၂၀၂၅ ဇူလိုင်လ ၂၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထောင်တွင်းကျဆုံးခဲ့တဲ့ မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားအင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ဖို့ ABSDF နဲ့ SF/SAF တို့တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အဆိုတော်မွန်းအောင်၏ "Music of Mun Awng (Singapore) Live Concert ပွဲမှ Safe Hospital, Safe Healthcare ကမ်ပိန်း" သို့ စင်ကာပူဒေါ်လာ (၂၀,၀၀၀) လှူဒါန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်ပြည့်အတွက် စာသားရွတ်ဆိုတဲ့ ဗီဒီယိုဖိုင် ကမ်ပိန်းမှာပါဝင် ပေးကြဖို့ ဖိတ်ခေါ်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး အစုလိုက်အပြုံလိုက်သေဆုံး 

🚩၂။ စစ်တပ်ဘက်က ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြိတ်-ပုလော လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ မြိတ်ခရိုင် အမှတ် - တပ်ရင်း သတိပေး

🚩 ⁨⁨⁨⁨၃။ ကမ္မမြို့ ရေလည်ကျောင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်သားတွေ ရိက္ခာထွက်ရှာချိန် တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

🚩၄။ကလေး ဒကစ လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက စစ်မှုထမ်းတပ်သားတဦး တမူးခရိုင် အမှတ် တပ်ရင်းမှာ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထောင်တွင်းကျဆုံးခဲ့တဲ့ မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း


 ဇူလိုင် ၂၆ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှုကို ခံရပြီး အင်းစိန်းထောင်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ဇူလိုင်လ ၂၆ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်းမဝတ်ရည်အောင်အသက် (၂၅ နှစ်)ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောရေးက ညှင်းပန်းနှိပ်စက်တာကြောင့် ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ထောင်တွင်းမှာဆေးကုသမှု အပြည့်အဝမရရှိတာကြောင့် မြင့်မြတ်စွာ ကျဆုံးခဲ့ရတာပါ။


အကြမ်းစစ်အုပ်စုရဲ့ စစ်ကြောရေးက ရရှိလာတဲ့ ဦးခေါင်းဒဏ်ရာဝေဒနာနဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်အတွင်း လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရတာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ပြောပါတယ်။


ကျောင်းသားအာဇာနည်မဝတ်ရည်အောင်က ၂၀၂၀ ခုနှစ်မှစတင်ကာ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ပြီး ကိုဗစ်ကာလမှာလည်း ပြည်သူလူထုအကျိုးအတွက် တက်ကြွစွာ ပါဝင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။


စစ်အာဏာသိမ်းပြီးချိန်မှာလည်း မိခင်ခွပ်ဒေါင်းအလံကို ကိုင်စွဲကာ တပ်ဦးကနေ စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခံရချိန်ကနေ ကျဆုံးချိန်ထိ အကြမ်း ဖက်စစ်တပ်နဲ့ လက်ဝေခံ ယန္တယားအားလုံးကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားခဲ့သူလည်း ဖြစ်ပါတယ်။


ကျောင်းသားအာဇာနည်မဝတ်ရည်အောင်ရဲ့ တော်လှန်ရေးခံယူချက်အပေါ် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုနဲ့ ပြည်သူလူထုက အစဉ်အမြဲအောက်မေ့ဦးညွတ်နေမှာ ဖြစ်ပါတယ်။


တော်လှန်ရေးအတွက် အသက်ပေးဆပ်စွန့်လွှတ်မှုကို အလေးအမြတ်ပြုသောအားဖြင့်လည်းကောင်း၊ နောင်ကျောင်းသားမျိုးဆက်အသီးသီးတို့အတွက် စံနမူနာဖြစ်စေရန် အတွက်လည်းကောင်း ရည်ရွယ်ပြီး မဝတ်ရည်အောင်ကို ကျွန်ုပ်တို့ ကျောင်းသားများသမဂ္ဂမှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အရေးပေါ်ကာလရုပ်သိမ်းပြီးချိန် တနည်းပြောရရင် နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်မှာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနဲ့ ပြည်သူလူထုရဲ့ရှေ့မှောက်မှာ ကျန်ရစ်သူမိသားစုများကို အခမ်းအနားနဲ့ ဒီဘွဲ့ကို ပေးအပ်သွားမှာ ဖြစ်ပြီး တက္ကသိုလ်မော်ကွန်းတိုက်၊ ကျောင်းသားသမဂ္ဂ မော်ကွန်းတိုက်များမှာ မော်ကွန်းမှတ်တမ်း အဖြစ် ထားရှိသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားအင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ဖို့ ABSDF နဲ့ SF/SAF တို့တွေ့ဆုံဆွေးနွေး


တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားအင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာ ဆောင်ရွက် နိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုစစ်ကော်မရှင်နဲ့ ကျောင်းသားတပ်ဦး ကျောင်းသားလက်ရုံးတပ်တော် SF/SAF တို့ မြေပြင်မှာ တွေ့ဆုံဆွေးနွေးမှုတရပ် လုပ်ခဲ့တယ်လို့ ပူးတွဲ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ ဗဟိုစစ်ကော်မရှင်နဲ့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် - SF/SAF ဗဟိုကော်မတီတို့ကြား တွေ့ဆုံမှုရဲ့ ပူးတွဲထုတ်ပြန်ချက်ကို ဒီနေ့ ဇူလိုင် ၂၆ မှာ အသိပေးလာတာဖြစ်ပါတယ်။

ABSDF ဗဟိုစစ်ကော်မရှင်နဲ့ SF/SAF ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်တွေ အခုနှစ် မေလ ၂၇ ရက်နေ့မှာ အွန်လိုင်းကနေ တွေဆုံခဲ့ပြီး ABSDF ဗဟိုစစ်ကော်မရှင်က ဒုဥက္ကဋ္ဌနဲ့ SF/SAF ဗဟိုကော်မတီက ဒုဥက္ကဋ္ဌတို့ ဇူလိုင် ၂၄ ရက်နေ့က မြေပြင်မှာ တွေဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားအင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ကျောင်းသားတော်လှန်ရေးအင်အားစုတွေအပါအဝင် ပြန့်ကျဲနေတဲ့ မြေပြန့်လွင်ပြင်အခြေပြု လက်နက်ကိုင်တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေ စုစည်းနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင် စစ်ရေးလုပ်ငန်းစဉ်တွေမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးနဲ့ မဟာမိတ်ဆိုင်ရာ စုဖွဲ့မှုနဲ့ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ABSDF နဲ့ SF/SAFတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ကိုယ်စားလှယ်အဖွဲ့ဟာ အခုနှစ် ဇူလိုင် ၁၆  တုန်းကလည်း အညာဗျူဟာအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြန့်ကျဲနေတဲ့ မြေပြန့်လွင်ပြင်က လက်နက်ကိုင် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေ စုစည်းနိုင်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အဆိုတော်မွန်းအောင်၏ "Music of Mun Awng (Singapore) Live Concert ပွဲမှ Safe Hospital, Safe Healthcare ကမ်ပိန်း" သို့ စင်ကာပူဒေါ်လာ (၂၀,၀၀၀) လှူဒါန်း


 ဇူလိုင် ၂၆ရက်


ဇူလိုင်လ ၂၀ရက်နေ့ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် အဆိုတော်မွန်းအောင်၏ "Music of Mun Awng (Singapore) Live Concert ပွဲမှ စင်ကာပူဒေါ်လာ (၂၀,၀၀၀)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ "ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" သို့  လှူဒါန်းခဲ့တယ်လို့ ဇူလိုင်လ ၂၆ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါသည်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်ပြည့်အတွက် စာသားရွတ်ဆိုတဲ့ ဗီဒီယိုဖိုင် ကမ်ပိန်းမှာပါဝင် ပေးကြဖို့ ဖိတ်ခေါ်


 ဇူလိုင် ၂၆ရက်


လာမည့် သြဂုတ်လ ရက်မှာ ရှစ်လေးလုံး အရေးတော်ပုံ (၃၇)နှစ် ပြည့်ဖြစ်တဲ့အတွက်၈၈၈၈ အရေးတော်ပုံကြီး ၃၇ နှစ်တိုင် ခဲ့ပြီ ၊တော်လှန်ခြင်းမှ လွတ်မြောက်ခြင်းဆီသို့ဆိုတဲ့ စာသားရွတ်ဆိုကာ  ဗီဒီယိုဖိုင် ပေးပို့တဲ့ ကမ်းပိန်းမှာ ပါဝင်ပေးကြဖို့ မန္တလေး နိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။


အထက်ပါ စာသားအား ၁၀ စက္ကန့်ထက် မပိုတဲ့ ဗီဒီယို ဖိုင် တစ်ခုကို   တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လုံခြုံရေး လိုအပ်ချက် အရ  Mask  မတ်(စ်)တပ်ပြီးပြောတာဖြစ်စေ Avatar တခုခု သုံးပြီးတော့ဖြစ်စေ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ရက် ညနေ နာရီအချိန်ထက် နောက်မကျဘဲ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။


ဗီဒီယို ကမ်ပိန်းမှာ  ပါဝင်လိုသူ‌တွေ အနေနဲ့ ဖုန်းကင်မရာကို Landscape အလျားလိုက် ရိုက်ကာ၊ အသံကို အမြင့်ဆုံးထာပြီး  Organization of Mandalay Political Platform (OFMPP) မက်ဆင်ဂျာသို့ဖြစ်စေ၊ contact.ofmpp@gmail.com အီးမေးလ် မှ ဖြစ်စေ၊  (OFMPP) ရဲ့ အဖွဲ့ဝင်များမှ ဖြစ်စေ ပေးပို့နိုင်ပါတယ်။


ရှစ်လေးလုံး ကမ်ပိန်းအတွက် ပေးပို့လာတဲ့ ဗီဒီယိုဖိုင်များအား စုပေါင်းပြီး မန္တလေး နိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့ရဲ့ လူမှု ကွန်ယက်စာမျက်နှာမှာ သြဂုတ် ရက်မနက်ပိုင်း အချိန်မှာ တင်ဆက် ထုတ်လွှင့်ပေးမှာလို့ ပြောပါတယ်။


ရှစ်လေးလုံး မျိုးစေ့ချခဲ့တဲ့  တော်လှန်ပြည်သူများရဲ့  နိုင်ငံရေး အသိ အမြင်တွေကြောင့် နွေဦး တော်လှန်ရေးဟာ အသွင် သဏ္ဍန်ပေါင်းစုံ ကာ အောင်ပန်းတွေ ဆင်နိုင်တာဖြစ်တဲ့အတွက် နှစ်ပတ်လည် ဗီဒီယို ကမ်ပိန်းအစီအစဥ်ကို ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး အစုလိုက်အပြုံလိုက်သေဆုံး 


 ဇူလိုင် ၂၆ရက်


တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁၀ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် တပ်ရင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၂၆ မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇူလိုင်လ ၂၅ ရက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ အကြမ်းဖက်စစ်တပ်က ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာက အိမ်တလုံးပေါ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးခဲ့ရပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်နေချိန်မှာပဲ ပါဒစက်တော်ရာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ထပ်ပစ်ခဲ့ရာ အဲဒီအိမ်ပေါ်  ကျရောက်ပေါက်ကွဲပြီး နောက်ထပ် အရပ်သားပြည်သူ ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။ 

ထိခိုက်သေဆုံးသွားသူတွေဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် ခရီးမဆက်နိုင်ဘဲ နီးစပ်ရာကျေးရွာတွေမှာ တည်းခိုနေတဲ့ အပြစ်မဲ့ပြည်သူတွေလို့ မြိတ်ခရိုင် အမှတ် တပ်ရင်း သတင်းနှင့် ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။ 

ပြည်သူတွေအပေါ် ရန်သူလိုသဘောထားနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကိုင်နဲ့ လက်နက်မဲ့ပြည်သူဆိုတာ ခွဲခြား နိုင်ခြင်းမရှိတော့ဘဲ တရားလက်လွတ် စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာလို့လည်း ဆိုပါတယ်။  

ပုလောမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားဖို့၊ တိုက်ပွဲဧရိယာအတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၂။ စစ်တပ်ဘက်က ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြိတ်-ပုလော လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ မြိတ်ခရိုင် အမှတ် - တပ်ရင်း သတိပေး


 ဇူလိုင် ၂၆ရက်


အကြမ်းဖက်စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် အမှတ် - ပြည်ထောင်စုလမ်းမကြီးရဲ့ မြိတ်-ပုလော လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ မြိတ်ခရိုင် အမှတ် - တပ်ရင်း သတိပေးထားပါတယ်။


ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကြောင့် မြိတ်ခရိုင် အမှတ် - တပ်ရင်းက မနေ့ ဇူလိုင် ၂၅ မှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။


ပုလောမြို့နယ်အတွင်းမှာ ဇူလိုင် ၂၃ ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် - တပ်ရင်းပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း အသိပေး ထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၂၅ ရက်နေ့အထိ ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ တာကြောင့် စစ်ကောင်စီတပ်စခန်းတွေအနီးမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ နေအိမ်တွေကနေ ချက်ချင်း ထွက်ခွာပြီး လုံခြုံတဲ့ နေရာတွေကို အမြန်ဆုံး တိမ်းရှောင်ကြဖို့၊ အိမ်ထဲမှာ ပိတ်မိနေမယ်ဆိုရင် ကျည်ကွယ်မျက်ကွယ် နေရာတွေမှာ တတ်နိုင်သလောက် လုံခြုံစွာနေထိုင်ကြဖို့ မြိတ်ခရိုင် အမှတ် - တပ်ရင်းက အကြံပြုထားပါတယ်။


မြိတ်ခရိုင် အမှတ် - တပ်ရင်းက အခုလို အမှတ် - ပြည်ထောင်စုလမ်းမကြီးရဲ့ မြိတ်-ပုလောလမ်းပိုင်းကို အကန့်အသတ် မရှိ ပိတ်ထားမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အရပ်သားပြည်သူ ၁ဝ ဦး သေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၁ဝ နာရီခွဲဝန်းကျင်းအချိန်တုန်းကလည်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦးထက်မည်း ထိခိုက်သေဆုံးပြီး အိမ် လုံး ပျက်စီးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် - တပ်ရင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨၃။ ကမ္မမြို့ ရေလည်ကျောင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်သားတွေ ရိက္ခာထွက်ရှာချိန် တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

 ဇူလိုင် ၂၆ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့က ရေလည်ကျောင်းဝင်းထဲမှာ ယာယီတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေ ရိက္ခာထွက်ရှာချိန်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား၂ ဦးသေဆုံးသွားတယ်လို့ RED GIANT အဖွဲ့က ပြောပါတယ်။

ကမ္မမြို့ ရေလည်ကျောင်းမှာ ယာယီ အထိုင်ချ တပ်ဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ရိက္ခာပြတ်နေတာကြောင့် အင်အား ၃၀ ခန့်နဲ့ ရိက္ခာထွက်ရှာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဇူလိုင်လ ၂၅ ရက် ညနေ နာရီခန့်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သား ဦး သေဆုံးသွားတာကို မျက်မြင်တွေ့ရှိရတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိမရှိ ထပ်ပြီး စုံစမ်းနေတယ်လို့ RED GIANT အဖွဲ့က အသိပေးပါတယ်။ 

ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို RED GIANT အဖွဲ့၊ Pakokku People Defense Force - PPDF ABSDF အမှတ် - စစ်ကြောင်း၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့၊ PI PDF အလင်းတန်းပြောက်ကျားတပ်ဖွဲ့ - မြိုင်၊ TWF နဲ့ အညာမြေ တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။ကလေး ဒကစ လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက စစ်မှုထမ်းတပ်သားတဦး တမူးခရိုင် အမှတ် တပ်ရင်းမှာ အလင်းဝင် 


 ဇူလိုင် ၂၆ရက်


စစ်ကိုင်းတိုင်း တမူးခရိုင် မြို့သစ်မြို့နယ် မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေး ဒကစ လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက စစ်မှုထမ်းတပ်သားတဦး လက်နက်မဲ့ အလင်းဝင်လာတယ်လို့ တမူးခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အပတ်စဉ် သင်တန်းဆင်း စစ်မှုထမ်း တပ်သား အသက် ၃၁ နှစ်အရွယ် နေဝင်းထွန်း () ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်နေ့မှာ တမူးခရိုင် အမှတ် တပ်ရင်းထံ သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဖို့ မဲနှိုက်ရာက မဲပေါက်ပြီး စစ်တပ်ထဲ ရောက်လာတာလို့ အလင်းဝင်သူက ပြောပါတယ်။

စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ စစ်မှုထမ်း တပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံတွေအလုံး အမြင်မှန်ရ ပြီးပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့ တမူးခရိုင် အမှတ် - တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment