည်းကြေကွဲဖွယ် ထွက်ပေါ်လာတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကျဥ်းထောင်အတွင်းမှာ အချိန်မီ ဆေးဘက်ဆိုင်ရာကုသမှု မရရှိခဲ့တာဟာ သူတို့ အသက်ဆုံးရှုံးခဲ့တာရဲ့ အဓိက အကြောင်းအရင်းတခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ ထုတ်ပြန်ချက်က မှတ်ချက်ပြုထားပါတယ်။

 

မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်တဲ့အတွက် မတရားဖမ်းဆီးချုပ်နှောင် ခံထားရသူတွေ အားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ယူကေအစိုးရက ထပ်ပြီးတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်အရောင်း ကမ်ပိန်း ပိတ်သိမ်းရန်ရက်ပိုင်းသာလို


ဇူလိုင် ၂၄ရက်


"ကော်လာရှည်ရှည် ကေလန်လန်" စာအုပ်အရောင်း ကမ်ပိန်း ပိတ်သိမ်းရန်ရက်ပိုင်းသာလိုတော့ကြောင်း CDM Medical network က အသိပေးဆိုပါတယ်။


"ကော်လာရှည်ရှည် ကေလန်လန် စာအုပ်အရောင်းကမ်ပိန်းဟာ တိုက်ဆိုင်မှုများစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် "Target အုပ်ရေ ၁၃၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ" ရောင်းချခဲ့ရပြီး ကမ်ပိန်းကာလ ၂လပြည့်ပြီဖြစ်တဲ့အတွက် ပိတ်သိမ်းရတော့မှာဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ ကြေညာပေးလိုက်ရပါတယ်။ထပ်မံထုတ်ဝေဖို့ မဖြစ်နိုင်တော့တဲ့ စာအုပ်ဖြစ်တာကြောင့် စာအုပ်ဝယ်ယူလိုသူများအနေနဲ့  ဒီကျန်ရှိနေတဲ့ ကမ်ပိန်း ၅ရက်မှာ ဝယ်ယူဖြစ်အောင် ဝယ်ယူလိုက်ကြဖို့ တိုက်တွန်းပါရစေ"လို့ဆိုပါတယ်။


ဝယ်ယူငွေချေပြီး မှာယူထားသူများအတွက် စာအုပ်များကိုလည်း နိုင်ငံအလိုက် စတင်ပို့ဆောင်ပေးနေပြီဖြစ်ကာ မကြာခင်မှာ စာအုပ်များ လက်ဝယ်ရောက်ရှိတော့မှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အရှေ့ဘက်၁၂၄ကီလိုမီတာအကွာ၊လင်းခေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်


ဇူလိုင် ၂၄ရက်


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အရှေ့ဘက်၁၂၄ကီလိုမီတာအကွာ၊လင်းခေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် :၁၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အရှေ့ဘက်၁၂၄ကီလိုမီတာအကွာ၊လင်းခေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


 ဇူလိုင်လ ၂၄ရက်စွဲဖြင့် UN Myanmar ထုတ်ပြန်ချက်မှာတော့ ငလျင်အပြီး ရက်ပေါင်း ၁၀၀ အလွန် - မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးများမှာ ငလျင်ဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

"မြန်မာနိုင်ငံတွင် ပြင်အား . ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ သုံးလကျော် ကြာခဲ့ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေမှာ လုံ့ခြုံမှုမရှိတဲ့ ခိုလှုံရာတွေကနေ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေအထိ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့အနေနဲ့ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် အသက်ကယ် ကုသမှုတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေအပြင် ထိခိုက်ခံစားရဆုံးသူတွေကို အကာအကွယ်ပေးရေးဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်နေဆဲ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================




🚩🚩အုတ်ဖိုမြို့နယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေတိုက်ခိုက် 


ဇူလိုင် ၂၄ရက်


ပဲခူးတိုင်း အုတ်ဖိုမြို့နယ်က ကြို့ကိုးပင်ကျေးရွာမှာ ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ထုတ်ပြန်ပါတယ်။

အင်အား ၁၅၀ ဝန်းကျင်နဲ့ ကြို့ကိုးပင်ရွာမှာ တပ်စွဲနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၂ နဲ့ ၂၃ ရက်မှာ သာယာဝတီခရိုင် ပကဖ အမှတ် - တိုက်ခိုက်ရေးတပ်ခွဲတွေဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ - ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ နဲ့ ဇီးကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၂၃ တိုက်ပွဲမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ချိန် နာရီကျော်ကြာမြင့်ပြီး စစ်တပ်ဘက်က ၂ဝ ခန့် သေဆုံးသွားသလို စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။

ဒီတိုက်ပွဲတွေမှာ တာ်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဇူလိုင် ၂၃ ပိုင်းမှာ လုပ်ဆောင်ခဲ့တယ်လို့လည်းအသိပေးပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းကလည်း အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာဘက် အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို Black Dragon - GBK PDFက ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်တပ်ဘက်က ၅ဦး သေဆုံးပြီး ဦး ဒဏ်ရာရကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိပေမယ့် စစ်ကောင်စီဘက်က အရပ်သားပြည်သူ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာအနီး သွားလာနေထိုင်တာတွေမလုပ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၂။ကမ္မမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတဦးသေပြီး ဦးဒဏ်ရာရ


ဇူလိုင် ၂၄ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ Tiger Warrior Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ကမ္မမြို့ပေါ်တနေရာမှာ ထမင်းထုပ်လာပို့တဲ့ စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ  စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိသွားတာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Tiger Warrior Force - T.W.F Red Giant YGF လူငယ်ပြောက်ကျားတပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ - မြိုင်၊ PI PDF တို့ ပူး‌ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၃။သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်ကင်းပုန်းနေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုမှာ စစ်သား ဦးသေပြီး ဦးထက် မနည်း ဒဏ်ရာရ 


ဇူလိုင် ၂၄ရက်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်းနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေပြီး ဦးထက်မနည်း ပြင်းထန်းဒဏ်ရာရခဲ့တယ်လို့ မွန်ပြည် တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ထင်းရှူးရဲစခန်းနဲ့ ကိုက် ၂၀၀ အကွာမှာရှိတဲ့ ကင်းပုန်းနေရာကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၂ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ရဲ ဦး၊ စစ်သား ဦး သေဆုံးကာ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF ရေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - YPDF နဲ့ KNLA တပ်ရင်း - ၂၇ တပ်ခွဲ - ၁တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


⁨⁨⁨⁨🚩🚩၄။ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်က ထီးချိုင့်မြို့နယ်က မောင်းကုန်းကျေးရွာကို လက်နက်ကြီး တွေနဲ့ ပစ်ခတ် 


ဇူလိုင် ၂၄ရက်


ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်က ထီးချိုင့်မြို့နယ်က မောင်းကုန်းကျေးရွာကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာကြောင့် အိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့  Tigyaing Revolution -TR အဖွဲ့က ပြောပါတယ်။ 

ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်က ဒီနေ့ ဇူလိုင် ၂၄ ရက် မနက် နာရီကျော်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီးမှာရှိတဲ့ ဆီဆိုင်ကိုလည်း စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချသွားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ အခြေအနေတွေရှုပ်ထွေးနေဆဲမို့ အရပ်သားပြည်သူ ထိခိုက်မှုအခြေအနေကို အတိအကျမသိနိုင်သေးဘူးလို့ လည်း Tigyaing Revolution -TR အဖွဲ့က အသိပေးပါတယ်။

Tigyaing Revolution -TR အဖွဲ့ထုတ်ပြန်ချက်အရ စစ်သင်္ဘောအုပ်မှာ သင်္ဘော ၁၇ စင်း ပါဝင်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်တွေ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာနဲ့ပတသက်လို့ မြစ်ကမ်း ဘေးမှာနေသူတွေ အရေးပေါ် ပြောင်းရွေ့နေထိုင်ကြဖို့ ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။ 

စစ်သင်္ဘောတွေ ဆန်တက်လာတာနဲ့အမျှ လေကြောင်း၊ရေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်  ပြည်သူလူထုအနေနဲ့ မြစ်ကမ်းနားတလျောက် သွားလာတာမျိုးတွေ ပွဲလမ်းသဘင်တွေမလုပ်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာ မသွားဖို့ စစ်သင်္ဘောတွေ အစုန် အဆန် ကင်းစင်သွားပြီဆိုမှ နေရပ်ကို ပြန်ကြဖို့ ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။


========================


🚩🚩၅။ စစ်ကောင်စီတပ်သည် လစဉ် စစ်မှုထမ်းတပ်သား ၅၀၀၀ ဝန်းကျင်ကို စုဆောင်းလေ့ကျင့်ပေး၊စစ်မှုထမ်းအပတ်စဉ် (၁၀)ထိ သင်တန်းဆင်းတပ်သား ၅၀၀၀၀ ကျော်အထိရှိလာ


ဇူလိုင်၂၄ရက်


စစ်ကောင်စီတပ်သည် လစဉ် စစ်မှုထမ်းတပ်သား ၅၀၀၀ ဝန်းကျင်ကို စုဆောင်းလေ့ကျင့်ပေးပြီး စစ်မှုထမ်းအပတ်စဉ် (၁၀)ထိ သင်တန်းဆင်းတပ်သား ၅၀၀၀၀ ကျော်အထိရှိလာကြောင်း ဇူလိုင်၂၄ရက်မှာ  မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့က ဖော်ပြပါတယ်။


၂၀၂၅ မေလ () ရက်နေ့တွင် သင်တန်းဆင်းခဲ့သည့် စစ်မှုထမ်းအပတ်စဉ်(၁၀) ထိ စစ်ကောင်စီတပ်သည် လူငယ် ၅၀၀၀၀ ကျော်ကို စုဆောင်းလေ့ကျင့်ပေးနိုင်ခဲ့ကာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ထံ အလင်းဝင်ရောက်ပူးပေါင်းလာခဲ့သည့် တပ်သားကိုသိန်း၏ ကိုယ်ပိုင်အမှတ်သည် ပစ-၁၅၀၀၁၈ ဖြစ်သည်ကို တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။


တပ်သားကိုသိန်းသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးစုဆောင်းခံရပြီးနောက် တတက- (ကျိုင်းတောင်း)သင်တန်းကျောင်း၊ စစ်မှုထမ်းအပတ်စဉ်(၁၀)တွင် တက်ရောက်ခဲ့ရပါတယ်။


စစ်ကောင်စီတပ်သည် လစဉ် စစ်မှုထမ်းတပ်သား ၅၀၀၀ ဝန်းကျင်ကို စုဆောင်းလေ့ကျင့်ပေးပြီး ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ အင်အား ဆနီးပါးထိ ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းဖော်ပြပါတယ်။


အင်အားချိနဲ့ ပြိုလဲစပြုနေခဲ့သည့် စစ်ကောင်စီတပ်သည် စစ်မှုထမ်းအင်အားများကို အသုံးချကာ နေရာဒေသအချို့တွင် အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်၊ သိမ်းပိုက်နိုင်သည်အထိ ပြင်ဆင်ပြောင်းလဲလာနိုင်သည်ကို တွေ့ရှိနေရတယ်လို့မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ကဖော်ပြပါတယ်။


ယခု ဇူလိုင်လ () ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ်(၁၂)ခုကို လေ့ကျင့်သင်တန်းဆင်းပေးခဲ့ပြီး ဖြစ်ကာ စစ်မှုထမ်းအပတ်စဉ်(၁၃) ကို ဩဂုတ်လ ပထမပါတ်အတွင်း သင်တန်းဆင်းရန် ပြင်ဆင်လျက်ရှိပါတယ်။


 စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင် ပုံမှန်စုဆောင်းနေသည့် စစ်အခြေခံသင်တန်းအပတ်စဉ်များကိုလည်း စစ်အခြေခံလေ့ကျင့်ရေးတပ်များတွင် တပြိုင်နက်တည်း လက်ခံလေ့ကျင့်ပေးနေသည်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်သည် လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးစုဆောင်း၍ စစ်မှုထမ်းအပတ်စဉ်(၁၅) ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်သင်တန်းကျောင်း (၂၂) ခု တွင် လေ့ကျင့်ပေးနေကာ အလားတူ လူငယ်လူရွယ်များကို စုဆောင်းရရှိနိုင်ရန်အတွက် အချိုသတ်စည်းရုံးခြင်းနည်းလမ်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩၆။ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဝင်ရောက်တာဝန်ထမ်းဆောင်ရန် သင်တန်းသားများ ခေါ်ယူ


ဇူလိုင် ၂၄ရက်


သပိတ်ကျင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့သို့ဝင်ရောက်တာဝန်ထမ်းဆောင်ရန် သင်တန်းသားများ ခေါ်ယူနေကြောင်း ဇူလိုင်၂၃ရက်မှာ သပိတ်ကျင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာပါတယ်။


"ကျနော်တို့ မျှော်ရည်မှန်းတဲ့ ပန်းတိုင် ရောက်ဖို့ဆိုတာ ယခင်ကထက် အဆပေါင်းများစွာ ကြိုးစားပြီး ဘက်ပေါင်းစုံကနေ တန်ပြန်နိုင်ဖို့ လိုပါတယ်။တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအရှိန် မြှင့်တင်ဖို့ရာအတွက် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သင်တန်းသားများ ထပ်မံခေါ်ယူနေပါတယ်"လို့ဆိုပါတယ်။


တာဝန်ထမ်းဆောင်မယ့်သူများဟာ ကျန်းမာရေး ကောင်းမွန်သူ၊လူမှုရေးအရှုပ်အရှင်းကင်းသူ၊ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်သူ၊အကျင့်စာရိတ္တ ကောင်းမွန်သူ ၊မူးယစ်ဆေးဝါး ကင်းရှင်းသူ၊ အသက် ၁၈နှစ် ပြည့်သူဖြစ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။


တာဝန်ထမ်းဆောင်လိုပါက သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Page Messenger  မှာဆက်သွယ်မေးမြန်း လျှောက်ထားလို့ရပြီလို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment